လယ်ယာမြေအငြင်းပွားမှုအား ဖြေရှင်းဆောင်ရွက်ပုံ အဆင့်ဆင့်

လယ်ယာမြေအငြင်းပွားမှုအား ဖြေရှင်းဆောင်ရွက်ပုံ အဆင့်ဆင့် - Property Knowledge in Myanmar from iMyanmarHouse.com
24 Mar 2024 12:48 pm တွင် တင်ခဲ့သည်
390 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ထွက်ရှိပြီးနောက်ပိုင်း လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇) လျှောက်ထားသည်ကို ကန့်ကွက်သူ ပေါ်ပေါက်လာလျှင် နည်းဥပဒေ-(၉)အရ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှ စုံစမ်း စစ်ဆေးပေးမည်ဖြစ်ပါသည်။

သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ စစ်ဆေးတွေ့ရှိချက်များကို အဆင့်ဆင့် တင်ပြ၍ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ဖြေရှင်းဆောင်ရွက်ပြီးမှသာ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-၇ ကို ခွင့်ပြုထုတ်ပေးပါသည်။

အငြင်းပွားမှုများအား ဖြေရှင်းဆောင်ရွက်ရပါက နည်းဥပဒေ- ၆၀(က)အရ မူလမြေယာ မူခင်းဖွင့်လှစ်စစ်ဆေး ရမည်ဖြစ်ကာ ရက်ပေါင်း(၁၅) ရက်အတွင်း ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုက ဆုံးဖြတ်ချက် ချမှတ်ပေးပြီး အယူခံဝင် ရောက်လျှင် မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့မှ ရက်ပေါင်း(၃၀) အတွင်း အဆိုပါအမိန့်အား ပယ်ဖျက်ခြင်း၊ ပြင်ဆင် ခြင်း၊ အတည်ပြုခြင်းတို့ ဆောင်ရွက်ပေးပါသည်။

အဆိုပါမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အမိန့်အား အယူခံဝင်ရောက်လျှင်လဲ ခရိုင်လယ်ယာ မြေစီမံခန့်ခွဲမှု အဖွဲ့မှ ရက်ပေါင်း(၃၀) အတွင်း အမိန့်အား ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ အတည်ပြုခြင်း ပြုနိုင်သည်။ ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံဝင်ရောက်လျှင်လဲ ရက်ပေါင်း(၆၀) အတွင်း အမိန့်အား ပယ်ဖျက် ခြင်း၊ ပြင်ဆင်ခြင်း၊ အတည်ပြုခြင်း ပြုနိုင်ပါသည်။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သည် အငြင်းပွှားမှုများအား နှောင့်နှေးကြန့်ကြာမှု မဖြစ်စေရန် အမှုဖွင့်လှစ်စစ်ဆေးပြီးချိန်မှ (၄) နဲ့ (၁၅) ရက် ရက်ပေါင်း (၁၃၅) ရက်အတွင်း အပြီးအပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နည်းဥပဒေဖြင့် ညွှန်ကြားချက် သတ်မှတ်ပေးထားပါသည်။ ပင်ရင်း လက်ငုတ်နှင့် လက်ရှိ လက်ငုတ်တို့ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွှား မှုများရှိရာ လယ်ယာမြေဥပဒေအရ လက်ရှိ လက်ငုတ်လုပ်ကိုင်သည်မှာ အဆိုပါလယ်ယာမြေ၌ (၅) နှစ်ထိ တစပ်တည်း လုပ်ကိုင်သူဖြစ်ပါက ပင်ရင်းလက်ငုတ်ကို ထည့်သွင်းမစဉ်းစားပဲ လက်ရှိလက်ငုတ်ကို လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ- (၇)ထုတ်ပေးနိုင်ပါသည်။

ထို့အပြင် လယ်ယာမြေဥပဒေ ထွက်ရှိပြီးနောက် လယ်ယာမြေ အငြင်းပွားမှုများ၊ မြေယာမှုခင်းများ အမှုဖွင့်လှစ် ဆက်လက်ဆောင်ရွက်ရာတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ ထုတ်ယူပြီး ပုဒ်မ-၁၃ အရ မှတ်ပုံတင်ပြီး မှသာလျှင် တရားဝင်ဖြေရှင်း ဆောင်ရွက်ခွင့်ရှိမှာဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

လယ္ယာေျမအျငင္းပြားမႈအား ေျဖ႐ွင္းေဆာင္႐ြက္ပုံ အဆင့္ဆင့္

၂၀၁၂ ခုႏွစ္၊ လယ္ယာေျမဥပေဒ ထြက္႐ွိၿပီးေနာက္ပိုင္း လယ္ယာေျမလုပ္ပိုင္ခြင့္ပုံစံ(၇) ေလွ်ာက္ထားသည္ကို ကန္႔ကြက္သူ ေပၚေပါက္လာလွ်င္ နည္းဥပေဒ-(၉)အရ သက္ဆိုင္ရာရပ္ကြက္၊ ေက်း႐ြာအုပ္စု လယ္ယာေျမစီမံခန္႔ခြဲမႈ အဖြဲ႕မွ စုံစမ္း စစ္ေဆးေပးမည္ျဖစ္ပါသည္။

သက္ဆိုင္ရာရပ္ကြက္၊ ေက်း႐ြာအုပ္စု လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕မွ စစ္ေဆးေတြ႕႐ွိခ်က္မ်ားကို အဆင့္ဆင့္ တင္ျပ၍ ခ႐ိုင္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕မွ ေျဖ႐ွင္းေဆာင္႐ြက္ၿပီးမွသာ လယ္ယာေျမလုပ္ပိုင္ခြင့္ ပုံစံ-၇ ကို ခြင့္ျပဳထုတ္ေပးပါသည္။

အျငင္းပြားမႈမ်ားအား ေျဖ႐ွင္းေဆာင္႐ြက္ရပါက နည္းဥပေဒ- ၆၀(က)အရ မူလေျမယာ မူခင္းဖြင့္လွစ္စစ္ေဆး ရမည္ျဖစ္ကာ ရက္ေပါင္း(၁၅) ရက္အတြင္း ေက်း႐ြာလယ္ယာေျမစီမံခန္႔ခြဲမႈက ဆုံးျဖတ္ခ်က္ ခ်မွတ္ေပးၿပီး အယူခံဝင္ ေရာက္လွ်င္ ၿမိဳ႕နယ္လယ္ယာ ေျမစီမံခန္႔ခြဲမႈအဖြဲ႕မွ ရက္ေပါင္း(၃၀) အတြင္း အဆိုပါအမိန္႔အား ပယ္ဖ်က္ျခင္း၊ ျပင္ဆင္ ျခင္း၊ အတည္ျပဳျခင္းတို႔ ေဆာင္႐ြက္ေပးပါသည္။

အဆိုပါၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕၏ အမိန္႔အား အယူခံဝင္ေရာက္လွ်င္လဲ ခ႐ိုင္လယ္ယာ ေျမစီမံခန္႔ခြဲမႈ အဖြဲ႕မွ ရက္ေပါင္း(၃၀) အတြင္း အမိန္႔အား ပယ္ဖ်က္ျခင္း၊ ျပင္ဆင္ျခင္း၊ အတည္ျပဳျခင္း ျပဳႏိုင္သည္။ ထို႔ျပင္ တိုင္းေဒသႀကီး/ျပည္နယ္ လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕သို႔ အယူခံဝင္ေရာက္လွ်င္လဲ ရက္ေပါင္း(၆၀) အတြင္း အမိန္႔အား ပယ္ဖ်က္ ျခင္း၊ ျပင္ဆင္ျခင္း၊ အတည္ျပဳျခင္း ျပဳႏိုင္ပါသည္။

ဗဟိုလယ္ယာေျမစီမံခန္႔ခြဲမႈ အဖြဲ႕သည္ အျငင္းပႊားမႈမ်ားအား ေႏွာင့္ေႏွးၾကန္႔ၾကာမႈ မျဖစ္ေစရန္ အမႈဖြင့္လွစ္စစ္ေဆးၿပီးခ်ိန္မွ (၄) နဲ႔ (၁၅) ရက္ ရက္ေပါင္း (၁၃၅) ရက္အတြင္း အၿပီးအျပတ္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း နည္းဥပေဒျဖင့္ ၫႊန္ၾကားခ်က္ သတ္မွတ္ေပးထားပါသည္။ ပင္ရင္း လက္ငုတ္ႏွင့္ လက္႐ွိ လက္ငုတ္တို႔ လယ္ယာေျမလုပ္ပိုင္ခြင့္ အျငင္းပႊား မႈမ်ား႐ွိရာ လယ္ယာေျမဥပေဒအရ လက္႐ွိ လက္ငုတ္လုပ္ကိုင္သည္မွာ အဆိုပါလယ္ယာေျမ၌ (၅) ႏွစ္ထိ တစပ္တည္း လုပ္ကိုင္သူျဖစ္ပါက ပင္ရင္းလက္ငုတ္ကို ထည့္သြင္းမစဥ္းစားပဲ လက္႐ွိလက္ငုတ္ကို လယ္ယာေျမ လုပ္ပိုင္ခြင့္ ပုံစံ- (၇)ထုတ္ေပးႏိုင္ပါသည္။

ထို႔အျပင္ လယ္ယာေျမဥပေဒ ထြက္႐ွိၿပီးေနာက္ လယ္ယာေျမ အျငင္းပြားမႈမ်ား၊ ေျမယာမႈခင္းမ်ား အမႈဖြင့္လွစ္ ဆက္လက္ေဆာင္႐ြက္ရာတြင္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ ပုံစံ-၇ ထုတ္ယူၿပီး ပုဒ္မ-၁၃ အရ မွတ္ပုံတင္ၿပီး မွသာလွ်င္ တရားဝင္ေျဖ႐ွင္း ေဆာင္႐ြက္ခြင့္႐ွိမွာျဖစ္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ရပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
bkk-projects
mya-nandar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service