တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက်

တရုတ်ပြည် ဟန်ကျိုးမြို့တွင် ရောင်းမထွက်သော အိမ်ခြံမြေများကို အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်ရာ အိမ်ခြံမြေ developer ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ မြင့်တက် - Property News in Myanmar from iMyanmarHouse.com
20 May 2024 10:37 am တွင် တင်ခဲ့သည်
882 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

တရုတ်ပြည်တွင် မရောင်းရသော အိမ်ခြံမြေများကို မြို့အုပ်ချုပ်ရေးအဖွဲ့က ဝယ်ယူရန် စီစဉ်လာရာ အိမ်ခြံမြေဈေးကွက်တွင် မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။

ဟန်ကျိုးမြို့အုပ်ချုပ်ရေးအဖွဲ့က ယခုခြေလှမ်းကို အကောင်အထည်ဖော်ရန် စီစဉ်လာခြင်း ဖြစ်သည်။

သို့သော် အကဲခတ်ပုဂ္ဂိုလ်များနှင့် စီးပွားရေးပညာရှင်များကမူ ယခုကဲ့သို့ အကူအညီမည်မျှ တာသွားနိုင်မည် ဆိုခြင်းနှင့် အိမ်ခြံမြေဈေးကွက်ကို ကယ်တင်ရန် အကောင်းဆုံးနည်းလမ်းဟုတ်မဟုတ် သံသယရှိနေကြသည်။

အဆိုပါသတင်းထွက်ပေါ်လာပြီးနောက်ပိုင်း အိမ်ခြံမြေ developer ကုမ္ပဏီ CIFI Holdings ၏ ရှယ်ယာများမှာ ပြီးခဲ့သော ကြာသပတေးနေ့က ၂၉ ရာခိုင်နှုန်းမြင့်တက်သွားခဲ့ရာ ၆ လတာနီးပါးအတွင်း အမြင့်မားဆုံး ဈေးတက်ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့အပြင် China Vanke ၏ ရှယ်ယာများမှာလည်း ဟောင်ကောင်ဒေါ်လာ ၅ ဒသမ ၇၃ သို့ ၁၆ ရာခိုင်နှုန်း မြင့်တက်သွားခဲ့သည်။

တရုတ်ပြည် ကျဲကျန်းပြည်နယ်၏ မြို့တော် ဟန်ကျိုးမြို့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့သော အင်္ဂါနေ့တွင် ကြေညာခဲ့ သည်မှာ ရောင်းမထွက်သော နေအိမ်များကို ဝယ်ယူကာ သက်သာသောနှုန်းထားဖြင့် အငှားချထားပေးမည် ဖြစ်ကြောင်း၊ မရောင်းရသော အိမ်ခြံမြေပမာဏ လျှော့ချရန်နှင့် ရောင်းအားမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ကြောင်း ထုတ်ပြန်သည်။

ဟန်ကျိုးသည် Alibaba Group Holding နှင့် ကားထုတ်လုပ်သူ Geely တို့ အခြေစိုက်ရာဒေသလည်း ဖြစ်သည်။

ယခုခြေလှမ်းကို ဟန်ကျိုးမြို့ Linan ခရိုင်တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး စတုရန်း ၇၀ မီတာထက် မကျော်သည့် လူနေခန်း ဧရိယာစုစုပေါင်း စတုရန်းမီတာ ၁၀,၀၀၀ ဝယ်ယူသွားရန် စီစဉ်ထားသည်။

ယခုခြေလှမ်းမှာ တရုတ်ပြည်တစ်ခုလုံး အတိုင်းအတာနှင့်ဆိုလျှင် သမုဒ္ဒရာထဲမှ ရေတစ်ပေါက်မျှသာ ဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း တရုတ်ပြည်တစ်ခုလုံးတွင် မရောင်းရသောနေအိမ်များ၏ စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်းမီတာ သန်း ၃၃၀ ရှိရာ ၂၀၁၆ ခုနှစ်နောက်ပိုင်း အမြင့်မားဆုံး ပမာဏလည်း ဖြစ်သည်။

၂၀၂၂ ခုနှစ်အတွင်း မဆောက်လုပ်ရသေးသော (သို့မဟုတ်) မပြီးစီးသေးသော ကြိုပွိုင့်ရောင်းချထားသည့် နေအိမ်ပေါင်း တရုတ်ပြည်တဝန်းတွင် သန်း ၂၀ ခန့် ရှိသည်။

အဆိုပါအိမ်များ ဆောက်လုပ်ပြီးစီးရန် ယွမ်ငွေ ၃ ဒသမ ၂ ထရီလီယံ (ကန်ဒေါ်လာ ၄၄၄၄ ဘီလီယံ) လိုအပ် မည်ဖြစ်ကြောင်း ဂျပန်ရင်းနှီးမြှုပ်နှံမှုဘဏ် Nomura က ခန့်မှန်းသည်။

ကွန်မြူနစ်ပါတီ၏ ဆုံးဖြတ်ချက်ချနိုင်သည့် ထိပ်ဆုံးအဖွဲ့ဖြစ်သော ပေါ်လစ်ဗျူရိုက ပြီးခဲ့သော ရက်သတ္တ ၂ ပတ် ခန့်က ပြောခဲ့သည်မှာ မရောင်းရသော အိမ်ခြံမြေပမာဏ လျှော့ချရန်နှင့် ရောင်းအားမြှင့်တင်ပေးနိုင်ရန် ကျယ်ပြန့်သော ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း ပြောသည်။

 

(တရုတ်ပြည်၊ ကျိနန်မြို့တွင် ဆောက်လုပ်ဆဲ လူနေအဆောက်အအုံများကို ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်က တွေ့ရပုံ။ ဓာတ်ပုံ-Bloomberg)

“ဒီခြေလှမ်းဟာ အားပေးမှုတစ်ရပ်အဖြစ် ရှုမြင်ပါတယ်။ မရောင်းရတဲ့ အိမ်တွေ များပြားနေမှုကို ဒါက တစိတ်တပိုင်း အကူအညီပေးနိုင်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် အိမ်ခြံမြေဝယ်လိုအား နည်းပါးတဲ့ မြို့ကြီးပြကြီးမဟုတ်တဲ့ မြို့ငယ်တွေမှာ ဖြစ်ပါတယ်”ဟု ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီ Morningstar မှ equity analyst ဖြစ်သူ Jeff Zhang က ပြောသည်။

ယခုခြေလှမ်းသည် အခြားမြို့များသို့ ထပ်မံတိုးချဲ့အကောင်အထည်ဖော်မှု ရှိမရှိ အထူးသတိထားကြောင်းလည်း ၎င်းက ပြောသည်။

“ဒါဟာ အိမ်ခြံမြေဈေးကွက်ကို ကယ်တင်ဖို့ အကောင်းဆုံးကုထုံး မဖြစ်နိုင်ပါဘူး” ဟု Nomura ဘဏ်မှ အကြီးအကဲစီးပွားရေးပညာရှင် Lu Ting က ပြောသည်။

အပြီးမသတ်သော နေအိမ်များနှင့် ဈေးနှုန်းကျဆင်းနေမှုများအကြား ဝယ်ယူသူတို့၏ ယုံကြည်ချက် ပျောက်ဆုံးနေမှုကို ယခုလုပ်ဆောင်မှုက ကုစားပေးနိုင်မည်မဟုတ်ကြောင်း Lu Ting က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China property: government buying of unsold homes lifts sentiment but is no cure-all for market doldrums, analysts say (scmp)

Photo Credit-Bloomberg

 

 

[Zawgyi]

တရုတ္ျပည္ ဟန္က်ဳိးျမိဳ႕တြင္ ေရာင္းမထြက္ေသာ အိမ္ျခံေျမမ်ားကို အုပ္ခ်ဳပ္ေရးအဖြဲ႔က ဝယ္ယူမည္ျဖစ္ေၾကာင္း ေၾကညာလိုက္ရာ အိမ္ျခံေျမ developer ကုမၸဏီတို႔၏ ရွယ္ယာေစ်းမ်ား ျမင့္တက္

 

တရုတ္ျပည္တြင္ မေရာင္းရေသာ အိမ္ျခံေျမမ်ားကို ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ဝယ္ယူရန္ စီစဥ္လာရာ အိမ္ျခံေျမေစ်းကြက္တြင္ ေမွ်ာ္လင့္ခ်က္မ်ား ျမင့္တက္လာခဲ့သည္။

ဟန္က်ဳိးျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ယခုေျခလွမ္းကို အေကာင္အထည္ေဖာ္ရန္ စီစဥ္လာျခင္း ျဖစ္သည္။

သို႔ေသာ္ အကဲခတ္ပုဂၢိဳလ္မ်ားႏွင့္ စီးပြားေရးပညာရွင္မ်ားကမူ ယခုကဲ့သို႔ အကူအညီမည္မွ် တာသြားႏိုင္မည္ ဆိုျခင္းႏွင့္ အိမ္ျခံေျမေစ်းကြက္ကို ကယ္တင္ရန္ အေကာင္းဆံုးနည္းလမ္းဟုတ္မဟုတ္ သံသယရွိေနၾကသည္။

အဆိုပါသတင္းထြက္ေပၚလာျပီးေနာက္ပိုင္း အိမ္ျခံေျမ developer ကုမၸဏီ CIFI Holdings ၏ ရွယ္ယာမ်ားမွာ ျပီးခဲ့ေသာ ၾကာသပေတးေန႔က ၂၉ ရာခိုင္ႏႈန္းျမင့္တက္သြားခဲ့ရာ ၆ လတာနီးပါးအတြင္း အျမင့္မားဆံုး ေစ်းတက္ခဲ့ျခင္းလည္း ျဖစ္သည္။

ထို႔အျပင္ China Vanke ၏ ရွယ္ယာမ်ားမွာလည္း ေဟာင္ေကာင္ေဒၚလာ ၅ ဒသမ ၇၃ သို႔ ၁၆ ရာခိုင္ႏႈန္း ျမင့္တက္သြားခဲ့သည္။

တရုတ္ျပည္ က်ဲက်န္းျပည္နယ္၏ ျမိဳ႕ေတာ္ ဟန္က်ဳိးျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ျပီးခဲ့ေသာ အဂၤါေန႔တြင္ ေၾကညာခဲ့ သည္မွာ ေရာင္းမထြက္ေသာ ေနအိမ္မ်ားကို ဝယ္ယူကာ သက္သာေသာႏႈန္းထားျဖင့္ အငွားခ်ထားေပးမည္ ျဖစ္ေၾကာင္း၊ မေရာင္းရေသာ အိမ္ျခံေျမပမာဏ ေလွ်ာ့ခ်ရန္ႏွင့္ ေရာင္းအားျမွင့္တင္ေပးႏိုင္ရန္ ရည္ရြယ္ေၾကာင္း ထုတ္ျပန္သည္။

ဟန္က်ဳိးသည္ Alibaba Group Holding ႏွင့္ ကားထုတ္လုပ္သူ Geely တို႔ အေျခစိုက္ရာေဒသလည္း ျဖစ္သည္။

ယခုေျခလွမ္းကို ဟန္က်ဳိးျမဳိ႕ Linan ခရိုင္တြင္ အေကာင္အထည္ေဖာ္မည္ျဖစ္ျပီး စတုရန္း ၇၀ မီတာထက္ မေက်ာ္သည့္ လူေနခန္း ဧရိယာစုစုေပါင္း စတုရန္းမီတာ ၁၀,၀၀၀ ဝယ္ယူသြားရန္ စီစဥ္ထားသည္။

ယခုေျခလွမ္းမွာ တရုတ္ျပည္တစ္ခုလံုး အတုိင္းအတာႏွင့္ဆိုလွ်င္ သမုဒၵရာထဲမွ ေရတစ္ေပါက္မွ်သာ ျဖစ္သည္။

၂၀၂၃ ခုႏွစ္အတြင္း တရုတ္ျပည္တစ္ခုလံုးတြင္ မေရာင္းရေသာေနအိမ္မ်ား၏ စုစုေပါင္း အက်ယ္အဝန္းမွာ စတုရန္းမီတာ သန္း ၃၃၀ ရွိရာ ၂၀၁၆ ခုႏွစ္ေနာက္ပိုင္း အျမင့္မားဆံုး ပမာဏလည္း ျဖစ္သည္။

၂၀၂၂ ခုႏွစ္အတြင္း မေဆာက္လုပ္ရေသးေသာ (သို႔မဟုတ္) မျပီးစီးေသးေသာ ၾကဳိပြိဳင့္ေရာင္းခ်ထားသည့္ ေနအိမ္ေပါင္း တရုတ္ျပည္တဝန္းတြင္ သန္း ၂၀ ခန္႔ ရွိသည္။

အဆုိပါအိမ္မ်ား ေဆာက္လုပ္ျပီးစီးရန္ ယြမ္ေငြ ၃ ဒသမ ၂ ထရီလီယံ (ကန္ေဒၚလာ ၄၄၄၄ ဘီလီယံ) လိုအပ္ မည္ျဖစ္ေၾကာင္း ဂ်ပန္ရင္းႏွီးျမွဳပ္ႏွံမႈဘဏ္ Nomura က ခန္႔မွန္းသည္။

ကြန္ျမဴနစ္ပါတီ၏ ဆံုးျဖတ္ခ်က္ခ်ႏုိင္သည့္ ထိပ္ဆံုးအဖြဲ႔ျဖစ္ေသာ ေပၚလစ္ဗ်ဴရိုက ျပီးခဲ့ေသာ ရက္သတၱ ၂ ပတ္ ခန္႔က ေျပာခဲ့သည္မွာ မေရာင္းရေသာ အိမ္ျခံေျမပမာဏ ေလွ်ာ့ခ်ရန္ႏွင့္ ေရာင္းအားျမွင့္တင္ေပးႏိုင္ရန္ က်ယ္ျပန္႔ေသာ ေဆာင္ရြက္မႈမ်ား လုပ္ေဆာင္ေနေၾကာင္း ေျပာသည္။

 

(တရုတ္ျပည္၊ က်ိနန္ျမိဳ႕တြင္ ေဆာက္လုပ္ဆဲ လူေနအေဆာက္အအံုမ်ားကို ၂၀၂၄ ခုႏွစ္၊ ေမလ ၉ ရက္က ေတြ႔ရပံု။ ဓာတ္ပံု-Bloomberg)

“ဒီေျခလွမ္းဟာ အားေပးမႈတစ္ရပ္အျဖစ္ ရႈျမင္ပါတယ္။ မေရာင္းရတဲ့ အိမ္ေတြ မ်ားျပားေနမႈကို ဒါက တစိတ္တပိုင္း အကူအညီေပးႏိုင္မယ္လို႔ ထင္ပါတယ္။ အထူးသျဖင့္ အိမ္ျခံေျမဝယ္လိုအား နည္းပါးတ့ဲ ျမိဳ႕ၾကီးျပၾကီးမဟုတ္တဲ့ ျမိဳ႕ငယ္ေတြမွာ ျဖစ္ပါတယ္”ဟု ဘ႑ာေရးဝန္ေဆာင္မႈ ကုမၸဏီ Morningstar မွ equity analyst ျဖစ္သူ Jeff Zhang က ေျပာသည္။

ယခုေျခလွမ္းသည္ အျခားျမဳိ႕မ်ားသို႔ ထပ္မံတုိးခ်ဲ႕အေကာင္အထည္ေဖာ္မႈ ရွိမရွိ အထူးသတိထားေၾကာင္းလည္း ၎က ေျပာသည္။

“ဒါဟာ အိမ္ျခံေျမေစ်းကြက္ကို ကယ္တင္ဖု႔ိ အေကာင္းဆံုးကုထံုး မျဖစ္ႏိုင္ပါဘူး”ဟု Nomura ဘဏ္မွ အၾကီးအကဲစီးပြားေရးပညာရွင္ Lu Ting က ေျပာသည္။

အျပီးမသတ္ေသာ ေနအိမ္မ်ားႏွင့္ ေစ်းႏႈန္းက်ဆင္းေနမႈမ်ားအၾကား ဝယ္ယူသူတို႔၏ ယံုၾကည္ခ်က္ ေပ်ာက္ဆံုးေနမႈကို ယခုလုပ္ေဆာင္မႈ က ကုစားေပးႏုိင္မည္မဟုတ္ေၾကာင္း Lu Ting က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China property: government buying of unsold homes lifts sentiment but is no cure-all for market doldrums, analysts say (scmp)

Photo Credit-Bloomberg

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင် ၄ နာရီခန့် ကိုယ်ဖော့ကာ မျှောနေခဲ့ပြီး မသေမပျောက်အသက်ရှင်ခဲ့...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
Elon Musk က ဆိုလာပြား၊ ဘက်ထရီ ၊ နောက်ဆုံးပေါ် နည်းပညာတွေထည့်ပေးထားတဲ့ Tesla အိမ်တစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်လောက်နဲ့ ဈေးကွက်ထဲပို့ပေးမယ်...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service