နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည်

နော်ဝေနှင့် မြောက်ဝင်ရိုးစွန်းကြားရှိ ဧကပေါင်း ၁၄၀၀၀ ကျော် ကျယ်ဝန်းသော ပုဂ္ဂလိကပိုင် ကျွန်းစုတစ်ခု ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
20 May 2024 11:11 am တွင် တင်ခဲ့သည်
932 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အာတိတ်ဒေသရှိ ပုဂ္ဂလိကပိုင် Svalbard ကျွန်း ယူရို သန်း ၃၀၀ (ကန်ဒေါ်လာ ၃၂၄ သန်း) ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

အကျယ်အဝန်းမှာ ဧကပေါင်း ၁၄၈၃၀ (၂၃ ဒသမ ၂ စတုရန်းမိုင်) ရှိသည်။

ထိုနေရာသည် သဘာဝပတ်ဝန်းကျင်၊ သိပ္ပံပညာနှင့် စီးပွားရေးကဏ္ဍတို့အတွက် အလွန်အရေးပါကြောင်း အရောင်းဈေးကွက်တင်ပေးသည့် Knight Frank အိမ်ခြံမြေကုမ္ပဏီ၏ ကြော်ငြာတွင် ဖော်ပြသည်။

တည်နေရာမှာ နော်ဝေနိုင်ငံနှင့် မြောက်ဝင်ရိုးစွန်းကြားတွင် ဖြစ်သည်။

ရေခဲပြင်များ အရည်ပျော်လာနေပြီး သင်္ဘောလမ်းကြောင်းသစ်များ ပေါ်ပေါက်လာမှုတို့ကြောင့် ဤမြေနေရာ၏ မဟာဗျူဟာတန်ဖိုးမြင့်မားလာမှုနှင့်အတူ ပထဝီနိုင်ငံရေးအရလည်း ကြီးမားသော အရေးပါမှုများ ရှိလာသည်။

 

 

(ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေခဲပြင်များ အရည်ပျော်လာမှုနှင့်အတူ အာတိတ်ဒေသမှာ ပထဝီနိုင်ငံရေးအရ အရေးပါလာသည်။ ဓာတ်ပုံ-Knight Frank)

“ပထဝီနိုင်ငံရေး၊ မဟာဗျူဟာ ရှုထောင့်တွေကနေ သုံးသပ်မယ်ဆိုရင် ရာသီဥတုပြောင်းလဲမှု၊ အာတိတ်ဒေသရဲ့ အကျိုးစီးပွား ယေဘုယျ မြင့်တက်လာမှုတွေကြောင့် ဒီမြေနေရာဟာ ဘာနဲ့မှမတူတဲ့ အခွင့်အလမ်းတစ်ခုပါပဲ” ဟု ရောင်းချသူတို့က ပြောသည်။

Svalbard ကျွန်းစုတွင် တည်ရှိပြီး ထိုကျွန်းစု၏ အကြီးမားဆုံးလူသူရှိရာအရပ်ဖြစ်သော လောင်းယာဗြန်မှ လှေဖြင့် ၃ နာရီခရီးအကွာတွင် ရှိသည်။

(ဆက်စပ်သတင်း)

ကမ္ဘာပေါ်က သေဆုံးခွင့် မပြုသော ထူးထူးဆန်းဆန်းမြို့များ

https://www.imyanmarhouse.com/news/read/903047

 

လောင်းယာဗြန်နှင့် နော်ဝေနိုင်ငံ၏မြို့တော် အော့စလိုအကြား ပုံမှန်လေကြောင်းခရီးစဉ်များရှိကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

ချောက်ကမ်းပါးများအကြားမှ ပင်လယ်ရေဝင်လမ်းကြောင်းတစ်ခုတွင် တည်ရှိပြီး ကမ်းခြေအလျား ၅ ကီလိုမီတာ (၃ မိုင်) အပြင် တောင်များ၊ ရေခဲတောင်များနှင့် တောရိုင်းတိရ စ္ဆာန်တို့ ပေါများကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

 

(ဤကျွန်းနေရာသည် Svalbard Treaty ၏ အုပ်ချုပ်ကွပ်ကဲမှုအောက်တွင် ရှိသည်။ ဓာတ်ပုံ-Knight Frank)

(မှတ်ချက်။ Svalbard Treaty သည် ကုလသမဂ္ဂမပေါ်ပေါက်မီက နိုင်ငံပေါင်းချုပ်အသင်းကြီးအဖြစ် ရှိခဲ့စဉ် Svalbard ကျွန်းနေရာကို နော်ဝေအား ထိန်းချုပ်စီမံခွင့်ပေးသည့် စာချုပ်ဖြစ်သည်)

ကျွန်းကို ဝယ်ယူမည့်သူသည် ကျွန်းကို ပိုင်ဆိုင်သည့် နော်ဝေ ပုဂ္ဂလိက ကုမ္ပဏီဖြစ်သော Aktieselskabet Kulspids ကို ပိုင်ဆိုင်ရမည် ဖြစ်သည်။

အဆိုပါကုမ္ပဏီကို အော့စလိုမြို့မှ ချမ်းသာကြွယ်ဝသော စက်မှုလုပ်ငန်းရှင် မိသားစုများက လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ရောင်းချသူများကို ကိုယ်စားပြုသည့် ရှေ့နေဖြစ်သူ Per Kyllingstad က CNN သတင်းဌာနသို့ ပြောသည်။

ထိုပိုင်ရှင်တို့က ကျွန်းပေါ်တွင် ကျောက်ဂွမ်းတူးဖော်ထုတ်လုပ်ရန် ဖြစ်နိုင်ချေကို လေ့လာခဲ့ကြသေးသည်။

သို့သော် တူးဖော်ရန်မဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ပြီးနောက်ပိုင်း မည်သည့်အခြေချနေထိုင်လှုပ်ရှားမှုများမှ မရှိခဲ့ကြောင်း Kyllingstad က ပြောသည်။

 

(Svalbard ကျွန်းစု၏ အကြီးမားဆုံး ပုဂ္ဂလိကပိုင် ကျွန်းဖြစ်သည်။ ဓာတ်ပုံ-Knight Frank)

 

နိုင်ငံများ၊ အစိုးရအဖွဲ့များ၏ ဌာနဆိုင်ရာများ၊ အလွန်ချမ်းသာကြွယ်ဝသူများ ဝယ်ယူနိုင်ကြောင်း ယခု အရောင်းအဝယ်တွင် Kyllingstad နှင့် လက်တွဲဆောင်ရွက်နေသော Zeiler Floyd Zadkovich ၏ ရှေ့နေဖြစ်သူ Jonathan Webb က CNN သတင်းဌာနသို့ ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Got a spare $324 million? Buy a slice of this strategic Arctic archipelago

Photo Credit: Knight Frank

 

 

  [Zawgyi] ေနာ္ေဝႏွင့္ ေျမာက္ဝင္႐ိုးစြန္းၾကား႐ွိ ဧကေပါင္း ၁၄၀၀၀ ေက်ာ္ က်ယ္ဝန္းေသာ ပုဂၢလိကပိုင္ ကြၽန္းစုတစ္ခု ယူ႐ို သန္း ၃၀၀ (ကန္ေဒၚလာ ၃၂၄ သန္း) ျဖင့္ ေရာင္းမည္

 

အာတိတ္ေဒသ႐ွိ ပုဂၢလိကပိုင္ Svalbard ကြၽန္း ယူ႐ို သန္း ၃၀၀ (ကန္ေဒၚလာ ၃၂၄ သန္း) ျဖင့္ အေရာင္းေဈးကြက္ဝင္လာသည္။

အက်ယ္အဝန္းမွာ ဧကေပါင္း ၁၄၈၃၀ (၂၃ ဒသမ ၂ စတုရန္းမိုင္) ႐ွိသည္။

ထိုေနရာသည္ သဘာဝပတ္ဝန္းက်င္၊ သိပၸံပညာႏွင့္ စီးပြားေရးက႑တို႔အတြက္ အလြန္အေရးပါေၾကာင္း အေရာင္းေဈးကြက္တင္ေပးသည့္ Knight Frank အိမ္ျခံေျမကုမၸဏီ၏ ေၾကာ္ျငာတြင္ ေဖာ္ျပသည္။

တည္ေနရာမွာ ေနာ္ေဝႏိုင္ငံႏွင့္ ေျမာက္ဝင္႐ိုးစြန္းၾကားတြင္ ျဖစ္သည္။ ေရခဲျပင္မ်ား အရည္ေပ်ာ္လာေနၿပီး သေဘၤာလမ္းေၾကာင္းသစ္မ်ား ေပၚေပါက္လာမႈတို႔ေၾကာင့္ ဤေျမေနရာ၏ မဟာဗ်ဴဟာတန္ဖိုးျမင့္မားလာမႈႏွင့္အတူ ပထဝီႏိုင္ငံေရးအရလည္း ႀကီးမားေသာ အေရးပါမႈမ်ား ႐ွိလာသည္။

 

(ရာသီဥတုေျပာင္းလဲမႈေၾကာင့္ ပင္လယ္ေရခဲျပင္မ်ား အရည္ေပ်ာ္လာမႈႏွင့္အတူ အာတိတ္ေဒသမွာ ပထဝီႏိုင္ငံေရးအရ အေရးပါလာသည္။ ဓာတ္ပုံ-Knight Frank)

“ပထဝီႏိုင္ငံေရး၊ မဟာဗ်ဴဟာ ႐ႈေထာင့္ေတြကေန သုံးသပ္မယ္ဆိုရင္ ရာသီဥတုေျပာင္းလဲမႈ၊ အာတိတ္ေဒသရဲ႕ အက်ိဳးစီးပြား ေယဘုယ် ျမင့္တက္လာမႈေတြေၾကာင့္ ဒီေျမေနရာဟာ ဘာနဲ႔မွမတူတဲ့ အခြင့္အလမ္းတစ္ခုပါပဲ” ဟု ေရာင္းခ်သူတို႔က ေျပာသည္။

Svalbard ကြၽန္းစုတြင္ တည္႐ွိၿပီး ထိုကြၽန္းစု၏ အႀကီးမားဆုံးလူသူ႐ွိရာအရပ္ျဖစ္ေသာ ေလာင္းယာျဗန္မွ ေလွျဖင့္ ၃ နာရီခရီးအကြာတြင္ ႐ွိသည္။

(ဆက္စပ္သတင္း)

ကမ႓ာေပၚက ေသဆုံးခြင့္ မျပဳေသာ ထူးထူးဆန္းဆန္းၿမိဳ႕မ်ား

https://www.imyanmarhouse.com/news/read/903047

ေလာင္းယာျဗန္ႏွင့္ ေနာ္ေဝႏိုင္ငံ၏ၿမိဳ႕ေတာ္ ေအာ့စလိုအၾကား ပုံမွန္ေလေၾကာင္းခရီးစဥ္မ်ား႐ွိေၾကာင္း ေဈးကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

ေခ်ာက္ကမ္းပါးမ်ားအၾကားမွ ပင္လယ္ေရဝင္လမ္းေၾကာင္းတစ္ခုတြင္ တည္႐ွိၿပီး ကမ္းေျခအလ်ား ၅ ကီလိုမီတာ (၃ မိုင္) အျပင္ ေတာင္မ်ား၊ ေရခဲေတာင္မ်ားႏွင့္ ေတာ႐ိုင္းတိရ စၧာန္တို႔ ေပါမ်ားေၾကာင္း ေဈးကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

(ဤကြၽန္းေနရာသည္ Svalbard Treaty ၏ အုပ္ခ်ဳပ္ကြပ္ကဲမႈေအာက္တြင္ ႐ွိသည္။ ဓာတ္ပုံ-Knight Frank)

(မွတ္ခ်က္။ Svalbard Treaty သည္ ကုလသမဂၢမေပၚေပါက္မီက ႏိုင္ငံေပါင္းခ်ဳပ္အသင္းႀကီးအျဖစ္ ႐ွိခဲ့စဥ္ Svalbard ကြၽန္းေနရာကို ေနာ္ေဝအား ထိန္းခ်ဳပ္စီမံခြင့္ေပးသည့္ စာခ်ဳပ္ျဖစ္သည္)

ကြၽန္းကို ဝယ္ယူမည့္သူသည္ ကြၽန္းကို ပိုင္ဆိုင္သည့္ ေနာ္ေဝ ပုဂၢလိက ကုမၸဏီျဖစ္ေသာ Aktieselskabet Kulspids ကို ပိုင္ဆိုင္ရမည္ ျဖစ္သည္။

အဆိုပါကုမၸဏီကို ေအာ့စလိုၿမိဳ႕မွ ခ်မ္းသာႂကြယ္ဝေသာ စက္မႈလုပ္ငန္း႐ွင္ မိသားစုမ်ားက လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္က တည္ေထာင္ခဲ့ျခင္းျဖစ္ေၾကာင္း ေရာင္းခ်သူမ်ားကို ကိုယ္စားျပဳသည့္ ေ႐ွ႕ေနျဖစ္သူ Per Kyllingstad က CNN သတင္းဌာနသို႔ ေျပာသည္။

ထိုပိုင္႐ွင္တို႔က ကြၽန္းေပၚတြင္ ေက်ာက္ဂြမ္းတူးေဖာ္ထုတ္လုပ္ရန္ ျဖစ္ႏိုင္ေခ်ကို ေလ့လာခဲ့ၾကေသးသည္။

သို႔ေသာ္ တူးေဖာ္ရန္မျဖစ္ႏိုင္ေၾကာင္း ေတြ႕႐ွိခဲ့ၿပီးေနာက္ပိုင္း မည္သည့္အေျခခ်ေနထိုင္လႈပ္႐ွားမႈမ်ားမွ မ႐ွိခဲ့ေၾကာင္း Kyllingstad က ေျပာသည္။

(Svalbard ကြၽန္းစု၏ အႀကီးမားဆုံး ပုဂၢလိကပိုင္ ကြၽန္းျဖစ္သည္။ ဓာတ္ပုံ-Knight Frank)

ႏိုင္ငံမ်ား၊ အစိုးရအဖြဲ႕မ်ား၏ ဌာနဆိုင္ရာမ်ား၊ အလြန္ခ်မ္းသာႂကြယ္ဝသူမ်ား ဝယ္ယူႏိုင္ေၾကာင္း ယခု အေရာင္းအဝယ္တြင္ Kyllingstad ႏွင့္ လက္တြဲေဆာင္႐ြက္ေနေသာ Zeiler Floyd Zadkovich ၏ ေ႐ွ႕ေနျဖစ္သူ Jonathan Webb က CNN သတင္းဌာနသို႔ ေျပာသည္။

 

 

Ref: Got a spare $324 million? Buy a slice of this strategic Arctic archipelago

Photo Credit: Knight Frank

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service