မန္တလေးတွင် နိုင်ငံတကာ အဆင့်မီ ဂေါက်ကွင်း တည်ဆောက်မည်

မန္တလေးတွင် နိုင်ငံတကာ အဆင့်မီ ဂေါက်ကွင်း တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
13 Oct 2014 12:15 pm တွင် တင်ခဲ့သည်
1571 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီး၊ မြို့သာ စက်မှုဇုန်၏ မြောက်ပိုင်းတွင် နိုင်ငံတကာ အဆင့်မီ ဂေါက်ကွင်းတစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း မန္တလေးမြို့သာ စက်မှုဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီ (MMID) ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်ကပြောသည်။

ထိုင်းနိုင်ငံ အပါအ၀င် အောင်မြင် စည်ကားတဲ့ နိုင်ငံတကာက စက်မှုဇုန်တွေကို လေ့လာကြည့်တဲ့ အခါမှာ အထဲမှာ အပန်းဖြေလို့ ရမယ့် ဂေါက်ကွင်းရှိ ရပါမယ်။ သင်တန်းကျောင်း၊ ဆေးရုံ၊ စူပါမားကက်တွေ ရှိရမယ်။ ဒီ တည်ဆောက်ခြင်း လုပ်ငန်းတွေ ပါဝင်မှသာလျှင် စည်စည်ကားကားနဲ့ စက်မှုမြို့ တစ်ခု ဖြစ်လာတာကို လေ့လာတွေ့ရှိ ရပါတယ်။ မြို့သာ ဒေသမှာ ကံကောင်းချင်တော့ ကျွန်တော်တို့ မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ဒေသက အိုင်တွေ၊ မြောင်းတွေ၊ ချိုမ့်ဝှမ်းတွေ၊ လျှိုတွေနဲ့ အိမ်ခြေဆောက် လုပ်ဖို့၊ စက်မှုဇုံ ဆောက်လုပ်ဖို့ အဆင်မပြေတဲ့ နေရာ ဖြစ်ပါတယ်။ အဲဒီဒေသမှ ဂေါက်ကွင်း တည်ဆောက်မယ် ဆိုရင် Inferstructure များများ မလိုအပ်ဘဲနဲ့ သဘာဝအရ နိုင်ငံတကာ အဆင့်မီတဲ့ ဂေါက်ကွင်းတစ်ခု ဖြစ်လာနိုင် ပါတယ် ဟု ၎င်းက ပြောသည်။

အဆိုပါ ဂေါက်ကွင်းကို တည်ဆောက်ရန် အတွက် အမေရိကန် နိုင်ငံမှ ဒီဇိုင်းပညာရှင်များ ရေးဆွဲသည့် ဒီဇိုင်းပုံစံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ၏ နိုင်ငံတကာ အဆင့်မီ ဂေါက်ကွင်း တစ်ခု ဖြစ်လာရန် တည်ဆောက်မည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

ဒေသခံတွေ အတွက် အလုပ်အကိုင် ဖန်တီးပြီးသားလည်း ဖြစ်စေပါတယ်။ ဒေသခံတွေ အနေနဲ့က စိုက်ပျိုးရေး လုပ်ငန်းတွေ အဓိကဖြစ်လို့ သူတို့ အတွက် ဂေါက်ကွင်း အတွင်းမှာ ပျိုးပင် စိုက်ပျိုးတာမျိုး လုပ်ငန်းတွေကို ဒေသခံတွေ အတွက် အလုပ်အကိုင် ဖန်တီးပေးရာလည်း ရောက်ပါတယ် ဟု မန္တလေးမြို့သာ စက်မှု ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာ ထွန်းထွန်းအောင်က ပြောသည်။

မြို့သာ စက်မှု ဥယျာဉ်မြို့တော် စီမံကိန်း မြေပြုပြင်မှုမှာ (၇၀)ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ပြီး၊ အဆိုပါ စီမံကိန်းတွင် သယ်ယူ ပို့ဆောင်ရေးနှင့် သိုလှောင်ရုံ များ၊ ကုန်သွယ်မှုနှင့် ဆိပ်ကမ်း ၀န်ဆောင်မှုများ၊ စက်မှု၊ဆေးဝါး၊ သစ် အချောထည်၊ ချည်ထည်၊ လူမှု အသုံးအဆောင် ထုတ်လုပ်မည့် စက်ရုံများ၊ ဟိုတယ် များ၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာ အာမခံ လုပ်ငန်းများ အစရှိသည်တို့ ပါဝင်မည် ဖြစ်သည့် အပြင်၊ ဟိုတယ်၊ဘဏ်နှင့် ပညာရပ် ဆိုင်ရာ လေ့ကျင့်ရေး သင်တန်းကျောင်းများ ကိုပါ ပူးတွဲပါဝင်မည် ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံ မြို့နယ်နှင့် ငါန်းဇွန် မြို့နယ်ရှိ မြို့သာစက်မှု ဥယျာဉ် မြို့တော် စီမံကိန်းနှင့် ဆီမီးခုံ ဧရာဝတီ ဆိပ်ကမ်းဒေသ သည် အာဆီယံ လမ်းမကြီးနှင့် အိန်္ဒိယ နိုင်ငံကို ဆက်သွယ်ထားသည့် လမ်းမကြီးနှင့် အနီးဆုံး နေရာတွင် တည်ရှိသည့် အပြင် တရုတ်နိုင်ငံသို့ ကုန်သွယ်ရာ လမ်းမကြီးများ နှင့်လည်း ချိတ်ဆက်တည် ရှိသည့် ဒေသ ဖြစ်သည်။

Credit: Messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service