နယူးယောက်မြို့တွင် အခမဲ့နေထိုင်နိုင်မည့် အိမ်ငယ်လေးများကျေးရွာ ဆောက်လုပ်ရန် စီစဉ်နေပြီး ၂၀၂၅ ခုနှစ်တွင် နေထိုင်မည့်သူများ စတင်လက်ခံမည်
နယူးယောက်မြို့တွင် အခမဲ့နေထိုင်နိုင်မည့် အိမ်ငယ်လေးများကျေးရွာ ဆောက်လုပ်ရန် စီစဉ်နေပြီး ၂၀၂၅ ခုနှစ်တွင် နေထိုင်မည့်သူများ စတင်လက်ခံမည် - Property News in Myanmar from iMyanmarHouse.com
21 Feb 2024 10:51 am တွင် တင်ခဲ့သည်
444 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့တွင် ယခုနှစ်အတွင်း အိမ်ငယ်လေးများကျေးရွာတစ်ခု ဆောက်လုပ်မည် ဖြစ်သည်။
ယခုကျေးရွာတွင် နေထိုင်မည့်သူများမှာ အခမဲ့နေထိုင်ခွင့်ရမည်ဖြစ်သော်လည်း စည်းမျဉ်းကန့်သတ်ချက်များ ရှိသည်။ အဆိုပါကျေးရွာ ဆောက်လုပ်မည့်နေရာမှာ နယူးယောက်မြို့၊ Binghamton အရပ်တွင် ဖြစ်သည်။
Broome ခရိုင် အကြီးအကဲ ဂျေဆင် ဂါနာက စစ်မှုထမ်းဟောင်းတို့ကို အကူအညီပေးရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။
(အိမ်ငယ်လေးများကျေးရွာတွင် နေထိုင်မည့်သူများကို ၂၀၂၅ ခုနှစ်တွင် စတင်လက်ခံသွားမည် ဖြစ်သည်။ ဓာတ်ပုံ-Jason Garnar/WBNG)
(အိမ်ငယ်ကလေးများသည် စစ်မှုထမ်းဟောင်းတို့နှင့် အိမ်ရာမဲ့များကဲ့သို့ ဒေသခံတို့ကို ကူညီနိုင်ကြောင်း ပြသရန် ဂျေဆင်ဂါနာက မျှော်လင့်နေသည်။ ဓာတ်ပုံ-WBNG)
ဂျေဆင် ဂါနာက Broome ခရိုင်ရှိ စစ်မှုထမ်းဟောင်း ၁၀၀၀၀ ခန့်ကို ကူညီရန်အတွက် အိမ်ငယ်လေးများ ဆောက်လုပ်ရန် စီစဉ်လာခြင်း ဖြစ်သည်။
ကျေးရွာအတွင်း စစ်မှုထမ်းဟောင်း အရင်းအမြစ်စင်တာတစ်ခုလည်း ပါဝင်မည်ဖြစ်သည်။
အိမ်ငယ်ကလေးများသည် တန်ဖိုးသက်သာသော လူနေနေရာများ ဖန်တီးပေးနိုင်ပြီး မြို့အုပ်ချုပ်ရေးအဖွဲ့တို့က စစ်မှုထမ်းဟောင်းများနှင့် အိမ်ရာမဲ့တို့ ရင်ဆိုင်နေရသော နေရေးပြဿနာကို ဖြေရှင်းပေးရန် အသုံးပြုလာကြသည်။
စစ်မှုထမ်းဟောင်းအရင်းအမြစ်စင်တာသည် Broome ခရိုင်ရှိ စစ်မှုထမ်းဟောင်းတို့၏ လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
အဆိုပါ ကျေးရွာဆောက်လုပ်မှု စီမံကိန်းမှာ ၂၀၂၅ ခုနှစ်တွင် အပြီးသတ်ရန် စီစဉ်ထားကြောင်း ဂါနာက ပြောသည်။
ပြီးခဲ့သော တနင်္လာနေ့က ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခဲ့ပြီး ခြံစည်းရိုးများ ခတ်ခဲ့သည်။
စစ်မှုထမ်းဟောင်းအရင်းအမြစ်စင်တာကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ကျရောက်သော အမေရိကန် စစ်မှုထမ်းဟောင်းများနေ့တွင် စတင်လည်ပတ်သွားရန် မျှော်မှန်းထားသည်။
အိမ်ငယ်လေးများကို အသုံးမပြုရသေးသည့် ၁၆ ဧကကျယ်ဝန်းသော မြေနေရာတွင် ဆောက်လုပ်မည် ဖြစ်သည်။
အဆိုပါမြေနေရာကို မူလက ကယ်တင်ခြင်းတပ်တော်မှ Community Center တစ်ခု ဆောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ထိုနေရာကို ကန်ဒေါ်လာ ၁၈၀၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။
အိမ်ငယ်လေးများကျေးရွာတွင် အိမ်ပုံစံ အရွယ်အစား ၂ မျိုး ဆောက်လုပ်မည် ဖြစ်သည်။
တစ်မျိုးမှာ ၈၃၁ စတုရန်းပေ ကျယ်ဝန်းမည်ဖြစ်ပြီး အခြားတစ်မျိုးမှာ ၉၆၅ စတုရန်းပေ ရှိမည် ဖြစ်သည်။
စစ်မှုထမ်းဟောင်းအရင်းအမြစ်စင်တာသည် စတုရန်းပေ ၁၃၀၀၀ ရှိမည်ဖြစ်ပြီး ၂ ထပ်အဆောက်အအုံအဖြစ် ဆောက်လုပ်မည် ဖြစ်သည်။
ထိုစင်တာတွင် ပညာရေးဆိုင်ရာအတန်းများနှင့် အခြားသော တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ အတန်းများအပြင် စစ်မှုထမ်းဟောင်း အကူအညီပေးရေးအုပ်စုများအတွက် ရုံးခန်းနေရာများ ပါဝင်မည် ဖြစ်သည်။
ထို့အပြင် စစ်မှုထမ်းဟောင်းများအတွက် ပန်းခြံတစ်ခုလည်း ဆောက်လုပ်ထားမည်ဖြစ်ပြီး အချင်းချင်း နွေးထွေးစွာ ဆက်ဆံနိုင်ရန် ရည်ရွယ်သည်။
(စစ်မှုထမ်းဟောင်း အရင်းအမြစ်စင်တာ။ ဓာတ်ပုံ- Jason Garnar/WBNG)
(တစ်နှစ်အတွင်း ပြီးစီးရန် ရည်မှန်းထားသည်။ ဓာတ်ပုံ- Jason Garnar/WBNG)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Inside the brand new tiny home village where rent is completely free – but you need to meet the requirements to stay (the-sun)
Photo Credit: Jason Garnar/WBNG
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဗြိတိန်တွင် ပေါင် ၁၇၅ သန်းတန်ကြေးအထိ ဈေးခေါ်ထားသော ဈေးအကြီးဆုံး လူနေခန်း
ဗြိတိန်တွင် ပေါင် ၁၇၅ သန်းတန်ကြေးအထိ ဈေးခေါ်ထားသော ဈေးအကြီးဆုံး လူနေခန်း
ဆန်ဖရန်စစ္စကိုမှ ဘီလျံနာသူဌေးတစ်ဦးက သူ၏ စံအိမ်အနီး ပင်လယ်ကမ်းခြေသို့ ပြည်သူများ လာရောက်နေကြသည်ကို မလိုလားသော်လည်း တရားသူကြီးက ခွင့်မပြု...
ဆန်ဖရန်စစ္စကိုမှ ဘီလျံနာသူဌေးတစ်ဦးက သူ၏ စံအိမ်အနီး ပင်လယ်ကမ်းခြေသို့ ပြည်သူများ လာရောက်နေကြသည်ကို မလိုလားသော်လည်း တရားသူကြီးက ခွင့်မပြု...
  တရုတ်ပြည် ထျန်ကျင်းမြို့တွင် လွန်ခဲ့သော ၈ နှစ်ကတည်းက ကြိုတင်ငွေပေးချေကာ တိုက်ခန်းဝယ်ယူထားသူများ ယနေ့တိုင် တိုက်ခန်းမရသေး...
  တရုတ်ပြည် ထျန်ကျင်းမြို့တွင် လွန်ခဲ့သော ၈ နှစ်ကတည်းက ကြိုတင်ငွေပေးချေကာ တိုက်ခန်းဝယ်ယူထားသူများ ယနေ့တိုင် တိုက်ခန်းမရသေး...
ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရုရှား ပါဝင်လာ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
ပင်လယ်ကမ်းခြေများရှိ အပန်းဖြေအိမ်ရာဈေးကွက် ကောင်းမွန်နေဆဲ
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြား...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ယူနန်ရွှေရောင်မျောက် ၊နှင်းဆီရောင်စပျစ်နီနဲ့ ပြုလုပ်ထားတဲ့ ဝိုင်နီကို ခံစားရင်း အေးချမ်းမှုဝိညာဉ်မွေးမြူနိုင်မယ့် တကယ့်နိဗ္ဗာန်သွားရာလမ်း Meili နှင်းတောင်တန်းများသို့ တစ်ခေါက်...
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
အိန္ဒိယတွင် သားနှင့်ချွေးမက အကြိမ်ကြိမ်ဆဲဆိုကာ ရိုင်းပြစော်ကားသည့်အပြင် သားသမီးများ တစ်ဦးမှ လာရောက်ကြည့်ရှုခြင်းမရှိသောက
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
(၁၆) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေနှင့်ကား အရောင်းပြပွဲကြီး
bkk-projects
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service