တိုက်ခန်းရောင်းဝယ်မှုများ ဦးမော့ရန်အတွက်အာမခံချက်ပေးနိုင်သည့် လူနေကန်ထရိုက် လုပ်ငန်းဥပဒေ အတည်ပြုရန် လိုအပ်နေ

တိုက်ခန်းရောင်းဝယ်မှုများ ဦးမော့ရန်အတွက်အာမခံချက်ပေးနိုင်သည့် လူနေကန်ထရိုက် လုပ်ငန်းဥပဒေ အတည်ပြုရန် လိုအပ်နေ - Property News in Myanmar from iMyanmarHouse.com
4 Jan 2017 10:56 am တွင် တင်ခဲ့သည်
1529 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်၊ တိုက်ခန်းများအတွက် အာမခံချက် ပေးနိုင်ကာ ဈေးကွက်ဦးမော့လာစေရန် ကွန်ဒိုမီနီယံ ဥပဒေနှင့် ဆက်စပ်မှုရှိပြီး တိုက်ခန်း ပိုင်ဆိုင်သူများအတွက် လိုအပ်သည့် လူနေ ကန်ထရိုက်လုပ်ငန်းဥပဒေကို အတည်ပြုပေး ရန် လိုအပ်နေသည်ဟု ဆောက်လုပ်ရေးလုပ် ငန်းအသိုင်းအဝိုင်းက ပြောဆိုကြသည်။

လက်ရှိအချိန်အထိ တိုက်ခန်းများအ တွက် တိကျသောဥပဒေ မရှိသောကြောင့် အရောင်းအဝယ်ဈေးကွက်တွင် ပိုင်ဆိုင်မှုပို မိုခိုင်မာကြောင်း ပြသနိုင်ရေးအတွက် တိုက် ခန်းအမျိုးအစားအားလုံးနှင့် သက်ဆိုင်သော ဥပဒေတစ်ခု ပြဋ္ဌာန်းရန် လိုအပ်နေခြင်းဖြစ် ကြောင်း သိရသည်။

ဦးခင်ရွှေ (ဇေကမ္ဘာ)က ''ရန်ကုန်မြို့နေ ပြည်သူတွေအတွက် အမှန်တကယ်လိုအပ် တဲ့ Apartment Law ကို အတည်ပြုပေး ဖို့ လွှတ်တော်မှာ တင်ပြထားတယ်။ ဒီဥပဒေ အတည်ပြုလိုက်ရင် တိုက်ခန်းပိုင်ဆိုင်သူ တွေအတွက် အခွင့်အရေးများလာမယ်။ ဘဏ်မှာလဲ ပေါင်နိုင်လာမယ်။ ဝယ်ယူသူ တွေအတွက်လဲ အာမခံချက်ရနိုင်ပါမယ်''ဟု ပြောသည်။

ရန်ကုန်မြို့၏ အဆောက်အအုံတည် ဆောက်မှုတွင် ကွန်ဒိုတိုက်ခန်းများထက် ကန်ထရိုက်တိုက် ဆောက်လုပ်မှုများ ပိုမိုများ ပြားနေခြင်းကြောင့် လူနေကန်ထရိုက် လုပ် ငန်းဥပဒေ လိုအပ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

''Apartment Law မှာက ပြည်တွင်း မှာ လက်ရှိတည်ဆောက်နေတဲ့ အဆောက် အအုံတွေအတွက် ပိုင်ဆိုင်မှုစာချုပ်စာတမ်း နဲ့ အထောက်အထားတွေကို မြေနဲ့ လုံးချင်း တိုက်တွေလို စာချုပ်တွေ ရရှိနိုင်ပြီး ပိုင်ဆိုင် မှုခိုင်မာလာအောင် လုပ်ဆောင်နိုင်မှာ ဖြစ် ပါတယ်''ဟု ဝါရင့် တရားလွှတ်တော်ရှေ့နေ ဦးဋ္ဌေးကဆိုသည်။

ကန်ထရိုက်တိုက်ခန်း အများစုအနေ ဖြင့် လက်ရှိတွင် သာမန်အရပ်စာချုပ်နှင့် ချုပ် ဆိုသည်ကများပြီး တိုက်ခန်းပိုင်ဆိုင်မှုကို မူ လမြေပိုင်ဆိုင်သူမှ သွယ်ဝိုက်နည်းနှင့် ပိုင် ဆိုင်နေခြင်းကြောင့် အဆောက်အအုံ ပြန် လည်ဖြိုဖျက်ခြင်းများရှိပါက မူလမြေပိုင်ရှင် နှင့် ဖြေရှင်းရသည့်ကိစ္စများ ဖြစ်နေကြောင်း သိရသည်။

ထို့ပြင် စာချုပ်ပုံစံမှာလည်း အသိသက် သေအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အကျိုးဆောင်များက လက်မှတ်ထိုးရခြင်းမျိုး များပြီး၊ ပိုင်ဆိုင်မှုအားနည်းသော ကန်ထရိုက် တိုက်များအား ဘဏ်ချေးငွေအတွက် ပေါင် နှံ၍ မရသကဲ့သို့ အခြားပုဂ္ဂလိကတွင်လည်း ပေါင်နှံရန် ခက်ခဲစေခြင်းဖြစ်ကြောင်း သိရ သည်။

မြေကွက်ဝယ်ယူသူများအနေဖြင့် မြေ ဂရန်စာချုပ်ကို အာမခံထားခြင်း၊ ဘဏ်များ တွင် အပေါင်ထားခြင်းများ ပြုလုပ်နိုင်သော် လည်း တိုက်ခန်းဝယ်ယူသူများ အနေဖြင့် တိုက်ခန်းစာချုပ်ကို ထိုကဲ့သို့ အသုံးမပြုနိုင် သောကြောင့် ပိုင်ဆိုင်မှု ပိုမိုခိုင်မာစေရန် ဥပဒေ လိုအပ်နေခြင်းဖြစ်သည်။

''လူနေ ကန်ထရိုက်လုပ်ငန်း ဥပဒေအ တည်ပြုပြီးရင် တိုက်ခန်းအရောင်းအဝယ် တွေ ပိုကောင်းလာနိုင်သလို တိုက်ခန်းဈေး တွေလဲ တက်လာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခိုင်မာမှုရှိလို့ မြန်မြန်သာ အကောင်အထည် ဖော်စေချင်တယ်''ဟု ရွှေကမ္ဘာမောင်မောင် ဆောက်လုပ်ရေးမှ ဦးမောင်မောင်က ပြော သည်။

Credit: Yangon Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service