ဆန်ဖရန်စစ္စကိုမှ ဘီလျံနာသူဌေးတစ်ဦးက သူ၏ စံအိမ်အနီး ပင်လယ်ကမ်းခြေသို့ ပြည်သူများ လာရောက်နေကြသည်ကို မလိုလားသော်လည်း တရားသူကြီးက ခွင့်မပြု
ဆန်ဖရန်စစ္စကိုမှ ဘီလျံနာသူဌေးတစ်ဦးက သူ၏ စံအိမ်အနီး ပင်လယ်ကမ်းခြေသို့ ပြည်သူများ လာရောက်နေကြသည်ကို မလိုလားသော်လည်း တရားသူကြီးက ခွင့်မပြု - Property News in Myanmar from iMyanmarHouse.com
21 May 2024 10:51 am တွင် တင်ခဲ့သည်
583 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဆန်ဖရန်စစ္စကိုမှ ဘီလျံနာသူဌေးတစ်ဦးသည် လွန်ခဲ့သော ၁၅ နှစ်တာ ကာလပတ်လုံး သူ၏ စံအိမ်အနီး ပင်လယ်ကမ်းခြေသို့ အခြားသူများ လာရောက်မှု ပိတ်ပင်နိုင်ရန် ကြိုးစားအားထုတ်ခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ်မှ တရားသူကြီးတစ်ဦးက ဘီလျံနာသူဌေး ဗီနော့ ခိုစလာ၏ အလိုနှင့် ဆန့်ကျင်သည့် အမိန့်တစ်ရပ် ချမှတ်ခဲ့ကြောင်း Bloomberg သတင်းဌာနက ပြီးခဲ့သော စနေနေ့က ဖော်ပြသည်။
တရားသူကြီး Raymond Swope က ဘီလျံနာသူဌေး ခိုစလာ၏ လိုလားချက်ကို ပယ်ချခဲ့ရာ ခိုစလာအနေဖြင့် နာမည်ကျော် ရေလွှာလျှောစီးသည့်နေရာဖြစ်သော Martins ကမ်းခြေသို့ အခြားသူများ ဝင်ရောက်ခွင့် ပိတ်ပင် နိုင်တော့မည် မဟုတ်ချေ။
ဘီလျံနာသူဌေးကြီး ခိုစလာသည် ၂၀၀၈ ခုနှစ်အတွင်းက အဆိုပါ ကမ်းခြေအနီးရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၃၂ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း Bloomberg သတင်းဌာနက ဖော်ပြသည်။
ထိုစံအိမ်ကို ဝယ်ယူပြီး မကြာမီတွင်ပင် ပင်လယ်ဆီသို့ ဦးတည်သည့် လမ်းကို ဂိတ်တံခါးတစ်ခု ခတ်လိုက်သည်။
အခြားသူများ ကမ်းခြေသို့ မသွားနိုင်စေရန် ဖြစ်သည်။
ခိုစလာ၏ ရှေ့နေများက ပြောသည်မှာ သူဌေးကြီးခိုစလာသည် စံအိမ်ပိုင်ရှင်ဖြစ်သောကြောင့် ဂိတ်တံခါး ခတ်ခြင်းမှာ ဥပဒေနှင့်အညီဖြစ်ကြောင်း ပြောသည်။
သို့သော် အခြားသူတို့က သဘောမတူကြ။
ထို့ကြောင့် တရားတဘောင် ရင်ဆိုင်ကြရာ ၂၀၁၈ ခုနှစ်တွင် အမေရိကန် တရားလွှတ်တော်ချုပ်အထိ ရောက်ရှိခဲ့သည်။
တရားလွှတ်တော် တရားသူကြီးတို့က ခိုစလာ၏ အယူခံကို လက်မခံခဲ့ဘဲ အောက်ရုံး၏ အမိန့်ကိုသာ အတည်ပြုခဲ့သည်။
တရားလွှတ်တော်ချုပ်က Surfrider Foundation ကို အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖောင်ဒေးရှင်းသည် ပင်လယ်သမုဒ္ဒရာများနှင့် ကမ်းခြေများ ကာကွယ်ရေးအတွက် ရှေ့ဆောင်ရှေ့ရွက်ပြု လှုပ်ရှားနေသော အကျိုးအမြတ်အတွက် မဟုတ်သည့်အဖွဲ့အစည်း ဖြစ်သည်။
ယခုအခါ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးအဖွဲ့မှ State Lands ကော်မရှင်ကလည်း သူဌေးကြီး ခိုစလာအား အများပြည်သူတို့ ကမ်းခြေဝင်ရောက်ခွင့် ပိတ်ပင်ခြင်းမလုပ်ရန် ညွှန်ကြားထားသည်။
ပြီးခဲ့သော တနင်္လာနေ့က ကြားနာမှုတွင် ခိုစလာက တရားသူကြီးအား ဆုံးဖြတ်ချက်အမိန့်ကို ပြန်လည်သုံးသပ် ပေးပါရန် တောင်းဆိုခဲ့ဖွယ်ရာ ရှိသည်။
Bloomberg သတင်းဌာနက သူဌေးကြီးခိုစလာ၏ ရှေ့နေထံဆက်သွယ်မေးမြန်းခဲ့သော်လည်း မှတ်ချက် တစုံတရာပေးခြင်း မရှိချေ။
ကယ်လီဖိုးနီးယားပြည်နယ်တွင် ကမ်းခြေသို့ ဝင်ရောက်ခွင့်ရရေးပြဿနာမှာ မကြာခဏပေါ်ပေါက်နေသည်။
ကမ်းခြေမှ အိမ်ရှင်များနှင့် အများပြည်သူတို့အကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်မှာ ဆယ်စုနှစ် များစွာ ရှိခဲ့ပြီ ဖြစ်သည်။
သာဓကအားဖြင့်ဆိုလျှင် ပြီးခဲ့သောနှစ်အတွင်းက Escondido ကမ်းခြေသို့ အများပြည်သူ ဝင်ရောက်ခွင့် ရရေး နှစ်ပေါင်း ၄၀ အငြင်းပွားခဲ့ကြပြီး နောက်ဆုံးတွင် ကမ်းခြေသို့ အများပြည်သူများ ဝင်ရောက်ခွင့် ရခဲ့ကြသည်။
အဆိုပါ အမှုတွင် ကမ်းခြေသို့ ဝင်သည့်လမ်းကို ၁၉၈၀ ပြည့်လွန်ကာလများကတည်းက ပိတ်ထားခဲ့သည့် အိမ်ရှင် ၂ ဦးက အများပြည်သူတို့ ပြန်လည်အသုံးပြုခွင့်ပေးရန် သဘောတူခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: A San Francisco Billionaire Wants to Keep People Off the Beach Near His Home. A Judge Just Said No. (robbreport)
Photo Credit: Getty image 
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service