အထပ်မြင့် အဆောက်အအုံဆိုတာနဲ့ ၁၂ ထပ်နှင့် အထက် အဆောက်အအုံတွေကို ဆိုလိုမှန်း ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေလုပ်ငန်း နဲ့ ပက်သက်တဲ့သူတွေ အားလုံးသိကြပါတယ်။ ရန်ကုန်မြို့အနှံ့မှာလည်း လူဦးရေတိုးတက်များပြားလာတာကြောင့် အထပ်မြင့် အဆောက်အအုံတွေ တိုးတက်များပြားလာတာကို တွေ့ရပြီး အမြင့်ဆုံး ၃၄ ထပ်အမြင့်ထိ ဆောက်လုပ်လာကြတာ ဖြစ်ပါတယ်။ မြေနေရာရှားပါးလာတာ ရယ် ၊ တိုးတက်မြင့်မားလာတယ့် လူဦးရေ တိုးပွားမှု့နှုန်းတွေကြောင့် အဆောက်အအုံ ဟောင်းတွေနေရာမှာ လူဦရေးများများ နေနိုင်ပြီး အခန်းပေါင်များစွာ ပါဝင်တယ့် အထပ်မြင့် အဆောက်အအုံတွေ ဟောတစ်ခုဟော တစ်ခု မြင်တွေ့လာနေရတာာဖြစ်ပါတယ်။
အထပ်မြင့် လာလေ ဆောက်လုပ်ရတယ့် နည်းပညာ မြင့်လာလေ ဖြစ်သလို အဒီအဆောက်အအုံတွေမှာ နေထိုင်တဲ့ သူတွေ သုံးစွဲဖို့ အတွက်ရေ ၊ လျှပ်စစ်မီး ၊ လုံခြုံရေး စနစ်တွေ အပြင် မီးဘေးအန္တရယ်ကာကွယ်ရေးစနစ်တွေကလည်း သာမာန် ပစ္စည်းသုံးလိုက်ရုံ နဲ့ အဆင်မပြေပါဘူး ၊ နည်းပညာမြင့် ပစ္စည်းတွေ သုံးစွဲရမှာဖြစ်သလို ကုန်ကျစရိတ်ကလည်း များတယ့် အတွက် တော်ရုံတန်ရုံ ဆောက်လုပ်ရေးကုမ္မဏီငယ်လေး တွေ အထပ်မြင့် ဆောက်ဖို့ ခက်ခဲပါတယ် ။
ဒါကြောင့်လည်း ရန်ကုန်မြို့အနှံ့က အထပ်မြင့် အဆောက်အအုံတွေကို တည်ဆောက်တဲ့ လုပ်ငန်းခွင်တွေကို လိုက်ကြည့်လိုက်မယ် ဆိုရင်လည်း ပြည်တွင်းက နာမည်ကြီး ငွေအရင်းအနှီးတောင့်တယ့် ဆောက်လုပ်ရေးကုမ္မဏီ တွေနဲ့ ပြည်ပကလာလုပ်တဲ့ ဆောက်လုပ်ရေး ကုမ္မဏီတွေဘဲ တွေ့ရမှာဖြစ်သလိုနည်းပညာနဲ့ကုန်ကျစရိတ်မြင့်မားတဲ့အတွက်ကြောင့်လည်း သာမန်လူနေတိုက်ခန်းထက် တန်ဖိုးကြီး ကွန်ဒိုတွေ အဖြစ်ရောင်းချကြတာဖြစ်ပါတယ်။
အထပ်မြင့် အဆောက်အအုံတစ်ခုကို ဆောက်လုပ်တော့မယ်ဆိုရင် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီကို ပုံစံ အဆင့်ဆင့်နဲ့ တင်ပြပြီး ၁၂ ထပ်အမြင့် ထက်ကျော်လွန်တဲ့ အတွက်လည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရရဲ့ခွင့်ပြုချက်နဲ့မှ ဆောက်လုပ်ကြရတာဖြစ်သလို မီးဘေးအန္တရယ်ကင်းရှင်းစေဖို့အတွက်လည်း အဆောက်အအုံမှာ တပ်ဆင်မယ့် မီးဘေးအန္တရယ်ကင်းရှင်းရေး စနစ်တွေကိုပါ တပါတည်းတင်ပြရမှာဖြစ်ပါတယ်၊ ဒါ့အတွက်ကြောင့် လည်း မီးသတ်ဦးစီးဌာနရဲ့ထောက်ခံချက်လိုအပ်ပါတယ်၊ developer တွေကလည်းတင်ပြတယ့် အခါ မီးသတ်ရဲ့ထောက်ခံချက်ရယူတင်ပြလာတာတွေ့ရပါတယ်။
အထပ်မြင့် အဆောက်အအုံ တွေ စည်းစနစ်တကျ ဆောက်လုပ်မှု့ ရှိမရှိ မီးငြိမ်းသတ်ရေး ပစ္စည်းတွေ ထည့်သွင်းတည်ဆောက်တပ်ဆင်ထားခြင်း ရှိမရှိကိုလည်း အင်ဂျင်နီယာ ပညာရှင်တွေနဲ့ စုစည်းထားတယ့် အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင် အဖွဲ့ ( CQHP ) ကနေမကြာခဏ သွားရောက်စစ်ဆေး ပေးပြီး စံချိန်စံညွန်းမပြည့်မီတဲ့ ဆောက်လုပ်တပ်ဆင်ထားမှု့တွေကို ပြန်လည်ပြင်ဆင်ခိုင်းတယ် လို့ ဥက္ကဌ ဦးခင်မောင့်တင့် ကလည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ နွေမိုးဆောင်း ရာသီးမရွေး မီးဘေးအန္တရယ်ကျရောက် နိုင်တာကြောင့်လည်း အထပ်မြင့် အဆောက်အအုံမှာ နေတဲ့ ပြည်သူတွေ အတွက် အဆင်မြင့်တဲ့ fire protection system ကိုစနစ်တကျ တပ်ဆင်ထားဖို့ လိုသလို အမှန်တကယ် အေ၇းပေါ်အခြေအနေ ဖြစ်လာခဲ့ရင်လည်း ထိထိရောက်ရောက်နဲ့အမှန်တကယ် မီးငြိမ်းသတ်ပေးဖို့ အရေးကြီးပါတယ်။
ယေဘူယျ အားဖြင့် မီးဘေးအန္တရယ်ကာကွယ်ရေး စနစ်တစ်ခုမှာ မီးလောင်ခဲ့မယ်ဆိုရင် အမြန်ဆုံးသိရှိနိုင်မယ့် အာရုံခံကရိယာတွေ၊ အပူချိန် ၊မီး ၊ မီးခိုးတွေ ကိုထောက်လှမ်းနိုင်မယ့် စနစ်တွေ အပြင် အချိန်တိုအတွင်းထိထိရောက်ရောက် ငြိမ်းသတ်ပေးနိုင်မယ့် စနစ်တွေ တပ်ထားရုံတင်မဟုတ်ဘဲ တစ်ခုနဲ့ တစ်ခု အချိတ်အဆက်မိမိ လုပ်နိုင်ဖို့ လိုပါတယ်။
ဒါ့အပြင် မီးလောင်လို့ ထွတ်လာမယ့် မီးခိုးတွေ အဆောက်အအုံ ထဲမှာလှည့်ပတ်နေရင် အန္တရယ်ရှိတယ့် အတွက် အပြင်ကို မီးခိုးတွေ အမြန်ဆုံးထုတ် နိုင်တယ့် မီးခိုးထုတ်စနစ်တွေ ၊ အဆောက်အအုံ ဒီဇိုင်းကလည်းအရေးကြီးပါတယ်။ ဒါ့အပြင် မီးလောင်ခဲ့လို့ရှိရင် အမြန်ဆုံး ထွတ်ခွာနိုင်ဖို့ အတွက် လုံလောက်တယ့် အရေးပေါ်ထွတ်ပေါက်တွေ ကို အဆောက်အအုံ ဒီဇိုင်းရေးဆွဲကတည်း က ထည့်သွင်းရေးဆွဲထားဖို့လိုတယ့် အပြင် မီးငြိမ်သတ်ရေး စနစ်ကိုကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်ဖို့လည်းလိုအပ်ပါတယ်။
ဘယ်လောက်ဘဲ စနစ်ကျတယ့် ကာကွယ်ရေး စနစ်တွေကို တပ်ထားတယ် ဘဲပြောပြော ဒီအဆောက်အအုံတွေမှာ အမြဲတမ်းနေထိုင်သူတွေနဲ့ တပ်ထားတယ့် စနစ်တွေကလည်း ကျွမ်းဝင်မှု့ရှိဖို့လိုပါတယ်၊ ဒါ့အပြင် မီးဘေး အန္တရယ်နဲ့ကြုံလာခဲ့ရရင်လည်း တည်တည်ငြိမ်ငြိမ် နဲ့အရေးပေါ်ထွတ်ပေါက်ဆီ သွားနိုင်ဖို့ အတွက် ဇတ်တိုက်လေ့ကျင့်ထားဖို့လိုပေမယ့် ရန်ကုန်မြို့တော်က အထပ်မြင့် အဆောက်အအုံ တွေမှာတော့ အဒီလိုအနေအထားကို ရောက်ဖို့ အချိန်အများကြီး ယူရအုံးမှာဖြစ်ပါတယ်။
အထပ်မြင့် အဆောက်အအုံတွေမှာ တပ်ထားမယ့် မီးဘေး အန္တရယ်ကာကွယ်ရေးပစ္စည်းတွေ ဖြစ်တယ့် အပူအာရုံခံ ပစ္စည်းတွေ အပြင် ၊ အလိုအလျောက်မီးခိုးထုတ်စနစ်တွေ ၊ အမြန်ဆုံးရေဖျန်းပေးနိုင်မယ့် စနစ်တွေ ကို အထပ်တိုင်း အခန်းတိုင်းမှာ တပ်ပေးထားရမှာဖြစ်သလို မီးသတ်သမားသုံး မီးသတ်ရေဘုံဘိုင်ခေါင်း ၊ အလွယ်တကူ အသုံးပြူနိုင်မယ့် မီးသတ်ဆေးဗူးတွေ ပါ တပ်ထားရမှာဖြစ်ပါတယ်။
မြင့်မားတဲ့ အဆောက်အအုံ တွေဖြစ်တာ အတွက်ကြောင့်လည်း သာမာန်ရေဖျန်းစနစ်ထက် ဓတ်ငွေ့သုံးမီးသတ်စနစ်တွေ ဖြစ်တယ့် Gas fire suppression system - Pyrogen. Co2 . Halon XXX. FM-200.NN-100 ဓတ်ငွေ့တွေကို အသုံးချဖို့လိုပါတယ်။
မီးသတ်တပ်ဖွဲ့တွေကို အချိန်တို အတွင်း ဆက်သွယ်နိုင်ဖို့ ၊ အဆောက်အအုံအတွင်းနေထိုင်သူတွေကို အမြန်ဆုံး အသိပေးအကြောင်းကြားနိုင်ဖို့ ၊ အရေးပေါ်အခြေအနေ တွေမှာ အရန်စက်ပစ္စည်းတွေ ကို အသုံးချနိုင်ဖို့ နဲ့ အရန်လျှပ်စစ်မီးပေးစနစ်တွေ ပါ တပ်ထားဖို့လိုပါတယ်။
ရန်ကုန်မြို့တော်မှာ တည်ဆောက်ဆဲ ၊ တည်ဆောက်ပြီး အထပ်မြင့် အဆောက်အအုံတွေ အပြင် ဆောက်ဖို့လျာထားတယ့် အထပ်မြင့်အဆောက်အအုံ တွေ စုစုပေါင်း အလုံး ၈၀၀ လောက်ထိ ရှိလာနေပြီလို့ သိရပါတယ်၊ အထပ်မြင့်အဆောက်အအုံ တစ်ခုမှာ အနည်းဆုံး အခန်းပေါင်း ၅၀ ကနေ ၅၀၀ လောက်ထိ ရှိတယ့် အတွက် နေထိုင်သူ ဦးရေ ကိုလည်း တွက်ချက်ခန့်မှန်းလို့ရပါတယ်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com