ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် ရင်းနှီးလုပ်ပိုင်ခွင့် ဂျပန်-စင်ကာပူအဖွဲ့ ရရှိ

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် ရင်းနှီးလုပ်ပိုင်ခွင့် ဂျပန်-စင်ကာပူအဖွဲ့ ရရှိ - Property News in Myanmar from iMyanmarHouse.com
1 Nov 2014 12:25 pm တွင် တင်ခဲ့သည်
1027 ကြိမ် ကြည့်ရှု့ပြီး
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း ရင်းနှီးမြှုပ်နှံ လုပ်ပိုင်ခွင့်ကို ဂျပန်-စင်ကာပူ ပူးပေါင်းဖွဲ့စည်းထားသည့် Yongnam-CAPE-JGC Consortium မှ ရရှိသွားပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောသည်။

အောက်တိုဘာ ၂၉ ရက်နေ့က လေကြောင်းသိပ္ပံ ကျောင်းဝန်းတွင် ပြုလုပ်သည့် အဆိုပါ စီမံကိန်းတင်ဒါ ခေါ်ယူခြင်းဆိုင်ရာ ရှင်းလင်းသော အခမ်းအနားတွင် အထက်ပါအတိုင်း အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။ စီမံကိန်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ပေးရန် တင်ဒါကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၄ ဖေဖော်ဝါရီတွင် ပြန်လည်ပြင်ဆင်၍ ဒုတိယအကြိမ် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

တင်ဒါတွင် လုပ်ကိုင်မည့် အဖွဲ့များအနေဖြင့် စီမံကိန်းတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းထက် မများသော ငွေကြေးအကူအညီကို ရယူ၍ ဆောင်ရွက်နိုင်ကြောင်း ထည့်သွင်း ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ တင်ဒါ ပထမအကြိမ် ခေါ်ယူခဲ့မှုတွင် ကိုရီးယား စီးပွားရေးလုပ်ငန်းစုများ ပူးပေါင်းဖွဲ့စည်းထားသည့် Incheon Airport Consortium က ဦးစားပေးအနေအထား ရွေးချယ်ခံခဲ့ရသော်လည်း ဆက်လက် ညှိနှိုင်းမှုများတွင် အဆင်မပြေခြင်းများ ရှိခဲ့ပြီး ယခု ဒုတိယအကြိမ် တင်ဒါတွင် Yongnam-CAPE-JGC Consortium က ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့အစည်း ၂ ခုတွင် ကိုရီးယားအဖွဲ့ Incheon Airport Consortium က ၎င်းတို့ လုပ်ဆောင်မည်ဆိုပါက စီမံကိန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၀၉ သန်းဖြစ်ပြီး စီမံကိန်း တန်ဖိုး၏ ၇၀ ရာခိုင်နှုန်းကျော်ဖြစ်သည့် ဒေါ်လာ ၁၀၅၆.၆၂ သန်းအား အတိုးနှုန်း ၇ ရာခိုင်နှုန်းကျော်ဖြင့် ကိုရီးယား KDB ဘဏ်မှ ချေးယူမည် ဖြစ်ကြောင်း၊ အဆိုပါ ပုဂ္ဂလိကဘဏ်မှ ချေးယူရန်အတွက် မြန်မာအစိုးရမှ အာမခံပေးမှသာ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း တင်ပြခဲ့သည်ဟု သိရသည်။

ဂျပန်-စင်ကာပူ အဖွဲ့ဖြစ်သည့် Yongnam-CAPE-JGC Consortium က ၎င်းတို့ လုပ်ဆောင်မည်ဆိုပါက စီမံကိန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၄၅ သန်းဖြစ်ပြီး ဒေါ်လာ ၇၀၆ သန်းကို အတိုးနှုန်း သက်သာသော ဖွံ့ဖြိုးရေး အကူအညီချေးငွေကို JICA မှ ရယူမည်ဖြစ်ကြောင်း၊ ဒေါ်လာ ၅၁၇ သန်းကို အတိုးနှုန်း ၄ ရာခိုင်နှုန်းဝန်းကျင်ဖြင့် တခြား ပုဂ္ဂလိကချေးငွေအဖြစ် ယူသွားမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံငွေအဖြစ် ဒေါ်လာ ၂၂၂ သန်းဖြင့် လုပ်ကိုင်မည့် အခြေအနေ ဖြစ်ကြောင်း သိရသည်။

၎င်းတို့ အဖွဲ့က ငွေကြေးဆိုင်ရာအတွက် မြန်မာအစိုးရက အာမခံပေးရမည်ဟု တောင်းဆိုမှု မပါရှိခဲ့ပေ။ အဆိုပါ အခြေအနေ ၂ ခုတွင် အတိုးနှုန်းသက်သာစွာနှင့် ဖွံ့ဖြိုးရေးချေးငွေယူကာ လုပ်ဆောင်မည် ဖြစ်သကဲ့သို့ မြန်မာအစိုးရဘက်က ချေးငွေအတွက် အာမခံမှု လုပ်ဆောင်စရာမလိုဘဲ လုပ်ဆောင်မည် ဖြစ်သော Yongnam-CAPE-JGC Consortium ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ယင်းအနေအထားနှင့်ပတ်သက်၍ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက “ဒီနှစ်ခုကို နှိုင်းယှဉ်တော့ Incheon က မြန်မာနိုင်ငံရဲ့ အာမခံချက်ပေးမှသာလျှင် ဖြစ်မယ်ပေါ့။ ပုဂ္ဂလိကအတွက် အစိုးရအနေနဲ့ အာမခံ ထုတ်ပေးလို့ မရဘူး။ ဒီအနေအထားကြောင့် Incheon အနေနဲ့ စီမံကိန်းဆောင်ရွက်ဖို့ ဖြစ်နိုင်ခြေ မရှိတော့ဘူးပေါ့။ Yongnam ကတော့ အတိုးနှုန်း နှိုင်းယှဉ်တဲ့အချိန်မှာလည်း ဖွံ့ဖြိုးရေးချေးငွေက သက်တာတာတယ်ပေါ့။ ဒီအခြေအနေတွေကြောင့် Yongnam အဖွဲ့ကို ရွေးချယ်ဖို့ ဖြစ်လာပါတယ်” ဟု ပြောသည်။

စီမံကိန်း စတင် အကောင်အထည်ပေါ် လည်ပတ်နိုင်မည့် အခြေအနေနှင့် ပတ်သက်၍လည်း ၎င်းက “သူတို့ မူလတင်ပြချက်က တည်ဆောက်ရေးကာလဟာ ၃ နှစ်ခွဲ ၄ နှစ်လောက်ကြာမယ်။ ၂၀၁၉ ဒီဇင်ဘာမှာ စပြီးတော့ လည်ပတ် နိုင်မယ်လို့ ပါပါတယ်။ ဒီတော့ ၂၀၁၈ ခုနှစ်အတွင်းပဲ လုပ်နိုင်မယ်လို့ အကြမ်းဖျဉ်း ပြောလို့ရပါတယ်” ဟု ဆိုသည်။

ဟံသာဝတီလေဆိပ်ကို ရန်ကုန်နှင့် မိုင် ၅၀ အကွာ၊ ပဲခူးမြို့နယ်အတွင်းရှိ ကျောက်တိုင်ကန်ရွာအနီး ယခင် လေယာဉ်ကွင်းဟောင်း နေရာတွင် တည်ဆောက်သွားမည် ဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ထပ်မံ တိုးချဲ့တည်ဆောက်ရန် မြေနေရာ အခက်အခဲရှိခြင်းနှင့် ပြည်တွင်း နိုင်ငံတကာအဆင့်မီ လေဆိပ်အသစ် တခု လိုအပ်ချက်ရှိလာခြင်းကြောင့် တည်ဆောက်ခြင်းဖြစ်သည်ဟု သိရသည်။ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၁ နှစ်လျှင် ခရီးသည် ၁၂ သန်းအထိ ကိုင်တွယ် လည်ပတ်နိုင်သည့် လေဆိပ်အဖြစ် တည်ဆောက်မည်ဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုလည်း ၁ နှစ်လျှင် ခရီးသည် ၆ သန်းအထိ ကိုင်တွယ်နိုင်သည့် အနေအထားဖြစ်အောင် လုပ်ဆောင်နေဆဲ ဖြစ်သည်။

Credit: irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service