သင်ဝယ်မယ့် မြေက ဘယ်လိုမြေအမျိုးအစားထဲမှာ ပါဝင်သလဲ ၊ မြေဆိုတာဘာလဲ သေချာသိဖို့လိုအပ်တယ်

သင်ဝယ်မယ့် မြေက ဘယ်လိုမြေအမျိုးအစားထဲမှာ ပါဝင်သလဲ ၊ မြေဆိုတာဘာလဲ သေချာသိဖို့လိုအပ်တယ် - Property Knowledge in Myanmar from iMyanmarHouse.com
23 Jul 2015 11:18 am တွင် တင်ခဲ့သည်
3752 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

မြေဝယ်မယ်ဆိုတာ နဲ့ သင့်အနေနဲ့ ကိုယ်ဝယ်မယ့် မြေက ဘယ်လိုမြေအမျိုးအစားဖြစ်
တယ်၊ ဒီမြေပေါ်မှာ ကိုယ်ဘာတွေလုပ်နိုင်တယ်၊ ကိုယ်ဝယ်မယ့် မြေကို လက်ဝယ်ပိုင်ပိုင်နိုင်နိုင်ဖြစ်
အောင် နာမည်ပြောင်းလို့ရမရ ဆိုတာကို မဝယ်ယူခင်မှာ အသေအချာ သိဖို့လိုအပ်ပါတယ်။
မြန်မာပြည်မှာ မြေတွေနဲ့ပတ်သက်ရင် အမျိုးအစားတွေ၊ အဆင့်အတန်းတွေကိုလည်း သတ်မှတ်
ထားတာရှိသလို လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေကလည်း အများကြီး ကွာဟပါတယ်။ မြေကိုအ
ကြမ်းအားဖြင့် ခုနှစ်မျိုးခွဲခြား ထားတာ ကိုတွေ့ရပါလိမ့်မယ်။ လယ်ယာ ဥယျဉ်မြေ ၊ မြေပိုင်မြေ
( ဘိုးဘွားပိုင်မြေ )၊ ဂရန်မြေ၊ ချထားမြေ ( ပါမစ် ) ၊ စကွာတာမြေ၊ ကျုးကျော်မြေနှင့် သာသနာပိုင်မြေ
တွေဆိုပြီး အမျိုးအစားခုနှစ်မျိုးခွဲထားပါတယ်။

မြေတွေကို အဆင့်အတန်း အမျိုးမျိုး ခွဲခြားသတ်မှတ် ရောင်းဝယ်လုပ်ကိုင်နေပေမယ့်လည်း ၂၀၀၈
ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ( ၁ ) နိုင်ငံတော်အခြေခံမူများ ခေါင်းစဉ်အောက်ရှိ ပုဒ်မ ၃၇
အရ နိုင်ငံတော်သည် နိုင်ငံအတွင်းရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့်လေ
ထုအတွင်းရှိ သယံဇာတအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားချက် အရ မြေ
အားလုံး၏မူရင်းပိုင်ရှင်မှာ နိုင်ငံတော်ဖြစ်ပြီး ပြည်သူများသို့ အဌားချထားခြင်း၊ ခွင့်ပြုပေးထားခြင်းသာ
ရှိပြီး မြေအမျိုးအစား အလိုက် ရောင်းဝယ်ဖောက်ကား လုပ်ပိုင်ခွင့်များလည်း ကွာဟနိုင်စေသည်။

( ၁ ) လယ်ယာဥယျဉ်မြေ ။ စိုက်ပျိုးရေး လုပ်ငန်းများ အတွက်သာ အသုံးပြုခွင့်ရတဲ့ သီးသန့်မြေမျိုး
ဖြစ်ပြီး လယ်ယာမြေ ဥပဒေသစ် အရ အခြားသူတစ်ဦးတစ်ယောက်ထံသို့ လွှဲပြောင်းနိုင်ပါတယ်၊ယင်း
မြေအမျိုးအစားမှ လူနေအိမ်မြေ အဖြစ် ပြောင်းလဲအသုံးချနိုင်ရန် အတွက် ပုဒ်မ ၃၉ ဖြင့် အကျုံးဝင်
ကပြောင်းနိုင်သော်လည်း နိုင်ငံတော်၏ စီမံကိန်းဝင် လုပ်ငန်းကြီးများနှင့် မြို့သစ်များ ဖော်ထုတ်ခြင်း၊
စက်မှုဇုန်သစ်များ ဖော်ထုတ်ခြင်း အစရှိသည့် ကိစ္စရပ်များမှ လွဲပြီး မြို့မြေ အဖြစ် အလွယ်တကူ
ပြောင်းလဲနိုင်ရန် ခက်ခဲသည့် မြေအမျိုးအစား ဖြစ်သည်။လန -၃၉ ကျပြီးမှသာ ယင်းမြေများကိုအ
လွယ်တကူ ခွဲစိတ်၊ ရောင်းချပေါင်နှံခွင့် ရှိသည့် မြေအမျိုးအစား ဖြစ်သည်။

( ၂ ) မြေပိုင်မြေ ( ဘိုးဘွားပိုင်မြေ ) ။ အင်္ဂလိပ်အစိုးရ လက်ထက်တွင် မြို့ကွက်များကို ဖော်ထုတ်
ခြင်း၊ မြို့များကို ပြင်ဆင်ချဲ့ထွင်ပြီး အများပြည်သူတို့ကို ရောင်းချခဲ့သည့် မြေ နှင့် လယ်ယာမြေများ
ကို နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ အရ လယ်ယာဥယျဉ်ခြံမြေ များအဖြစ် မှ ပြောင်းလဲထားသည့်
မြေများဖြစ်သည်၊ အဆိုပါမြေကို ရောင်းပေါင်၊ ခွဲစိတ်၊ လွှဲပြောင်းနိုင်သည်။

( ၃ ) ဂရန်မြေ ( မြေဌားစာချုပ်မြေ ) ။ နိုင်ငံတော်မှ ပြည်သူများသို့ သတ်မှတ်ထားသည့် မြေဧရိယာ
အလိုက် နှစ် ၉၀ ၊ နှစ် ၆၀ နှင့် နှစ် ၃၀ ကာလ အပိုင်းအခြား အလိုက် ဌားရမ်းပေးထားသည့် မြေမျိုး
ဖြစ်ကာ ရောင်းဝယ်၊ ပေါင်နှံ၊ခွဲစိတ်၊ လွှဲပြောင်းနိုင်ပြီး အရောင်းအဝယ် ပြုလုပ်ရာတွင်လည်း ခိုင်မာမှု
နှင့် တရားဝင်မှု အရှိဆုံးမြေ အမျိုးအစား ဖြစ်သည်။

( ၄ ) ချထားမြေ (ပါမစ်မြေ )။ မြေဌားစာချုပ် ( ဂရန် ) မရှိသေးသော်လည်း နိုင်ငံတော်အစိုးရမှတရား
ဝင်ချထားပေးသော မြေ အမျိုးအစား ဖြစ်သည်။ ဥပဒေ သတ်မှတ်ချက်များ အရ နိုင်ငံတော်မှ တ၇ား
ဝင်ချထားပေးသူမှ အပ တစ်ခြားသူများ သို့လွှဲပြောင်းရောင်းချခွင့်မရှိသည့် မြေအမျိုးအစားဖြစ်သည်၊ ပါမစ်ချထားပြီး တစ်နှစ်ပြည့်မြောက်သည့် အချိန်မှစတင်ကာ မြေဌားစာချုပ်ကို ထုတ်ယူနိုင်ပြီးမှသာ
တရားဝင်ခွဲစိတ်၊ ပေါင်နှံရောင်းဝယ်ခြင်းကို ခွင့်ပြုထားသည်။

( ၅ ) စကွာတာမြေ ။ ယနေ့ခေတ်တွင် အလွန်ရှားပါးသည့် မြေအမျိုးအစားဖြစ်သည်၊ အင်္ဂလိပ်အစိုးရ
လက်ထက်တွင် မြေဌားခ မပေးနိုင်သဖြင့် မြေဌားဂရန် မရရှိသူများကို အလွန်ချိုသာသည့်နှုန်းထား
တစ်ရပ်ဖြင့်နေထိုင်ခွင့်ပေးထားခဲသည့် မြေအမျိုးအစားဖြစ်သည်၊ ထို့အပြင်မြေဌားစာချုပ်စည်းကမ်း ဖောက်ဖျတ်သည့် မြေများနှင့် ဂရန်သက်တမ်းကုန်သော်လည်း ယင်းမြေပေါ်တွင် ဆက်လက်နေထိုင် ပြီး မြေခွန်များကို မှန်မှန်ပေးဆောင်ခဲ့သူများ ၊ယင်းမြေ အဌားချ
ထားခြင်း ခံရသူများ အနေဖြင့် ယနေ့ခေတ် တွင် ဂရန်မြေ အဖြစ် လျှောက်ထားနိုင်သည်၊ မြေဌားစာ
ချုပ် ( ဂရန်) ကျပြီးမှသာ ရောင်းဝယ်ပေါင်နှံခွင့်ရှိသည်။

( ၆ ) ကျုးကျော်မြေ ။ မြေဌားစာချုပ်လည်း မရှိသလို၊ သက်ဆိုင်၇ာမှ နေရာချထားပေးခြင်း မရှိဘဲအစိုး
ရမြေ သို့မဟုတ် ပုဂ္ဂလိကမြေ ပေါ်တွင် ကျုးကျော်နေအိမ်ဆောက်လုပ်ထားသည့် မြေအမျိုးအစားဖြစ်
သည်။ အဆိုပါကျုးကျော်မြေများကိုလည်း နိုင်ငံတောမှ စီစစ်ပြီး စီမံကိန်းတစ်ရပ်ရပ် ပေါ်ပေါက်ပါက
ဖယ်ရှားခံရပါမည်၊ အင်္ဂလိပ်အစိုးရ လက်ထက်တွင် အစိုးရမှ ယင်းမြေကိုလတ်တလော အသုံးမပြု
သေးပါက အခွန်အခသတ်မှတ်ပြီး ကျုးဂရန်သတ်မှတ်ကာ မြေဌားခ ထမ်းဆောင်စေခဲ့သော်လည်း
ယနေ့ခေတ်တွင် အသုံးပြုခြင်း မရှိတော့ပါ၊ ယင်းမြေများကို ရောင်းဝယ်ပေါင်နှံခွဲစိတ်ခွင့်မရှိပါ။

( ၇ ) သာသနာပိုင်မြေ ။ ဘုရားဝတ္တကမြေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရားကျောင်း၊
ဘုန်းတော်ကြီးကျောင်း ပိုင်မြေများနှင့် ဘာသာရေး နှင့် ကိုးကွယ် ဝတ်ပြုမှု နှင့် သက်ဆိုင်သည့် မြေ
များဖြစ်သည်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကျောက်ကပ်အတွက် ဘယ်လို အသီးအနှံတွေက အကောင်းဆုံးလဲ။ ။
ကျောက်ကပ်အတွက် ဘယ်လို အသီးအနှံတွေက အကောင်းဆုံးလဲ။ ။
ခရီးသွားရင် အဝတ်အစားတွေကို ဘယ်လိုထုတ်ပိုးသွားသင့်သလဲ
ခရီးသွားရင် အဝတ်အစားတွေကို ဘယ်လိုထုတ်ပိုးသွားသင့်သလဲ
မြေအကြောင်း အသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေအကြောင်း အသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ကုန်သွယ်လုပ်ငန်းခွန်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကုန်သွယ်လုပ်ငန်းခွန်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာ့ဂရန်မြေ လျှောက်ထားရယူခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာ့ဂရန်မြေ လျှောက်ထားရယူခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service