အမေရိကန်တွင် ဒေါ်လာ ၁ သန်းဆု ထီပေါက်သူတစ်ဦး လောင်းကစားစွဲလမ်းမှုကြောင့် ၈ နှစ်အကြာတွင် တစ်ပြားမှ မရှိတော့သည့်ဘဝဆိုက်ရောက်

အမေရိကန်တွင် ဒေါ်လာ ၁ သန်းဆု ထီပေါက်သူတစ်ဦး လောင်းကစားစွဲလမ်းမှုကြောင့် ၈ နှစ်အကြာတွင် တစ်ပြားမှ မရှိတော့သည့်ဘဝဆိုက်ရောက် - Property Knowledge in Myanmar from iMyanmarHouse.com
23 Feb 2024 11:53 am တွင် တင်ခဲ့သည်
1804 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ထီပေါက်သူတို့သည် ငွေအလုံးအရင်းရကာ နေ့ချင်းညချင်း ချမ်းသာလာကြသော်လည်း ငွေကြေးစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ကာလတိုအတွင်း ပြန်လည်ကုန်ဆုံးသွားခဲ့သည့် ဖြစ်ရပ်များစွာရှိသည်။

(ဆက်စပ်သတင်း)

အမေရိကန်တွင် ၄ လအတွင်း ထီဆုကြီး ၂ ကြိမ်ပေါက်ကာ စုစုပေါင်း ဒေါ်လာ ၅ ဒသမ ၄ သန်းရခဲ့ သော်လည်း နှစ်အနည်းငယ်အတွင်း ပြန်လည်ဆင်းရဲသွားသော အမျိုးသမီး

https://www.imyanmarhouse.com/news/read/1065047

 

အမေရိကန်ပြည်ထောင်စု၊ မြောက်ကာရိုလိုင်းနားပြည်နယ်၊ Charlotte မြို့တွင် နေထိုင်သူ စတီဗင်က ထိုသူများကဲ့သို့ အဖြစ်ခံမည်မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

သို့သော် လွန်ခဲ့သော ၈ နှစ်က စတီဗင်သည် ဗာဂျီးနီးယားပြည်နယ်တွင် ထီထိုးခဲ့ရာ ဒေါ်လာ ၁ သန်း ထီပေါက် ခဲ့ပြီးနောက် ယခုအခါ ကံထူးခဲ့သောငွေများ မရှိတော့ချေ။

နယူးယောက်တိုင်းမ် အရောင်းရဆုံး စာရေးဆရာ၊ ဘဏ္ဍာရေးအတိုင်ပင်ခံကုမ္ပဏီပိုင်ရှင် Dave Ramsey ၏ ရေဒီယိုအသံလွှင့်အစီအစဉ်ဖြစ်သော The Ramsey Show တွင် စတီဗင်က ပြောခဲ့သည်မှာ “အဲဒီငွေတွေ ကျွန်တော် အကုန်သုံးပြီးပါပြီ”ဟု ဆိုသည်။

စတီဗင်က ပြောသည်မှာ သူ၏ခဲခြစ်ထီလက်မှတ်ပေါ်တွင် ဒေါ်လာ ၁ သန်းဆုဟု ရေးထားသော်လည်း အမှန်တကယ်အားဖြင့် ကန်ဒေါ်လာ ၇၆၆၀၀၀ သာ ဖြစ်ကြောင်း ပြောသည်။

အခွန်ဆောင်ပြီးနောက် သူ့အတွက် ဒေါ်လာ ၅၅၅၀၀၀ သာ ကျန်သည်။

စတီဗင်က ရရှိလာသောငွေများကို နည်းလမ်းတစ်မျိုးထဲဖြင့် အသုံးပြုခဲ့ရာ လောင်းကစားခြင်း ဖြစ်သည်။

“ထီလက်မှတ်ကို ဝယ်ခဲ့တာလဲ လောင်းကစားခဲ့တာပါပဲ။ ဟုတ်တယ်မဟုတ်လား။ အဲလိုကစားတာ အဆုံးမသတ်နိုင်အောင်ပါပဲ”ဟု ၎င်းက ပြောသည်။

စတီဗင်သည် ထီပေါက်ပြီးနောက် လောင်းကစားမှု ပုံစံမျိုးစုံ ပြုလုပ်ခဲ့ရာ အားကစားပွဲများလောင်းခြင်းနှင့် ကာစီနိုကစားခြင်းများ အပါအဝင် ဖြစ်သည်။

လောင်းကစားမှုမှာ ပြဿနာတစ်ခုသဖွယ် ဖြစ်လာခဲ့ကြောင်း ၎င်းက ရှက်ရွံ့စွာ ဝန်ခံသည်။

လောင်းကစားစွဲလန်းမှုသည် ပြင်းထန်သော စိတ်ကျန်းမာရေး ဖောက်လွဲဖောက်ပြန်မှုဖြစ်ပြီး ထိုစိတ်ဝေဒနာခံစားရသူတို့အပေါ် ပြင်းထန်သည့် ရိုက်ခတ်မှုများ ရှိသည်။

National Council on Problem Gaming ၏ ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံသား ၄ သန်းမှ ၆ သန်းအကြား လောင်းကစားစွဲလန်းမှု ပြဿနာ အပျော့စားမှ အလတ်စားအကြား ရှိကြကြောင်း ၊ ၂ သန်းခန့်မှာ ပြင်းထန်သော လောင်းကစားစွဲလန်းမှု ခံစားနေကြရသည်ဟု ခန့်မှန်းရကြောင်း ဖော်ပြသည်။

စတီဗင်က ပြောသည်မှာ Gamblers Anonymous အဖွဲ့ထံမှ အကူအညီရယူရန် ကြိုးစားခဲ့ပြီးဖြစ်ကြောင်း ပြောသည်။

ထိုအဖွဲ့သည် လောင်းကစားစွဲလန်းသည့် အမျိုးသားအမျိုးသမီးတို့အား ကူညီသောအဖွဲ့ ဖြစ်သည်။

စတီဗင်က သူ၏ ဘဏ်အကောင့်တွင် ဒေါ်လာ ၆၀၀၀ သာ ကျန်တော့ကြောင်း ၊ Student Loan ဒေါ်လာ ၂၉၀၀၀ အကြွေးတင်နေသေးကြောင်း ပြောသည်။

 

(ဆက်စပ်သတင်း)

အင်္ဂလန်တွင် ပေါင် ၃ ဒသမ ၅ သန်း ထီပေါက်သူတစ်ဦး ကားအစင်း ၄၀ ဝယ်ယူခဲ့ပြီး ၃ နှစ်အကြာတွင် တစ်ပြားမှ မရှိတော့သည့်ဘဝသို့ ဆိုက်ရောက်

https://www.imyanmarhouse.com/news/read/1064156

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 'I have gone through it all': North Carolina man won a $1-million lottery but lost it all in just 8 years. Hosts of 'The Ramsey Show' help him deal with a persistent gambling problem (moneywise)

Photo Credit:  The Ramsey Show Highlights / YouTube

 

 

 

[Zawgyi]

အေမရိကန္တြင္ ေဒၚလာ ၁ သန္းဆု ထီေပါက္သူတစ္ဦး ေလာင္းကစားစြဲလမ္းမႈေၾကာင့္ ၈ ႏွစ္အၾကာတြင္ တစ္ျပားမွ မရွိေတာ့သည့္ဘဝဆိုက္ေရာက္

 

ထီေပါက္သူတို႔သည္ ေငြအလံုးအရင္းရကာ ေန႔ခ်င္းညခ်င္း ခ်မ္းသာလာၾကေသာ္လည္း ေငြေၾကးစီမံခန္႔ခြဲမႈ ညံ့ဖ်င္းျခင္းေၾကာင့္ ကာလတိုအတြင္း ျပန္လည္ကုန္ဆံုးသြားခဲ့သည့္ ျဖစ္ရပ္မ်ားစြာရွိသည္။

(ဆက္စပ္သတင္း)

အေမရိကန္တြင္ ၄ လအတြင္း ထီဆုၾကီး ၂ ၾကိမ္ေပါက္ကာ စုစုေပါင္း ေဒၚလာ ၅ ဒသမ ၄ သန္းရခဲ့ ေသာ္လည္း ႏွစ္အနည္းငယ္အတြင္း ျပန္လည္ဆင္းရဲသြားေသာ အမ်ဳိးသမီး

https://www.imyanmarhouse.com/news/read/1065047

 

အေမရိကန္ျပည္ေထာင္စု၊ ေျမာက္ကာရိုလိုင္းနားျပည္နယ္၊ Charlotte ျမိဳ႕တြင္ ေနထိုင္သူ စတီဗင္က ထိုသူမ်ားကဲ့သို႔ အျဖစ္ခံမည္မဟုတ္ေၾကာင္း ဆံုးျဖတ္ခဲ့သည္။

သို႔ေသာ္ လြန္ခဲ့ေသာ ၈ ႏွစ္က စတီဗင္သည္ ဗာဂ်ီးနီးယားျပည္နယ္တြင္ ထီထိုးခဲ့ရာ ေဒၚလာ ၁ သန္း ထီေပါက္ ခဲ့ျပီးေနာက္ ယခုအခါ ကံထူးခဲ့ေသာေငြမ်ား မရွိေတာ့ေခ်။

နယူးေယာက္တိုင္းမ္ အေရာင္းရဆံုး စာေရးဆရာ၊ ဘ႑ာေရးအတိုင္ပင္ခံကုမၸဏီပိုင္ရွင္ Dave Ramsey ၏ ေရဒီယိုအသံလႊင့္အစီအစဥ္ျဖစ္ေသာ The Ramsey Show တြင္ စတီဗင္က ေျပာခဲ့သည္မွာ “အဲဒီေငြေတြ ကၽြန္ေတာ္ အကုန္သံုးျပီးပါျပီ”ဟု ဆိုသည္။

စတီဗင္က ေျပာသည္မွာ သူ၏ခဲျခစ္ထီလက္မွတ္ေပၚတြင္ ေဒၚလာ ၁ သန္းဆုဟု ေရးထားေသာ္လည္း အမွန္တကယ္အားျဖင့္ ကန္ေဒၚလာ ၇၆၆၀၀၀ သာ ျဖစ္ေၾကာင္း ေျပာသည္။

အခြန္ေဆာင္ျပီးေနာက္ သူ႔အတြက္ ေဒၚလာ ၅၅၅၀၀၀ သာ က်န္သည္။

စတီဗင္က ရရွိလာေသာေငြမ်ားကို နည္းလမ္းတစ္မ်ဳိးထဲျဖင့္ အသံုးျပဳခဲ့ရာ ေလာင္းကစားျခင္း ျဖစ္သည္။

“ထီလက္မွတ္ကို ဝယ္ခဲ့တာလဲ ေလာင္းကစားခဲ့တာပါပဲ။ ဟုတ္တယ္မဟုတ္လား။ အဲလိုကစားတာ အဆံုးမသတ္ႏိုင္ေအာင္ပါပဲ”ဟု ၎က ေျပာသည္။

စတီဗင္သည္ ထီေပါက္ျပီးေနာက္ ေလာင္းကစားမႈ ပံုစံမ်ဳိးစံု ျပဳလုပ္ခဲ့ရာ အားကစားပြဲမ်ားေလာင္းျခင္းႏွင့္ ကာစီႏိုကစားျခင္းမ်ား အပါအဝင္ ျဖစ္သည္။

ေလာင္းကစားမႈမွာ ျပႆနာတစ္ခုသဖြယ္ ျဖစ္လာခဲ့ေၾကာင္း ၎က ရွက္ရြံ႕စြာ ဝန္ခံသည္။

ေလာင္းကစားစြဲလန္းမႈသည္ ျပင္းထန္ေသာ စိတ္က်န္းမာေရး ေဖာက္လြဲေဖာက္ျပန္မႈျဖစ္ျပီး ထိုစိတ္ေဝဒနာခံစားရသူတို႔အေပၚ ျပင္းထန္သည့္ ရုိက္ခတ္မႈမ်ား ရွိသည္။

National Council on Problem Gaming ၏ ထုတ္ျပန္ခ်က္အရ အေမရိကန္ႏိုင္ငံသား ၄ သန္းမွ ၆ သန္းအၾကား ေလာင္းကစားစြဲလန္းမႈ ျပႆနာ အေပ်ာ့စားမွ အလတ္စားအၾကား ရွိၾကေၾကာင္း ၊ ၂ သန္းခန္႔မွာ ျပင္းထန္ေသာ ေလာင္းကစားစြဲလန္းမႈ ခံစားေနၾကရသည္ဟု ခန္႔မွန္းရေၾကာင္း ေဖာ္ျပသည္။

စတီဗင္က ေျပာသည္မွာ Gamblers Anonymous အဖြဲ႔ထံမွ အကူအညီရယူရန္ ၾကိဳးစားခဲ့ျပီးျဖစ္ေၾကာင္း ေျပာသည္။

ထုိအဖြဲ႔သည္ ေလာင္းကစားစြဲလန္းသည့္ အမ်ိဳးသားအမ်ဳိးသမီးတို႔အား ကူညီေသာအဖြဲ႔ ျဖစ္သည္။

စတီဗင္က သူ၏ ဘဏ္အေကာင့္တြင္ ေဒၚလာ ၆၀၀၀ သာ က်န္ေတာ့ေၾကာင္း ၊ Student Loan ေဒၚလာ ၂၉၀၀၀ အေၾကြးတင္ေနေသးေၾကာင္း ေျပာသည္။

 

(ဆက္စပ္သတင္း)

အဂၤလန္တြင္ ေပါင္ ၃ ဒသမ ၅ သန္း ထီေပါက္သူတစ္ဦး ကားအစင္း ၄၀ ဝယ္ယူခဲ့ျပီး ၃ ႏွစ္အၾကာတြင္ တစ္ျပားမွ မရွိေတာ့သည့္ဘဝသို႔ ဆိုက္ေရာက္

https://www.imyanmarhouse.com/news/read/1064156

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: 'I have gone through it all': North Carolina man won a $1-million lottery but lost it all in just 8 years. Hosts of 'The Ramsey Show' help him deal with a persistent gambling problem (moneywise)

Photo Credit: The Ramsey Show Highlights / YouTube

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service