ကျပ်ငွေတန်ဖိုးကျဆင်းရခြင်းအကြောင်း ဗဟိုဘဏ်ရှင်း

ကျပ်ငွေတန်ဖိုးကျဆင်းရခြင်းအကြောင်း ဗဟိုဘဏ်ရှင်း - Property News in Myanmar from iMyanmarHouse.com
8 Dec 2016 11:01 am တွင် တင်ခဲ့သည်
3870 ကြိမ် ကြည့်ရှု့ပြီး
မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းရခြင်းသည် ပြည် တွင်း၊ ပြည်ပအခြေအနေနှစ်ရပ် စလုံးကြောင့်ဖြစ်ကြောင်း မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြည် ထောင်စုလွှတ်တော်၌ ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားသည်။

ပြည်တွင်းအခြေအနေသည် ဘတ်ဂျက်လိုငွေမြင့်မားလာခြင်း၊ ပြည်ပကုန်သွယ်မှု လိုငွေမှာ ၂၀၁၄ ဇန်နဝါရီကစ၍ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး သာမန်စာရင်းလိုငွေ ဖြစ်ပေါ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း၎င်းက ရှင်းပြသည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအပါအဝင် ပြည်ပမှ နိုင်ငံခြားငွေစီးဝင်မှုသည် ပြည်တွင်းနိုင်ငံခြားငွေလိုအပ်ချက်ကိုပြည့်မီအောင် လုံလောက်မှုမရှိကြောင်း ရှင်းပြသည်။

ပြည်ပအခြေအနေမှာ အမေ ရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းမြှင့်တင်မည့် မူဝါဒကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက် ကြောင်း ဒေါ်ခင်စောဦးက ဆိုသည်။

တရုတ်နိုင်ငံက ယွမ်ငွေတန် ဖိုးချခြင်း၊ ကမ္ဘာ့ရွှေဈေးမြင့်တက် ခြင်းတို့သည် ဒေသတွင်း နိုင်ငံများ နည်းတူ မြန်မာကျပ်ငွေတန်ဖိုးကျ ဆင်းသည့်အကြောင်းရင်းများဖြစ် ကြောင်း ၎င်းက ဆိုသည်။

ကုန်ထုတ်လုပ်မှု တိုးမြှင့် ခြင်း၊ ပို့ကုန်တိုးမြှင့်ရေးအကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နောင်လာမည့်ကာလများ၌ (ကာလလတ်)နိုင်ငံခြားငွေပေး ငွေယူရှင်းတမ်း အခြေအနေကောင်းမွန် လာပြီး နိုင်ငံခြားသုံး ငွေဝယ်လို အားနှင့် ရောင်းလိုအား မျှတလာ ပါက ကျပ်ငွေတန်ဖိုးခိုင်မာလာ မည်ဖြစ်ကြောင်း ဒေါ်ခင်စောဦး က ပြောသည်။ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းတွင် အားနည်းချက်များရှိသကဲ့သို့ အားသာချက်များရှိကြောင်း ၎င်းကဆိုသည်။ ကျပ်ငွေတန်ဖိုးကျဆင်းပါက ပြည်ပတင်ပို့မှုယှဉ်ပြိုင်နိုင်စွမ်းမြင့်ပြီး ပို့ကုန်တင်ပို့သူများအတွက် အားသာသည့်အခြေအနေဟု ဆိုသည်။

သို့သော် သွင်းကုန်တွင် ကုန်ကျစရိတ်ပိုမိုမြင့်မားပြီး ငွေဖောင်းပွမှုနှုန်းဖိအားကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိအခြေအနေတွင် ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲ လှယ်နှုန်း၏ နေ့စဉ်အတက်အကျ ပြောင်းလဲမှုကို နည်းနိုင်သမျှနည်း စေရန်နှင့် ငွေလဲလှယ်နှုန်းများ၏ ကွာဟချက်ကို ၂ ရာခိုင်နှုန်း ဘောင်အတွင်းရှိနေရန် အဓိကထားဆောင်ရွက်နေသည်ဟုဆိုသည်။

၂၀၁၅ မတ်လကုန်အထိ မြန်မာနိုင်ငံ စုစုပေါင်းနိုင်ငံခြားသုံး သီးသန့်ငွေပမာဏသည် အမေရိ ကန်ဒေါ်လာ ၁၀ ဒသမ ၀၃ ဘီလီ ယံရှိပြီး နိုင်ငံပိုင်နိုင်ငံခြားသုံးသီးသန့်ငွေပမာဏသည် အမေရိကန်ဒေါ်လာ၅ ဒသမ ၄၉ ဘီလီယံရှိကာ ဗဟိုဘဏ်၏ လက်ဝယ်တွင် ၈၇ ရာခိုင်နှုန်းအထိ ရှိသည်။

ပုဂ္ဂလိကပိုင် နိုင်ငံခြားသုံး သီးသန့်ငွေပမာဏမှာ အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၅၄ ဘီလီ ယံရှိပြီး နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကပိုင်ဘဏ်များ၏ လက် ဝယ်တွင်ရှိသည်ဟုဆိုသည်။

Credit:7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service