ရန်ကုန်မြို့ရှိ အိမ်မ၀ယ်နိုင်သူ များအတွက် ရည်ရွယ်သည့် အငှားအိမ်ရာ စီမံကိန်း မကြာမီ အကောင်အထည်ဖော်မည်

ရန်ကုန်မြို့ရှိ အိမ်မ၀ယ်နိုင်သူ များအတွက် ရည်ရွယ်သည့် အငှားအိမ်ရာ စီမံကိန်း မကြာမီ အကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
25 Aug 2015 10:00 am တွင် တင်ခဲ့သည်
1017 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရှိ အိမ်မ၀ယ်နိုင်သူများအတွက် ရည်ရွယ်သည့် အငှားအိမ်ရာ စီမံကိန်းအား ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် မကြာမီ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါ အိမ်ရာကို ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမှတ် (၂) လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ မြေ ၁၂ ဧကကျော်တွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ယင်းအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန်အတွက် လက်ရှိဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ကျပ် ဘီလျံ ၂၀ ထောက်ပံ့ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော်မည်ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမဆုံး အကောင်အထည်ဖော်မည့် အငှားအိမ်ရာ စီမံကိန်းဖြစ်ကြောင်း၊ အခန်းပေါင်း ၂၀၀၀ ကျော် ပါဝင်မည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

ယင်းအိမ်ရာစီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီများကို ဆောက်လုပ်ခွင့်ပေးရန် တင်ဒါစတင်ခေါ်ယူခဲ့ပြီး တင်ဒါပိတ်ကာ လက်ရှိတွင် တင်ဒါများကို စိစစ်နေကြောင်း၊ မကြာမီ ရွေးချယ်ထုတ်ပြန်၍ ဆောက်လုပ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

“အဓိက အိမ်မ၀ယ်နိုင်တဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။ အကောင်အထည်ဖော်ဖို့ တင်ဒါခေါ်ပြီးလို့ စိစစ်နေပါပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အိမ်ရာငှားရမ်းမည့် စည်းမျဉ်းစည်းကမ်းများနှင့် မည်သည့်နှုန်းထားဖြင့် ငှားရမ်းပေးမည် ဆိုသည်ကိုမူ ညှိနှိုင်းနေကြောင်း၊ သို့သော် ငှားရမ်းနေထိုင်သူများ ၀န်ထုပ်ဝန်ပိုး မဖြစ်စေရန် တစ်လတစ်ကြိမ် အိမ်ငှားခပေးသွင်းသည့် စနစ်ဖြင့် ငှားရမ်းနေထိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်းနှင့် ယင်းအိမ်ရာကို ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အပြီးအကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။

ယင်းအိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည့် မြေနေရာကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကလည်း ရွှေပြည်သာမြို့နယ်တွင် အငှားအိမ်ရာ စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်နေရာ မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သို့ အခြေအနေ အမျိုးမျိုးကြောင့် နယ်မှပြောင်းရွှေ့ အခြေချနေထိုင်သူဦးရေ မြင့်တက်လာပြီး အိမ်ရာဈေးနှုန်းများ မြင့်တက်မှုကြောင့် အိမ်ရာပိုင်ဆိုင်ရန် များစွာ အလှမ်းဝေးနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၀င်ငွေနည်း အခြေခံပြည်သူများအတွက် ရည်ရွယ်၍ တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများ အကောင်အထည်ဖော်ခဲ့သော်လည်း တန်ဖိုးနည်းမှာ ဈေးနှုန်းအနေဖြင့် ကျပ်သိန်း ၁၁၀ ကျော်၊ တန်ဖိုးမျှတများမှာ ကျပ်သိန်း ၂၀၀ ကျော်၊ ၃၀၀ ကျော် စသည်ဖြင့် ရောင်းချခဲ့ခြင်းကြောင့် အခြေခံပြည်သူများ ၀ယ်ယူနိုင်သည့် အနေအထား မရှိခဲ့ကြောင်း၊ ထိုသို့ မ၀ယ်နိုင်သည့် ပြည်သူများအတွက် အငှားအိမ်ရာများ အကောင်အထည် ဖော်နိုင်မှသာအဆင်ပြေမည်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service