ဒီဆရာဒီကျောင်းနဲ့ ကျေးရွာဂရန်

ဒီဆရာဒီကျောင်းနဲ့ ကျေးရွာဂရန် - Property Knowledge in Myanmar from iMyanmarHouse.com
16 Mar 2016 10:17 am တွင် တင်ခဲ့သည်
1597 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

စာမသင်ရတဲ့နေ့ဆောင်းပါးရေးတယ် ဆိုပြန်တော့လည်း အိမ်ခြံမြေ ပညာရပ်နဲ့ ပတ်သက်တာကိုပဲ ရေးနေရပါလား။

ရှိပါစေတော့လေ၊ ဒီနေ့ရဲ့ စာသင်ချိန် နီးလာပြီမို့ သင်တန်းခန်းမက စာရေးမလေး ကို သမီးရေ ဒီနေ့တော့ ဆရာပြောထားတဲ့ ““ကျေးရွာဂရန်”” သတင်းစာ Copy လေး တွေ ဝေထားလိုက်ပါလို့ ပြောရင်းသင် တန်းသားတွေရှေ့ရောက်လာရပါပြီ။
သင်တန်းသားတွေကို ““ဂရန်”” အကြောင်း သင်ထားပြီးပါပြီ။ အခုဝေထား တဲ့ သတင်းစာဖြတ်ပိုင်း Copy ထဲက ကျေးရွာ ဂရန်အကြောင်းကတော့ ဖြည့် ပြီးပြောရတာ လွယ်ပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုပုံမျိုးနဲ့ ပြောရရင် နားလည်လွယ် ကြမယ်ဆိုတာကို စဉ်းစားရင်း၊ ကဲပါ အခုပေးတဲ့ ကျေးရွာဂရန်လျှောက်ထားနိုင် တဲ့ ကိစ်္စလေးကို (၃)မိနစ်လောက် ဖတ် ကြည့်ကြပါ။ ပြီးတော့ ကိုယ်သိလိုတာလေး တွေ မေးကြပေါ့လို့ပြောပြီး ကုလားထိုင်မှာ ခဏထိုင်လိုက်ပါတယ်။

(၃)မိနစ်မှ မပြည့်သေးဘူး၊ သင်တန်း သားတစ်ယောက်စမေးပါတော့တယ်။
ဆရာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျေးရွာအားလုံးကို ဘာပြုလို့ ဂရန်တွေ ထုတ်ပေးရတာပါလဲ။
ဟုတ်ပါပြီ၊ ဒါလည်း မေးစရာပါပဲ၊ ကျေးရွာနေလူထုအနေနဲ့က နှစ်ပေါင်းများ စွာကြာအောင် ပိုင်ဆိုင်လာကြတဲ့ ““မြေ တွေ”” အသီးသီးရှိကြပါတယ်။ ကျေးရွာ တွေမှာ ကိုယ်ပိုင်တဲ့မြေကို ပိုင်ပါတယ်ဆို တဲ့ ““ပိုင်ဆိုင်မှုအထောက်အထား”” ဥပဒေ နဲ့အညီ ခိုင်မာမှု အထောက်အထား ( Legal Document ) မရှိခဲ့ကြဘူးလေ။ ဒီတော့ မြို့ပြတွေလိုပဲ ““မြေငှားဂရန်စာချုပ်””ဆိုတာ ရှိသင့်တာတစ်ခုဖြစ်နေလို့ မြို့နှင့် ကျေးရွာတစ်ပြေးညီ ဖြစ်ရလေအောင် ထုတ်ပေးဖို့ စီစဉ်ကြရတာပါ။

နောက်တစ်ယောက်ကထပြီး ဆရာ တစ်နိုင်ငံလုံးကို ဘယ်အဖွဲ့ အစည်းတွေက ဦးစီးပြီး ထုတ်ပေးမှာပါလဲ။ ဒါလည်း မေးသင့်တာပါပဲ။ ဆရာတို့ တစ်နိုင်ငံလုံးအတွက် ““ကျေးရွာမြေများ မြေငှားဂရန် ထုတ်ပေးနိုင်ရေး အထူး လုပ်ငန်းအဖွဲ့”” ဆိုတာကို ဖွဲ့စည်းပေးလိုက် တယ်လေဗျာ၊ အဲဒီအဖွဲ့မှာ ပြည်ထဲရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးက ဥက်္ကဋ္ဌနဲ့ အဖွဲ့ဝင် ၀န်ကြီးဌာနတွေလည်း အစုံပါကြပါသေးတယ်။ အတွင်းရေးမှူးက တော့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး နဲ့ တွဲဖက်အတွင်းရေးမှူးကတော့ လယ်/ ဆည် ၀န်ကြီးဌာန ဒုတိယ၀န်ကြီးတို့က ဆောင်ရွက်ကြမှာပါ။

ပြီးတော့ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာအုပ်စုအလိုက် မြေငှားဂရန်ထုတ်ပေးနိုင်ရေးလုပ်ငန်းအဖွဲ့ များကိုပါ သက်ဆိုင်ရာ ဌာနအကြီးအကဲ များဖြင့် ဖွဲ့စည်းလိုက်ပါတယ်။

ဒီလုပ်ငန်းတွေကို ရှေ့ပြေးစမ်းသပ်မှု (Pilot Project ) အနေနဲ့လည်း စမ်းသပ်လုပ် ကိုင်ခဲ့ပြီးဖြစ်ပါတယ်။ အခုနှစ်အောက်တို ဘာလ ၃၁ ရက်နေ့အထိ မြေငှားဂရန်ပေါင်း ၃၂၀၅၇ ခုကိုလည်း ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါ တယ်။

ကဲ ဘာမေးစရာရှိပါသေးလဲလို့ ပြောလိုက်တော့ ...
ဘာဥပဒေတွေရှိလို့ အခုလို မြေငှား ဂရန်ထုတ်ပေးနိုင်ရတာပါလဲဆရာ
လို့ သင်တန်းသားရှေ့နေတစ်ဦးက မေးလာပါတယ်။
အင်း ခင်ဗျားကတော့ ဒါကိုမေးမှာ ပေါ့။

ကျွန်တော်တို့နိုင်ငံမှာက ဥပဒေတွေ တော်တော်စုံစုံ ရှိပြီးသားလေဗျာ။
အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာ မြေများ နည်းဥပဒေ (၄၁)မှ နည်းဥပဒေ (၄၉) (ခ)အထိနှင့် မြေနှင့် အခွန်နည်း ဥပဒေ ၇၉(က)မှ နည်းဥပဒေ ၇၉ (ဋ)အထိတို့အရ ဆောင်ရွက်ပေးလျက်ရှိတယ် လို့ သတင်းကြေညာချက်ထဲမှာအတိအလင်း ပါထားတယ်လေဗျာ။
ကဲပါ ဘာမေးချင်ပါသေးသလဲလို့ ထပ်ပြောလိုက်မှ ကျေးရွာမြေငှားဂရန်တွေကို အခုမှစပြီး ထုတ်ပေးမှာလားဆရာရယ်လို့ မေးလာပြန် ပါတယ်။

မဟုတ်သေးပါဘူး။ ရှေ့ပြေးစမ်းသပ် မှုလုပ်ငန်းအနေနဲ့ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ အထဲက ၂၈၃ မြို့နယ်ရဲ့ ကျေးရွာ ၂၈၃ ခုမှာ စမ်းသပ်ခဲ့ပြီးပါပြီ၊ ပုံမှန်လုပ်ထုံး လုပ်နည်းများအတိုင်း ဆောင်ရွက်ခြင်းမပြု ဘဲ လက်တွေ့ကွင်းဆင်းပြီး ကျေးရွာ အလိုက် အိမ်ထောင်စုများက စုပေါင်း လျှောက်ထားခဲ့ပါတယ်။ ဒီစနစ်က အဆင် ပြေတယ်ပဲ ပြောရမှာပါ။ ရှေ့ပြေးအနေနဲ့ ကျေးရွာတွေမှာ စုစုပေါင်းမြေငှားဂရန် (၃၂၀၀၀)ကျော် ထုတ်ပေးပြီးပြီ၊ ရှေ့မှာ လည်းပြောပြီးသားပါ။

ဆရာ ဒီလိုဆိုရင် ကျေးရွာတွေမှာရှိတဲ့ မြေပိုင်ရှင်တွေက တစ်ဦးချင်းတစ်ယောက် ချင်း လျှောက်ထားလို့ မရတော့ဘူးပေါ့ ဟုတ်ပါလား။
ရပါတယ်ဗျာ၊ တစ်ဦးချင်း၊ တစ်ယောက် ချင်းအနေနဲ့လည်း လျှောက်ထားလို့ရသလို အိမ်ထောင်စု (၁၀၀)သို့မဟုတ် ခြံကွက် (၁၀၀) တစ်စုတစ်ပေါင်းတည်းလျှောက်လျှင် လည်းရပါတယ်။ ဆရာသိထားသလောက်က တော့ စုပေါင်းလျှောက်ထားခြင်းသာဖြစ်ပါ တယ်။ ““စုပေါင်းဂရန်””မဟုတ်ပါဘူး။

ကဲ သင်တန်းသားကြီးတို့ ကျေးရွာ တွေ အမြန်ပြေးလို့ မြေ၀ယ်ကြဖို့သာ ပြင် ကြပါတော့၊ ဆရာလည်း တစ်စုပါမယ်နော်။

ကြည်စိုး ( IC) မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service