မြို့တော်စည်ပင်အသန့်ရှင်းဆုံးမြို့နယ်ဆု မရမ်းကုန်းရရှိ

မြို့တော်စည်ပင်အသန့်ရှင်းဆုံးမြို့နယ်ဆု မရမ်းကုန်းရရှိ - Property News in Myanmar from iMyanmarHouse.com
8 Jan 2015 12:26 pm တွင် တင်ခဲ့သည်
937 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်စည်ပင်သာယာ ရေးကော်မတီက ပထမဆုံးအကြိမ် ရွေးချယ်ပေးအပ်သည့်အသန့် ရှင်းဆုံးမြို့နယ်ဆုကို မရမ်းကုန်း မြို့နယ်က ရရှိခဲ့ကြောင်းသတင်း ရရှိသည်။

အသန့်ရှင်းဆုံးမြို့နယ်ဆုအ တွက် မြို့နယ်၊ ခရိုင်ကော်မတီ များမှ တင်ပြလာသည့် မြို့နယ် လေးခုကို ဗဟိုကော်မတီကကွင်း ဆင်းစစ်ဆေး၍ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ဒဂုံ၊ ရန်ကင်းနှင့် ဒဂုံဆိပ်ကမ်းတို့က သန့်ရှင်းရေးစွမ်းဆောင်ရည်ဂုဏ်ပြုဆုများ ရရှိခဲ့သည်။

အသန့်ရှင်းဆုံးမြို့နယ်ဆုကိုရန်ကုန်မြို့ရှိ ခရိုင်လေးခု၊ မြို့နယ်၃၃ ခုမှ သန့်ရှင်းရေးလုပ်ငန်းများလုပ်ဆောင်နေမှုကို အမှတ်ပေးစနစ်ဖြင့် နိုဝင်ဘာမှ ဒီဇင်ဘာအထိအချိန်သတ်မှတ်၍ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အသန့်ရှင်းဆုံးမြို့နယ်ဆုအ တွက် အချက်တစ်ခုလျှင် ၁၀မှတ် နှင့် အချက်၃၀သတ်မှတ်ထားပြီ အမှိုက်အစို၊ အခြောက်ခွဲခြားစွန့်ပစ်မှုရာခိုင်နှုန်းနှင့် ပြည်သူများကို အသိ ပေးနှိုးဆော်မှု၊ အမှိုက်သိမ်းယာဉ်များ၊ အမှိုက်ပုံးများ၊ အမှိုက်ကန်များ၊ အမှိုက်လှည်းများသန့်ရှင်းရေးကောင်းမွန်မှုနှင့် စနစ်တကျထားရှိမှု၊ ခေါင်းလောင်းတီးဝန် ဆောင်မှုစသည့်အချက်များပေါ် မူတည်၍ ရွေးချယ်ခဲ့ခြင်းဖြစ်ရာ ဆုရရှိခဲ့သည့်မြို့နယ်လေးခုမှာ အမှတ်ကွာခြားခြင်းမရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက် ဌာနမှူးဦးခင်ဝင်းကပြောသည်။

‘‘တစ်နေ့အမှိုက် တစ်နေ့ သိမ်းဆည်းနိုင်တာကို မူတည်ပြီး ပေးအပ်ခဲ့တာဖြစ်တယ်။ဒီဆုပေး ခြင်းအားဖြင့် လုပ်ငန်းတွေရဲ့ စွမ်း ဆောင်မှုက ပိုမြင့်တက်လာမယ်။ ရပြီးသားမြို့နယ်အနေနဲ့လည်းသူ့ မြို့နယ်ရဲ့ ရှိပြီးသားအဆင့်ကို ထိန်းသိမ်းရမယ်ဆိုတဲ့အသိ လည်းရှိသွားမယ်’’ဟု ၎င်းကပြောသည်။

အသန့်ရှင်းဆုံးမြို့နယ်ဆုရ ရှိခဲ့သည့် မရမ်းကုန်းမြို့နယ်ကို ဆုငွေကျပ်၂၅သိန်းနှင့် သန့်ရှင်းရေးစွမ်းဆောင်ရည်ဂုဏ်ပြုဆုများအတွက် ကျပ်ငါးသိန်းပေးအပ်ခဲ့ပြီး ၀န်ထမ်းများအား ပြန်လည်ခွဲဝေပေးမည်ဖြစ်သည်။

‘‘ကော်မတီက ချမှတ်ထား တဲ့အချက် ၃၀အပေါ် မူတည်ပြီး တော့ ကြိုတင်ပြင်ဆင်ခဲ့၊ ဆောင် ရွက်ခဲ့တယ်။ ယခင်ထက် အား ထည့်ပြီးတော့ ဆောင်ရွက်ခဲ့တာ။မြို့နယ်သန့်ရှင်းရေးကောင်းမွန်ဖို့ က ကိုယ့်တာဝန်ပဲ’’ဟု မရမ်းကုန်း မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယ ကြီးကြပ်ရေးမှူးဦးတင်မျိုးထွေး ကပြောသည်။

အသန့်ရှင်းဆုံးမြို့နယ်ဆုကို အမှိုက်သိမ်းဆည်းခြင်းနှင့် သိမ်း ဆည်းအမှိုက်များ နောက်ဆုံး စွန့်ပစ်အမှိုက်ပုံသို့ စွန့်ပစ်ခြင်းလုပ်ငန်းများအား ပုဂ္ဂလိကသို့မလွှဲမီစပ်ကြားအထိ သုံးလတစ်ကြိမ်ရွေးချယ်မည်ဟု သိရသည်။

Credit: 7 day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...

အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service