အိမ်ရှင်၊ အိမ်ငှား၊ ပွဲစားများနှင့် အိမ်ငှားရမ်းမှုရသ

အိမ်ရှင်၊ အိမ်ငှား၊ ပွဲစားများနှင့် အိမ်ငှားရမ်းမှုရသ - Property Knowledge in Myanmar from iMyanmarHouse.com
11 Mar 2016 11:48 am တွင် တင်ခဲ့သည်
3843 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

နှစ်ဟောင်းလွန်မြောက် နှစ်သစ်ရောက်ခဲ့ပေပြီ နှစ်ဟောင်းမှ အညစ်ကြေးများ ဆေးကြောသန့်စင်သည်ဟူသော ဓလေ့သည် နှစ်စဉ်သင်္ကြန်ကာလတွင်ပြုလုပ်လေ့ရှိပြီး ဘုရားရေသပ္ပာယ်ခြင်း၊ အိမ်တွင်းရှိစောင်၊ ခြင်ထောင်မှအစ လျှော်ဖွတ်သန့်စင်ပြီး နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်။ အဓိကကျသော မိမိ၏စိတ်ကို ဖြူအောင် ဆေးကြောခြင်းများ မပြုလုပ်ကြပေ။

သင်္ကြန်အပြီး တန်ခူးလတွင် ပြောင်းရွှေ့ခြင်းမပြုကြသော အိမ်ငှားများသည် အပြောင်းအရွှေ့များ စတင်ပြုလုပ်ကြသည်။ အိမ်ရှင်အိမ်ငှားဆိုရာတွင် ငွေရှင်တို့က မိမိတို့၏ငွေကြေးများကို အခြားရင်းနှီးမှုများပြုလုပ်မည့်အစား အိမ်ခြံမြေများ ၀ယ်ယူပြီး ငွေရင်းနှီးထားကြသူများက များလာသည်။

“ရွှေတို့မြေတို့ဆိုတာ တန်ဖိုးမဆုံးဘူး တဖြေးဖြေးဈေးမြင့်လာမှာပဲ။ မြေကပိုပြီး တန်ဖိုးတက်လွယ်တယ်။ ရန်ကုန်လိုနေရာမှာ အိမ်ပိုင်ထားရင်ပြီးပြီ။ ရန်ကုန်ဆိုတာ အလုပ်အကိုင်ပေါများတဲ့နေရာလေ။ ရန်ကုန်ကို အမှီပြုပြီး စီးပွားရှာစားရတာဆိုတော့ လူနေကတစ်နေ့ထက်တစ်နေ့ များလာဖို့ပဲရှိတယ်။ ဒီတော့ မြို့ပေါ်တက်တဲ့လူတွေက အိမ်ဝယ်ဖို့ထက် အလုပ်ရရေး ကျောတခင်းစာနေရရေးက အရေးကြီးတော့ အိမ်ငှားဆိုတာပျောက်ကွယ်သွားမှာမဟုတ်ဘူး။ အိမ်၊ အိမ်ခန်းသုံးလေးလုံးလောက် ၀ယ်ထားရင်ပဲ တစ်လဆယ်သိန်းအထက်မှာပဲ ၀င်ငွေရှိတယ်” ဟု တိုက်ခန်းသုံးခန်း၊ မြို့နယ်မနီးမဝေးမြို့နယ်လေးတွေင် အိမ်နှစ်လုံးပိုင်ဆိုင်ထားသူ ဦးမောင်မောင်အေးက ဆိုသည်။

ရန်ကုန်လိုမြို့ကြီးတွင် အလုပ်အကိုင်အခွင့်လမ်းပေါများခြင်းကြောင့် ဒေသအသီးသီးမှ ပြောင်းရွှေ့လာကာ အခြေချနေထိုင်လာကြသည်။ ရန်ကုန်မြို့လယ်လိုနေရာတွင် အိမ်ငှားဈေးကြီးမြင့်ခြင်းကြောင့် ဆင်ခြေဖုံးရပ်ကွက်များတွင် အိမ်ငှားနေထိုင်ကြသူများလာသည်။ ဆင်ခြေဖုံးဆိုရာတွင်လည်း တောင်ဥက္ကလာလိုနေရာတွင် ပျဉ်ထောင်အိမ်တစ်လုံး၊ ၀န်းနှင့်ခြံနှင့်ဆိုလျှင် တစ်လလျှင် နှစ်သိန်းမှ သုံးသိန်း ၀န်းကျင်ဈေးကြီးမြင့်နေကြောင်း တွေ့ရှိလာရသည်။ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ စဥ့်ငူရပ်ကွက် စိုက်ပျိုးရေးနှစ်လမ်းလို နေရာမျိုးတွင် ၁၀ ပေသာသာခြံဝန်းထဲတွင် တဲသာသာအိမ်ကိုပင် ငွေငါးသောင်းမှ ခုနှစ်သောင်းရှစ်သောင်းခန့်ထိ ဈေးပေါက်နေပြီး လုံးခြင်း၊ အိမ်ခြံဝန်းနှင့်ဆိုလျှင် ကျပ်တစ်သိန်းမှ နှစ်သိန်းဝန်းကျင် ဈေးများပေါက်နေပြီး ရေဖိုး၊ မီးဖိုး၊ အခြားအခြားသော ကုန်ကျစရိတ်သည် အိမ်ငှားမှပင် ပေးဆောင်ကြရသည်။

အိမ်ငှားနေကြရသည်မှာ လွယ်ကူသော ကိစ္စတစ်ခုမဟုတ်ပေ။ အိမ်ငှားမည်ဆိုလျှင် အနည်းဆုံးခြောက်လမှတစ်နှစ် စာချုပ်ချုပ်ကြရသည်။ အိမ်လခအနည်းဆုံး နှစ်သိန်းဆိုလျှင်ပင် ခြောက်လအတွက် ငွေဆယ့်နှစ်သိန်း ကြိုတင်ပေးရပြီး ပွဲစားခအတွက် မရှိလို့အိမ်ငှားသူများဘက်မှ တစ်လစာပေးရခြင်းလည်း လွန်ရာရောက်ပေမည်။ ထိုအခါအိမ်ငှားသူသည် ခြောက်လစာချုပ်ကို ခုနှစ်လစာပေးပြီး နေထိုင်ကြရပေသည်။

ထိုနေရာတွင် အိမ်ရှင်၊ အိမ်ငှားဆိုရာ၌ စာချုပ်ချုပ်ရာတွင် အိမ်ရှင်နှင့်မတွေ့ရဘဲ ပွဲစားများဖြင့်သာ စာချုပ်ချုပ်နေရခြင်းက အိမ်ငှားများအတွက် တောင်းဆိုချင်သောအချက်များ၊ စာချုပ်ပြီးနောက် မလိုလားအပ်သော ပြဿနာများဖြစ်ပေါ်လာပါက ငွေကုန်ကြေးကျခံ၍ အိမ်ငှားနေရသူးများအတွက် ထိခိုက်နစ်နာစေပါသည်။ ပွဲစားဆိုသူအများစုမှ ဈေးကြီးမြင့်ခြင်းဆိုသော အကြောင်းအရာကို ဖြစ်ပေါ်ဖန်တီးနေသူများပင်ဖြစ်သည်။ သူ၏ပွဲခလေးနှင့် ရင်းပြီးများများလိုချင်မှုကြောင့် စာချုပ်သက်တမ်းပြည့်လျှင် အိမ်ရှင်မှ ပိုတောင်းသယောင်ပြုပြီး အိမ်လစာများပိုတောင်းခြင်းကြောင့် အိမ်ငှားများအဖို့ တစ်နေရာမှတစ်နေရာ ပြောင်းရွှေ့နေထိုင်လာခြင်းဖြစ်ပေသည်။

အိမ်ငှားများသည် ဆင်ခြေဖုံးမြို့နယ်များတွင် ကျပ်နှစ်သိန်းမှ သုံးသိန်းဝန်းကျင်သာ ရှိသော်လည်း ရန်ကုန်မြို့တွင် အချက်အခြာကြသော နေရာဖြစ်သည့် လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်း၊ အကျယ် ၁၅ ပေ၊ ပေ၅၀ Hall-RC ခင်းပြီး မြေညီထပ် ထပ်ခိုးအပါဆိုလျှင် တစ်လလျှင် ၁၆ သိန်းဖြင့် ဈေးပေါက်နေပြီး ဗိုလ်တထောင်မြို့နယ် ဘိုကလေးဈေးလမ်း ဖုန်းနှစ်လုံးပါ PW Hall၊ ကြွေပြားခင်း၊ မြေညီထပ် ၂၅ ပေ၊ ပေ ၆၀ ရှိသောအခန်းကို တစ်လလျှင်ငွေကျပ် ၁၅ သိန်းပေါက်နေပြီး လမ်း ၄၀ တွင် ၁၅ပေ၊ ပေ ၅၀ ကျယ်ပြီး Hall၊ ကြွေပြားခင်းပြီး မြေညီထပ်ကို ကျပ် ၈ သိန်းဖြင့် ငှားရန်ရှိသည်ဟု သိရပြီး ပုဇွန်တောင်မြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ် မြေညီထပ်တွင် ၂၅ ပေ၊ ပေ ၆၀ ကျယ်သော Hall၊ ကြွေပြားခင်းပြီးကို ကျပ် ၂၅ သိန်းဖြင့် ငှားရန်ရှိကြောင်း အောင်သမာဓိ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ သိရှိရသည်။

မည်သို့ပင်ဆိုစေကာမူ ရန်ကုန်မြို့ကြီးတွင် လူအလွှာအသီးသီး နေထိုင်ကြရာဖြစ်ခြင်းကြောင့် မြို့တွင်းနေလိုသူများသည် တိုက်အလွှာလေးထပ်၊ ငါးထပ်များတွင် ငှားရမ်းနေထိုင်ကြသလို၊ လုပ်ငန်း၊ ရုံးခန်းလိုသူများသည်လည်း မြေညီထပ်တွင် ဈေးကြီးမြင့်သော်လည်း ငှားရမ်းနေထိုင်ကြရပြီး ၀န်ထမ်းများနှင့် လက်လုပ်လက်စားများသည် ဆင်ခြေဖုံးမြို့နယ်များတွင် အားကိုးတကြီး ငှားရမ်းနေထိုင်ပြီး သမုဒ္ဓရာဝမ်းတစ်ထွာအရေး ဖြေရှင်းရန် ငှားရမ်းနေထိုင်ကြခြင်းကြောင့် အိမ်ရှင်အိမ်ငှားနှင့် ပွဲစားတို့၏ ဆက်ဆံရေးကရှိနေပေဦးမည်ဆိုရပေတော့မည်။

လမင်းအောင် မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service