တိုက်ခန်းဝယ်ရင် ‘‘ဈေးဆစ်’’ ဖို့ ကအဓိကလား ‘‘ ပိုင်ဆိုင်မှု မှန်ကန်ဖို့ က အဓိကလား ’’

တိုက်ခန်းဝယ်ရင် ‘‘ဈေးဆစ်’’ ဖို့ ကအဓိကလား ‘‘ ပိုင်ဆိုင်မှု မှန်ကန်ဖို့ က အဓိကလား ’’ - Property Knowledge in Myanmar from iMyanmarHouse.com
21 Nov 2014 11:07 am တွင် တင်ခဲ့သည်
1057 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ဝယ်သူရဲ့ ဦးတည်ချက် ကဈေးဆစ်ဖို့ အကျိုးဆောင်က ပွဲဖြစ်ဖို့ အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ်ပြုလုပ်ကြရာမှာဝယ် သူအများစိတ်လောနေသည်က ရောင်းသူခေါ်ထားတဲ့ဈေးကို အတက်နိုင်ဆုံး ဈေးဆစ်ဖို့ သာ အဓိကလို့ ထင်နေကြတယ်၊ ပွဲစားဆိုသော ပုဂ္ဂိုလ်များကလည်း အရောင်းအဝယ် ဖြစ်ဖို့ ကိုသာ ဦးတည်ပြောဆို တက်ကြတယ်။ ပွဲစားဆိုတာကလဲ ပုထုဇဉ်ပဲလေ။ အရောင်းအဝယ်တည့်မှပွဲခရမှမဟုတ်လား။အရောင်းအဝယ်ဆိုတာရောင်းသူ၊ဝယ်သူ
‘‘ လောဘလွန်ဆွဲပွဲ ’’ဒါကြောင့် အရောင်းအဝယ် လုပ်ကြပြီဆိုလျှင်‘‘လိုချင်မှုလောဘ’’ ကိုရှေ့ တန်းတင်ပြီး ရောင်းသူနဲ့ ဝယ်သူ များမှာကိုယ်လိုရာ ဘက်ပါအောင် ‘‘လောဘလွန်ဆွဲပွဲ’’ ပြုလုပ်နေတာနဲ့ တူပါတယ်။ကြည့်လေ……အိမ်ခြံမြေရောင်းမယ့်သူကလည်းကာလ ပေါက်ဈေး ‘‘ထက်’’ သူကြိုက်တဲ့ ‘‘အမြင့် ဆုံးဈေး’’ ကိုခေါ်တယ်။

ရောင်းဈေးတစ်ခွန်းတည်းပြောလို့မရ ၊ဈေးဆစ်တာက အလေ့အထ

ဒီကြားထဲ‘‘ ပွဲစားကလည်း ဝယ်သူစိတ်ပါအောင်လှုံဆော်ပေးရသေးတယ် ။ မြေရှင် ဒါမှမဟုတ် တိုက်ခန်းပိုင်ရှင် က ငွေလိုနေလို့ ရောင်းချင်တာကြာလှပြီ ။ဒီတော့….ကျောက်အရောင်းအဝယ်လုပ်သလိုပေါ့။‘‘ ရောင်းသူတစ်ဆယ် ၊ ဝယ်သူငါးကျပ် ’’ ဆိုတဲ့  စကား ရှိတယ်လေ။အကိုလည်း ကြိုက်နေတာဘဲဈေးဆစ်ကြည့်ပေါ့…ဟု‘‘ ရေလာ မြောင်းပေး ’’ ကြိုပြောထားတော့ ရောင်းသူ နဲ့ ဝယ်သူ မျက်နှာချင်းဆိုင် တွေ့ ရင် ‘‘ဈေးဆစ်’’ တာကတော့ မြန်မာ လူမျိုးတို့ ရဲ့ ထုံးစံ တစ်ခုလိုတောင် ဖြစ်နေပြီ လို့ ဆိုရမယ် ထင်ပါတယ်။

အတုမြင်၊ အတက်သင်လာကြတဲ့ ကိုရီးယား

မြန်မာလူမျိုးတွေရဲ့ လေသံလိုက်ပြီး၊ မြန်မာလူမျိုးတွေနဲ့ ဖက်စပ် လုပ်ကိုင်နေ ကြတဲ့ ကိုရီးယား လူမျိုး၊ ဂျပန် လူမျိုးတွေ တောင် ဈေးဆစ် တက်လာ ကြပြီ၊ မှတ်မိလို့ ပြောရအုံးမယ် ။ တစ်ခါကမြန်မာပိုင် မြေကွက်တစ်ကွက် ကို ကိုရီးယားလူမျိုးက ငှားရမ်းပြီးခြံ စိုက်ပျိုး လုပ်ဖို့ အင်္ဂလိပ်လို စာချုပ်ချုပ် တဲ့ အခါ စာချုပ် စီစဉ်ပေးဖိုနဲ့ စာချုပ်ပေါ်မှာအသိသက်သေ လက်မှတ်ထိုးပေးဖို့ရှေ့ နေခေါ်တဲ့ အတွက် ကျွန်ုပ် လိုက်ပါ ဆောင်ရွက် ပေးရဘူးတယ်…. စာချုပ် မှာ လက်မှတ် ထိုးပြီး တဲ့ အခါ ရှေ့ နေ ဆောင်ရွက်ခ ဘယ်လောက်ပေးရမလဲလို့ မေးတယ်၊ ကျွန်ုပ်က(နှစ်သိန်း)ပေးရမယ် လို့ ပြော တဲ့ အခါ အင်္ဂလိပ် လို ပြောနေ တဲ့  ကိုရီးယား က‘‘များ တယ် ငါးသောင်း ကျပ်’’ ထားပါလို့ မြန်မာလို ပီပီသသ ပြောလိုက်တော့ ကျွန်ုပ်တောင် ပါးစပ် အဟောင်းသားနဲ့ ဖြစ်သွားတယ်။သူကို သဘောကျလို့ ‘‘ဟက်ဟက် ပက်ပက်’’ရယ်မိခဲ့ သေးတယ်။

သူတို့ နိုင်ငံမှာရှေ့ နေဆိုရင် အလွန်တန်ဖိုးထားတဲ့ လူမျိုးကတောင်မြန်မာပြည်လည်း ရောက်လာရော မြန်မာနည်း မြန်မာ့ဟန်၊ မြန်မာ့ ထုံးစံကို လေ့ လာထားပုံရပါတယ်။ ရှေ့နေခ ဈေးဆစ် ဖို့ ကျတော့ သွက်လိုက်တာ ဈေးဆစ်ဖို့ အစောကြီး ကတည်းက‘‘ဗမာစကား’’သင်ထားသလား မသိပါဘူး။ ဒါက စပ်မိလို့ ကိုယ်တွေ့ လေးပြောပြတာပါ။

အရောင်းအ၀ယ် မလုပ်မီ ပိုင်ဆိုင်မှု စစ်ဆေးဖို့ ကအဓိက

အဲ…….ပြောချင်တာက ဝယ်သူတွေဟာ ရောင်းသူတွေထံက ပိုင်ဆိုင်မှု စာရွက် စာတမ်းတွေ ကို သေသေချာချာ မလေ့ လာရသေးဘဲ နဲ့ ‘‘ ဈေးဆစ်’’ ကြတာကို တွေ့ ရပါတယ်။ တကယ်တော့ အိမ်၊ ခြံ ၊မြေ / တိုက်ခန်း အရောင်းအဝယ် ဈေးစကား မပြောမီရောင်းသူရဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း တွေကို ပထမဆုံး စစ်ဆေး
ကြည့်ရမှာပါ။ တိုက်ခန်း ဆိုရင် ကန်ထရိုက်တာ ထံက ဝယ်ထားတာလား။ဒါမှမဟုတ် မြေရှင်ကသူ့ ပိုင်အခန်းကို ရောင်းတာလား။ဒါမှမဟုတ် တိုက် မပြီးသေးဘဲနဲ့ ကြိုပွိုင့် ရောင်းတာလား မေးမြန်းရမယ်။

ကန်ထရိုက်တာထံ ကဝယ်တဲ့ စာချုပ်လား၊ မြေရှင်ထံ ကဝယ်တဲ့ စာချုပ်လား ခွဲခြားပါ။

ကန်ထရိုက်တာ ထံ ကတစ်ဆင့် ဝယ်တဲ့ တိုက်ခန်းဆို ရင် ကန်ထရိုက်တာ နဲ့ ဝယ်သူ တိုက်ရိုက်ချုပ်တဲ့ စာချုပ် တစ်ခုပဲပေးလိမ့်မယ်။ပြီးတော့ လူနေထိုင်ခွင့် လက်မှတ်( BCC )မိတ္တူ ရမယ်။ဒါဘဲ။ မြေရှင်ဘက် ကဝယ် တဲ့ တိုက်ခန်း ဆိုရင် ၊ကန်ထရိုက်တာနဲ့ မြေရှင် တို့  ချုပ်ဆိုထားတဲ့  နှစ်ဦးသဘောတူ ကန်ထရိုက်တိုက်ဆောက်လုပ်တဲ့ စာချုပ် မိတ္တူပေးမယ်။ပြီးမှ(BCC )မိတ္တူ ပေးမယ်။ပြီးမှမြေရှင် နဲ့ ဝယ်သူတိုက်ခန်း အရောင်းအဝယ် စာချုပ်ချုပ်လိုက်ရုံဘဲ ။မြေရှင်ထံ ကတစ်ဆင့် ဝယ်ထားသူက အဆင့်ဆင့်ပြန်ရောင်း တယ် ဆိုရင်တော့ အသိအမှတ်ပြုပေး ဖို့ မြေရှင်လက်မှတ် ရေးထိုးခိုင်းလေ့ ရှိကြတယ်။ မြေရှင် လက်မှတ်ထိုးခ တိုက်ခန်း တန်ဖိုး ရဲ့  ၁% ၊၂ % တောင်းလိမ့် မယ်။ ရေမီတာ ၊လျှပ်စစ် မီတာ၊ စည်ပင်အခွန်ပြေစာ ၊ အခန်းငှားခ လစဉ်ပြေစာတွေကို ဝယ်သူကိုပေးရမှာကတော့  ရောင်းသူတာဝန်ဘဲ ။

ကြိုပွိုင့် အဆင့် ပြောင်းလေ၊ ကန်ထရိုက် ကြိုက်လေ

ကြိုပွိုင့် တိုက်ခန်းတွေရဲ့ သဘောတရား ကတော့ ပထမဆုံးကြိုပွိုင့်ဝယ်သူတွေက ကန်ထရိုက်တာထံက တိုက်ဆောက်ဖို့ မြေမတိုင်းမီကတည်း ကဈေးနှုန်းချိုသာစွာနဲ့ ဝယ်တယ်။တိုက်ဆောက်လုပ်လို့ တစ်ထပ် ၊ နှစ်ထပ် ရုပ်လုံးပေါ် လာရင် အဲဒီကြိုပွိုင့် ကိုဘဲ နောက်တစ်ဦး က လာဝယ်ပြန်တယ် ။ဒီတော့ ပထမ ကြိုပွိုင့် ဝယ်
သူက အမြတ်တင် ရောင်းတယ်။ ဒီတော့ ပထမဝယ်သူထားသူရဲ့  နာမည် ကနေ၊ ဒုတိယ နာမည် ပြောင်းခ ကန်ထရိုက်တာ ကိုပေးရတယ်။ နာမည်ပြောင်းခ အနည်းဆုံး (၁၀) လောက်ပေး ရတယ် တိုက် မပြီးခင် စပ်ကြား နောက်ထပ် အရောင်းအဝယ် ရှိတိုင်း ၊ကန်ထရိုက်တာ ကရှေ့နည်းတူဆောင်ရွက် ပေးရတယ်။ တစ်ဦးပြောင်းရင် (၁၀)သိန်း ရတဲ့ ကန်ထရိုက်တာက ကြိုပွိုင့် စနစ်ဝယ်သူပြောင်းလေ ကြိုက်လေဘဲ။ နောက်ဆုံးဝယ်သူ နဲ့ ကန်ထရိုက်တာ နဲ့ အပြီးအပိုင် အရောင်းအဝယ်စာချုပ်ချုပ်မှပဲ ကန်ထရိုက်တာဝန် ပြီးသွားတော့တယ်။ ဈေးကတော့ ကိုယ်ဝယ် တဲ့ ဈေးကသိန်း (၃၀၀) ဆိုပေမယ့် ကြိုပွိုင့် ရောင်းတုန်း က ဈေး အ တိုင်း ဥပမာသိန်း(၁၅၀)ဆိုရင်အဲဒီဈေးနဲ့ ဘဲချုပ်ပေးတယ်။ ကန်ထရိုက်တာနဲ့ ဝယ်သူတိုက်ရိုက်စာချုပ်ရလို့ အဲဒီလိုဝယ်ထား တဲ့ တိုက်ခန်းမျိုးကို ဝယ်သူအမည်ပေါက် တိုက်ခန်း လို့ တင်စားပြောလေ့ ရှိကြတယ်။ ဒီလိုတွေသိနိုင် ဖို့ အတွက် ဈေးဆစ်ဖို့ ထက် ပိုင်ဆိုင်မှု စာရွက်စာတမ်း တွေ မှန်ကန်မှု ရှိ ၊မရှိ အရင် စစ်ဆေးကြ ပါလို့ မှာကြားလိုက်
ပါရစေ ။

ခေတ္တရာ မြင့်အောင် ( LL.B DML ) မှ iMyanmarHouse.com အတွက် သီးသန့်ရေးသားတင်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service