အခွန်ပေးဆောင်သူများလာကာအခွန်မှရငွေများလျှင်ကောင်းသော်လည်း နိုင်ငံအတော်များများ၌ အခွန်ပေးဆောင် သူအချိုးအစားကျဆင်းလာသည်ကိုတွေ့ရသည်။ ပုဂ္ဂိုလ်တစ်ဦးက “ကျွန်တော်ကတော့ အခွန်ပေးရတာကို သဘောကျ တယ်၊အဲဒီလိုအခွန်ပေးပြီး လူ့အဖွဲ့အစည်းကိုဝယ်ယူလို့ရတယ်”ဟုဆိုသည်။ လူအတော်များများက အခွန်ပေးဆောင်ခြင်းသည် အများပြည်သူဝန်ဆောင်မှုများအတွက် ပေးဆောင်ဖြစ်သည်ကိုသဘောပေါက်ကြသော်လည်း အထက်ပါပုဂ္ဂိုလ်နှင့်မတူဘဲ လူအတော်များများက အခွန်ပေးဆောင်လိုခြင်းမရှိကြပေ။ အခွန်နှုန်းမြင့်မားလျှင် ကြိုးစားအားထုတ်မှုများ၊စွန့်စားတီထွင် သောလုပ်ငန်းရှင်များကို နှောက်ယှက်ရာရောက်သည်။ ထို့အပြင် အခွန်ကိုရှောင်ရှားမည့်အပြုအမူများအားလုံးကိုအားပေးရာ ရောက်သည်။ ထို့ကြောင့် အခွန်မူဝါဒကောင်းတစ်ခုသည် လူအများကိုအခွန်နှုန်းနိမ့်နိမ့်ကောက်ခံနိုင်ရမည်ဟုသတ်မှတ်ထား ခြင်းဖြစ်သည်။
သို့သော်လည်း နိုင်ငံအတော်များများကထိုရည်မှန်းချက်ကိုရရှိနိုင်ခြင်း မရှိပေ။ ကွာဟချက်များ ကြီးမားသထက် ကြီးမား လာနေသည်။ချမ်းသာသည့်နိုင်ငံများ၏ အခွန်ရရှိရန်အဓိက အရင်းအမြစ်တစ်ခုဖြစ်သော ဝင်ငွေခွန်များသည်အချမ်းသာဆုံးလူတစ်စုက ပေးရခြင်းဖြစ်ပြီး ထိုလူတစ်စုသည်လည်း နည်းသည်ထက်နည်းလာသည်။ ဗြိတိန်၌လွန်ခဲ့သော (၅)နှစ်အတွင်း ဝန်ထမ်းဦးရေ(၁.၃)သန်း တိုးပွားလာခဲ့သော်လည်း အခွန်ထမ်းဆောင်သည့်ဝန်ထမ်းဦးရေသည် (၂.၂)သန်း ထိလျော့ကျသွားခဲ့သည်။ အမေရိကန်အိမ်ထောင်စုများ၏ (၄၀)ရာခိုင်နှုန်းကဝင်ငွေခွန်လုံးဝပေးဆောင်ခြင်းမရှိပေ။ ဗြိတိန်၌ လစာမြင့်ဝန်ထမ်းများ၏ (၁)ရာခိုင်နှုန်းကသာဝင်ငွေခွန်အားလုံး၏ (၂၈)ရာခိုင်းနှုန်းကိုပေးဆောင်နေခြင်းဖြစ်ပြီး အမေရိကန်၌(၄၆)ရာခိုင်နှုန်းကပေးခြင်းဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် ထိုအချိုးအစားသည် (၁၁)ရာခိုင်နှုန်းနှင့် (၁၈)ရာခိုင်နှုန်းသို့ အသီးသီးကျဆင်းသွားခဲ့သည်။ အလားတူပင်စီးပွားရေးလုပ်ငန်းများထံမှ ကောက်ခံသည့်ဝင်ငွေခွန်လည်းလူတစ်စုကသာပေးဆောင်လာခြင်းဖြစ်သည်။ ဗြိတိန်၌ လုပ်ငန်း(၈၃၀)ခန့်မျှသာ ကုမ္ပဏီများအပေါ်မှကောက်ခံရသောအခွန်တစ်ဝက်ခန့် ပေးဆောင်ခြင်းဖြစ်သည်။ အမေရိကန်၌ ကုမ္ပဏီများပေးဆောင်သော အခွန်များ၏(၈၁)ရာခိုင်နှုန်းကိုလုပ်ငန်းစုကြီး (၅)ခုက ပေးဆောင်ခြင်း ဖြစ်သော်လည်း ထိုလုပ်ငန်းစုကြီး(၅)ခုရှိ ကုမ္ပဏီသုံးပုံတစ်ပုံကသာဆောင်ခြင်းဖြစ်သည်။
ထိုကဲ့သို့ အခွန်ပေး ဆောင်သည့် နယ်ပယ်ကျဉ်းမြောင်းလာခြင်းမှာဆူကြုံနိမ့်မြင့်ကွာဟမှု ပိုမိုကြီးမာလာခြင်း၏ သဘာဝကျသောရလာဒ်တစ်ခု ဖြစ်သည်။ အခွန်အများစုကို ဝင်ငွေအမြင့်မားဆုံးသူထံမှ ရရှိခြင်းဖြစ်သည်။အဘယ်ကြောင့် ဆိုသော် ဝင်ငွေခွန်များသည် ဝင်ငွေမြင့်လေ အခွန်နှုန်းတိုးလေဖြစ်ခြင်းကြောင့်ဖြစ်သည်။ထိုသို့ဖြစ်ရသည်မှာ သဘာဝကျ သည်။ အကြွယ်ဝဆုံး၊ အချမ်းသာဆုံးသူများသည် အခွန်ဝေစုအများစုကိုပေးနိုင်စွမ်းရှိကြသည်။ စေတနာကောင်းဖြင့် ဆင်း ရဲသားများ အလုပ်မလုပ်ရန် အားပေးမှုများကြောင့်လည်းအခွန်ပေးဆောင်သူများ နည်းသည်ထက်နည်းလာစေသည်။ ကျွမ်းကျင်မှုအနိမ့်ဆုံးသူများကို ကူညီထောက်ပံ့မှုနည်းလမ်းသည်ဆင်းရဲ နွမ်းပါးမှုတိုက်ဖျက်ရေးအတွက် အကြီးမားဆုံးစီမံကိန်းတစ်ခုဖြစ်သည်။ ထိုစီမံကိန်းအရလူသန်းပေါင်းများစွာ တို့သည် အမေရိကန်ပြည်ထောင်စုကို ဝင်ငွေခွန်မပေးရဘဲ ထောက်ပံ့ကြေးရရှိကြသည်။ ဗြိတိန်တွင် အခွန်ဆောင်သူ လျော့ သွားခြင်းမှာ ဝင်ငွေနိမ့်သူများအတွက်ကင်းလွတ်ခွင့် ရက်ရက်ရောရောပေးခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့်ပုဂ္ဂိုလ်တစ်ဦးချင်းကို ကောက်ခံသောအခွန်များနှင့် အခွန်ဆောင်သောကုမ္ပဏီများ လျော့ပါးလာသည်။ထို သို့လျော့ပါးခြင်းမှာ အခွန်မှုဝါဒ၏ အားနည်းချက်(၂)ခုကိုလည်း ညွှန်ပြသည်။ ပထမအချက်မှာကြောင်းကျိုးညီညွှတ်သော ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးမူဝါဒများကိုကျော်လွန်ကာ ကင်းလွတ်ခွင့်များ၊နှုတ်ပယ်ခွင့်များပေးခြင်းကြောင့်ဖြစ်သည်။ ထိုနယ်ပယ် တွင် အမေရိကန်နိုင်ငံသည် အဆိုးဆုံးဖြစ်သည်။အခြားကြွယ်ဝချမ်းသာသော နိုင်ငံများထက်ဝင်ငွေခွန်ပိုရရှိသော်လည်း နည်းမျိုးစုံဖြင့်ကင်းလွတ်ခွင့်များပြုထားသည်။ ကျန်းမာရေးအာမခံမှအစ အိမ်ပေါင်သည့်အတိုးနှုန်းအဆုံး ကင်းလွတ်ခွင့်များပြုရာ တိုင်းပြည်ဝင်ငွေ GDP၏ (၇)ရာခိုင်နှုန်းထိများပြားပြီး ဝင်ငွေခွန်ကိုလူတစ်စုအပေါ်၌သာ ကောက်ခံနိုင်သည်။ အီတလီအစ သြစတြေးလျနိုင်ငံအဆုံး အခြားသောချမ်းသာသည့်နိုင်ငံများ၌လည်းမလိုအပ်သောနှုတ်ပယ်မှုများ၊ချွင်းချက်များ များစွာရှိသည်ကိုတွေ့ရသည်။
အခြားပြဿနာတစ်ခုမှာစီးပွားရေးလုပ်ငန်းများအပေါ်မှာကောက်ခံသည့်အခွန်နှင့် ပတ်သက်သည်။ ထိုစည်းမျဉ်း စည်းကမ်းများသည်(၂၁)ရာစုစီးပွားရေးစနစ်နှင့် ကိုက်ညီအောင်အမှီလိုက်နိုင်ခြင်းမရှိပေ။ နှစ်နိုင်ငံအခွန်သဘောတူညီချက်များက လိမ်မာပေးနပ်သော ကုမ္ပဏီများအနေဖြင့် ၄င်းတို့၏အမြတ်ကို ဝင်ငွေမြင့်ရာမှဝင်ငွေနိမ့်သည့်နိုင်ငံများကိုပြောင်းလဲ ပေးဆောင်ရန် ဆောင်ရွက်နိုင်ကြသည်။ ၄င်းတို့၏ မူပိုင်ခွင့်များကိုအခွန်နိမ့်သည့်နိုင်ငံများ၌ မှတ်ပုံတင်ခြင်း၊ ကုမ္ပဏီ အချင်းချင်း ချေးငွေပေးခြင်းဟူသောနည်းများဖြင့်ရှောင်ရှားကြသည်။ ကုမ္ပဏီတစ်ခုကပေးဆောင်သောအခွန်နှုန်းသည် ၄င်တို့လုပ်နေသောလုပ်ငန်းနှင့်အမြတ်ပေါ်၌မူမတည်ဘဲ စာရင်းကိုင်၏ လိမ်မာပါးနပ်မှုအပေါ်၌ မူတည်နေသည်။ အမေရိကန်နိုင်ငံတွင်အခွန်ရှောင်မှုအကြီးဆုံးဖြစ်သည်။
ထိုအားနည်းချက်များကိုပြုပြင်ရန်လိုသည်။အခွန်ပေးဆောင်သူနည်းနည်းသာ ရှိခြင်းသည် စီးပွားရေးအရနှင့် နိုင်ငံ ရေးအရပါ အန္တရာယ်ကြီးမားသည်။အကယ်၍ အခွန်ဆောင်သူများသည် ရိုးအ၍ဆောင်ခြင်းဖြစ်သည်ဟုမြင်သွားလျှင် ပို၍အန္တရာယ်ကြီးသည်။ချမ်း သာသည့်နိုင်ငံများရှိ အစိုးရများ၊ အထူးသဖြင့်အမေရိကန်အစိုးရက နှုတ်ပယ်ခွင့်များ၊ချွင်းချက်များကို သိသိသာသာလျှော့ ချသင့်သည်။ ၄င်းတို့၏အမြတ်များကို မည်သို့မှတ်တမ်းတင်မည်ဖြစ်ကြောင်းဝိုင်းဝန်းကာနိုင်ငံတကာ သဘောတူညီချက်များ ဖြင့် ဆောင်ရွက်သင့်သည်။ ယခုအခါ OECDစက်မှုနိုင်ငံများအဖွဲ့ကစတင်လုပ်ရှားနေသည်ကို တွေ့ရသည်။ ကုန်သွယ် ရေးလောက၌ နိုင်ငံစုံကုန်သွယ်ရေးသဘောတူညီချက်များချမှတ်ဆောင်ရွက်သကဲ့သို့ပင် အခွန်ကောက်သဘောတူညီချက် များ ဆောင်ရွက်ခြင်းသည် (၂)နိုင်ငံသဘောတူညီဆောင်ရွက်ခြင်းထက်ပို၍ကောင်းမွန်နိုင်သည်။ ဤနည်းဖြင့် နိုင်ငံများသည် ၄င်းတို့၏လူ့အဖွဲ့အစည်းများကိုတည်ဆောက်ရန်အတွက် အခွန်အကောက်ပိုမိုမြှင့်တင်နိုင်သည့် နည်းလမ်းများကို ရရှိနိုင်သည်။
Credit: ခင်မောင်ညို(ဘောဂဗေဒ)