သိမှတ်စရာ စရံချထားတဲ့မြေကွက်က ဂရန်ကတုံးဖြစ်နေတဲ့အခါ.....

သိမှတ်စရာ စရံချထားတဲ့မြေကွက်က ဂရန်ကတုံးဖြစ်နေတဲ့အခါ..... - Property Knowledge in Myanmar from iMyanmarHouse.com
4 Feb 2024 12:35 pm တွင် တင်ခဲ့သည်
501 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

စရံချထားတဲ့မြေကွက်က ဂရန်ကတုံးဖြစ်နေတယ်ဆိုတာ စာချုပ်ချုပ်ခါနီးမှသိလို့ ဘယ်လိုဆက်လုပ်သင့်ပါသလဲဆိုတဲ့ မေးခွန်းအပါအဝင် အိမ်ခြံမြေဥပဒေအမေးအဖြေသုံးခုကို ဒီကနေ့ညမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

 

မေးခွန်း (၁ ) - စရံချထားတဲ့မြေကွက်က ဂရန်ကတုံးဖြစ်နေတယ်ဆိုတာ စာချုပ်ချုပ်ခါနီးမှသိလို့ ဘယ်လိုဆက်လုပ် သင့်ပါသလဲ။

 

ဂရန်မြေများအား ဂရန်အမည်ပေါက်သေဆုံးပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချခြင်းပြုနေသော မြေအား အရပ်ထဲတွင် ဂရန်ကတုံးဟု ခေါ်ဆိုကြပါသည်။

ဝယ်ယူသူမှ မိမိဝယ်ယူရန် ကြိုက်နှစ်သက်သောမြေအား ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့ပြမြေစီမံခန့်ခွဲမှုဌာနနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် မြေကွက်အမှတ်၊ ဦးပိုင်အမှတ်၊ အမည်ပေါက် မှန်မမှန် သွားရောက်စစ်ဆေးရပါမည်။

မိမိကြိုက်နှစ်သက်သော မြေကွက်မှာ ဂရန်အမည်ပေါက် သေဆုံးနေသော်လည်း ဝယ်ယူလိုပါက ၎င်း၏ အမွေဆက်ခံသူများမှ အမည်ပေါက်၏ သေစာရင်း၊ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာ ပြုလုပ်ကာ မြေပုံကူးယူပြီး ဂရန်အမည်ပြောင်း ဆောင်ရွက်ပေးနိုင်ပါသည်။ အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြေပုံနှင့် အတူ အရောင်းမြေပုံအားလဲ အမွေဆက်ခံသူမှ တပါတည်းကူးရပါသည်။

မြေပုံထွက်ရှိပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်း အမွေဆက်ခံခွင့်ရှိသူမှ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး ဝယ်ယူသူမှလဲ ရာဖြတ်တင် အခွန်ပေးဆောင်ပြီး မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုနိုင်ပါသည်။

အကယ်၍ အဆင့်ဆင့်လွှဲပြောင်း ဝယ်ယူခြင်းများဖြင့် အမည်ပေါက်မိသားစုထံမှ အဆက်အသွယ်အကူအညီ မရနိုင်ပါက ဝယ်ယူသူမှ တရားရုံးတွင် မှတ်ပုံတင်စာချုပ်ချုပ်ပေးစေလိုမှုဖြင့် တရားစွဲဆိုကာ ဆင့်ခေါ်စာထုတ်ရပါမည်။ တဖက်သတ်အနိုင်ဒီကရီ ရရှိပါက စာချုပ်စာတမ်း မှတ်ပုံတင်ရေးဥပဒေပုဒ်မ-၂၃အရ (၄)လအတွင်း ဝယ်ယူသူမှ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရပါမည်။

တရားရုံးအမိန့်အနိုင်ဒီဂရီဖြင့် အမည်ပြောင်းဆောင်ရွက်ခြင်းများတွင် ဘီလစ်မှ မြေပုံ/မြေရာဇဝင်ကူးယူ ပေးခြင်း၊ ရာဖြတ်တင်ခြင်း၊ စာချုပ်စာတမ်း မှတ်ပုံတင်ချုပ်ဆိုသည့်အခါ လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ပေးကြောင်း ရေးသားဖော်ပြပေးလိုက်ပါသည်။

 

မေးခွန်း (၂) - မြေကွက်ခွဲစိတ်ခြင်းများ ဆောင်ရွက်ခြင်းအတွက် လိုအပ်သည့်အချက်အလက်များကို ရှင်းပြပါ။

မြေငှားဂရန်စာချုပ်၊ မြေပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေ၊ Bမြေပိုင်မြေ၊ Bလ/န ၃(ခ)မြေ၊ Bလ/န ၃၉မြေ၊ ၃(က) လက်မှတ်ရရှိထားသော မြေများအား မြေကွက် ခွဲစိတ်ခြင်းပြုနိုင်ပါသည်။

အတည်ပြုတိုင်းခွဲ/ပေါင်းခွဲ (မြေကွက်ခွဲစိတ်ခြင်း) လျှောက်ထားပါက သတ်မှတ်ပုံစံနှင့်အတူ

-မြေပုံမြေရာဇဝင် (တစ်နှစ်အတွင်းကူးယူထားသော)၊ အတိုင်းအတာပါသော မြေတိုင်းမြေပုံ-D-Map ၊ မြေငှားစာချုပ်(ဂရန်)၊ မှတ်ပုံတင်စာချုပ်၊ မှတ်ပုံတင်ကတ်ပြား၊ လိုင်စင်ရအင်ဂျင်နီယာမှ ရေးဆွဲထားသော မြေကွက်ခွဲစိတ်အတည်ပြုပုံစံ(၃)စုံ၊ တရားရုံးမှ ချမှတ်သော (အမိန့်၊ဒီကရီ ရှိလျှင်ဖော်ပြရန်)၊ မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် (သို့) မြေငှားခပြေစာများ တင်ပြလျှောက်ထားရန် လိုအပ်ပါသည်။

ထို့ပြင် မြေကွက်ခွဲစိတ်ရာတွင် ခွဲစိတ်မည့်မြေသည် အနည်းဆုံးမျက်နှာစာ ပေ-၂၀ ၊ မြေကွက် တစ်ကွက်လုံး အကျယ်အဝန်း (၁၂၀၀) စတုရန်း ပေရှိရပါမည်။ ထို့အပြင် ခွဲစိတ်ပြီး ကျန်ရှိမည့်မြေ၏ မျက်နှာစာမှာ ပေ-၂၀ ကျန်ရှိရန် လိုပါသည်။ ခွဲစိတ်မည့်မြေကွက်နေရာမှာ အဆောက်အဦးနှင့် ကင်းလွတ်ရမည့်အပြင် ဝင်ထွက်သွားလာရန် အများပိုင်လမ်းနှင့် ကိုယ်ပိုင်လမ်းမရှိပါက အနည်းဆုံးပေ (၁၀)ပေ လမ်းအတွက် ချန်လှပ်ထားရှိပေးရပါမည်။

ဌာနမှ လျှောက်လွှာအား ပြည့်စုံမှုရှိမရှိ၊ မြေသိမ်းမှတ်ချက်ရှိမရှိ၊ မြေစာရင်းတွင် ကန့်ကွက်ထားခြင်းရှိမရှိ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှုရှိမရှိ တို့ စီစစ်ပါသည်။ လျှောက်ထားသူက ဌာနမှ သတ်မှတ်ဝန်ဆောင်ခအား ပေးသွင်းရပြီး ဌာနမှ အတည်ပြုလက်မှတ်ရေးထိုးပြီးပါက လျှောက်ထားသူမှာ မြေကွက်ခွဲစိတ် အတည်ပြုစံ(၁)စုံနှင့် မြေကွက် ခွဲစိတ်တိုင်းတာသည့် မြေပုံ(၁)စုံကို ရရှိကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၃) - မြေနှင့်အဆောက်အဦကို နှစ်ရှည်ငှားရမ်းခြင်းအား တရားဝင်ခိုင်မာမှုရှိစေရန် ဘာတွေဆောင်ရွက်သင့်ပါသလဲ။

မရွှေ့မပြောင်းနိုင်သောပစ္စည်းများ မြေ၊ စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အဦး၊ တိုက်ခန်း၊ ကွန်ဒို ငှားရမ်းခြင်း များတွင် ငှားရမ်းမှု ခိုင်မာမှုရှိစေရန် စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-၁၆အရ မှတ်ပုံတင်ရပါသည်။

စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုဒ်မ-၁၆(ဃ)အရ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို တစ်နှစ်ပြီးတစ်နှစ် ငှားရမ်းခြင်း၊ တစ်နှစ်ထက်ပို၍ ငှားရမ်းခြင်း၊ ငှားရမ်းခကို နှစ်အလိုက်သတ်မှတ်၍ ငှားရမ်းခြင်းစာချုပ်များအား မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းအဖြစ် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုများတွင် ရင်းနှီးမြုပ်နှံမှုဥပဒေပုဒ်မ-၃၆(ဃ) အရ ရင်းနှီးမြုပ်နှံမှု အတွက် ခွင့်ပြုမိန့်ရရှိပါက သတ်မှတ်ကာလအတိုင်း သက်ဆိုင်ရာဌာနနှင့် နှစ်ရှည်ငှားရမ်းခြင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် လိုအပ်ပါသည်။ ရင်းနှီးမြုပ်နှံမှုဥပဒေအရ နိုင်ငံပိုင်မြေအား ငှားရမ်းခြင်းများမှာ ကနဦး နှစ်(၅၀)အပြင် (၁၀)နှစ် တစ်ကြိမ်ဖြင့် (၂)ကြိမ် သက်တမ်းတိုး ဆောင်ရွက်မှုပြုနိုင်ပါသည်။

ထို့အပြင် ကုမ္ပဏီအနေဖြင့် ငှားရမ်းခြင်းစာချုပ်ချုပ်ဆိုမှုများတွင် ကုမ္ပဏီကိုယ်စား တာဝန်ရှိသူမှ လက်မှတ်ရေးထိုးဆောင်ရွက်ရပြီး နှစ်စဉ် (၁) နှစ်ထက်ကျော်လွန်သည့် ငှားရမ်းခြင်းများအား မှတ်ပုံတင်စာချုပ်ချုပ်ဆို ရန် လိုအပ်ပါသည်။

စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုဒ်မ-(၁၈) အရ မှတ်ပုံတင်စာချုပ်ချုပ်ဆိုသည့်အခါ တံဆိပ်ခေါင်းခွန် ပြည့်မှီစွာ ထမ်းဆောင်၍ ချုပ်ရမည့်အပြင် အောက်ပါအချက်အလက်များလဲ ပြည့်စုံရမည်ဖြစ်ပါသည်။

- မြန်မာစာဖြင့် ရေးသားထားသော စာချုပ်ဖြစ်ရန်၊

- မြန်မာစာဖြင့်ချုပ်ဆိုခြင်းမဟုတ်ပါက နိုတြီပဗ္ပလစ်က မှန်ကန်ကြောင်းလက်မှတ်ရေးထိုးသည့် ဘာသာပြန်ဆိုချက် ဖြစ်ရန်၊

- စာချုပ်ချုပ်ဆိုသူက ပြည့်စုံစွာ စာချုပ်တွင် ရေးသားပြီး လက်မှတ်ရေးထိုးရန်

- ပြင်ဆင်ရာရှိပါက အဆိုပါနေရာတွင် စာချုပ်ချုပ်ဆိုသူများ လက်မှတ်ရေးထိုးရန်

- ပစ္စည်းစာရင်းအား အမျိုးအစား၊ ပုံစံ၊ အရွယ်အစား တိကျစွာ မှတ်ပုံတင်စာချုပ်တွင် ဖော်ပြရမည်ဖြစ်ကြောင်းဖြေဆို ရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

  [Zawgyi]

 

သိမွတ္စရာ စရံခ်ထားတဲ့ေျမကြက္က ဂရန္ကတုံးျဖစ္ေနတဲ့အခါ.....

 

စရံခ်ထားတဲ့ေျမကြက္က ဂရန္ကတုံးျဖစ္ေနတယ္ဆိုတာ စာခ်ဳပ္ခ်ဳပ္ခါနီးမွသိလို႔ ဘယ္လိုဆက္လုပ္သင့္ပါသလဲဆိုတဲ့ ေမးခြန္းအပါအဝင္ အိမ္ျခံေျမဥပေဒအေမးအေျဖသုံးခုကို ဒီကေန႔ညမွာတင္ဆက္ေပးသြားမွာျဖစ္ပါတယ္။

 

ေမးခြန္း (၁ ) - စရံခ်ထားတဲ့ေျမကြက္က ဂရန္ကတုံးျဖစ္ေနတယ္ဆိုတာ စာခ်ဳပ္ခ်ဳပ္ခါနီးမွသိလို႔ ဘယ္လိုဆက္လုပ္ သင့္ပါသလဲ။

 

ဂရန္ေျမမ်ားအား ဂရန္အမည္ေပါက္ေသဆုံးၿပီး အဆင့္ဆင့္လႊဲေျပာင္း ေရာင္းခ်ျခင္းျပဳေနေသာ ေျမအား အရပ္ထဲတြင္ ဂရန္ကတုံးဟု ေခၚဆိုၾကပါသည္။

ဝယ္ယူသူမွ မိမိဝယ္ယူရန္ ႀကိဳက္ႏွစ္သက္ေသာေျမအား ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ ၿမိဳ႕ျပေျမစီမံခန္႔ခြဲမႈဌာနႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနတြင္ ေျမကြက္အမွတ္၊ ဦးပိုင္အမွတ္၊ အမည္ေပါက္ မွန္မမွန္ သြားေရာက္စစ္ေဆးရပါမည္။

မိမိႀကိဳက္ႏွစ္သက္ေသာ ေျမကြက္မွာ ဂရန္အမည္ေပါက္ ေသဆုံးေနေသာ္လည္း ဝယ္ယူလိုပါက ၎၏ အေမြဆက္ခံသူမ်ားမွ အမည္ေပါက္၏ ေသစာရင္း၊ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း က်မ္းက်ိန္လႊာ ျပဳလုပ္ကာ ေျမပုံကူးယူၿပီး ဂရန္အမည္ေျပာင္း ေဆာင္႐ြက္ေပးႏိုင္ပါသည္။ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေျမပုံႏွင့္ အတူ အေရာင္းေျမပုံအားလဲ အေမြဆက္ခံသူမွ တပါတည္းကူးရပါသည္။

ေျမပုံထြက္႐ွိပါက အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း အေမြဆက္ခံခြင့္႐ွိသူမွ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ဝယ္ယူသူမွလဲ ရာျဖတ္တင္ အခြန္ေပးေဆာင္ၿပီး မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ပါသည္။ အကယ္၍ အဆင့္ဆင့္လႊဲေျပာင္း ဝယ္ယူျခင္းမ်ားျဖင့္ အမည္ေပါက္မိသားစုထံမွ အဆက္အသြယ္ အကူအညီ မရႏိုင္ပါက ဝယ္ယူသူမွ တရား႐ုံးတြင္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ေပးေစလိုမႈျဖင့္ တရားစြဲဆိုကာ ဆင့္ေခၚစာ ထုတ္ရပါမည္။ တဖက္သတ္အႏိုင္ဒီကရီ ရ႐ွိပါက စာခ်ဳပ္စာတမ္း မွတ္ပုံတင္ေရးဥပေဒပုဒ္မ-၂၃အရ (၄)လအတြင္း ဝယ္ယူသူမွ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုရပါမည္။

တရား႐ုံးအမိန္႔အႏိုင္ဒီဂရီျဖင့္ အမည္ေျပာင္းေဆာင္႐ြက္ျခင္းမ်ားတြင္ ဘီလစ္မွ ေျမပုံ/ေျမရာဇဝင္ကူးယူ ေပးျခင္း၊ ရာျဖတ္တင္ျခင္း၊ စာခ်ဳပ္စာတမ္း မွတ္ပုံတင္ခ်ဳပ္ဆိုသည့္အခါ လက္မွတ္ေရးထိုးျခင္းမ်ား ေဆာင္႐ြက္ေပးေၾကာင္း ေရးသားေဖာ္ျပေပးလိုက္ပါသည္။

 

ေမးခြန္း (၂) - ေျမကြက္ခြဲစိတ္ျခင္းမ်ား ေဆာင္႐ြက္ျခင္းအတြက္ လိုအပ္သည့္အခ်က္အလက္မ်ားကို ႐ွင္းျပပါ။

ေျမငွားဂရန္စာခ်ဳပ္၊ ေျမပိုင္ေျမ၊ ဂရန္႐ွိေျမပိုင္ေျမ၊ Bေျမပိုင္ေျမ၊ Bလ/န ၃(ခ)ေျမ၊ Bလ/န ၃၉ေျမ၊ ၃(က) လက္မွတ္ရ႐ွိထားေသာ ေျမမ်ားအား ေျမကြက္ ခြဲစိတ္ျခင္းျပဳႏိုင္ပါသည္။

အတည္ျပဳတိုင္းခြဲ/ေပါင္းခြဲ (ေျမကြက္ခြဲစိတ္ျခင္း) ေလွ်ာက္ထားပါက သတ္မွတ္ပုံစံႏွင့္အတူ

-ေျမပုံေျမရာဇဝင္ (တစ္ႏွစ္အတြင္းကူးယူထားေသာ)၊ အတိုင္းအတာပါေသာ ေျမတိုင္းေျမပုံ-D-Map ၊ ေျမငွားစာခ်ဳပ္(ဂရန္)၊ မွတ္ပုံတင္စာခ်ဳပ္၊ မွတ္ပုံတင္ကတ္ျပား၊ လိုင္စင္ရအင္ဂ်င္နီယာမွ ေရးဆြဲထားေသာ ေျမကြက္ ခြဲစိတ္အတည္ျပဳပုံစံ(၃)စုံ၊ တရား႐ုံးမွ ခ်မွတ္ေသာ (အမိန္႔၊ဒီကရီ ႐ွိလွ်င္ေဖာ္ျပရန္)၊ ေျမငွားခေႂကြးက်န္ ကင္း႐ွင္းေၾကာင္း ေထာက္ခံခ်က္ (သို႔) ေျမငွားခေျပစာမ်ား တင္ျပေလွ်ာက္ထားရန္ လိုအပ္ပါသည္။

ထို႔ျပင္ ေျမကြက္ခြဲစိတ္ရာတြင္ ခြဲစိတ္မည့္ေျမသည္ အနည္းဆုံးမ်က္ႏွာစာ ေပ-၂၀ ၊ ေျမကြက္ တစ္ကြက္လုံး အက်ယ္အဝန္း (၁၂၀၀) စတုရန္း ေပ႐ွိရပါမည္။ ထို႔အျပင္ ခြဲစိတ္ၿပီး က်န္႐ွိမည့္ေျမ၏ မ်က္ႏွာ စာမွာ ေပ-၂၀ က်န္႐ွိရန္ လိုပါသည္။ ခြဲစိတ္မည့္ေျမကြက္ေနရာမွာ အေဆာက္အဦးႏွင့္ ကင္းလြတ္ရမည့္အျပင္ ဝင္ထြက္သြားလာရန္ အမ်ားပိုင္လမ္းႏွင့္ ကိုယ္ပိုင္လမ္းမ႐ွိပါက အနည္းဆုံးေပ (၁၀)ေပ လမ္းအတြက္ ခ်န္လွပ္ထား႐ွိေပးရပါမည္။

ဌာနမွ ေလွ်ာက္လႊာအား ျပည့္စုံမႈ႐ွိမ႐ွိ၊ ေျမသိမ္းမွတ္ခ်က္႐ွိမ႐ွိ၊ ေျမစာရင္းတြင္ ကန္႔ကြက္ထားျခင္း႐ွိမ႐ွိ၊ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ား ကန္႔သတ္သည့္ ဥပေဒႏွင့္ ၿငိစြန္းမႈ႐ွိမ႐ွိ တို႔ စီစစ္ပါသည္။ ေလွ်ာက္ထားသူက ဌာနမွ သတ္မွတ္ဝန္ေဆာင္ခအား ေပးသြင္းရၿပီး ဌာနမွ အတည္ျပဳလက္မွတ္ေရးထိုးၿပီးပါက ေလွ်ာက္ထားသူမွာ ေျမကြက္ခြဲစိတ္ အတည္ျပဳစံ(၁)စုံႏွင့္ ေျမကြက္ ခြဲစိတ္တိုင္းတာသည့္ ေျမပုံ(၁)စုံကို ရ႐ွိေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - ေျမႏွင့္အေဆာက္အဦကို ႏွစ္႐ွည္ငွားရမ္းျခင္းအား တရားဝင္ခိုင္မာမႈ႐ွိေစရန္ ဘာေတြေဆာင္႐ြက္သင့္ပါသလဲ။

မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ား ေျမ၊ စက္႐ုံ၊ အလုပ္႐ုံ၊ အေဆာက္အဦး၊ တိုက္ခန္း၊ ကြန္ဒို ငွားရမ္းျခင္း မ်ားတြင္ ငွားရမ္းမႈ ခိုင္မာမႈ႐ွိေစရန္ စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္ျခင္း ဥပေဒပုဒ္မ-၁၆အရ မွတ္ပုံတင္ရပါသည္။

စာခ်ဳပ္စာတမ္းမွတ္ပုံတင္ဥပေဒပုဒ္မ-၁၆(ဃ)အရ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းကို တစ္ႏွစ္ၿပီးတစ္ႏွစ္ ငွားရမ္းျခင္း၊ တစ္ႏွစ္ထက္ပို၍ ငွားရမ္းျခင္း၊ ငွားရမ္းခကို ႏွစ္အလိုက္သတ္မွတ္၍ ငွားရမ္းျခင္းစာခ်ဳပ္မ်ားအား မွတ္ပုံမတင္မေနရ စာခ်ဳပ္စာတမ္းအျဖစ္ မွတ္ပုံတင္ရမည္ျဖစ္ေၾကာင္း ေဖာ္ျပထားပါသည္။

ႏိုင္ငံျခားသားရင္းႏွီးျမဳပ္ႏွံမႈမ်ားတြင္ ရင္းႏွီးျမဳပ္ႏွံမႈဥပေဒပုဒ္မ-၃၆(ဃ) အရ ရင္းႏွီးျမဳပ္ႏွံမႈ အတြက္ ခြင့္ျပဳမိန္႔ရ႐ွိပါက သတ္မွတ္ကာလအတိုင္း သက္ဆိုင္ရာဌာနႏွင့္ ႏွစ္႐ွည္ငွားရမ္းျခင္း မွတ္ပုံတင္စာခ်ဳပ္ ခ်ဳပ္ဆိုရန္ လိုအပ္ပါသည္။ ရင္းႏွီးျမဳပ္ႏွံမႈဥပေဒအရ ႏိုင္ငံပိုင္ေျမအား ငွားရမ္းျခင္းမ်ားမွာ ကနဦး ႏွစ္(၅၀)အျပင္ (၁၀)ႏွစ္ တစ္ႀကိမ္ျဖင့္ (၂)ႀကိမ္ သက္တမ္းတိုး ေဆာင္႐ြက္မႈျပဳႏိုင္ပါသည္။

ထို႔အျပင္ ကုမၸဏီအေနျဖင့္ ငွားရမ္းျခင္းစာခ်ဳပ္ခ်ဳပ္ဆိုမႈမ်ားတြင္ ကုမၸဏီကိုယ္စား တာဝန္႐ွိသူမွ လက္မွတ္ေရးထိုးေဆာင္႐ြက္ရၿပီး ႏွစ္စဥ္ (၁) ႏွစ္ထက္ေက်ာ္လြန္သည့္ ငွားရမ္းျခင္းမ်ားအား မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆို ရန္ လိုအပ္ပါသည္။

စာခ်ဳပ္စာတမ္းမွတ္ပုံတင္ဥပေဒပုဒ္မ-(၁၈) အရ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုသည့္အခါ တံဆိပ္ေခါင္းခြန္ ျပည့္မွီစြာ ထမ္းေဆာင္၍ ခ်ဳပ္ရမည့္အျပင္ ေအာက္ပါအခ်က္အလက္မ်ားလဲ ျပည့္စုံရမည္ျဖစ္ပါသည္။

- ျမန္မာစာျဖင့္ ေရးသားထားေသာ စာခ်ဳပ္ျဖစ္ရန္၊

- ျမန္မာစာျဖင့္ခ်ဳပ္ဆိုျခင္းမဟုတ္ပါက ႏိုႀတီပဗၸလစ္က မွန္ကန္ေၾကာင္းလက္မွတ္ေရးထိုးသည့္ ဘာသာျပန္ဆိုခ်က္ ျဖစ္ရန္၊

- စာခ်ဳပ္ခ်ဳပ္ဆိုသူက ျပည့္စုံစြာ စာခ်ဳပ္တြင္ ေရးသားၿပီး လက္မွတ္ေရးထိုးရန္

- ျပင္ဆင္ရာ႐ွိပါက အဆိုပါေနရာတြင္ စာခ်ဳပ္ခ်ဳပ္ဆိုသူမ်ား လက္မွတ္တို ေရးထိုးရန္

- ပစၥည္းစာရင္းအား အမ်ိဳးအစား၊ ပုံစံ၊ အ႐ြယ္အစား တိက်စြာ မွတ္ပုံတင္စာခ်ဳပ္တြင္ ေဖာ္ျပရမည္ျဖစ္ေၾကာင္း ေျဖဆို ေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service