သိမှတ်ဖွယ်ရာ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကို ကန့်ကွက်သူရှိလာတဲ့အခါ

သိမှတ်ဖွယ်ရာ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကို ကန့်ကွက်သူရှိလာတဲ့အခါ - Property Knowledge in Myanmar from iMyanmarHouse.com
7 Jan 2024 2:10 pm တွင် တင်ခဲ့သည်
479 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်တာတော့ ဟုတ်ပါပြီ။ မတော် ကန့်ကွက်သူတစ်စုံတစ်ဦးပေါ်လာရင် ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ မေးခွန်းအပါအဝင် အမေးအဖြေသုံးခုကို ရှေ့နေကိုယ်တိုင်သေချာဆွေးနွေးပေးထားပါတယ်။

 

မေးခွန်း (၁) - မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကို ကန့်ကွက်သူရှိလာရင် ဘယ်လိုလုပ်ရမလဲ ။

အရောင်းအဝယ်စာချုပ်များမချုပ်ဆိုခင်ကတည်းက မိမိဝယ်ယူလိုသည့် မြေကွက်အား စည်ပင်သာယာရေး ကော်မတီမြို့ပြမြေယာစီမံခန့်ခွဲမှုဌာနတွင် မြေကွက်အမှတ်၊ ဂရန်အမည်ပေါက်၊ ဂရန်မြေသက်တမ်း၊ မြေအတိုင်းအတာတို့အား စစ်ဆေးရပါသည်။

ထို့အပြင် ဝယ်ယူမည့်မြေမှာ ကန့်ကွက်ထားခြင်းရှိမရှိ၊ မြေငှားသက်တမ်း ကျန်ရှိခြင်းရှိမရှိလဲ ထည့်သွင်း စစ်ဆေးရမည်။ ကန့်ကွက်သူမရှိပါက ရောင်းချသူအား အရောင်းမြေပုံ ထုတ်ယူစေကာ စရန်ပေးကတိစာချုပ်ချုပ်ဆိုနိုင်သည်။ စရန်ပေးစာချုပ် ချုပ်ဆိုပြီးပါက ဝယ်ယူသူမှာ မိမိဝယ်ယူခြင်းအတွက် နိုင်ငံပိုင်နေ့စဉ် သတင်းစာတွင် ကန့်ကွက်သူရှိမရှိ ထည့်သွင်းကြေညာရမည်။

ကန့်ကွက်သူများ မပေါ်ပေါက်လာပါက ရက်ပေါင်း (၁၂၀) အတွင်း မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုမည်။

ဒေါ်ဖြူနှင့်ဦးထွန်းလှ ၁၉၈၇ခုနှစ်၊မြန်မာနိုင်ငံ တရားစီရင်ထုံးစာမျက်နှာ -၅၆ တွင် သက်သေခံအဖြစ် တင်ပြသော မှတ်ပုံတင်စာချုပ်မှာ အိမ်ခြံမြေအရောင်းအဝယ်အတွက် ရောင်းချကြောင်း ဖော်ပြထားသော မှတ်ပုံတင် စာချုပ်ဖြစ်သည်။

ထို့ကြောင့် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီးဖြစ်ပါက အဆိုပါရောင်းဝယ်ခြင်းမှာ တရားဝင်အမှန် တကယ် ရောင်းဝယ်ခြင်းဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ အရောင်းအဝယ်အိမ်ခြံမြေမှာ ဝယ်ယူသူ လက်ဝယ်တွင် ရောက်ရှိပြီးဖြစ်ပါက အရောင်းအဝယ်ပြုလုပ်ခြင်းမှာ အထမြောက်သည်ဟု မှတ်ယူရပါမည်။

မှတ်ပုံတင်ခြင်း ပြုလုပ်နေစဉ် ကန့်ကွက်ခြင်းများရှိလာပါကလဲ ကန့်ကွက်သူမှာ ရက်ပေါင်း (၉၀) အတွင်း သက်ဆိုင်ရာ တရားရုံးက ထုတ်ပေးသည့် ယာယီတားဝရမ်းတင်ပြနိုင်မှ ကန့်ကွက်နို်ငပါသည်။ သတ်မှတ်ရက်အတွင်း အဆိုပါ ယာယီတားဝရမ်းအား တင်ပြနိုင်ခြင်း မရှိပါက ဝယ်ယူသူအား မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မှတ်ပုံတင်အရာရှိက ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

ကန့်ကွက်သူမှာ မှတ်ပုံတင်စာချုပ်စာတမ်း ပယ်ဖျက်ပေးစေလိုမှုဖြင့် တရားစွဲဆိုကာ တရားဝင် ကန့်ကွက်လာပါက ဝယ်ယူသူမှာ တရားရုံးတွင် မိမိအမှန်တကယ် စစ်ဆေးဝယ်ယူထားသော အထောက်အထား သက်သေခံများပြသပြီး အမှုတွင်ပါဝင်ကာ ရင်ဆိုင်ဖြေရှင်းနိုင်သည်။

ထို့နောက် တရားရုံးမှ ချမှတ်သော အမိန့်ဒီဂရီနှင့် အညီ မှတ်ပုံတင်အရာရှိသည် ဆက်လက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

မေးခွန်း (၂) - အိမ်ခွန်အမည်ပြောင်း လျှောက်ထားရာတွင်ပါဝင်ရမည့် အချက်အလက်များကို ဖော်ပြပါ။

မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေ၊ ဂရန်ရ မြေပိုင်မြေနှင့် သက်တမ်းရှိသော မြေငှားဂရန်မြေများအား လွှဲပြောင်း ဝယ်ယူသူမှာ အမည်ပြောင်းလဲခြင်း ဆောင်ရွက်နိုင်ပါသည်။ အမည်ပြောင်းလိုသူသည် မှတ်ပုံတင်စာချုပ် အဆက်အစပ်ဖြင့် ရရှိသူဖြစ်ရမည်။ ထို့အပြင် တရားရုံးမှ မရွှေ့မပြောင်းနိုင်သောပစ္စည်းအား ပိုင်ဆိုင်ခွင့်ရှိကြောင်း အမိန့်အနိုင် ဒီဂရီ ရရှိသူများမှာလဲ အမည်ပြောင်း လျှောက်ထားနိုင်ပါသည်။

အမည်ပြောင်း လျှောက်ထားလိုသူသည် ကာလတန်ဖိုးစီစစ်အဖွဲ့မှ သတ်မှတ်သည့် အခွန်နှုန်းထား အတိုင်း တံဆိပ်ခွန်၊ ဝင်ငွေခွန်နှင့် မှတ်ပုံတင်ကြေးများ ထမ်းဆောင်ကာ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်အားချုပ်ဆိုရမည်။

မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီးပါက သတ်မှတ်ထားသော လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲကာ အမည်ပြောင်းဆောင်ရွက်ခြင်းအား စည်ပင်သာယာရေးကော်မတီ မြေယာစီမံခန့်ခွဲမှုဌာနတွင် ဆက်လက်ဆောင်ရွက်ရမည်။

- မြေပိုင်ဆိုင်မှု အထောက်အထား၊

- မြေငှားစာချုပ်ဂရန်၊

- မှတ်ပုံတင်စာချုပ်စာတမ်းများ၊ အခွန်ထမ်းဆောင်ထားပြီးသည့် အထောက်အထားများ

- တရားရုံး၏ အမိန့်ဖြင့် အမည်ပြောင်းခြင်းဖြစ်ပါက တရားရုံးအမိန့်

- မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်(သို့)မြေငှားခ နောက်ဆုံးပေးဆောင်ခဲ့သည့်ပြေစာ၊ -မြေပုံ/မြေရာဇဝင်

- နိုင်ငံသားစီစစ်ရေးကတ်ပြား(သို့) အမျိုးသားမှတ်ပုံတင်ကတ်ပြား တို့တင်ပြနိုင်ရမည်။

အမွေဆက်ခံခွင့်ဖြင့် အမည်ပြောင်းခြင်းဖြစ်ပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာနှင့် အတူ၊ သေဆုံးသူ ဂရန်အမည်ပေါက်၏ သေစာရင်းလဲ လိုအပ်ပါကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။

 

 

မေးခွန်း (၃) - မိမိ နေအိမ်/အဆောက်အဦးအတွင်းသို့ ပြစ်မှုကျူးလွန်ရန်အကြံဖြင့်ဝင်ရောက်ခြင်းအတွက် ဥပဒေလမ်းကြောင်းအရ မည်ကဲ့သို့ ပြစ်ဒဏ်ထိုက်သနည်း။

နိုင်ငံသားတိုင်းအား တာဝန်နှင့် အခွင့်အရေးများအား လိုက်နာကျင့်သုံးရန်အတွက် ဥပဒေထွက်ရှိထားခြင်း ဖြစ်ပါ သည်။

သူတစ်ပါး လက်ရှိပစ္စည်းအတွင်းသို့ ပြစ်မှုကျူးလွန်ရန်၊ ခြောက်လှန့်စော်ကားရန် အကြံဖြင့် ဝင်ရောက် လာလျှင် (သို့) အဆိုပါ အကြံဖြင့် ဆက်လက်နေထိုင်နေလျှင် ထိုသူအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၄၁အရ ပြစ်မှုမကင်းသော ကျော်နင်းမှု အတွက် တရားစွဲဆိုနိုင်သည်။

မိမိနေအိမ် အဆောက်အအုံ၊ တဲ၊ ရေယျာဉ်ကိုဖြစ်စေ၊ ကိုးကွယ်နေရာ၊ ပစ္စည်းသိုလှောင်ခြင်းပြုသည့် နေရာ သို့ဖြစ်စေ ပြစ်မှုမကင်းသော ကျော်နင်းမှုတစ်ခုခုကို ကျူးလွန်လွန်လျှင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၄၂ ပြစ်မှုမ ကင်းသော အိမ်ကျော်နင်းမှုကို ကျူးလွန်ခြင်းအတွက် တရားစွဲဆိုနိုင်သည်။

ထို့သို့ပြစ်မှုမကင်းသော ကျော်နင်းမှုကို ကျူးလွန်ရာ၌ အိမ်ဖောက်ထွင်းမှုပါ ကျူးလွန်ခြင်းများအား ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ-၄၅၆ အရ (၃)နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်။

ထို့ပြင် ပုန်းလျှိုးအိမ်ကျော်နင်းမှုအား ကျူးလွန်ခြင်းများအားအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၄၃ အရ တရား စွဲဆိုနိုင်သည်။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၄၇အရ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်လျှင် (၃)လအထိ ထောင်ဒဏ်ဖြစ် စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်။

ပြစ်မှုမကင်းသော ကျုးလွန်ခြင်းအား ပြစ်မှုကြောင်းဖြင့် တရားစွဲဆိုခြင်းပြုနိုင်သည့်အပြင် ပစ္စည်းနစ်နာ ပျောက်ဆုံး ပျက်စီးခြင်းအတွက် တရားမမှုဖြင့် တရားစွဲဆိုခြင်းလဲ ပြုနိုင်သည်။

တိုင်ကြားသူသည် ပစ္စည်းအား လက်ရှိဖြစ်ရန်ပဲ အရေးကြီးသည်။ ပစ္စည်းအမှန်တကယ် ပိုင်ဆိုင်ခြင်းရှိမရှိနှင့် မသက်ဆိုင်ပါ။ နိုင်ငံပိုင်မြေအား ကျူးလွန်ခြင်းများအားလဲ ၁၈၉၈ခုနှစ်၊ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ၊ အခန်း၂၁(က)ပုဒ်မ ၂၁(၂)အရ (ကော်လိတ္တော်အရာရှိ) ခရိုင်အုပ်ချုပ်ရေးမှူးမှ တရားစွဲဆိုခြင်းပြုနိုင် ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

သိမွတ္ဖြယ္ရာ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ကို ကန္႔ကြက္သူ႐ွိလာတဲ့အခါ

 

 

မွတ္ပုံတင္အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္တာေတာ့ ဟုတ္ပါၿပီ။ မေတာ္ ကန္႔ကြက္သူတစ္စုံတစ္ဦးေပၚလာရင္ ဘယ္လိုေျဖ႐ွင္းရမလဲဆိုတဲ့ ေမးခြန္းအပါအဝင္ အေမးအေျဖသုံးခုကို ေ႐ွ႕ေနကိုယ္တိုင္ေသခ်ာေဆြးေႏြးေပးထားပါတယ္။

 

 

ေမးခြန္း (၁) - မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ကို ကန္႔ကြက္သူ႐ွိလာရင္ ဘယ္လိုလုပ္ရမလဲ ။

အေရာင္းအဝယ္စာခ်ဳပ္မ်ားမခ်ဳပ္ဆိုခင္ကတည္းက မိမိဝယ္ယူလိုသည့္ ေျမကြက္အား စည္ပင္သာယာေရး ေကာ္မတီၿမိဳ႕ျပေျမယာစီမံခန္႔ခြဲမႈဌာနတြင္ ေျမကြက္အမွတ္၊ ဂရန္အမည္ေပါက္၊ ဂရန္ေျမသက္တမ္း၊ ေျမအတိုင္းအတာတို႔အား စစ္ေဆးရပါသည္။

ထို႔အျပင္ ဝယ္ယူမည့္ေျမမွာ ကန္႔ကြက္ထားျခင္း႐ွိမ႐ွိ၊ ေျမငွားသက္တမ္း က်န္႐ွိျခင္း႐ွိမ႐ွိလဲ ထည့္သြင္း စစ္ေဆးရမည္။ ကန္႔ကြက္သူမ႐ွိပါက ေရာင္းခ်သူအား အေရာင္းေျမပုံ ထုတ္ယူေစကာ စရန္ေပးကတိစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္သည္။ စရန္ေပးစာခ်ဳပ္ ခ်ဳပ္ဆိုၿပီးပါက ဝယ္ယူသူမွာ မိမိဝယ္ယူျခင္းအတြက္ ႏိုင္ငံပိုင္ေန႔စဥ္ သတင္းစာတြင္ ကန္႔ကြက္သူ႐ွိမ႐ွိ ထည့္သြင္းေၾကညာရမည္။

ကန္႔ကြက္သူမ်ား မေပၚေပါက္လာပါက ရက္ေပါင္း (၁၂၀) အတြင္း မွတ္ပုံတင္ အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုမည္။

ေဒၚျဖဴႏွင့္ဦးထြန္းလွ ၁၉၈၇ခုႏွစ္၊ျမန္မာႏိုင္ငံ တရားစီရင္ထုံးစာမ်က္ႏွာ -၅၆ တြင္ သက္ေသခံအျဖစ္ တင္ျပေသာ မွတ္ပုံတင္စာခ်ဳပ္မွာ အိမ္ျခံေျမအေရာင္းအဝယ္အတြက္ ေရာင္းခ်ေၾကာင္း ေဖာ္ျပထားေသာ မွတ္ပုံတင္ စာခ်ဳပ္ျဖစ္သည္။

ထို႔ေၾကာင့္ မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးျဖစ္ပါက အဆိုပါေရာင္းဝယ္ျခင္းမွာ တရားဝင္အမွန္ တကယ္ ေရာင္းဝယ္ျခင္းျဖစ္သည္ဟု သတ္မွတ္ႏိုင္သည္။ အေရာင္းအဝယ္အိမ္ျခံေျမမွာ ဝယ္ယူသူ လက္ဝယ္တြင္ ေရာက္႐ွိၿပီးျဖစ္ပါက အေရာင္းအဝယ္ျပဳလုပ္ျခင္းမွာ အထေျမာက္သည္ဟု မွတ္ယူရပါမည္။

မွတ္ပုံတင္ျခင္း ျပဳလုပ္ေနစဥ္ ကန္႔ကြက္ျခင္းမ်ား႐ွိလာပါကလဲ ကန္႔ကြက္သူမွာ ရက္ေပါင္း (၉၀) အတြင္း သက္ဆိုင္ရာ တရား႐ုံးက ထုတ္ေပးသည့္ ယာယီတားဝရမ္းတင္ျပႏိုင္မွ ကန္႔ကြက္ႏို္ငပါသည္။ သတ္မွတ္ရက္အတြင္း အဆိုပါ ယာယီတားဝရမ္းအား တင္ျပႏိုင္ျခင္း မ႐ွိပါက ဝယ္ယူသူအား မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုရန္ မွတ္ပုံတင္အရာ႐ွိက ဆက္လက္ေဆာင္႐ြက္ေပးမည္ျဖစ္ပါသည္။

ကန္႔ကြက္သူမွာ မွတ္ပုံတင္စာခ်ဳပ္စာတမ္း ပယ္ဖ်က္ေပးေစလိုမႈျဖင့္ တရားစြဲဆိုကာ တရားဝင္ ကန္႔ကြက္လာပါက ဝယ္ယူသူမွာ တရား႐ုံးတြင္ မိမိအမွန္တကယ္ စစ္ေဆးဝယ္ယူထားေသာ အေထာက္အထား သက္ေသခံမ်ားျပသၿပီး အမႈတြင္ပါဝင္ကာ ရင္ဆိုင္ေျဖ႐ွင္းႏိုင္သည္။

ထို႔ေနာက္ တရား႐ုံးမွ ခ်မွတ္ေသာ အမိန္႔ဒီဂရီႏွင့္ အညီ မွတ္ပုံတင္အရာ႐ွိသည္ ဆက္လက္ ေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

ေမးခြန္း (၂) - အိမ္ခြန္အမည္ေျပာင္း ေလွ်ာက္ထားရာတြင္ပါဝင္ရမည့္ အခ်က္အလက္မ်ားကို ေဖာ္ျပပါ။

ေျမပိုင္ေျမ၊ ဘိုးဘြားပိုင္ေျမ၊ ဂရန္ရ ေျမပိုင္ေျမႏွင့္ သက္တမ္း႐ွိေသာ ေျမငွားဂရန္ေျမမ်ားအား လႊဲေျပာင္း ဝယ္ယူသူမွာ အမည္ေျပာင္းလဲျခင္း ေဆာင္႐ြက္ႏိုင္ပါသည္။ အမည္ေျပာင္းလိုသူသည္ မွတ္ပုံတင္စာခ်ဳပ္ အဆက္အစပ္ျဖင့္ ရ႐ွိသူျဖစ္ရမည္။ ထို႔အျပင္ တရား႐ုံးမွ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းအား ပိုင္ဆိုင္ခြင့္႐ွိေၾကာင္း အမိန္႔အႏိုင္ ဒီဂရီ ရ႐ွိသူမ်ားမွာလဲ အမည္ေျပာင္း ေလွ်ာက္ထားႏိုင္ပါသည္။

အမည္ေျပာင္း ေလွ်ာက္ထားလိုသူသည္ ကာလတန္ဖိုးစီစစ္အဖြဲ႕မွ သတ္မွတ္သည့္ အခြန္ႏႈန္းထား အတိုင္း တံဆိပ္ခြန္၊ ဝင္ေငြခြန္ႏွင့္ မွတ္ပုံတင္ေၾကးမ်ား ထမ္းေဆာင္ကာ မွတ္ပုံတင္ အေရာင္းအဝယ္ စာခ်ဳပ္အားခ်ဳပ္ဆိုရမည္။

မွတ္ပုံတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးပါက သတ္မွတ္ထားေသာ ေလွ်ာက္လႊာပုံစံႏွင့္အတူ ေအာက္ပါစာ႐ြက္စာတမ္းမ်ား ပူးတြဲကာ အမည္ေျပာင္းေဆာင္႐ြက္ျခင္းအား စည္ပင္သာယာေရးေကာ္မတီ ေျမယာစီမံခန္႔ခြဲမႈဌာနတြင္ ဆက္လက္ေဆာင္႐ြက္ရမည္။

- ေျမပိုင္ဆိုင္မႈ အေထာက္အထား၊

- ေျမငွားစာခ်ဳပ္ဂရန္၊

- မွတ္ပုံတင္စာခ်ဳပ္စာတမ္းမ်ား၊ အခြန္ထမ္းေဆာင္ထားၿပီးသည့္ အေထာက္အထားမ်ား

- တရား႐ုံး၏ အမိန္႔ျဖင့္ အမည္ေျပာင္းျခင္းျဖစ္ပါက တရား႐ုံးအမိန္႔

- ေျမငွားခေႂကြးက်န္ကင္း႐ွင္းေၾကာင္း ေထာက္ခံခ်က္(သို႔)ေျမငွားခ ေနာက္ဆုံးေပးေဆာင္ခဲ့သည့္ေျပစာ၊ -ေျမပုံ/ေျမရာဇဝင္

- ႏိုင္ငံသားစီစစ္ေရးကတ္ျပား(သို႔) အမ်ိဳးသားမွတ္ပုံတင္ကတ္ျပား တို႔တင္ျပႏိုင္ရမည္။

အေမြဆက္ခံခြင့္ျဖင့္ အမည္ေျပာင္းျခင္းျဖစ္ပါက အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း က်မ္းက်ိန္လႊာႏွင့္ အတူ၊ ေသဆုံးသူ ဂရန္အမည္ေပါက္၏ ေသစာရင္းလဲ လိုအပ္ပါေၾကာင္း ေျဖဆိုေရးသား ေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - မိမိ ေနအိမ္/အေဆာက္အဦးအတြင္းသို႔ ျပစ္မႈက်ဴးလြန္ရန္အၾကံျဖင့္ဝင္ေရာက္ျခင္းအတြက္ ဥပေဒလမ္းေၾကာင္းအရ မည္ကဲ့သို႔ ျပစ္ဒဏ္ထိုက္သနည္း။

 

ႏိုင္ငံသားတိုင္းအား တာဝန္ႏွင့္ အခြင့္အေရးမ်ားအား လိုက္နာက်င့္သုံးရန္အတြက္ ဥပေဒထြက္႐ွိထားျခင္း ျဖစ္ပါ သည္။

သူတစ္ပါး လက္႐ွိပစၥည္းအတြင္းသို႔ ျပစ္မႈက်ဴးလြန္ရန္၊ ေျခာက္လွန္႔ေစာ္ကားရန္ အၾကံျဖင့္ ဝင္ေရာက္ လာလွ်င္ (သို႔) အဆိုပါ အၾကံျဖင့္ ဆက္လက္ေနထိုင္ေနလွ်င္ ထိုသူအား ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ-၄၄၁အရ ျပစ္မႈမကင္းေသာ ေက်ာ္နင္းမႈ အတြက္ တရားစြဲဆိုႏိုင္သည္။

မိမိေနအိမ္ အေဆာက္အအုံ၊ တဲ၊ ေရယ်ာဥ္ကိုျဖစ္ေစ၊ ကိုးကြယ္ေနရာ၊ ပစၥည္းသိုေလွာင္ျခင္းျပဳသည့္ ေနရာ သို႔ျဖစ္ေစ ျပစ္မႈမကင္းေသာ ေက်ာ္နင္းမႈတစ္ခုခုကို က်ဴးလြန္လြန္လွ်င္ ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ-၄၄၂ ျပစ္မႈမ ကင္းေသာ အိမ္ေက်ာ္နင္းမႈကို က်ဴးလြန္ျခင္းအတြက္ တရားစြဲဆိုႏိုင္သည္။

ထို႔သို႔ျပစ္မႈမကင္းေသာ ေက်ာ္နင္းမႈကို က်ဴးလြန္ရာ၌ အိမ္ေဖာက္ထြင္းမႈပါ က်ဴးလြန္ျခင္းမ်ားအား ျပစ္မႈ ဆိုင္ရာဥပေဒပုဒ္မ-၄၅၆ အရ (၃)ႏွစ္ထိ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ ခ်မွတ္ႏိုင္သည္။

ထို႔ျပင္ ပုန္းလွ်ိဳးအိမ္ေက်ာ္နင္းမႈအား က်ဴးလြန္ျခင္းမ်ားအားအား ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ-၄၄၃ အရ တရား စြဲဆိုႏိုင္သည္။ ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ-၄၄၇အရ ျပစ္မႈက်ဴးလြန္ေၾကာင္း ေပၚေပါက္လွ်င္ (၃)လအထိ ေထာင္ဒဏ္ျဖစ္ ေစ၊ ေငြဒဏ္ျဖစ္ေစ ခ်မွတ္ႏိုင္သည္။

ျပစ္မႈမကင္းေသာ က်ဳးလြန္ျခင္းအား ျပစ္မႈေၾကာင္းျဖင့္ တရားစြဲဆိုျခင္းျပဳႏိုင္သည့္အျပင္ ပစၥည္းနစ္နာ ေပ်ာက္ဆုံး ပ်က္စီးျခင္းအတြက္ တရားမမႈျဖင့္ တရားစြဲဆိုျခင္းလဲ ျပဳႏိုင္သည္။

တိုင္ၾကားသူသည္ ပစၥည္းအား လက္႐ွိျဖစ္ရန္ပဲ အေရးႀကီးသည္။ ပစၥည္းအမွန္တကယ္ ပိုင္ဆိုင္ျခင္း႐ွိမ႐ွိႏွင့္ မသက္ဆိုင္ပါ။ ႏိုင္ငံပိုင္ေျမအား က်ဴးလြန္ျခင္းမ်ားအားလဲ ၁၈၉၈ခုႏွစ္၊ ေအာက္ျမန္မာႏိုင္ငံၿမိဳ႕ႏွင့္ ေက်း႐ြာေျမမ်ား အက္ဥပေဒ၊ အခန္း၂၁(က)ပုဒ္မ ၂၁(၂)အရ (ေကာ္လိေတၱာ္အရာ႐ွိ) ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးမွ တရားစြဲဆိုျခင္းျပဳႏိုင္ ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ကိုယ်စားလှယ်လွှဲအပ်စာ ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

maha
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service