တူနီးရှားနိုင်ငံက ရှေးဟောင်းမြေအောက်ကမ္ဘာမှာ ယနေ့တိုင် နေထိုင်နေဆဲလူသားများ

တူနီးရှားနိုင်ငံက ရှေးဟောင်းမြေအောက်ကမ္ဘာမှာ ယနေ့တိုင် နေထိုင်နေဆဲလူသားများ - Property Knowledge in Myanmar from iMyanmarHouse.com
9 Dec 2024 11:53 am တွင် တင်ခဲ့သည်
437 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

တူနီးရှားနိုင်ငံတောင်ပိုင်း မိုးခေါင်ရေရှားဒေသဖြစ်သည့် Djebel Dahar ဒေသတွင် မြေအောက်ကမ္ဘာထဲ၌ လူတို့ နေထိုင်လျက်ရှိသည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

မြေအောက်ရှိ နေအိမ်တို့တွင် နေထိုင်ခြင်းအားဖြင့် ကြောက်မက်ဖွယ်ကောင်းသော နွေနေအပူနှင့် ဆောင်းလေတို့၏ ဒဏ်မှ အကာအကွယ်ရသည်။

စက်ဝိုင်းသဏ္ဍာန်တူးဖော်ထားသော တွင်းတို့၏ နံရံများတွင် လှိုဏ်ခေါင်းများ တူးကာ နေထိုင်ကြခြင်းဖြစ်သည်။

မကြာသေးမီ ဆယ်စုနှစ်များတွင်မူ ကျေးလက်ဒေသများ၌ လူဦးရေကျဆင်းလာခဲ့ရာ မြေအောက်နေအိမ်များတွင် နေထိုင်သူများလည်း နည်းပါးလာသည်။

သို့သော် ယနေ့တိုင် ဆက်လက်နေထိုင်နေကြဆဲဖြစ်သော မိသားစုအနည်းငယ်က ပြောသည်မှာမူ မိမိတို့သည် ဤရေ၊ ဤမြေအပေါ် သံယောဇဉ်တွယ်နေပြီး ရွှေ့ပြောင်းရန် အစီအစဉ်မရှိကြောင်း ပြောသည်။

တူနီးရှားနိုင်ငံ၏မြို့တော် Tunis ၏ တောင်ဘက် ၂၂၇ မိုင်အကွာ Matmata မြို့ဝန်းကျင်တွင် တည်ရှိပြီး အုန်းထန်းပင်များ၊ သံလွင်ပင်များ ဝန်းပတ်သော ချိုင့်ကျင်းပေါများသည့်နေရာတွင် ဖြစ်သည်။

တူနီးရှားနှင့် လစ်ဗျားနယ်စပ်တလျှောက်တွင် တမူထူးသည့် မြေအောက်အိမ်များ ဖြန့်ကျက်တည်ရှိနေသည်။တူနီးရှားသမ္မတ Habib Bourguiba ၏ ခေတ်မီပြုပြင်ပြောင်းလဲရေးစီမံကိန်းအရ ၁၉၆၀ နှင့် ၇၀ ပြည့်လွန်ကာလများတွင် မြို့သစ်၊ရွာသစ်များ ဆောက်လုပ်ခဲ့ပြီးနောက်ပိုင်း မြေအောက်ကမ္ဘာတွင် နေထိုင်သော မိသားစုများစွာမှာ နေရာသစ်သို့ ရွှေ့ပြောင်းအခြေချခဲ့ကြသည်။

(မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးခေါင်ခြင်း ပြဿနာများကြောင့် မြေအောက်အိမ်များ ပြိုကျပျက်စီးခဲ့ပြီး ကပ်လျက်တည်ရှိသော မြေနေရာများတွင် အချို့က နေအိမ်များ ဆောက်လုပ်နေထိုင်ကြသည်)

(အသက် ၆၀ အရွယ် အမျိုးသမီးကြီး Mounjia ကို သူ၏ မြေအောက်အိမ်တွင် တွေ့ရပုံ။ ခေတ်ပေါ်အိမ်တွင် နေထိုင်ရေးအတွက် မြေအောက်ဂူကို ကျောခိုင်းမစွန့်ခွာလိုကြောင်း၊ အရာရာကို ငွေဖြင့် ဝယ်ယူနိုင်သော်လည်း စိတ်အေးချမ်းမှုကိုမူ ဝယ်၍ မရကြောင်း ၎င်းကပြောသည်)

(Mounjia က အသက် ၇၆ နှစ်အရွယ်ရှိ ခင်ပွန်းဖြစ်သူ Tayeb အတွက် စီစဉ်ပေးထားသော မနက်၊ နေ့လယ်စာ ပေါင်းစားသည့် စားဖွယ်ရာ။ )

(မြေအောက်လှိုဏ်ဂူအိမ်တွင် Mounjia က ကောဇောများ ရက်လုပ်သည်)

(အသက် ၇၆ နှစ်အရွယ် Tayeb ကို မြေအောက်အိမ်တွင် တွေ့ရပုံ။ “ကျွန်တော်တို့အိမ်က ကမ္ဘာလှည့်ခရီးသည်တွေအတွက် အမြဲတံခါးဖွင့်ထားပါတယ်။ ဒါပေမယ့် အခုခါမှာ နိုင်ငံခြားသားတွေ မလာတာကြောင့် ကျွန်တော်တို့မှာ ဝင်ငွေမရှိပါဘူး။ ဒီနေရာကို ကျောမခိုင်းချင်ပါဘူး။ ဒါက ကျွန်တော် ကြီးပြင်းခဲ့တဲ့နေရာပါ”)

(အသက် ၃၆ နှစ်အရွယ်အမျိုးသမီး Saliha Mohamedi ကို Matmata မြို့ပြင်ရှိ သူ၏ မြေအောက်ဂူအိမ်တွင် ကလေးများနှင့်အတူ တွေ့ရပုံ)

(Saliha က လှိုဏ်ဂူအိမ်အပြင်ဘက်ရှိ ရေသိုလှောင်ရာနေရာမှရေကို ခွက်တစ်ခုအတွင်း ခပ်ထည့်နေပုံ။ ထိုဒေသခံတို့သည် သံလွင်ပင်စိုက်ပျိုးခြင်းနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ဝင်ငွေရကြသည်။ ယခုနေရာမှ မြေအောက်အိမ်တစ်လုံးကို ၁၉၇၀ ပြည့်လွန်ကာလများက နာမည်ကြီးခဲ့သော Star War ရုပ်ရှင်တွင် ထည့်သွင်း ရိုက်ကူးခဲ့ဖူးသည်)

(Saliha က အိမ်အပြင်ဘက်တွင် အဝတ်လှန်းနေပုံ)

(Saliha က အိမ်အလုပ်များပြီးချိန်တွင် သမီးများနှင့် စကားပြောနေပုံ)

(မြေအောက်အိမ်ရှေ့တွင် လမ်းလျှောက်နေသော Saliha ကို လာရောက်လည်ပတ်သော ခရီးသွားများ ကြည့်ရှုနေကြစဉ်)

(အိမ်အပြင်ဘက်တွင် Saliha လမ်းလျှောက်နေပုံ။ မြေအောက်အိမ်ထဲသို့ ခရီးသည်များဝင်ရောက်ကြည့်ရှု လေ့လာခွင့်ပေးလျှင် ဘောက်ဆူးငွေများရကြောင်း Saliha က ပြောသည်)

(မြေအောက်အိမ်တွင် Saliha ဂျုံကြိတ်နေပုံ)

(Saliha ၏ မြေအောက်အိမ် မီးဖိုဆောင်)

(Mounjia က သူ၏မြည်းကို မြေအောက်အိမ်ရှိရာ ပြန်လည်ခေါ်ဆောင်လာပုံ)

(အသက် ၈၉ နှစ်အရွယ် အဘွားအို Mariem ကို သူ၏ မြေအောက်အိမ်ရှေ့တွင် တွေ့ရပုံ)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The last inhabitants of Tunisia’s centuries old underground homes: Only a handful of families remain living in the ancient caves after government builds wave of new homes (dailymail)

Photo Credit-dailymail

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေလွတ်၊မြေလပ်၊မြေရိုင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အကြောင်းအရာများ...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service