ရန်ကုန်မြို့၏ ရှေးကျသည့် အာမေးနီးယန်း လူမျိုးတို့၏ ဘုရားကျောင်းအဆောက်အအုံ ကို သမိုင်း
အမွေအနှစ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ခြင်းသည် လူဦးရေ အနည်းငယ်သာ ကျန်ရှိတော့သည့်
အာမေးနီးယန်းလူမျိုးတို့၏ ဓလေ့ထုံးစံတို့ကို ဆက်လက်ထိန်းသိမ်းနိုင် မည့် လမ်းစဖြစ်ကြောင်း
မြန်မာပြည်ဖွား အာမေးနီးယန်းလူမျိုးများက ပြောသည်။
ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော် လမ်းထောင့်ရှိ လူသိနည်းသော အဆိုပါ ဘုရား ကျောင်းခြံ
စည်းရိုး အုတ်တိုင်ပေါ်တွင် 'Arme-nian Church of St. John The Baptist' ဟု ရေးသား
ထားသည်။
ယင်းသည် နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိ ရန်ကုန်မြို့၏ ရှေး အကျဆုံးနှင့် သက်တမ်းအရင့်ဆုံး
ခရစ်ယာန် ဘုရားကျောင်းများထဲမှ တစ်ခုဖြစ်သည်။ အဆောက်အအုံမှာ အလယ်ခေတ် ဂေါ့သစ် လက်ရာဟန်ကို ဒေသရာသီဥတုနှင့် လျော်ညီ အောင် ပေါင်းစပ်ထားသည့် ဗိသုကာလက်ရာ
လည်းဖြစ်သည်ဟု မြို့ပြအမွေ အနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့၏ မှတ်တမ်းများအရ
သိရသည်။
အာမေးနီးယန်းလူမျိုးများသည် ၁၈ ရာစုကတည်းက ရန်ကုန်မြို့၌ အခြေချနေထိုင် ခဲ့ကြပြီး အင်္ဂလိပ်
တို့ မြန်မာပြည်အောက်ပိုင်း ကို သိမ်းပိုက်အပြီး ၁၈၅၂ ခုနှစ်တွင် ရန်ကုန် မြို့ကို မြို့ကွက်ချကာ
ခေတ်သစ်မြို့တော်အဖြစ်တည်ဆောက်ခဲ့ချိန်တွင် အခြားသော ဘာသာရေးအဆောက်အအုံများ
နည်းတူ အာမေးနီးယန်းလူမျိုးများအတွက် ကုန်သည် လမ်းနှင့် စပါ့ခ်လမ်း (ယခု ဗိုလ်အောင်
ကျော်လမ်း) ထောင့်တွင် မြေနေရာတစ်ခု အခမဲ့ချထားပေးခဲ့သည်။
ဘုရားကျောင်းအဆောက်အအုံကို ၁၈၆၂ ခုနှစ်တွင် ဆောက် လုပ်ခဲ့ပြီး ၁၈၆၃ ခုနှစ်၊ ဇန်န၀ါရီလ
တွင် လှူဒါန်း ခဲ့သည်။ အဆိုပါဘုရားကျောင်းသည် ရန်ကုန် မြို့တွင် အာမေးနီးယန်းလူမျိုးများ၏
ဒုတိယ မြောက် ဘာသာရေး အဆောက်အအုံ ဖြစ်သည်။ ၁၉၄၁ ခုနှစ်တွင် ဂျပန်စစ်တပ်က
ရန်ကုန်မြို့ကို ဗုံးကြဲပြီးနောက် အာမေးနီးယန်းလူမျိုးအများစုသည် မြန်မာနိုင်ငံမှ ထွက်ခွာသွားကြပြီး
၁၉၆၂ ခုနှစ်၊ တပ်မတော် အာဏာသိမ်းစဉ်ကလည်း ထပ်မံထွက်ခွာ သွားကြသည့်အတွက် ယခု
အခါ မြန်မာနိုင်ငံတွင် အာမေးနီးယန်းလူမျိုး အနည်းငယ်သာ ကျန်ရှိတော့သည်။
ထိုလူနည်းစုမှာလည်း အခြားဘာသာသို့ ကူးပြောင်းခြင်း၊ သွေးနှော ခြင်း စသည်တို့ကြောင့်
အာမေးနီးယန်းစစ်စစ် များမဟုတ်ကြတော့ကြောင်း ဘုရားကျောင်း ဂေါပက ဦးရစ်ချတ်မိုင်းနပ်စ်က
ပြောသည်။
"မြန်မာပြည်မှာ အာမေးနီးယန်းတွေက ဟိုတုန်းကတည်းက ရှိခဲ့တယ်။ ဒီဘုရားကျောင်း ကို
ဆောက်လုပ်သူဆိုရင် မင်းတုန်းမင်းကိုယ်တိုင် ၀န်အဖြစ်ချီးမြှင့်ထားသူပါ။ အရင် က အာမေးနီး
ယန်းလူမျိုးတွေအတွက် အဓိက ၀တ်ပြုရာနေရာတစ်ခု ဖြစ်ခဲ့ပေမယ့် အခု တော့ ပုံမှန်လာပြီးဝတ်
ပြုတဲ့သူက မိသားစု နှစ်စုလောက်၊ လူဦးရေနဲ့ဆို ခြောက်ယောက် ခုနစ်ယောက်လောက်ပဲ ရှိတော့
တယ်" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
"အမျိုးသမီးဆိုရင် အိမ်ထောင်ပြုတဲ့အခါ မျိုးနွယ်နာမည် ပျောက်သွားတာတွေရှိတယ်။ နောက်ဗမာ
တွေနဲ့ အိမ်ထောင်ကျကြတဲ့အခါ ဗုဒ္ဓဘာသာ ပြောင်းကြတာတွေရှိတယ်။ ဒါကြောင့် မျိုးနွယ်ဝင်
တွေ နည်းပါး လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်" ဟု ဦးရစ်ချတ် မိုင်းနပ်စ်က ပြောသည်။ ၎င်းသည်
ဘုရားကျောင်းဂေါပကအဖြစ် ၁၉၇၆ ခုနှစ်ကတည်းက တာဝန်ယူခဲ့ခြင်း ဖြစ်ပြီး မျိုးရိုးစဉ်ဆက်
ထိန်းသိမ်းစောင့်ရှောက် ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့ရှိ သက်တမ်း အရင့်ဆုံး အဆောက်အအုံ
များထဲမှတစ်ခု ဖြစ်သော အာမေးနီးယန်းဘုရားကျောင်းကို ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်း
စောင့်ရှောက်ရေးအဖွဲ့က တတိယမြောက်ကမ္ပည်း မော်ကွန်းကို ယခုလ ၁ ရက်နေ့က တပ်ဆင်
ခဲ့သည်။
အာမေးနီးယန်း ဂိုဏ်းချုပ်ဆရာတော်ကြီး Karekin II ပါဝင်သောအဖွဲ့သည် ၎င်း၏ အရှေ့အာရှခရီး
စဉ်တွင် မြန်မာနိုင်ငံသို့ ပါလာရောက်ပြီး ဘုရားကျောင်းအား ကမ္ပည်း မော်ကွန်းတင်ရာတွင် လာ
ရောက် ဂုဏ်ပြု ခဲ့သည်။
"အာမေးနီးယန်း ဘုန်းတော်ကြီးတစ်ပါးကိုယ်တိုင် လာရောက်ပြီး သူ့ရဲ့ရှေ့မှာ ၀တ်ပြုဖို့က ကျွန်
တော်တို့အိပ်မက်ဖြစ်ခဲ့ဖူးပါတယ်။ အခုလို ဂိုဏ်းချုပ်ဆရာတော်ကြီး ကိုယ်တိုင် လာတယ်ဆိုတော့
စိတ်ထဲမှာ တအားဝမ်းသာ တာပေါ့။ ကျွန်တော့တစ်သက်မပြောနဲ့၊ အဖေ့ တစ်သက်တောင် မလာ
ခဲ့ဖူးဘူး။ ဒါပထမဆုံး ပါ" ဟု ဦးရစ်ချတ်မိုင်းနပ်စ်က ပြောသည်။ ဧည့်သည်အဖြစ် လာရောက်ခဲ့
သော အမေ ရိကားမှ မစ္စတာ ကွန်းရတ်ဒ်ယန်းက လွန်ခဲ့ သည့် လေးနှစ်က ဘုရားကျောင်းသို့
၎င်း ရောက်ဖူးပြီး ထိုအချိန်က ဘုရားကျောင်းမှာ အခြေအနေ အလွန်ဆိုးရွားနေကြောင်း၊ ယခု
ကဲ့သို့ ပြန်လည်ပြုပြင်ပြီး အမွေအနှစ် အဆောက်အအုံအဖြစ်လည်း မှတ်တမ်းတင် ခံရသည့်
အတွက် ကျေနပ်မိကြောင်း ပြော သည်။
"ကျွန်မတို့ရဲ့အာမေးနီးယန်းထုံးစံက အခြားခရစ်ယာန်ဘာသာတွေနဲ့ မတူဘူး။ လက်တင်စကားနဲ့
လည်းမဟုတ်ဘူး။ အခုထိ အာမေးနီးယန်းစာ၊ အာမေးနီးယန်းစကား က သပ်သပ်ရှိတယ်။ အခုလို
အနယ်နယ်အရပ် ရပ်က မြန်မာပြည်ဖွား အာမေးနီးယန်းတွေပါ သိလာကြမယ်ဆိုရင်၊ ဒီဓလေ့ကို
ဆက်ထိန်း သိမ်းဖို့ အလားအလာကောင်းသွားတယ်" ဟု လာရောက်ဝတ်ပြုလေ့ရှိသူ အာမေးနီး
ယန်းအမျိုးသမီးတစ်ဦးက ပြောသည်။
"ယုံကြည်ကိုးကွယ်မှုအမျိုးမျိုးရဲ့ ဘာသာ ရေးဆိုင်ရာ အဆောက်အအုံတွေကို အထိမ်း အမှတ်
ကမ္ပည်းတပ်ဆင်ဖို့ရှိတဲ့အနက် အာမေး နီးယန်းဘုရားကျောင်းကို ပထမဆုံးတပ်ဆင်ဖြစ်တာပါ။
ရန်ကုန်မြို့ရဲ့ သမိုင်းဝင်၊ မြို့လယ် မှာရှိတဲ့ ဘာသာပေါင်းစုံအဆောက်အအုံတွေ အတူတကွ
တည်ရှိနေတာမျိုး ကမ္ဘာပေါ်က တခြားနေရာတွေမှာ ရှာလို့မတွေ့နိုင်သ လောက်ပါပဲ" ဟု
အမွေအနှစ်ထိန်းသိမ်းရေး အဖွဲ့ တည်ထောင်သူ ဒေါက်တာသန့်မြင့်ဦး က ပြောသည်။
Credit: Myanmar Times