ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သူမြို့သားများအား ပေးကမ်းလှူဒါန်းကာ ဘုန်းကြီးနှင့်သီလရှင်ဘဝ ခံယူ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သူမြို့သားများအား ပေးကမ်းလှူဒါန်းကာ ဘုန်းကြီးနှင့်သီလရှင်ဘဝ ခံယူ - Property Knowledge in Myanmar from iMyanmarHouse.com
22 Apr 2024 2:12 pm တွင် တင်ခဲ့သည်
934 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်မှ ချမ်းသာကြွယ်ဝသော ဂျိန်းဘာသာဝင် ဇနီးမောင်နှံသည် ၎င်းတို့ ချမ်းသာ ကြွယ်ဝသည့် ရူပီး ကုဋေ ၂၀၀ ကို ပေးကမ်းလှူဒါန်းကာ ဂျိန်းဘုန်းကြီးနှင့် သီလရှင်ဘဝ ခံယူသွားကြကြောင်း Hindustan Times သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်သူဌေးကြီး ဘာဘက်ရှ် ဘန်ဒါရီနှင့် ဇနီးဖြစ်သူ ဂျီနား ဘန်ဒါရီတို့သည် သာသနာ့ ဘောင်ဝင်သွားကြသော သားနှင့်သမီးအား အတုယူကာ ၎င်းတို့ တသက်လုံး ရှာဖွေစုဆောင်းထားသော ငွေများနှင့် ဇိမ်ခံပစ္စည်းများအားလုံးကို တစ်ခုမကျန် လှူဒါန်းပစ်ကာ တရားရိပ်သို့ ခိုလှုံခဲ့ကြခြင်း ဖြစ်သည်။

 

 

(ဘာဘက်ရှ် ဘန်ဒါရီနှင့် ဇနီးဖြစ်သူ ဂျီနား ဘန်ဒါရီတို့သည် ပိုင်ဆိုင်သမျှ ရူပီး ကုဋေ ၂၀၀ အားလှူဒါန်းကာ ဘုန်းကြီး၊ သီလရှင်ဘဝများ ခံယူခဲ့ကြသည်။ ဓာတ်ပုံ-Twitter)

 

 

(ဘုန်းကြီးဘဝ ခံယူသည့် စီတန်းလှည့်လည်ပွဲ အခမ်းအနားတွင် ဘန်ဒါရီတို့ ဇနီးမောင်နှံက ၎င်းတို့ ပိုင်ဆိုင် ထားသည့် ပစ္စည်းများအားလုံး တစ်ခုမကျန် ပေးကမ်းလှူဒါန်းခဲ့သည်။ ဓာတ်ပုံ-Twitter)

 

 

(ဘန်ဒါရီတို့ ဇနီးမောင်နှံအား ကြည့်ရှုရန်နှင့် ၎င်းတို့လှူသော ပစ္စည်းများ ရယူကြရန် ရာထောင်ချီသော လူအုပ်ကြီး စုရုံး ရောက်ရှိခဲ့ကြသည်။ ဓာတ်ပုံ-Twitter)

 

 

((ဘာဘက်ရှ် ဘန်ဒါရီ ဘယ်သူလဲ))

 

၁။ ABP live သတင်းဌာန၏ ဖော်ပြချက်အရ ဘာဘက်ရှ် ဘန်ဒါရီသည် ဂူဂျာရတ်ပြည်နယ် Sabarkantha ခရိုင်ရှိ ချမ်းသာသော မိသားစုတစ်ခုတွင် မွေးဖွားပြီး ဂူဂျာရတ်ပြည်နယ်တွင် အခြေချ နေထိုင်သူ ဖြစ်သည်။

၂။ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ပြီး ဂူဂျာရတ်ပြည်နယ်ရှိ Sabarkantha ခရိုင်နှင့် အမီဒါဘက်ဒ် မြို့များတွင် ဆောက်လုပ်ရေးစီမံကိန်းများ အကောင်အထည်ဖော်ခဲ့သည်။

၃။ ဘန်ဒါရီတို့ ဇနီးမောင်နှံသည် ဒိရှာပွဲ မကျင်းပမီ ကြွယ်ဝသော ရူပီးကုဋေ ၂၀၀ ကို လှူဒါန်းခဲ့ကြောင်း News Nine သတင်းဌာနက ဖော်ပြသည်။ ဒိရှာဟူသည်မှာ ဂျိန်းဘုန်းကြီး၊ သီလရှင်တို့၏ ခြိုးခြံသော အကျင့်သီလ ဆောက်တည်ကာ ဘုန်းကြီးဘဝမခံယူမီ ကျင်းပရသော ရိုးရာဓလေ့ထုံးတမ်း အခမ်းအနား ဖြစ်သည်။

၄။ ဘန်ဒါရီတို့ ဇနီးမောင်နှံတွင် သားတစ်ဦး ၊ သမီးတစ်ဦးရှိပြီး ၂၀၂၂ ခုနှစ်တွင် ဒိရှာပွဲ ကျင်းပကာ သာသနာ့ ဘောင်သို့ ဝင်ခဲ့ကြသည်။

၅။ ၎င်းတို့သည် ငွေကြေးဥစ္စာ စည်းစိမ် အိမ်ခြံမြေများအပြင် ပိုင်ဆိုင်သမျှ လေအေးပေးစက်များ၊ ပန်ကာများ၊ အိပ်ရာများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများအပြင် အခြားပိုင်ဆိုင်သမျှအားလုံး တခုမကျန် လှူဒါန်းပစ်ကာ တမိသားစုလုံး သာသနာ့ဘောင်သို့ ဝင်ခဲ့ကြခြင်း ဖြစ်သည်။

၆။ ဘန်ဒါရီတို့ သာသနာ့ဘောင်ဝင်သည့် အခမ်းအနားတွင် စီတန်းလှည့်လည်ပွဲလည်း ပါဝင်ခဲ့သည်။ ဂူဂျာရတ်ပြည်နယ်၊ ဟင်မတ်နဂါမြို့တွင် ကျင်းပခဲ့သော အခမ်းအနားသို့ ဧည့်ပရိသတ် ထောင်သောင်းချီ လာရောက်ခဲ့ကြပြီး ပြီးခဲ့သော ဧပြီလ ၂၂ ရက်တွင် ဘန်ဒါရီတို့ ဇနီးမောင်နှံ သာသနာ့ဘောင်သို့ တရားဝင် ဝင်ရောက်သွားကြသည်။

ဂျိန်းဘုန်းကြီးတို့သည် အသိမ်မွေ့ဆုံးနှင့် အကြမ်းမဖက်သောသူများဖြစ်သည်ဟု အိန္ဒိယတွင် အများက ရှုမြင် ကြသည်။

ဂျိန်းဘုန်းကြီးတို့သည် ခြေဗလာဖြင့်သာသွားလာကာ ဇလုံတစ်လုံး၊ တံမြက်စည်းတစ်ချောင်း၊ ဝတ်ရုံ ၂ စုံသာ ကိုင်ဆောင်သုံးစွဲခွင့်ရှိသည်။

ဘန်ဒါရီမိသားစုသည် ယခုအခါ အခြားသူတို့က ၎င်းတို့အား လှူဒါန်းပေးကမ်းသော အစားအစာကိုသာ စားသောက်ရတော့မည် ဖြစ်သည်။

ဗွီဒီယိုဖိုင်များတွင် တွေ့မြင်ရမှုအရ ဘန်ဒါရီတို့မိသားစုသည် ပန်းများဖြင့် အထူးမွမ်းမံပြင်ဆင်ထားသော ထရပ် ကားပေါ်တွင် ထီးနန်းဆန်ဆန် ဝတ်စားထားကာ ကြီးမားသော လူအုပ်ထဲသို့ ငွေသားနှင့် ပစ္စည်းများ ကြဲချပေး နေသည်ကို တွေ့ရသည်။

ဘန်ဒါရီတို့စုံတွဲ၏ ရဟန်းပြုပွဲတွင် ၄ ကီလိုမီတာခရီးခန့် စီတန်းလှည့်လည်ရာ၌ ဒေသခံရာပေါင်းများစွာ လိုက်ပါခဲ့ကြပြီး ၎င်းတို့ ပေးလှူသောအရာများ လိုက်လံရယူကြသည်။

မစ္စတာ ဘန်ဒါရီက “ကျွန်တော် ဘဝအတွက် လမ်းမှန်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် ဘုန်းတော်ကြီးဘဝကို ရွေးချယ်လိုက်တာဖြစ်ပါတယ်” ဟု ပြောသည်။

“ကျွန်တော် ခမ်းနားထည်ဝါတဲ့ ဘဝမှာ နေထိုင်ခဲ့ပါတယ်။ ဘယ်လိုအခက်အခဲမှ မကြုံခဲ့ပါဘူး။ ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းမှာလည်း အခက်အခဲမရှိပါဘူး။ အခုဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော် ဝမ်းမြောက် ပျော်ရွှင်ပါတယ်”

 

((ဂျိန်းဘုန်းတော်ကြီးတစ်ပါး၏ ဘဝ))

 

ဂျိန်းဘုန်းတော်ကြီးတို့သည် ဖိနပ်မပါဘဲ ခြေဗလာဖြင့် အိန္ဒိယနိုင်ငံတဝန်း လှည့်လည်သွားလာနေကြသည်ကို တွေ့ရလေ့ပြီး အခြားသူတို့၏ လှူဒါန်းမှုများဖြင့် ရပ်တည်ကြသည်။

ဂျိန်းဘုန်းတော်ကြီးတို့သည် ဝတ်ရုံ ၂ ခု၊ အစားစားသောက်ရန် ဇလုံတစ်လုံးနှင့် ရာဂျိုဟာရန်ဟုခေါ်သော တံမြက်စည်းတစ်ချောင်းသာ ပိုင်ဆိုင်ခွင့်ရှိသည်ဟု ဆိုသည်။

ရာဂျိုဟာရန်မှာ ဘုန်းတော်ကြီးများ တနေရာရာတွင် ထိုင်ကာ သီတင်းသုံးမည်ဆိုပါက မထိုင်မီတွင် ပိုးကောင်မွှားကောင်များ ဖယ်ရှားရန်အတွက် ဖြစ်သည်။

ဂျိန်းဘုန်းတော်ကြီးတို့သည် ၅ ပါးသီလ စောင့်ထိန်းရပြီး အကြမ်းမဖက်ခြင်း၊ မုသားမဆိုခြင်း၊ သူတပါးဥစ္စာကို မခိုးယူခြင်း၊ ဗြဟ္မစရိယကျင့်ခြင်း (အိမ်ထောင်မပြုခြင်း)နှင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုမထားခြင်းတို့ ဖြစ်သည်။

ငါးပါးသီလအပြင် လိုက်နာရသည့် အခြားစည်းမျဉ်းများမှာ မွန်းလွဲချိန် အစားမစားရခြင်း၊ ကိုယ်တိုင် ချက်ပြုတ်ခွင့် မရှိခြင်း၊ ဆန့်ကျင်ဘက်လိင်ကို မထိတွေ့ရခြင်း (ကလေးများ အပါအဝင်) တို့ ဖြစ်သည်။

၂၀၂၂ ခုနှစ်အတွင်း ဘန်ဒါရီတို့ ဇနီးမောင်နှံ၏ အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူနှင့် အသက် ၁၆ နှစ်အရွယ် သားဖြစ်သူတို့မှာ ဂျိန်းသာသနာ့ဘောင်သို့ ဝင်သွားခဲ့ကြပြီး ဖြစ်သည်။

ဘန်ဒါရီတို့ မိသားစုကို သန်းကြွယ်သူဌေးဘဝရောက်စေခဲ့သည့် လုပ်ငန်းမှာမူ ဆက်လက် လည်ပတ်နေပြီး မစ္စတာ ဘန်ဒါရီ၏ ဖခင်ကြီးနှင့် အစ်ကိုကြီးတို့က ကြီးကြပ်ကွပ်ကဲပေးနေသည်။

မကြာသေးမီနှစ်များအတွင်းကလည်း ဂူဂျာရတ်ပြည်နယ်မှ စိန်လုပ်ငန်းရှင်ကြီး၏ ၈ နှစ်အရွယ် သမီးငယ်လေးက ပိုင်ဆိုင်ရမည်များကို စွန့်လွှတ်ကာ သီလရှင် ဝတ်သွားခဲ့ဖူးပြီး ထိုသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ဖူးပါသည်။

(ဆက်စပ်သတင်းများ)

 

အိန္ဒိယတွင် ဒေါ်လာ ၆၁ သန်းတန် စိန်လုပ်ငန်းကြီးကို အမွေဆက်ခံရမည့် ၈ နှစ်သမီးကလေး ပိုင်ဆိုင်ရမည် များကို စွန့်လွှတ်ကာ သီလရှင်ဝတ်

https://www.imyanmarhouse.com/news/read/1051540

 

မလေးရှားနိုင်ငံ တတိယအချမ်းသာဆုံးပုဂ္ဂိုလ်၏သား၊ အိမ်ခြံမြေ အပါအဝင် ကုမ္ပဏီများစွာနှင့် ဒေါ်လာ ၅ ဘီလီယံ အမွေကို စွန့်လွှတ်ကာ ဗုဒ္ဓဘာသာဝင် ရဟန်းဘဝ ခံယူခဲ့သူ အရှင် သီရိပန်ယို

https://www.imyanmarhouse.com/news/read/1076013

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: We gave our $24million fortune to charity to become MONKS – we literally threw our money away to start new life together (thesun, hindustantimes,abplive)

Photo Credit: Twitter

 

 

 

[Zawgyi]

 

ဘုံဖ်ားမွ သုညသို႔ (သို႔မဟုတ္) အိႏိၵယမွ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ သူေဌးၾကီး ဇနီးေမာင္ႏွံက ခ်မ္းသာသမွ် ရူပီး ကုေဋ ၂၀၀ (ကန္ေဒၚလာ ၂၄ သန္း) အျပင္ လက္ကိုင္ဖုန္းမ်ား၊ ေလေအးေပးစက္မ်ား၊ ပန္ကာမ်ား၊ အဝတ္အစားမ်ားႏွင့္ ေငြစကၠဴမ်ား အားလံုးကို တစ္ခုမက်န္ ျမဳိ႕သူျမဳိ႕သားမ်ားအား ေပးကမ္းလွဴဒါန္းကာ ဘုန္းၾကီးႏွင့္သီလရွင္ဘဝ ခံယူ

 

အိႏိၵယႏိုင္ငံ၊ ဂူဂ်ာရတ္ျပည္နယ္မွ ခ်မ္းသာၾကြယ္ဝေသာ ဂ်ိန္းဘာသာဝင္ ဇနီးေမာင္ႏွံသည္ ၎တို႔ ခ်မ္းသာ ၾကြယ္ဝသည့္ ရူပီး ကုေဋ ၂၀၀ ကို ေပးကမ္းလွဴဒါန္းကာ ဂ်ိန္းဘုန္းၾကီးႏွင့္ သီလရွင္ဘဝ ခံယူသြားၾကေၾကာင္း Hindustan Times သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ေဆာက္လုပ္ေရးလုပ္ငန္းရွင္သူေဌးၾကီး ဘာဘက္ရွ္ ဘန္ဒါရီႏွင့္ ဇနီးျဖစ္သူ ဂ်ီနား ဘန္ဒါရီတို႔သည္ သာသနာ့ ေဘာင္ဝင္သြားၾကေသာ သားႏွင့္သမီးအား အတုယူကာ ၎တို႔ တသက္လံုး ရွာေဖြစုေဆာင္းထားေသာ ေငြမ်ားႏွင့္ ဇိမ္ခံပစၥည္းမ်ားအားလံုးကို တစ္ခုမက်န္ လွဴဒါန္းပစ္ကာ တရားရိပ္သို႔ ခိုလံႈခဲ့ၾကျခင္း ျဖစ္သည္။

 

(ဘာဘက္ရွ္ ဘန္ဒါရီႏွင့္ ဇနီးျဖစ္သူ ဂ်ီနား ဘန္ဒါရီတို႔သည္ ပိုင္ဆိုင္သမွ် ရူပီး ကုေဋ ၂၀၀ အားလွဴဒါန္းကာ ဘုန္းၾကီး၊ သီလရွင္ဘဝမ်ား ခံယူခဲ့ၾကသည္။ ဓာတ္ပံု-Twitter)

(ဘုန္းၾကီးဘဝ ခံယူသည့္ စီတန္းလွည့္လည္ပြဲ အခမ္းအနားတြင္ ဘန္ဒါရီတို႔ ဇနီးေမာင္ႏွံက ၎တို႔ ပိုင္ဆုိင္ ထားသည့္ ပစၥည္းမ်ားအားလံုး တစ္ခုမက်န္ ေပးကမ္းလွဴဒါန္းခဲ့သည္။ ဓာတ္ပံု-Twitter)

(ဘန္ဒါရီတို႔ ဇနီးေမာင္ႏွံအား ၾကည့္ရႈရန္ႏွင့္ ၎တို႔လွဴေသာ ပစၥည္းမ်ား ရယူၾကရန္ ရာေထာင္ခ်ီေသာ လူအုပ္ၾကီး စုရံုး ေရာက္ရွိခဲ့ၾကသည္။ ဓာတ္ပံု-Twitter)

 

((ဘာဘက္ရွ္ ဘန္ဒါရီ ဘယ္သူလဲ))

၁။ ABP live သတင္းဌာန၏ ေဖာ္ျပခ်က္အရ ဘာဘက္ရွ္ ဘန္ဒါရီသည္ ဂူဂ်ာရတ္ျပည္နယ္ Sabarkantha ခရိုင္ရွိ ခ်မ္းသာေသာ မိသားစုတစ္ခုတြင္ ေမြးဖြားျပီး ဂူဂ်ာရတ္ျပည္နယ္တြင္ အေျခခ် ေနထိုင္သူ ျဖစ္္သည္။

၂။ ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ျပီး ဂူဂ်ာရတ္ျပည္နယ္ရွိ Sabarkantha ခရိုင္ႏွင့္ အမီဒါဘက္ဒ္ ျမိဳ႕မ်ား တြင္ ေဆာက္လုပ္ေရးစီမံကိန္းမ်ား အေကာင္အထည္ေဖာ္ခဲ့သည္။

၃။ ဘန္ဒါရီတို႔ ဇနီးေမာင္ႏွံသည္ ဒိရွာပြဲ မက်င္းပမီ ၾကြယ္ဝေသာ ရူပီးကုေဋ ၂၀၀ ကို လွဴဒါန္းခဲ့ေၾကာင္း News Nine သတင္းဌာနက ေဖာ္ျပသည္။ ဒိရွာဟူသည္မွာ ဂ်ိန္းဘုန္းၾကီး၊ သီလရွင္တို႔၏ ျခိဳးျခံေသာ အက်င့္သီလ ေဆာက္တည္ကာ ဘုန္းၾကီးဘဝမခံယူမီ က်င္းပရေသာ ရိုးရာဓေလ့ထံုးတမ္း အခမ္းအနား ျဖစ္သည္။

၄။ ဘန္ဒါရီတို႔ ဇနီးေမာင္ႏွံတြင္ သားတစ္ဦး ၊ သမီးတစ္ဦးရွိျပီး ၂၀၂၂ ခုႏွစ္တြင္ ဒိရွာပြဲ က်င္းပကာ သာသနာ့ ေဘာင္သို႔ ဝင္ခဲ့ၾကသည္။

၅။ ၎တို႔သည္ ေငြေၾကးဥစၥာ စည္းစိမ္ အိမ္ျခံေျမမ်ားအျပင္ ပိုင္ဆိုင္သမွ် ေလေအးေပးစက္မ်ား၊ ပန္ကာမ်ား၊ အိပ္ရာမ်ား၊ အိမ္သံုးလွ်ပ္စစ္ပစၥည္းမ်ားအျပင္ အျခားပိုင္ဆိုင္သမွ်အားလံုး တခုမက်န္ လွဴဒါန္းပစ္ကာ တမိသားစုလံုး သာသနာ့ေဘာင္သို႔ ဝင္ခဲ့ၾကျခင္း ျဖစ္သည္။

၆။ ဘန္ဒါရီတို႔ သာသနာ့ေဘာင္ဝင္သည့္ အခမ္းအနားတြင္ စီတန္းလွည့္လည္ပဲြလည္း ပါဝင္ခဲ့သည္။ ဂူဂ်ာရတ္ျပည္နယ္၊ ဟင္မတ္နဂါျမိဳ႕တြင္ က်င္းပခဲ့ေသာ အခမ္းအနားသို႔ ဧည့္ပရိသတ္ ေထာင္ေသာင္းခ်ီ လာေရာက္ခဲ့ၾကျပီး ျပီးခဲ့ေသာ ဧျပီလ ၂၂ ရက္တြင္ ဘန္ဒါရီတို႔ ဇနီးေမာင္ႏွံ သာသနာ့ေဘာင္သို႔ တရားဝင္ ဝင္ေရာက္သြားၾကသည္။

ဂ်ိန္းဘုန္းၾကီးတို႔သည္ အသိမ္ေမြ႔ဆံုးႏွင့္ အၾကမ္းမဖက္ေသာသူမ်ားျဖစ္သည္ဟု အိႏိၵယတြင္ အမ်ားက ရႈျမင္ ၾကသည္။

ဂ်ိန္းဘုန္းၾကီးတို႔သည္ ေျခဗလာျဖင့္သာသြားလာကာ ဇလံုတစ္လံုး၊ တံျမက္စည္းတစ္ေခ်ာင္း၊ ဝတ္ရံု ၂ စံုသာ ကိုင္ေဆာင္သံုးစြဲခြင့္ရွိသည္။

ဘန္ဒါရီမိသားစုသည္ ယခုအခါ အျခားသူတုိ႔က ၎တို႔အား လွဴဒါန္းေပးကမ္းေသာ အစားအစာကိုသာ စားေသာက္ရေတာ့မည္ ျဖစ္သည္။

ဗြီဒီယိုဖိုင္မ်ားတြင္ ေတြ႔ျမင္ရမႈအရ ဘန္ဒါရီတို႔မိသားစုသည္ ပန္းမ်ားျဖင့္ အထူးမြမ္းမံျပင္ဆင္ထားေသာ ထရပ္ ကားေပၚတြင္ ထီးနန္းဆန္ဆန္ ဝတ္စားထားကာ ၾကီးမားေသာ လူအုပ္ထဲသုိ႔ ေငြသားႏွင့္ ပစၥည္းမ်ား ၾကဲခ်ေပး ေနသည္ကို ေတြ႔ရသည္။

ဘန္ဒါရီတို႔စံုတြဲ၏ ရဟန္းျပဳပြဲတြင္ ၄ ကီလိုမီတာခရီးခန္႔ စီတန္းလွည့္လည္ရာ၌ ေဒသခံရာေပါင္းမ်ားစြာ လိုက္ပါခဲ့ၾကျပီး ၎တို႔ ေပးလွဴေသာအရာမ်ား လိုက္လံရယူၾကသည္။

မစၥတာ ဘန္ဒါရီက “ကၽြန္ေတာ္ ဘဝအတြက္ လမ္းမွန္ကို ေရြးခ်ယ္ဖုိ႔ ဆံုးျဖတ္ခဲ့ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္ ဘုန္းေတာ္ၾကီးဘဝကို ေရြးခ်ယ္လိုက္တာျဖစ္ပါတယ္” ဟု ေျပာသည္။

“ကၽြန္ေတာ္ ခမ္းနားထည္ဝါတဲ့ ဘဝမွာ ေနထိုင္ခဲ့ပါတယ္။ ဘယ္လိုအခက္အခဲမွ မၾကံဳခဲ့ပါဘူး။ ကၽြန္ေတာ့္ရဲ႕ စီးပြားေရးလုပ္ငန္းမွာလည္း အခက္အခဲမရွိပါဘူး။ အခုဆံုးျဖတ္ခ်က္နဲ႔ ပတ္သက္ျပီး ကၽြန္ေတာ္ ဝမ္းေျမာက္ ေပ်ာ္ရႊင္ပါတယ္”

((ဂ်ိန္းဘုန္းေတာ္ၾကီးတစ္ပါး၏ ဘဝ))

ဂ်ိန္းဘုန္းေတာ္ၾကီးတို႔သည္ ဖိနပ္မပါဘဲ ေျခဗလာျဖင့္ အိႏိၵယႏိုင္ငံတဝန္း လွည့္လည္သြားလာေနၾကသည္ကို ေတြ႔ရေလ့ျပီး အျခားသူတို႔၏ လွဴဒါန္းမႈမ်ားျဖင့္ ရပ္တည္ၾကသည္။

ဂ်ိန္းဘုန္းေတာ္ၾကီးတို႔သည္ ဝတ္ရံု ၂ ခု၊ အစားစားေသာက္ရန္ ဇလံုတစ္လံုးႏွင့္ ရာဂ်ဳိဟာရန္ဟုေခၚေသာ တံျမက္စည္းတစ္ေခ်ာင္းသာ ပိုင္ဆိုင္ခြင့္ရွိသည္ဟု ဆိုသည္။

ရာဂ်ိဳဟာရန္မွာ ဘုန္းေတာ္ၾကီးမ်ား တေနရာရာတြင္ ထိုင္ကာ သီတင္းသံုးမည္ဆိုပါက မထိုင္မီတြင္ ပိုးေကာင္မႊားေကာင္မ်ား ဖယ္ရွားရန္အတြက္ ျဖစ္သည္။

ဂ်ိန္းဘုန္းေတာ္ၾကီးတို႔သည္ ၅ ပါးသီလ ေစာင့္ထိန္းရျပီး အၾကမ္းမဖက္ျခင္း၊ မုသားမဆိုျခင္း၊ သူတပါးဥစၥာကို မခိုးယူျခင္း၊ ျဗဟၼစရိယက်င့္ျခင္း (အိမ္ေထာင္မျပဳျခင္း)ႏွင့္ ပစၥည္းဥစၥာ ပိုင္ဆိုင္မႈမထားျခင္းတို႔ ျဖစ္သည္။

ငါးပါးသီလအျပင္ လိုက္နာရသည့္ အျခားစည္းမ်ဥ္းမ်ားမွာ မြန္းလြဲခ်ိန္ အစားမစားရျခင္း၊ ကိုယ္တိုင္ ခ်က္ျပဳတ္ခြင့္ မရွိျခင္း၊ ဆန္႔က်င္ဘက္လိင္ကို မထိေတြ႔ရျခင္း (ကေလးမ်ား အပါအဝင္) တို႔ ျဖစ္သည္။

၂၀၂၂ ခုႏွစ္အတြင္း ဘန္ဒါရီတို႔ ဇနီးေမာင္ႏွံ၏ အသက္ ၁၉ ႏွစ္အရြယ္ သမီးျဖစ္သူႏွင့္ အသက္ ၁၆ ႏွစ္အရြယ္ သားျဖစ္သူတို႔မွာ ဂ်ိန္းသာသနာ့ေဘာင္သို႔ ဝင္သြားခဲ့ၾကျပီး ျဖစ္သည္။

ဘန္ဒါရီတို႔ မိသားစုကို သန္းၾကြယ္သူေဌးဘဝေရာက္ေစခဲ့သည့္ လုပ္ငန္းမွာမူ ဆက္လက္ လည္ပတ္ေနျပီး မစၥတာ ဘန္ဒါရီ၏ ဖခင္ၾကီးႏွင့္ အစ္ကိုၾကီးတို႔က ၾကီးၾကပ္ကြပ္ကဲေပးေနသည္။

မၾကာေသးမီႏွစ္မ်ားအတြင္းကလည္း ဂူဂ်ာရတ္ျပည္နယ္မွ စိန္လုပ္ငန္းရွင္ၾကီး၏ ၈ ႏွစ္အရြယ္ သမီးငယ္ေလးက ပိုင္ဆိုင္ရမည္မ်ားကို စြန္႔လႊတ္ကာ သီလရွင္ ဝတ္သြားခဲ့ဖူးျပီး ထိုသတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေဖာ္ျပခဲ့ဖူးပါသည္။

(ဆက္စပ္သတင္းမ်ား)

အိႏိၵယတြင္ ေဒၚလာ ၆၁ သန္းတန္ စိန္လုပ္ငန္းၾကီးကို အေမြဆက္ခံရမည့္ ၈ ႏွစ္သမီးကေလး ပိုင္ဆိုင္ရမည္ မ်ားကို စြန္႔လႊတ္ကာ သီလရွင္ဝတ္

 

https://www.imyanmarhouse.com/news/read/1051540

 

မေလးရွားႏိုင္ငံ တတိယအခ်မ္းသာဆံုးပုဂၢိဳလ္၏သား၊ အိမ္ျခံေျမ အပါအဝင္ ကုမၸဏီမ်ားစြာႏွင့္ ေဒၚလာ ၅ ဘီလီယံ အေမြကို စြန္႔လႊတ္ကာ ဗုဒၶဘာသာဝင္ ရဟန္းဘဝ ခံယူခဲ့သူ အရွင္ သီရိပန္ယို

https://www.imyanmarhouse.com/news/read/1076013

 

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားအျပင္ ထိုင္း၊ စင္ကာပူ၊ မေလး႐ွား အစ႐ွိေသာ ျပည္ပႏိုင္ငံမ်ားမွ အိမ္ျခံေျမစီမံကိန္းမ်ားကိုလည္း ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: We gave our $24million fortune to charity to become MONKS – we literally threw our money away to start new life together (thesun, hindustantimes,abplive)

Photo Credit: Twitter

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service