အဆင့်မြင့်ပန်းခြံများရှိ ဆိုင်ခန်းများကို ဖယ်ရှားသွားမည် မဟုတ်ကြောင်း မြို့တော်ဝန်ပြော

အဆင့်မြင့်ပန်းခြံများရှိ ဆိုင်ခန်းများကို ဖယ်ရှားသွားမည် မဟုတ်ကြောင်း မြို့တော်ဝန်ပြော - Property News in Myanmar from iMyanmarHouse.com
21 Aug 2015 10:05 am တွင် တင်ခဲ့သည်
1058 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့အတွင်းရှိပန်းခြံများတွင်ဖွင့်လှစ် ရောင်းချလျက်
ရှိသော ဆိုင်ခန်း ၄၂ ခန်းကို ပြည်သူများ ကျယ်ဝန်းစွာ အနားယူနိုင်ရေးအတွက်ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ(ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန)က
ပြောင်းရွှေ့ဖယ်ရှားခြင်းများ ဆောင်ရွက်လျက်ရှိနေသော်လည်းအဆင့်မြင့်ပန်းခြံကြီးများရှိဆိုင်ခန်းများကိုမူဖယ်ရှားရန် အစီအစဉ်မရှိကြောင်း ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဩဂုတ် ၁၇ ရက်နေ့က ပြုလုပ်ခဲ့သော အထူး အစည်းအဝေး ပထမနေ့တွင် ဗဟန်းမြို့နယ် အမတ် ဒေါက်တာ ညိုညိုသင်းက ကန်တော်ကြီးဥယျာဉ်၊ ပြည်သူ့ဥယျာဉ်၊ အင်းလျားကန်ပေါင်(စိမ်းလန်းစိုပြည်) နှင့် မြကျွန်းသာအစ
ရှိသော အဆင့်မြင့် အပန်း ဖြေ ဥယျာဉ်ကြီးများတွင် စီးပွားရေဆန်သော အဆောက်အအုံ၊ ဆိုင်ခန်းများကို လာမည့်ဘဏ္ဍာနှစ်အတွင်း ၅၀ ရာခိုင်နှုန်းလျှော့ချပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့မှုအပေါ် မြို့တော်ဝန်က ထိုသို့ ယတိပြတ်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သို့သော် အစီအစဉ်မရှိဟု ပြောဆိုရသည့် အကြောင်းရင်းနှင့် အဆိုပါ အဆင့်မြင့် ပန်းခြံ ဥယျာဉ်ကြီးများကရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအတွက် ၀င်ငွေမည်မျှရရှိသည် တို့ကိုမူ ထည့်သွင်း ဖြေကြားခဲ့ခြင်း မရှိပေ။ မေးခွန်းမေးမြန်းသူ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကလည်း ပြည်သူများအတွက် ပန်းခြံများတွင် အပန်း ဖြေစရာနေရာ အလွန်ပင်နည်းပါးနေပြီး ဆိုင်ခန်းများကြောင့် ပန်းခြံများတွင်ရှိသော အပန်းဖြေနေရာများလည်း ကွယ်ပျောက် သကဲ့သို့ဖြစ်နေကြောင်း လွှတ်တော်တွင်း ဆွေးနွေးခဲ့သည်။ "ပြည်သူတွေ အပန်းဖြေစရာနေရာမရှိသလောက်ကို ဆိုင်ခန်းတွေနဲ့ ပြည့်နေပါတယ်။ မြကျွန်းသာမှာဆို
ရေစပ်တောင် မမြင်ရတော့ဘူး။ ပြည်သူ့ဥယျာဉ်မှာလည်း အဖိုးမဖြတ်နိုင်တဲ့အစိမ်းရောင်နယ်မြေ တွေ ပျောက်ကွယ်သွားခဲ့ပါတယ်။ နောက်ပြီးအစိုးရအဖွဲ့ကရရှိတဲ့ဝင်ငွေတွေကလည်း ပြင်ပပေါက်ဈေးနှုန်းတွေ၊ကာလပေါက်ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင်အရမ်းကိုနည်းနေတဲ့အတွက်မရှိသင့်တော့ပါဘူး"ဟု ၎င်းကပြောသည်။

ဆိုင်ခန်းအများဆုံးရှိသည့် ကန်တော်ကြီး မျှော်စင်ကျွန်းဥယျာဉ်တွင် ဆိုင်ခန်းများမှာ တစ်နှစ်ထက်တစ်နှစ် ပေါများလာလျက်ရှိနေပြီး ဆိုင်ခန်းပိုင်ရှင်များကလည်း ဆိုင်ခန်း ငှားရမ်းခများကို အဆမတန်ဈေးနှုန်းများဖြင့်ကုမ္ပဏီကို
ပေးဆောင်နေရကြောင်း မျှော်စင်ကျွန်းအတွင်း စားသောက်ဆိုင် ဖွင့်လှစ်ထားသော ဆိုင်ရှင်တစ်ဦးက ပြောသည်။

"ကျွန်တော်တို့က ဆိုင်ခန်းငှားခတွေ ဈေးကြီးကြီး ပေးငှား ထားရတာပါ။ အပြင် မှာ ငှားရတဲ့ဆိုင်ခန်းခတွေထက်ကို များပါတယ်။ အဲဒါကြောင့် ဒီထဲက ဆိုင်တွေ အကုန်လုံးက ဈေးကြီးနေကြရတာပါ။ တမင် သက်သက်ဈေးမြှင့်ထား ရတာလည်း မဟုတ်ပါဘူး။ ဆိုင်ခန်းငှားခ တစ်လကို သိန်း ဆယ်ဂဏန်းထဲမှာ ရှိပါတယ်။ အစိုးရ ကလည်း အငှားချထားတဲ့ ကုမ္ပဏီကနေ တစ်ဆင့် အမြတ်ရနေလို့ မဖယ်ရှားတာ ဖြစ်ပါလိမ့်မယ်။ အမြတ်များလို့ ဖယ်ရှားတာ မျိုးတော့ ဘယ်တော့မှ လုပ်မယ်မထင်ပါဘူး"ဟု ၎င်းကပြောသည်။

ရွှေတိဂုံဘုရား အနောက်ဖက်မုခ်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသည် Myanmar Culture Valley ဟု အမည်ပေးထားသော ပြည်သူ့ဥယျာဉ်အတွင်း ဖွင့်လှစ်ထားသည့် ဆိုင်ခန်းပေါင်း အနည်းဆုံး ၂၀ နီးပါးရှိပြီး စားသောက်ဆိုင်ခန်းများသာမက လက်ဝတ်ရတနာ ပစ္စည်းများရောင်းသည့်ဆိုင်ခန်း၊ အလှပြင်ခန်း၊ ဖက်ရှင်ပစ္စည်းများ ရောင်းချသည့်ဆိုင်ခန်းတို့ပါပါဝင်လျက် ရှိသည်။

မြို့တော်ဝန်ဦးလှမြင့်ကအဆင့်မြင့်ပန်းခြံဥယျာဉ်များက ဆိုင်ခန်းများကို လျှော့ချ ခြင်း၊ဖယ်ရှားခြင်းမျိုးများ ဆောင်ရွက်ရန်အစီအစဉ်မရှိသော်လည်း ပန်းခြံ ၁၇ ခုရှိ ဆိုင်ခန်းများကိုမူ ပန်းခြံတိုးချဲ့ပြင်ဆင်မွမ်းမံ ခြင်းနှင့်အတူ ဖယ်ရှားဆောင်ရွက်ခြင်း လုပ်ငန်းများကို ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ဆောင်ရွက်နေကြောင်း
ပြောသည်။

"ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာန က ထိန်းသိမ်းဆောင်ရွက်လျက်ရှိတဲ့ ပန်းခြံပေါင်း ၆၃ ခြံကို အများပြည်သူစိတ်ကြိုက် အေးချမ်းစွာအနားယူနိုင်ဖို့ ပြုပြင်
မွမ်းမံ ခြင်း၊ အဆင့်မြှင့်တင်ခြင်းတွေ ဆောင်ရွက် ရာမှာ ပန်းခြံဧရိယာအတွင်း အရင်ကဌာန၀င်ငွေလုပ်ငန်တွေအဖြစ် အငှားချဖွင့်လှစ် စေခဲ့တဲ့ဆိုင်ခန်းတွေကို ပြောင်းရွှေ့ခြင်း၊ နေရာအစားထိုးခြင်းတွေ ဆောင်ရွက် လျက် ရှိပါတယ်" ဟု မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။


၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန) က ပန်းခြံရှစ်ခုရှိ ဆိုင်ခန်း ၃၁ ခန်းကို ပြောင်းရွှေ့ဖယ်ရှားခဲ့ပြီး တောင်ဥက္ကလာပ မြို့နယ် ရတနာ ပန်းခြံနှင့် မြသီတာပန်းခြံရှိ ဆိုင်ခန်း ၁၁ ခန်း၊ မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံရှိ ဆိုင်ခန်း သုံးခန်း၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏပန်းခြံရှိ ဆိုင်ခန်း နှစ်ခန်း၊ အလုံမြို့နယ် သခင်မြပန်းခြံရှိ ဆိုင်ခန်း ခြောက်ခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် သံသုမာ ပန်းခြံရှိ ဆိုင်ခန်းနှစ်ခန်း၊ အင်းစိန်မြို့နယ် နံ့သာမြိုင်ပန်းခြံနှင့် ငွေတာရီပန်းခြံရှိ ဆိုင်ခန်း ခုနစ်ခန်းတို့ ဖြစ်သည်။

ဌာနအနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် တွင်လည်း ပန်းခြံ ရှစ်ခုရှိဆိုင်ခန်း၁၁ခန်းကို ပြောင်းရွှေ့ဖယ်ရှားခဲ့ပြီး တောင်
ဥက္ကလာပ မြို့နယ်သုမင်္ဂလာပန်းခြံရှိဆိုင်ခန်း နှစ်ခန်း၊ မြောက်ဥက္ကလာ
ပမြို့နယ် ဥက္ကလာသီရိပန်းခြံရှိ ဆိုင်ခန်းနျှစ်ခန်း၊ သင်္ဃန်းကျွန်းမြို့နယ် ကျွန်းမာလာပန်းခြံရှိ ဆိုင်ခန်း တစ်ခန်း၊ ဗဟန်းမြို့နယ် ရတနာပန်းခြံနှင့် သီရိမြိုင်ပန်းခြံရှိ ဆိုင်ခန်း သုံးခန်း၊ သာကေတမြို့နယ် မြကန်သာပန်းခြံရှိ ဆိုင်ခန်း တစ်ခန်း၊ ပုဇွန်တောင်မြို့နယ် ဇေယျာမြိုင်ပန်းခြံရှိ ဆိုင်ခန်း တစ်ခန်း၊ လှိုင်သာယာမြို့နယ် လှိုင်သာယာပန်းခြံရှိ ဆိုင်ခန်း တစ်ခန်းတို့ဖြစ်ကြသည်။

ထို့ပြင်၂၀၁၆၁၇ဘဏ္ဍာနှစ်တွင်လည်းသင်္ဃန်းကျွန်းမြို့နယ်ရှိ
ပြည်ထောင်စုပန်းခြံကို အဆင့်မြှင့်တင် ဆောင်ရွက်ရန် လျာထားသတ်မှတ်ထားရှိပြီးဆိုင်ခန်းတစ်ခန်းကိုလည်း
ပြောင်းရွှေ့ဖယ်ရှားရန် ညွှန်ကြားထားသည်ဟုလည်း မြို့တော်ဝန်က ထည့်သွင်းပြောကြား ခဲ့သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service