အစိုးရသစ် ဖော်ဆောင်မည့် အိမ်ရာ စီမံကိန်းများနှင့် ပြည်သူများ၏ အိုးပိုင် အိမ်ပိုင် မျှော်လင့်ချက်

အစိုးရသစ် ဖော်ဆောင်မည့် အိမ်ရာ စီမံကိန်းများနှင့် ပြည်သူများ၏ အိုးပိုင် အိမ်ပိုင် မျှော်လင့်ချက် - Property News in Myanmar from iMyanmarHouse.com
4 Jan 2017 10:33 am တွင် တင်ခဲ့သည်
1085 ကြိမ် ကြည့်ရှု့ပြီး
နောင် နှစ်နှစ်အတွင်းမှာ အိမ်ခန်း ၈ဝဝဝ၊ ငါးနှစ်အတွင်းမှာ အိမ်ခန်းနှစ်သိန်းနဲ့ ၂ဝ၃ဝ ပြည့်နှစ်မှာ အိမ်ခန်းတစ်သန်းထိ ဖော်ထုတ်ပေးနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်နေပါတယ်။ အိမ်ခန်းတန်ဖိုးတွေကိုလည်း ကျပ်သိန်း ၁ဝဝ ခန့် ဖြစ်စေဖို့ ဆောင်ရွက်သွားမှာပါ''လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ရတနာနှင့် ဧရာဝဏ် လမ်းမကြီးပေါ်ရှိ ဧရာဝဏ်-ရတနာမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းရဲ့ အပိုင်း(၁)အဖြစ် ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာဖွင့်ပွဲ အခမ်းအနားမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ကနဦးမြို့ပြဖွံ့ဖြိုးရေး သဘောထားပုံစံအရ မြို့ပြဗဟိုခွဲတစ်ခုအဖြစ် မျှော်မှန်းတည်ဆောက်ထားတဲ့ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာစီမံကိန်းက တိုက်ခန်းတွေကိုတော့ ၁၅ နှစ် အရစ်ကျစနစ်ငွေပေးသွင်းတဲ့ စနစ် နဲ့ ရောင်းချပေးတာဖြစ်ပြီး နောက်ထပ်တန်ဖိုးနည်း အိမ်ရာ ၂၂ဝဝ ကို အရစ်ကျစနစ်ပုံစံမျိုးနဲ့ပဲ ထပ်မံရောင်းချပေးရန် စီစဉ်နေတယ်လို့ ဝန်ကြီးကပြောကြားခဲ့ပါသေးတယ်။ အစိုးရသစ်လက်ထက် စတင်ရောင်းချပေးတဲ့ ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာတွေကတော့ အနည်းဆုံးကာလပေါက်ဈေးကျပ် သိန်း ၆ဝဝ ကနေ ကျပ်သိန်း ၁၂ဝဝ တန်ဖိုးရှိတဲ့ အိမ်ခန်းအမျိုးအစားတွေဖြစ်ပါတယ်။


အစိုးရသစ်ရဲ့ ပထမခြေလှမ်း

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က''ရတနာ နှင်းဆီအိမ်ရာ စီမံကိန်းကို အစိုးရသစ်ရဲ့ ပြည်သူများ အိုးပိုင်အိမ်ပိုင် ရရှိရေးအတွက် ကနဦးခြေလှမ်းဖြင့် စတင်ခြင်းဖြစ်ပါတယ်''လို့ ဆိုပါတယ်။ အခုဖွင့်လှစ်လိုက်တဲ့ ရတ နာနှင်းဆီအိမ်ရာ စီမံကိန်းကတော့ ကနဦးမြို့ပြဖွံ့ဖြိုးရေး သဘောထားပုံစံအရ မြို့ပြဗဟိုခွဲတစ်ခုအဖြစ် မျှော်မှန်းပြီး Compact, Integrated and Comperhensive Urban Development ဖြစ်စေရန် Neighbourhood Concept ဖြင့်အကောင် အထည်ဖော်ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေနဲ့ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂ဝ၁၆-၂ဝ၁၇ ခုနှစ်ကနေ ၂ဝ၂ဝ- ၂ဝ၂၁ ခုနှစ်ထိ အိမ်ရာဖွံ့ဖြိုးမှု ငါးနှစ်စီမံကိန်း ရေးဆွဲထားပြီးတော့ အဲဒီ စီမံကိန်းထဲ မှာ စုစုပေါင်းအိမ်ရာ ၁ ဒသမ ၈ သိန်းအထိ အကောင်အထည်ဖော် တည်ဆောက်နိုင်ဖို့ စီစဉ်ထားပြီး တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် အများအပြားမှာ တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

အဲဒီထဲက ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၂ဝ၁၆-၂ဝ၁၇ မှ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်အထိနှစ်နှစ်အတွင်း တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၈ဝဝဝ ကိုဦးစားပေးဆောက်လုပ်သွားဖို့ စီစဉ်ထားပြီး အဲဒီတန်ဖိုးနည်း အိမ် ရာတွေကို ကျပ်သိန်းတစ်ရာနဲ့ ရောင်းချပေးနိုင်ရန် စီမံကိန်းကုန်ကျစရိတ်ကို တန်ဖိုးမြင့်စီမံကိန်းမှ တန်ဖိုးနည်းစီမံကိန်းသို့ စိုက်ထုတ်ကျခံပေးတဲ့ နည်းလမ်းဖြင့် ကျခံဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ လက်ရှိ မှာရောင်းချနေတဲ့ အိမ်ရာတွေနဲ့ပတ်သက်ပြီး တန်ဖိုးနည်းအိမ်ရာများကို ကနဦးပေးသွင်းငွေ တန်ဖိုး ၃ဝ ရာခိုင်နှုန်း ပေးသွင်းစေကာ ကျန်တန်ဖိုးကိုဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ပြီးတော့ ရှစ်နှစ်၊ ၁ဝ နှစ်၊ ၁၂ နှစ်ကနေ ၁၅ နှစ်အထိ အရစ်ကျပေးဆပ်တဲ့စနစ်မျိုးနဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။


ဘယ်လိုတွေလုပ်နေလဲ

ပြည်သူတွေရဲ့ ကိုယ်ပိုင်အိမ်ရာအိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ လိုအပ် Financing အပိုင်းကိုတော့ ပြည်တွင်းနဲ့ ပြည်ပအကူအညီတွေကို ရှာဖွေနေပြီးတော့ လက်ရှိမှာလည်း ပြည်ပနိုင်ငံအချို့ရဲ့ ချေးငွေအကူအညီတွေလည်း ရရှိနေပြီဖြစ်ပါတယ်။ အထူးသဖြင့် တစ်နေ့ထက်တစ်နေ့ တိုးတက်များပြားလာတဲ့ ရန်ကုန်မြို့ရဲ့ လူဦးရေကြောင့် မြို့သစ်များတိုးချဲ့ရန် လိုအပ်နေ ပြီး ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် ပြည်သူတွေ လိုအပ်နေသည့် အိမ်ရာတွေကို ဝယ်ယူနိုင်ရေးအတွက် နှစ်ရှည်အတိုးနည်းနည်းနဲ့ ချေးပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားရန် စီစဉ်နေတယ် လို့ ဆောက်လုပ်ရေးဝန်ကြီးကတော့ဆိုပါတယ်။ ''ဘဏ်အနေနဲ့ ငွေကြေးပံ့ပိုးမှုကို ဆောင်ရွက်ရန် လိုအပ်ငွေကို ပြည်တွင်း၊ ပြည်ပမှ ရှာဖွေရန်လိုအပ်ပါတယ်။ ပြည်တွင်းမှာသာမက ပြည်ပအဖွဲ့အစည်းတွေက လည်း ချေးငွေ ကူညီမှုများ အထိုက်အလျောက် ရရှိနေပါတယ်'' လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောပါတယ်။

လက်ရှိမှာ အိမ်ရာစီမံကိန်းတွေကို အရစ်ကျစနစ်နဲ့ရောင်းချပေးနေတဲ့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် Semi-Government Bank အဖြစ် ၂ဝ၁၃ ခုနှစ် မေလတွင် တည်ထောင်ကာ၂ဝ၁၄ ခုနှစ် နို ဝင်ဘာ လ ၁ ရက်မှစတင်ကာ ဘဏ်လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိပြည်တွင်းပုဂ္ဂလိကဘဏ် ၂၄ ခုမှာ Development Bank လိုင်စင်ရရှိထားတဲ့ဘဏ်ဖြစ်ပါတယ်။ ကျန်တဲ့ပြည်တွင်းက ပုဂ္ဂလိက ဘဏ်တွေအတွက်တော့ အရစ်ကျနှစ်ရှည်ချေးငွေတွေ ပေးဖို့ဆိုရင် ဗဟိုဘဏ်က ကာလရှည်အပ်ငွေရှိမှသာ ကာလရှည်ချေးငွေကို ထုတ်ချေးရမယ်ဆိုတဲ့ညွှန်ကြားချက်ကို ပြင်ဆင်ပေးရပါမယ်။ တစ်ခါချေးငွေအတွက် အာမခံစနစ်ကိုလည်း ပြင်ဆင်ပေးပေးဖို့လိုပါတယ်။ အဲဒီအခါကျမှသာ လက်ရှိမှာ ဆောင်ရွက်နေတဲ့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်လုပ်ဆောင်ပေးသလိုမျိုး အခြားပုဂ္ဂလိကဘဏ်တွေလည်း လုပ်ဆောင်နိုင် မှာဖြစ်ပြီး အစိုးရရဲ့ အိမ်ရာစီမံကိန်းဖော်ဆောင်မှုလုပ်ငန်းတွေက လျင်လျင်မြန်မြန်ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။


တန်ဖိုးတကယ်သင့်ဖို့

အခုအစိုးရသစ်လက်ထက် ကနဦးခြေလှမ်းအဖြစ်ရောင်းချပေးနေတဲ့ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာတွေရဲ့တန်ဖိုးက လက်ရှိအနေအထားမှာ လူလတ်တန်းစားတွေအနေနဲ့ လက်လှမ်းသင့်ရာသာရှိပြီး အောက်ခြေက အိုး မဲ့အိမ်မဲ့ပြည်သူတွေအတွက်တော့ မမျှော်မှန်း နိုင်သေးတဲ့ ဈေးနှုန်းတစ်ခုပါ။ မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာကျွမ်းကျင်သူ ဦးကျော်လွင်က ''တန်ဖိုးနည်းအိမ်ရာဖြစ်ဖြစ်၊ တန်ဖိုးမျှတအိမ်ရာပဲခေါ်ခေါ် အဓိကတော့ အခြေခံ လူ တန်းစားတွေ တကယ်ကို အိမ်ပိုင်မရှိတဲ့လူ တွေလက်လှမ်းမီတဲ့ပုံစံမျိုးနဲ့ ရောင်းပေးဖို့လိုတယ်။ တန်ဖိုးနည်းအိမ်ရာဆိုတာ အခြေခံ ပြည်သူတွေ တကယ်တတ်နိုင်တဲ့တန်ဖိုးမျိုး ဖြစ်ဖို့လိုပါတယ်။ အတိုးနှုန်းကိုလည်း အ သက်သာဆုံးနှုန်းထားမျိုးနဲ့ ကာလရှည်ဖြစ်အောင် ဆောင်ရွက်ပေးရမှာပါ။ အိမ်ရာတွေကို တန်ဖိုးနည်းရုံတစ်ခုတည်းမဟုတ်ဘဲ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ရေ၊ မီး၊ လမ်းပန်းဆက်သွယ်ရေးအတွက် သယ်ယူ ပို့ဆောင်ရေးအစီအစဉ်တွေလည်း ထည့်သွင်းဆောင်ရွက်ပေးဖို့လည်း လိုအပ်ပါတယ်။ ဖြစ်နိုင်ရင်တော့ ကနဦးပေးတဲ့ငွေနည်းနည်းနဲ့ ကာလရှည်အရစ်ကျပေးတဲ့ပုံစံမျိုးကတော့ အဆင်ပြေဆုံးပဲထင်တယ်''လို့ သုံး သပ်ပြောပါတယ်။

လက်ရှိမှာအစိုးရက တန်ဖိုးနည်းအိမ်ရာတွေကို ဖော်ဆောင်ပေးနေပေမယ့် ပြည်သူတွေရဲ့ အိုးပိုင်အိမ်ပိုင်အိပ်မက်တွေက လေထဲတိုက်အိမ်ဆောက်နေရတုန်းပါပဲ။ အခုရောင်းချပေးတဲ့ ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာ မှာရှိတဲ့ အခန်းတစ်ခန်းရဲ့ တန်ဖိုးက အနည်းဆုံး ကျပ်သိန်း ၆ဝဝ ပါ။ အဲဒီအခန်းကိုဝယ်ဖို့အတွက် အရင်ဆုံးအခန်းတန်ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်းကို အရင်ဆုံးပေးသွင်းရမှာဖြစ်ပြီးတဲ့ ကျန်တဲ့ရာခိုင်နှုန်း ၇ဝ ကို ဆောက် လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်နဲ့ချိတ်ဆက်ပြီး အနည်းဆုံးရှစ် နှစ်ကနေ ၁၅ နှစ်အထိ အရစ်ကျစနစ်နဲ့ ပြန်လည် ပေးသွားရမှာဖြစ်ပါတယ်။


သိန်းရာကျော်ပေးရတဲ့ အတိုးနှုန်း

တန်ဖိုးနည်းအိမ်ရာတွေကို ရောင်းချတဲ့နေရာမှာ အရင်တုန်းကထက် အရစ်ကျပေး ချေနိုင်တဲ့ နှစ်ကာလသတ်မှတ်ချက်က ပိုမိုများပြားလာပေမယ့် အတိုးနှုန်းက လျော့ကျမှုမရှိသေးပါဘူး။ အခုဆောက်လုပ်ရေးဝန်ကြီး ဌာနက ရောင်းချပေးတဲ့ ရတနာနှင်းဆီအိမ်ရာစီမံကိန်းကိုကြည့်မယ်ဆိုရင် ဘဏ်က သတ်မှတ်ထားတဲ့နှုန်းထားအရ ကျပ်သိန်း ၁၂ဝဝ တန်ဖိုးရှိတဲ့အခန်းကို ဝယ်ယူမယ်ဆိုကြပါစို့။ အရင်ဆုံးအခန်းတန်ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သိန်း ၃၆ဝ ကိုအရင်ပေးရပါမယ်။ ကျန်တဲ့ကျပ်သိန်း ၈၄ဝ ကို တစ်နှစ်အတိုးနှုန်း ၁၁ ရာခိုင်နှုန်းနဲ့ပေးသွားရမှာ ဖြစ်ပါတယ်။ ရှစ်နှစ်အရစ်ကျစနစ်နဲ့ပေးသွင်းမယ်ဆိုရင် တစ်လကိုကျပ် ၁၃ သိန်းကျော်ပေးသွင်းရမှာဖြစ်ပါတယ်။ အဲဒီလိုပေးသွင်းရတဲ့အတွက် ရှစ်နှစ်စာအတွက် အတိုးနှုန်းက စုစုပေါင်းကျပ် သိန်း ၄ဝဝ ကျော်ပေးရပါမယ်။

အရစ်ကျစနစ်မှာလည်း လစဉ်တစ်လပျမ်းမျှ ပေးရမယ့်နှုန်းထားက အနည်းဆုံးကျပ် ကိုးသိန်းကနေ ကျပ် ၁၃ သိန်းဝန်းကျင်ဖြစ်နေပါတယ်။ လက်ရှိအနေအထားအရဆိုရင်တော့ အမှန်တကယ်ဖြစ်သင့်တာက လစဉ်ပေး သွင်းရတဲ့ပမာဏ နည်းပါးဖို့ပါပဲ ။ ဦးကျော်လွင်က ''အခုရောင်းတဲ့ အိမ်ရာက ကုမ္ပဏီပိုင်ရှင်နဲ့ သင်္ဘောသားအရာရှိတွေလောက်ပဲ ဝယ်နိုင်တဲ့အိမ်ရာမျိုးဖြစ်နေတယ်။ အမှန်တကယ်က အောက်ခြေလူလတ်တန်း စားတွေ ဝယ်ယူနိုင်တဲ့နှုန်းမျိုး ဖြစ်ဖို့လိုတယ်။ အခုအတိုးနှုန်းကများနေတယ်။ အတိုး နှုန်းများနေတာက ပြဿနာမဟုတ်ဘူး။ ပြဿနာ က လစဉ်ပေးရတဲ့ ပမာဏနည်းဖို့နဲ့ ပထမအရစ်ပေါ့။ သူတို့ပြောတဲ့ ၃ဝ ရာခိုင်နှုန်းပေးဖို့ ဆိုတာက အခုလက်ရှိအနေအထားအရ များနေသေးတယ်။ အခုရောင်းတဲ့ တန်ဖိုး အိမ်ရာတွေရဲ့တန်ဖိုးကကျပ်သိန်း ၆ဝဝ ဆိုတာထက် လက်ရှိအနေအထားအရပေါ့နော်။ ကျပ်သိန်း ၃ဝဝ ထက်ကိုမကျော်သင့်ဘူး။ အဲဒီ လိုမကျော်တဲ့ အိမ်ရာစီမံကိန်းတွေ များများလုပ်ပေးမှ အစိုးရရဲ့ရည်ရွယ်ချက်လည်း အောင် မြင်နိုင်သလို ပြည်သူတွေရဲ့ အိုးပိုင်အိမ်ပိုင်အိပ်မက်တွေလည်း အကောင်အထည်ပေါ်မှာ အဲဒီလိုမဟုတ်ရင်တော့ ဒုံရင်းကဒုံ ရင်းပဲ'' လို့ဆို ပါတယ်။


သူများနိုင်ငံတွေမှာ

အမေရိကန်ပြည်ထောင်စုတွင် အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်ခဲ့ဖူးသည့် ဦးနိုင်က ''ဘဏ်တွေနဲ့ပဲချိတ်ဆက်ပြီး ဝယ်ရတာပဲ။ သူတို့ဆီမှာ Down payment တောင်ပေးစရာမလိုဘူး။ အိမ်ဝယ်လို့ရတယ်။ အိမ်ခြံမြေ ရောင်းဝယ်တဲ့နေရာမှာ ဥပဒေကြောင်းအရ တင်းကျပ်ထားတာတွေရှိတယ်။ အိမ်ရှိတဲ့သူကလည်း နောက်တစ်လုံးထပ်မဝယ်ဘူး။ ဆိုလိုတာက အပိုမဝယ်ထားဘူးပေါ့။ သူတို့ဆီမှာ အိမ်ကိုအပိုဝယ်ထား တယ်ဆိုရင်လည်း နှစ်ကုန်ရင် အစိုးရကိုအခွန်ပေးရတယ်။ အဲဒါကြောင့် ဘယ်သူမှမဝယ်ကြဘူး။ နောက်တစ်ခုကတော့ အိမ်ဝယ်မယ့်သူ့ရဲ့ Credit(အကြွေဝယ်နိုင်မှုပမာဏ)ကိုကြည့်တယ်။ အရစ်ကျစနစ်ဆိုတာ လည်း ဒီမှာလိုပါပဲ။ သိပ်ပြီးတော့ မကွာဘူး။ ပုံစံကိုပြောတာ။ ဒါပေမဲ့ပေးတဲ့ နှစ်က အနှစ် ၂ဝ၊ ၃ဝ ရတယ်။ နှစ်များသွားရင် အတိုးကတော့ များသွားတာပေါ့။ အဲဒီလိုမျိုးတော့ရှိတယ်''လို့ ဆိုပါတယ်။ အဲဒါတွေအပြင် အမေရိကန်ပြည်ထောင် စုတွင်ဝင်ငွေနည်းမိသားစုများအတွက် အိမ်ရာများကိုလည်း ပြည်နယ်အလိုက် အိမ်ခန်းတွေကို ရောင်းချပေးတာမျိုးတွေရှိပြီး ဝင်ငွေနည်းဟုဆိုရာတွင် ပြည်နယ်များအလိုက် သတ်မှတ်ထား သည့်နှုန်း ထားတွေရှိပြီး သတ်မှတ်နှုန်းထားတွေအတိုင်းသာ ရောင်းချပေးလေ့ရှိတယ်လို့ ဆိုပါတယ်။


အိမ်တစ်လုံးထက်ပိုတဲ့သူကို အခွန်ကောက်ပါ

ရန်ကုန်မြို့မှာ အိမ်ခန်းဈေးနှုန်းတွေ မြင့်မားနေတဲ့အကြောင်းရင်းတစ်ခုကတော့ ပိုက်ဆံရှိတဲ့လုပ်ငန်းရှင်တွေက အိမ်ခြံမြေဈေးကွက်ထဲဝင်လာပြီး ဈေးကစားကြသလို မိမိတို့နေထိုင်ရန်မဟုတ်ဘဲ ဈေးကစားဖို့နဲ့ပြန်လည် ငှားရမ်းမှုလုပ်တဲ့အတွက် ဈေးကွက်ထဲမှာ အိမ်ခန်းဈေးနှုန်းတွေနဲ့ အငှားဈေးနှုန်းတွေက လိုအပ်တာထက်ပိုပြီးတော့ မြင့်မားနေတာဖြစ်ပါတယ်။ ဒေသတွင်းနဲ့နိုင်ငံတကာမှာတော့ လူတစ်ဦးအနေနဲ့ အနည်းဆုံး အိမ် တစ်လုံးသာ ပိုင်ဆိုင်ခွင့်ပြုထားပြီး ပိုင်ဆိုင်မှုအပေါ် အခွန်ပေးဆောင်ရသည့်(Property Tax) ဖြင့် ထိန်းချုပ်ထားပါတယ်။ အဲဒီနည်းလမ်းအတိုင်း ထိန်းချုပ်ဖို့လိုပါတယ်။ ပိုင်ဆိုင်မှုရဲ့တစ်ရာခိုင် နှုန်းကို နိုင်ငံတော်ကို အခွန်ပေးဆောင်ရတာပါ။ အဲဒါကြောင့် ဒေသတွင်းနဲ့နိုင်ငံတကာမှာ လုပ်ဆောင်တဲ့ နည်းလမ်းတွေအတိုင်း ပိုင်ဆိုင်မှုအလိုက် အခွန်ကောက်ခံတဲ့ပုံစံ Property Tax နဲ့ ထိန်းချုပ်ဖို့လိုပါတယ်။ နောက်တစ်ခုကတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်တုန်းကလည်း အိမ်ရာစီမံကိန်း တွေဖော်ဆောင်ပြီး လုပ်ဆောင်ခဲ့တယ်။ မဲ နှိုက်ပြီးတော့ ဝယ်ယူရတဲ့အဆင့်အထိဖြစ်ခဲ့တယ်။ အဲဒီအိမ်ရာတွေကိုလည်း အမှန်တကယ် အိမ်ရာလိုအပ်နေတဲ့ သူတွေထက် ပိုက်ဆံရှိတဲ့ လူတစ်စုစာလောက်ကပဲ ဝယ်ယူပြီး သူတို့ပဲ ပြန်လည်ငှားရမ်းတဲ့ လုပ်ရပ်တွေအထိရှိခဲ့ပါတယ်။ အဲဒါမျိုးတွေကို အခုအစိုးရသစ်လက်ထက် အိမ်ရာစီမံကိန်းတွေမှာ ကြပ်မတ် ဆောင်ရွက်သင့် ပါတယ်။


ပြည်သူတွေမျှော်လင့်နေတဲ့ တန်ဖိုးနည်းအိမ်ရာ

အခုအစိုးရသစ်လက်ထက်မှာပဲ အိမ်ရာစီမံကိန်းတွေကို ထပ်မံဖော်ဆောင်ဖို့ကိုလည်း ဆောင်ရွက်နေပါတယ်။ အဲဒီလိုဖော်ဆောင်မယ့် တန်ဖိုးနည်းအိမ်ရာတွေထဲမှာ ပြည်သူတွေ အမှန်တကယ်မျှော်လင့်တဲ့ အိမ်ရာမျိုး ကတော့ တစ်နိုင်တစ်ပိုင်မိသားစုဝင်ငွေအသင့်တင့်ရှိတဲ့သူတိုင်း မျှော်မှန်းနိုင်မယ့် အိမ်ရာမျိုးဖြစ်ပါတယ်။ ယုတ်စွအဆုံး တစ်လကိုကျပ်ငါးသိန်း ဝန်းကျင်လောက်ဝင်ငွေရှိတဲ့မိသားစုမျိုးတွေ လက်လှမ်းမီ ဝယ်ယူနိုင်မယ့် အိမ်ရာမျိုးတွေကို သူတို့တွေမျှော်လင့်နေကြတာဖြစ်ပါတယ်။ လက်ရှိမှာဆောင်ရွက်နေတဲ့ ဆောက်လုပ်ရေး နှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ငွေစု၊ စုဆောင်းထားတဲ့ပမာဏတစ်ခုဖြစ်မှ အိမ်ဝယ်ယူနိုင်တဲ့စာရင်းထဲမှာ ပါဝင် မှာဖြစ်ပါတယ်။ သို့ပေမယ့် အခုရောင်းချနေတဲ့ ရတနာအိမ်ရာက အိမ်ခန်းတွေဆိုရင် ဘယ်လိုနည်းနဲ့မှ ဝယ်ယူနိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် အစိုးရသစ်လက်ထက်မှာ ထပ်မံဖော်ဆောင်မယ့် အိမ်ရာတွေ စီမံ ကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ စောစောကပြောတဲ့ တစ်လကိုကျပ်ငါးသိန်းဝန်းကျင်လောက် ဝင်ငွေရှိတဲ့မိသားစုမျိုးတွေ မျှော်မှန်း နိုင်မယ့် အိမ်ရာစီမံကိန်းမျိုးကိုတော့ ဦးစားပေးစဉ်းစား ပြီးတော့ လုပ်ပေးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ပါတယ်။



Credit: Democracy Today
အစိုးရသစ် ဖော်ဆောင်မည့် အိမ်ရာ စီမံကိန်းများနှင့် ပြည်သူများ၏ အိုးပိုင် အိမ်ပိုင် မျှော်လင့်ချက် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service