မြေနှင့် အိမ်မှတ်ပုံတင်အရောင်းအ၀ယ် စာချုပ်ဖို့သွားသည့်အခါ မူရင်းအပြည့်အစုံယူခဲ့ပါ

မြေနှင့် အိမ်မှတ်ပုံတင်အရောင်းအ၀ယ် စာချုပ်ဖို့သွားသည့်အခါ မူရင်းအပြည့်အစုံယူခဲ့ပါ - Property Knowledge in Myanmar from iMyanmarHouse.com
11 Mar 2016 9:44 am တွင် တင်ခဲ့သည်
2298 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ယနေ့ရုံးဖွင့်ရက်မို့ အိုးအိမ်သွားရသည့် ကိစ္စ မြို့တော်ခန်းမ သွားရသည့်ကိစ္စများ ဖြင့် အလုပ်များနေစဉ်အချိန် ဖုန်းခေါ်သံ ကြားရ၍ ဖွင့်ကြည့်လိုက်သည်။ သူငယ် ချင်းရှေ့နေ၊ ဦးမျိုးအောင်နာမည်ကို တွေ့ ရသည်။ ““ကိုမျိုးအောင်ပါလား ပြော ဆရာဘာများထူးလို့လဲ”” ဒီလိုမောင်ကောင်း ရ ဒီလိုဗျာ အခုကျွန်တော်က ဆေးရုံဆင်း တာနဲ့ အားမွေးပြီး အနားယူနေတုန်းဖြစ် နေတယ်။ ဗဟန်း ဆရာစံလမ်းက မြေနဲ့ အိမ်ကို မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ် ချုပ်ပေးဖို့ ၀ယ်သူတွေကို ဗုဒ္ဓဟူးနေ့မှာ ကျွန်တော် ချိန်ထားပြီးသားဖြစ်နေတယ်။

တန်ဖိုးကြီးတံဆိပ်ခေါင်းပေါ်မှာ စာရိုက် ချင်လျှင် ကျွမ်းကျင်သူဆီသွား အဲဒါ အခွန်ရုံးမှာ ကာလ တန်ဖိုးလည်း ဖြတ်ပြီးပြီ အခွန်လည်းဆောင်ပြီးသွားလို့ တံဆိပ်ခေါင်းတွေတောင် ကျွန်တော်လက် ထဲမှာ ရောက်နေပြီ။ ဒါပေမဲ့ တံဆိပ်ခေါင်း တွေက (၃)သိန်း (၅)သိန်းတန် တံဆိပ် ခေါင်းနဲ့ အထူးကပ်တံဆိပ်ခေါင်းတွေဖြစ်နေ တယ်။ တံဆိပ်ခေါင်းပေါ်မှာ စာရိုက်တဲ့ အခါ အမှားမှားအယွင်းယွင်း ဖြစ်သွားရင် ဆုံးရှုံးမှုက များမယ်လေ။ ပြီးတော့ မြေနဲ့ အိမ်တန်ဖိုးက သိန်းနှစ်ထောင့်ငါးရာဖိုးရှိ တယ်ဗျာ။ လမ်းမကြီးက မြေကွက်ဆိုတော့ လည်း အဲဒီလောက်တော့ မြတ်မှာပေါ့။ ဒါတောင် မြေကွက်အကျယ်က (၂၀ ပေ x ၄၀ ပေ)ရှိတာကိုယ့်လူရေ ...။

အခက်အခဲရှိသည့်အခါ ကူညီလာလျှင် မိတ်ကောင်းပါ။
အဲဒီတံဆိပ်ခေါင်းတွေပေါ်မှာ စာရိုက် ဖို့ကိစ္စရယ်၊ ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ သွားရောက်ချုပ်ဆိုဖို့ စာရွက်စာတမ်း ပြည့်ပြည့်စုံစုံ စာချုပ်လုပ် ပေးစေချင်တယ်ဗျာ။ စာချုပ်ရုံးမှာ အဆင် သင့်ချုပ်နိုင်အောင် ကူညီပေးဖို့ ဖုန်းဆက် လိုက်တာပါ။ ကောင်းပြီလေ ကျွန်တော်လာ ပြီး ကူညီပေးပါ့မယ်””ဟု ကျွန်ုပ်စကားသံ ကြားရသဖြင့် ကိုမျိုးအောင်လည်း ၀မ်းသာ လိုက်တာဗျာဟုပြောပြီး ဖုန်းပိတ်သွား သည်။

အထောက်အထားပြည့်စုံမှ စာချုပ်ရတာ မြန်ဆန်မှာ
နောက်တစ်နေ့ နံနက်ပိုင်းတွင် သူရုံး ခန်းသို့ ကျွန်ုပ်ရောက်သွားသည့်အချိန်တွင် ကိုမျိုးအောင်က သူတပည့်မရှေ့နေ ““မိုးသက်မေနှင်း”” နှင့်အတူ စောင့်ကြိုနေ သည်။ ကဲ လာသူငယ်ချင်း အရောင်းအ၀ယ် စာချုပ်က Special Power နဲ့ ချုပ်မှာလေ ပြီးတော့ အမည်ပေါက်တွေကသေသွားပြီ။ ဒါက SP ပါဝါပေးသူတွေက ““အမွေဆက်ခံ ပိုင်ဆိုင်ကြောင်းစာချုပ်”” ချုပ်ထားတယ်။ ရော့ ... ဟောဒါက အနှစ် (၆၀)ဂရန်နဲ့ SP ပါဝါ ဒါက ပါဝါပေးသူတွေ အသက်ထင် ရှားရှိကြောင်း ကျမ်းကျိန်လွှာ၊ ဒါက သိန်း နှစ်ထောင့်ငါးရာအပေါ်မှာ ၃ ရာခိုင်နှုန်းနဲ့ အခွန်ဆောင်ထားတဲ့ပြေစာနဲ့ ၅ ရာခိုင်နှုန်း တံဆိပ်ခေါင်းခွန်ပြေစာ၊ ဟောဒါတွေက တံဆိပ်ခေါင်း ၂၅ ခေါင်း နောက်ဘာလိုသေး လဲ။
အရောင်းမြေပုံရယ်၊ ရောင်းသူ၊ ၀ယ်သူ မှတ်ပုံတင် (၂)စုံရယ်၊ အသိသက် သေ (၂)ဦးရဲ့ မှတ်ပုံတင်တစ်စုံစီရယ်၊ ပေးဖို့လိုသေးတယ်။ ဟုတ်သားပဲ။ ရော့ ရော့ ဒါက မှတ်ပုံတင်မိတ္တူတွေ၊ သန်းခေါင် စာရင်းကော ပေးဖို့လိုသေးလား။ ““မလိုဘူး ဗျ ၀ယ်သူရဲ့ သန်းခေါင်စာရင်းက တိုင်း အခွန်ဦးစီးရုံးမှာပဲ တင်ပြရတာ။ စာချုပ် စာတမ်းရုံးမှာ ပြစရာမလိုတော့ဘူး။ အေး ဗျာ စုံအောင်လုပ်ပေးဗျာ။ ကျွန်တော်တော့ ခေါင်းတွေမူးလာလို့ နားလိုက်ဦးမယ်။ အော် ဟုတ်သားပဲ အေးအေးဆေးဆေး နားလိုက်အုံးကိုမျိုးအောင်။

ထို့နောက် ကိုမျိုးအောင်၏ တပည့် မိုးသက်မေနှင်းနှင့်အတူ စာစီစာရိုက်ကျွမ်း ကျင်သောကွန်ပျူတာဆိုင်သို့သွား၍ တံဆိပ်ခေါင်းပေါ်တွင် ရောင်းသူ၊ ၀ယ်သူ၊ မှတ်ပုံတင် အရောင်းတန်ဖိုးများကို ရိုက် လိုက် သည်။ သိန်းနှစ်ထောင့်ငါးရာနှင့် အရောင်းအ၀ယ် စာချုပ်ပြီးသည်နှင့် မှတ်ပုံတင်စာချုပ်ရုံးတွင်တင်ပြရန် အရောင်း မြေပုံပူးတွဲ၍ စာအုပ်ချုပ်လိုက်ကြသည်။ စာချုပ်ပေါ်တွင် ရောင်းသူ (သို့မဟုတ်) ပါဝါယူထားသူနှင့် ၀ယ်သူတို့ လက်မှတ်ထိုးရန် အသိသက်သေ (၂)ဦး လက်မှတ်ထိုးရန်နှင့် မြေပုံထောင့်စွန်း တွင် ရောင်းသူ၊ ၀ယ်သူလက်မှတ်ရေးထိုး ရန် လိုအပ်ပုံကို ကြိုတင်ရေးထိုးထားရန် မိုးသက်မေနှင်းအား မှာလိုက်သေးသည်။

ယင်းစာချုပ်ကို မိတ္တူ တစ်စုံပေးရသည့် အဆက်အစပ်များ မှတ်ပုံတင်ရန် အရောင်း အ၀ယ်စာချုပ်မူရင်းနှင့်အတူ စာချုပ်မိတ်္တူ ၂ စုံကို တင်ပြရသဖြင့် ယင်းစာချုပ်များ အဆက်အစပ်တင်ပြရပုံကို သင်ပြပေးလိုက် သေးသည်။ အစီအစဉ်အရ
(၁) အခွန်ထမ်းဆောင်ပြီးကြောင်း ပြေစာနှင့်တံဆိပ်ခေါင်းခွန်ထမ်းဆောင်ပြီး ကြောင်း ပြေစာ ၂ စုံ
(၂) ၀ယ်သူ၏ နိုင်ငံသားကတ်ပြား မိတ်္တူ ၂စုံ (၃)ရောင်းသူ၏ နိုင်ငံသားကတ် ပြားမိတ်္တူ ၂ စုံ (ှစ ပါဝါဖြင့်ကိုယ်စားချုပ် ဆိုသည့်အတွက် (က) ပါဝါရသူ၏ မှတ်ပုံ တင်မိတ်္တူ ၂ စုံ၊ (ခ)ှစ ပါဝါမိတ်္တူ ၂ စုံ (ဂ) SP ပါဝါပေးသူမှ ပါဝါကို မရုပ်သိမ်း သေးကြောင်း ကိုယ်စားလှယ်ပေးသူ အသက်ထင်ရှားရှိနေကြောင်း ကျမ်းကျိန် လွှာတို့ကို ပူးတွဲတင်ပြရသည်။
(၄) မှတ်ပုံတင်ရန် ပြုလုပ်ထားသည့် အရောင်းအ၀ယ်စာချုပ် မိတ္တူ (၂)စုံ
(၅) အရောင်းအ၀ယ်စာချုပ်ချုပ်ဆို ရန် မြေပုံ/မြေရာဇ၀င်(၂)စုံ
(၆) ရောင်းသူ၏ အမည်ပေါက် ဂရန် (၂)စုံ
(၇) အသိသက်သေ (၂)ဦး၏ မှတ်ပုံတင် မိတ္တူ (၁)စုံတို့ကို ပူးတွဲပြီးပေးလိုက်သည်။

ကဲ ... ကဲ မိုးသက်မေနှင်းဖြူရေ သမီးရဲ့ ဆရာကိုပြောလိုက် ဆရာဦးကောင်း ဖေက မနက်ဖြန်စာချုပ်ရုံးမှာ အဆင်သင့် ချုပ်ရုံပဲ အသင့်ပြင်ဆင်ပေးလိုက်တယ်လို့ ပြောလိုက်နော်။ ပြီးတော့ စာချုပ်ရုံးသွား တဲ့အခါ မှတ်ပုံတင်၊ ဂရန်၊ကျမ်းကျိန်၊SP ပါဝါ၊ ဂရန်မူရင်း၊ အခွန်ပြေစာမူရင်း တွေ အားလုံးယူသွားလို့ ခဏခဏသတိပေး နော် မူရင်းတွေ ယူမလာဘဲ စာချုပ်ရုံးကို စတိုင်နဲ့လာကြပြီး မူရင်းတွေ မပြနိုင်လို့ ပြန်သွားရတဲ့သူတွေ မကြာခဏမြင်တွေ့ရ လို့ မှာလိုက်တာပါ။ ဟုတ်ကဲ့ ဆရာကောင်း မှာတဲ့အတိုင်း ဆရာမျိုးကို ပြောလိုက်ပါ မယ်ရှင့်။ ““ဟဲ ဟဲ ဟဲ ဆရာကောင်းတပည့် ပီသပါပေတယ်ကွယ်။”” ..၊

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service