ဟာခနဲ မှင်သက်သွားစေရမည့် ထိုင်းဘုရင်တို့ရဲ့ ရိုးရာဂူသွင်းမြှုပ်နှံမှု ဓလေ့အဆန်း
ဟာခနဲ မှင်သက်သွားစေရမည့် ထိုင်းဘုရင်တို့ရဲ့ ရိုးရာဂူသွင်းမြှုပ်နှံမှု ဓလေ့အဆန်း - Property Knowledge in Myanmar from iMyanmarHouse.com
6 Jan 2024 11:28 am တွင် တင်ခဲ့သည်
1349 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
တစ်ခြားသော ဂူသွင်းမြုပ်နှံမှုဓလေ့များနဲ့ကွဲထွက်နေတဲ့ ထိုင်းဘုရင်များ ဆုံးပါးသွားတဲ့အခါ မြုပ်နှံမှုပုံစံကတော့ ဒေါင်လိုက် ထိုင်လျက် အနေအထားနဲ့ မြုပ်နှံတာဖြစ်ပါတယ်။
ဒီဓလေ့ဟာ အခုခေတ်မှမဟုတ် ဟိုးရှေးယခင်ထဲက လက်ဆင့်ကမ်းလာခဲ့တဲ့ ဓလေ့အဆန်းဖြစ်တဲ့အကြောင်း ၁၉ ရာစုနှစ်ကတည်းက ရှိခဲ့တဲ့ ဆေးရေးပန်းချီတွေကမှ အထောက်အထားယူနိုင်ပါတယ်။
၂၀၁၇ အောက်တိုဘာလမှာ ဆုံးပါးသွားခဲ့တဲ့ ထိုင်းလူမျိုးများရဲ့အသည်းနှလုံး ဘုရင် ဘူမိဘော ရဲ့ ဂူကို ဥပမာထားပြီး ကြည့်ရှုနိုင်ပါတယ်။ ဂူပုံစံဟာ အလျားလိုက်မဟုတ် ဒေါင်လိုက်ပုံသဏ္ဍာန်ကို တွေ့မြင်ရမှာပါ။
ထိုင်းဗုဒ္ဓဘာသာလူမျိုးများရဲ့ ဓလေ့ထုံးတမ်းအရ သေဆုံးသူကို လေးစားမှု၊ဂုဏ်သိက္ခာပြည့်ဝမှုတို့ဖြင့် ဆက်ဆံရပါမယ်။ သေဆုံးသူကို ဆွေမျိုး၊မိတ်‌ဆွေများက ဂူသွင်းမြုပ်နှံကြရမှာဖြစ်ပြီး မြုပ်နှံစဉ်မှာ ပွင့်ခဲ့ပြီးသော ဘုရားရှင်တို့ရဲ့ အမည်နာမကိုရွတ်ဆိုရပါမယ်။ ဒါမှသာ သေသူဟာ သူ့တစ်ဘဝလုံးခံစားခဲ့ရတဲ့ ကြောက်ရွံ့၊ဒေါသ၊ဝမ်းနည်းပူဆွေး စတဲ့စိတ်ခံစားချက်တွေက လွတ်မြောက်နိုင်မှာဖြစ်တယ်။ ဒီလိုမျိုးမြုပ်နှံကြတဲ့ ဓလေ့ထုံးတမ်းဟာ ယနေ့အထိတိုင်ကျင့်သုံးနေဆဲဖြစ်ပြီး အနည်းငယ်သာပြောင်းလဲပြုလုပ်ကြတာပါ။
လူတစ်ယောက် သေဆုံးသွားတဲ့အခါ သူ့ရဲ့ရုပ်ကလာပ်ကို သန့်ရှင်းပြီး ပန်ဆုခုလ လို့ခေါ်တဲ့ အသုဘအဝတ်အစား ဆင်မြန်းပေးရပါမယ်။ အမွှေးနံ့သာရည်နဲ့ ညာဘက်လက်ကို ဆေးကြောပြီး လက်နှစ်ဖက်ကို ဝမ်းဗိုက် ချက် နားမှာ အတူယှဉ်ပြီးထားရပါမယ်။ ပြီးတဲ့အခါ ပရိတ်ကြိုးအဖြူနဲ့ ခါးတစ်ဝိုက်ကိုပတ်ချည်ရပါမယ်။ ပရိတ်ကြိုးခါးချည်ခြင်းကို ဗုဒ္ဓဘာသာဘုန်းကြီး လေးပါး ကို အတူတကွ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
ပြင်ဆင်ပြီးတဲ့ ရုပ်ကလာပ်ကို စန္ဒကူးအသားနဲ့ပြုလုပ်ထားတဲ့ ထောင်လျက် ဌာပနာထည့်သွင်းနိုင်တဲ့ သေတ္တာငယ်လေးထဲမှာ ငုတ်တုတ်ထိုင်နေသဏ္ဍာန်ထည့်သွင်းထားရပါမယ်။ စန္ဒကူးအသားနဲ့သေတ္တာငယ်လေးကို သေသူရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်များရေးထိုးအလှဆင်နိုင်ပြီး ထီးဖြူဆောင်းပေးခြင်း၊ ပန်းနံသာများ ကပ်ပေးခြင်း၊ ပက်ဖျန်းပေးခြင်းများ ပြုလုပ်ရပါမယ်။
အများနဲ့ မတူတစ်မူထူးခြားတဲ့ ထိုင်းလူမျိုးများရဲ့ ဂူသွင်းမြုပ်နှံခြင်းဓလေ့ဖြစ်ပါတယ်။ သေလွန်သူအတွက် ဝမ်းနည်းပူဆွေးခြင်းကာလကို တစ်ပတ်မှ တစ်နှစ်ပတ်လည်တိုင်အောင် ကျင်းပကြပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Photo Credit:  sian and African studies blog
[Zawgyi]
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service