ဂရန်လျှောက်ထားခြင်း

ဂရန်လျှောက်ထားခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
24 Dec 2014 10:46 am တွင် တင်ခဲ့သည်
1400 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ဆရာ့ရှင့်…

ကျွန်မ မနီနီပါ ။
ဒီနှစ်ထဲမှာ အကျိုးဆောင်ဖို. အလုပ်တစ်မျိုး ရခဲ့ပါတယ်။ တောင်ဒဂုံ အမှတ် (၂၄) ရပ်ကွက်ထဲက မြေကွက် နှစ်ကွက်ကို ဂရန်လျှောက်ပေးခဲ့ရပါတယ်။ ပိုင်ရှင်က တစ်ယောက်တည်းပါ။ သူဝယ်ထားတာကတော့ တစ်နေရာစီကပါ။ ဆက်စပ်စာချုပ်တွေလည်း ပြည့်စုံပါတယ် ၊ ပါမစ်တွေကလည်း မှန်ကန်တယ်လို. ကျွန်မ သိရပါတယ်။ ဒါကတော့ ကျွန်မသိသလောက် ပြောရတာပါ။
ဂရန်တွေလည်း ကျလာတော့ တစ်ကွက်က အေးအေးဆေးဆေးနဲ. အဆင်ပြေသွားပြီး ကျန်တဲ့ တစ်ကွက်ကတော့ ဘာကြောင့်ရယ် မသိပါဘူး ၊ ဂရန် ကျမလာဘူးလို.ပဲ ပြောရမယ် ။ မြို.တော်စည်ပင် ကိစ္စတွေကို ဆောင်ရွက်ပေးတာကလည်း ကျွန်မတို.သူငယ်ချင်းတွေ ပါပဲ။ သူ.ကိုမေးတော့လည်း ရမှာလို. ပြောပါတယ်။
ဒီလိုမျိုးရော ဖြစ်တတ်ပါသလား ဆရာ။ ရှင်းအောင် ပြောပြပါဦး ။ ကျွန်မတို. နားလည်လောက်အောင်ပေါ့ ဆရာ။

မနီနီ…

မေးတဲ့ကိစ္စက အရေးကြီးတဲ့ကိစ္စတွေပါ။ အကျိုးဆောင်တွေအတွက် အရေးကြီးသလို မြေဝယ်ရောင်းလုပ်တဲ့သူတွေလည်း သတိကြီးစွာထားရမယ့် ကိစ္စတစ်ခု ဖြစ်နေပါတယ်။

လွယ်လွယ်ပြောတတ်တဲ့ ပွဲစားအချို.ကလည်းရပါတယ် ဆရာရယ် ၊ ကိုယ်ဘက်က ဒီလောက် ခိုင်လုံတာပဲ၊ ဘာလိုသေးလဲလို. ပြေကြမှာပါ။ ဝယ်သူနဲ. အကျိုးဆောင်ကြီးတို. နားလည်သဘောပေါက်ရင်တော့ အကောင်းဆုံးပါပဲ ။

ပါမစ်
ပါမစ်ရဲ. အနက် အဓိပ္ဗာယ်ကို သေချာ မသိကြရင် ရှေ.ဆက်ပြောလို. မလွယ်တာမို. ပါမစ်ကို ဆရာ နားလည်သလို ရှင်းပါမယ်။
လယ်မြေ ၊ ယာမြေ ၊ ရွာမြေက စလို. ဘာမြေမျိုးပဲ ဖြစ်ပါစေ နိုင်ငံတော်ရဲ. မြေယာဥပဒေ တစ်ခုခုရဲ. လုပ်ပိုင်ခွင့်အရ “လူနေမြေ(မြို.မြေ)” အဖြစ်ကို ပြောင်းလဲခွင့်လည်းရှိပြီး ဖြစ်ရမယ် ၊ ဂရန်ကိုလည်း မလျှောက်ထားကြရသေးတဲ့မြေ အားလုံးကို “ပါမစ်မြေ” လို. ဆရာ နားလည်သလိုပြောလိုက်ပါမယ်။

ဒါဆိုရင် “ဂရန်” ထွက်နိုင်စရာ အလားအလာ ရှိတဲ့မြေတွေအားလုံးဟာ “ပါမစ်” တွေနဲ. နေကြရတာပါ။ တရားဝင် ခွင့်ပြုထားခြင်း မရှိပေမဲ့လည်း အဲဒီ ပါမစ် တွေကို ရောင်းဝယ်နေကြတာပဲ။

အဲဒီ “ပါမစ်” ရယ် ၊ ဆက်စပ်စာချုပ်တွေရယ်က ကိုက်ညီမှု မရှိကြရင် ဂရန် ဆိုတာ ဖြစ်လာမှာ မဟုတ်သေးဘူးပေါ့။

ဥပမာ-၁ ။ ခိုင်လုံတဲ့ ဆက်စပ်စာချုပ်တွေ အပြည်အစုံရှိပါစေ။ လျှောက်ထားသူကလည်း အကြောင်း ခိုင်လုံပါတယ်၊ ဒါပေမဲ့ ပါမစ် မူရင်း ပျောက်ဆုံးနေပါတယ် ဆိုရင်လည်း ကြန်.ကြာမယ့် ကိစ္စတစ်ခုပါပဲ။

ဥပမာ-၂ ။ ပါမစ်လည်း မှန်တယ် ၊ အရောင်းအဝယ် ဆက်စပ်စာချုပ်တွေကလည်း မှန်ကြပေမဲ့ အရောင်းအဝယ်ဆက်စပ် စာချုပ်တွေမှာက ဝယ်သူ နှစ်ဦး ဖြစ်နေပြီး ဂရန် လျှောက်ထားရာမှတော့ တစ်ဦးတည်းကသာ လျှောက်ထားရင် ဂရန်ကျလာမယ် မဟုတ်ဘူးလို. သိထားပါတယ်။

ဥပမာ-၃ ။ ဥပမာ ၂ ရဲ. အလားတူပဲ အစစ အရာရာ မှန်ကန်ကြပေမဲ့ ဆက်စပ်စာချုပ်မှာက ရောင်းသူ ဝယ်သူ တစ်ဦးတည်း ရှိပြီး ဂရန်လျှောက်တော့မှ နှစ်ဦး နာမည်နဲ. လျှောက်ထားလာမယ် ဆိုရင်လည်းကြန်.ကြာနေမှာပါ။

ဥပမာ-၄ ။ ပေ ၂၀ X ၆၀ တစ်ကွက်ကို လူတစ်ဦးက ဝယ်ပါတယ်။ နောက်ပေ ၂၀ X ၆၀ ကိုပဲ ထိုသူနဲ. အခြားသူတစ်ဦးက ပေါင်းပြီး ဝယ်ပါတယ်။ ပြီးတော့ ထိုပေ ၂၀ X ၆၀ နှစ်ကွက်ကို ပေါင်းပြီး ပေ ၄၀ X ၆၀ ဂရန်လျှောက်တဲ့အခါမှာ တစ်ဦးတည်း နာမည်နဲ. လျှောက်ထားရင်လည်း ကြန်.ကြာသွားမယ့် ကိစ္စမျိုးပါပဲ။

ဥပမာ-၅ ။ ကိုယ်ဝယ်စဉ်တုန်းကတော့ ပေ ၃၀ X ၆၀ မြေကွက်လှလှပပခြံလေး ခတ်ပြီးရောင်းတာ။ ဂရန် တင်မယ်လို. ပါမစ်ကို သေချာကြည့်လိုက်တော့ ပေ ၂၀ X ၆၀ ဖြစ်နေတယ် ၊ ပေ ၁၀ X ၆၀ က ပထမ ပို်င်ရှင်ကနားလည်မှုယူထားတဲ့ ကျုးကျော်မြေ ဖြစ်နေရင်လည်း ဂရန် လျှောက်တော့ ခက်ရမှာပါပဲ။

ဥပမာ-၆ ။ ပါမစ်မြေက ပေ ၂၀ X ၆၀ ကိုနှစ်ဦးစပ်ဝယ်ကြတယ်။ တစ်ဦးဦးက ပေ ၁၀ X ၆၀ စီ
ဂရန်လျှောက်ကြတာမျိုးတွေမှာလည်း ဂရန်ချထားမပေးဘူးလို. သိဖူးပါတယ်။

ဥပမာ-၇ ။ ပါမစ်မှာက ပေ ၄၀ X ၆၀ ။ မူလပိုင်ရှင်က ပေ ၁၀ X ၆၀ ပေါ်မှာ အိမ်ဆောက်နေပြီး ကျန်ပေ ၃၀ X ၆၀ ကို သပ်သပ်ရပ်ရပ် ခြံခတ် ရောင်းလို.ဝယ်ခဲ့ပြီး ဂရန်လျှောက်တော့မှ ပိုင်ရှင်က သူ.ပေ ၁၀ X ၆၀ ကို ထည့်
မလျှောက်ချင်ဘူးတဲ့ ။ ပါမစ် ဆိုတော့ ရောင်းချရင် လွယ်လို.တဲ့ ။ ဒါမျိုးမှာ ကိုယ်ဝယ်တဲ့ ပေ ၃၀ X ၆၀ ကိုပဲ ဂရန်
လျှောက်လိုက်လို.လည်း မရပါဘူးခင်ဗျာ ။

ဥပမာ- ၈ ။ အမွေဆက်ခံလွှာ ၊ကျမ်းကျိန်လွှာတို.နဲ.လည်း ဂရန်ကိုဆက်စပ်၍ လျှောက်ထားနိုင်ပါတယ်။ သို.သော်လည်း အဲဒီ အမွေဆက်ခံလွှာနဲ. ကျမ်းကျိန်လွှာတို.က ခိုင်လုံခြင်း ရှိဖို.တော့ လိုပါတယ်။

ဥပမာ-၉ ။ ဂရန် လျှောက်ထားတဲ့ “ပါမစ်မြေ” နဲ. ပတ်သက်ပြီး အမှုအခင်း တစ်စုံတစ်ရာ ရှိနေတာမျိုးနဲ. အကြောင်းကြောင်းကြောင့် ကန်.ကွက်စာ တင်သွင်းထားခြင်းတို. ရှိနေပြီ ဆိုရင် အဲဒီ “ပါမစ်” က ဂရန် ဖြစ်လာနိုင်မှာ မဟုတ်သေးပါဘူး။

အဲဒီ အချက်တွေကို သေချာ ဖတ်ကြည့်လိုက်ရင်တော့ လျှောက်ထားမယ့် ဂရန်အတွက် မှန်ကန်တဲ့ ပါမစ် ဖြစ်ရမယ် ၊ ဆက်စပ်စာချုပ်များခိုင်မာရမယ် ဆိုတာနဲ.လျှောက်ထားသူတို.ရဲ. ဆက်စပ်မှုများလည်း ခို်င်မာဖို. လိုတယ် ဆိုတာ သိသာစေပါတယ်။

ဒါကြောင့် ဂရန် မထွက်သေးဘဲ ပါမစ်ကို ဝယ်ပြီး ဂရန်လျှောက်ထားကြမယ့် ပုဂ္ဂိုလ်များ ၊ ဝယ်ရောင်းများနဲ. မနီနီ တို.လို အိမ်ခြံမြေ အကျိုးဆောင်ကြီးများက သေချာ လေ့လာ မှတ်သားကြပါလို. တိုက်တွန်းရင်းနဲ. အကြောင်းပြန်စာ ရေးလိုက်ပါတယ်။

Credit : winningland

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service