ရှာရှာဖွေဖွေ အမွေရုပ်သိမ်းမှုဆိုင်ရာ ဥပဒေသအထွေထွေ

ရှာရှာဖွေဖွေ အမွေရုပ်သိမ်းမှုဆိုင်ရာ ဥပဒေသအထွေထွေ - Property Knowledge in Myanmar from iMyanmarHouse.com
31 Dec 2023 1:09 pm တွင် တင်ခဲ့သည်
567 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

မိသားစုစီမံမှုစာချုပ်ချုပ်ဆိုပြီးပေးအပ်ထားသည့်အမွေကို မိဘများကပြန်လည်ရုပ်သိမ်းလို့ရသလားဆိုတဲ့ မေးခွန်းအပါအဝင် အိမ်ခြံမြေပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေအမေးအဖြေသုံးခုကို ဒီကနေ့ညမှာ ဆွေးနွေးထားပါတယ်။

 

မေးခွန်း (၁) - မိသားစုစီမံမှု စာချုပ်ချုပ်ဆိုပြီးပေးအပ်ထားသည့်အမွေကို မိဘများက ပြန်လည်ရုပ်သိမ်းလို့ရပါသလား။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မိဘတစ်ဦးဦး မသေမီ သားသမီးများဖြစ်ကြသည့် အမွေစားအမွေခံတို့၏ သဘောတူညီချက်ဖြင့် အမွေပုံပစ္စည်းများကို ခွဲဝေပေးခွင့်ရှိသည်။ ထို့သို့ပြုလုပ်ခြင်းအား မိသားစု စီမံမှုဟု ခေါ်သည်။ (မောင်ခွေးသိုး(ဒေါ်ထပ်ကြီး၏ တရားဝင်ကိုယ်စားလှယ်)နှင့် ဒေါ်မှတ်ကြီး အမှု၊ ၁၉၈၀ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၉၂)

အမွေပုံပစ္စည်းအား ခွဲယူရာတွင် နှုတ်ဖြင့်လဲ ခွဲဝေယူသည်။ နူတ်ဖြင့် ခွဲဝေသည်မှာလဲ မြန်မာဓလေ့ထုံး တမ်းဥပဒေနှင့်အညီ ခိုင်လုံမှုရှိသည်။ အမွေပစ္စည်းအား ခွဲဝေခြင်းကို နှုတ်ဖြင့်လဲ သက်သေပြနိုင်ပြီး နှုတ်ဖြင့် ခွဲဝေကြလျှင် မှတ်ပုံတင်အနေဖြင့် ရေးသားခြင်းဖြစ်ပါက မှတ်ပုံတင်ရန်မလိုပေ။

မရွှေ့မပြောင်းနိုင်သောပစ္စည်းမှာ ကျပ်တစ်ရာထက်ပိုသည်များ ပါဝင်လျှင် စာဖြင့် ရေးသားကာ မှတ်ပုံတင် ရန် လိုအပ်ပါသည်။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းများမှာ မှတ်ပုံတင်အက်ဥပဒေပုဒ်မ-၄၉နှင့် သက်ဆိုင်ပါသည်။ ထို့ကြောင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများပါဝင်ပြီး စာဖြင့် ရေးသားခွဲဝေမျိုးဖြစ်ပါက အဆိုပါ စာမှာလဲ မှတ်တမ်း စာရွက်စာတမ်းမဟုတ်ဘဲ စာချုပ်စာတမ်းဖြစ်ပါက မှတ်ပုံတင်ရန် လိုအပ်ပါသည်။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမိအဖ၊ အဖိုးအဖွား များ၏ ပစ္စည်းများကို မည်သူက မည်မျှ ခံစားခွင့်ရှိ ကြောင်း အမွေခံတို့၏ သဘောတူညီချက်ဖြင့် ပြုလုပ်သည့် မိသားစုစီမံမှုအတိုင်း မိသားစု စုံလင်စွာ ပစ္စည်းခွဲဝေပြီးပါက ထိုစီမံမှုကို ဖောက်ဖျက်ခွင့်မရှိ၊ ထိုစီမံမှုသည် တရားဥပဒေအရ တည်မြဲခိုင်မာခြင်း မရှိဟု သက်သေခံအက် ဥပဒေပုဒ်မ-၁၁၅ အရ ငြင်းဆိုခွင့်မရှိတော့ပေ။ (ဦးဘမင်းနှင့်ဒေါ်မြမြပါ ၂အမှု၊၂၀၀၇ ခုနှစ်၊ မြန်မာနိုင်ငံတရား စီရင်ထုံး၊စာမျက်နှာ-၇၅)

မိသားစုစီမံမှုမှာ ဥပဒေနှင့် မညီညွတ်ဘဲ ခြိမ်းခြောက်ခြင်း၊ မလျော်ဩဇာသုံးခြင်း၊ မမှန်မကန် ချုပ်ဆိုခြင်း ဖြစ်မှသာ မိသားစုစီမံမှုစာချုပ်အား ပြန်လည်ပယ်ဖျက်ပေးစေလိုမှုဖြင့် တရားစွဲဆိုခွင့်ရှိကြောင်း ရေးသားဖော်ပြ ပေးလိုက်ပါသည်။

 

မေးခွန်း (၂ ) - ကွယ်လွန်သူ လူပျိုကြီးဦးလေးပိုင်ဆိုင်သည့်အမွေကို တူ/တူမ ဖြစ်သူက အမွေဆက်ခံခွင့် ရှိပါသလား။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ကွယ်လွန်သူ၏ အမွေပစ္စည်းအား ခင်ပွန်း ၊ ဇနီး ၊ သားသမီး၊ မြေး မြစ်၊ ကိတ္ထိမသားသမီးများ၊လင်ပါမယားပါသားသမီးများနှင့် ၎င်းတို့နှင့် ဆက်စပ်သော မြေးများမရှိပါက အောက်ပါအတိုင်း အမွေဆက်ခံခွင့်ရှိပါသည်။

၁။ ညီအကို မောင်နှမ၊ ၂။ မိဘ၊ ၃။ ဘိုးဘွား၊ ၄။ မိတူဖကွဲ ၊မိတူမိကွဲ ညီအကို မောင်နှမနှင့်တူ တူမ၊ ၅။ မိဘအရင်း၏ လင်ပါမယားပါသားသမီးများ၊ ၆။ ဦးကြီး၊ဦးလေး၊ဒေါ်ကြီး၊ဒေါ်လေး၊ ၇။တူ၊တူမများ၏ သားသမီး ၈။ တစ်ဝမ်းကွဲညီအကို မောင်နှများနှင့် ကျန်ဆွေမျိုးများရကြမည်ဖြစ်ပါသည်။

ထို့ကြောင့် ကွယ်လွန်သူ လူပျိုကြီးဦးလေး ပိုင်ဆိုင်သည့်အမွေကို တူ/တူမ ဖြစ်သူက အထက်ဖော်ပြပါ အမွေဆက်ခံခွင့် အစဉ်လိုက်အတိုင်း ဆက်ခံသူများမရှိပါက အမွေဆက်ခံခွင့်ရရှိမည်ဖြစ်ပါသည်။ တူ/တူမများ အမွေခွဲဝေခြင်းဖြစ်ပါက တိုင်းတူရရှိနိုင်သည့် အခွင့်အရေးရှိပါသည်။

ကွယ်လွန်သူ၏ အကို၊အမ မွေးသော သားသမီးနှင့် ညီ၊ညီမက မွေးသော တူ/တူမများ အမွေပစ္စည်းအား အညီအမျှခွဲဝေယူရပါမည်။ (ဦးဖိုးသာဒွန်းနှင့် မောင်တင်၊ရန်ကုန်တရားစီရင်ထုံး အတွဲ ၈၊ စာမျက်နှာ-၄၈၀။ အမှုမှာ ထုံးဖွဲ့ဆုံးဖြတ်ထားပါသည်။)

ညီတူညီမျှခွဲဝေခြင်းမပြုဘဲ အငြင်းပွားမှုရှိပါက အမွေခွဲ ဝေပေးဖို့ တရားရုံးမှာ လျှောက်ထားတောင်း ဆိုမှုပြုနိုင်ပါသည်။

ကွန်လွန်သူ၏ မရွှေ့မပြောင်းနိုင်သောပစ္စည်းအား ရောင်းချခြင်းပြုလိုလျှင် တရားရုံးတွင် အမွေထိန်းစာ လျှောက်ထားရမည်ဖြစ်ကာ ထိုမှသာ မှတ်ပုံတင်စာချုပ်ချုပ်ဆို၍ ရောင်းချခြင်း နှင့် အမွေခွဲဝေခြင်း ပြုနိုင်မည်ဆို သည့်အကြောင်း ရေးသားဖော်ပြပေးလိုက်ပါသည်။

 

မေးခွန်း (၃) - အမွေမမီမြေးများသည် ၎င်းတို့၏ဦးလေးဒေါ်လေးတို့နှင့် အမွေခွဲဝေရာတွင် မည်သို့သောအခြေအနေတွင်ဝေစု တန်းတူရပိုင်ခွင့်ရှိပါသနည်း။

ဩရသသားသမီးများမှ မွေးဖွားသော မြေးဖြစ်ပါက အခြားသားသမီးများမှ မွေးဖွားသော မြေးထက် အခွင့်အရေး ပိုရရှိသည်။ ဩရသသားသမီးမှ မွေးဖွားသော အမွေမမီမြေးသည် ၎င်းတို့၏ ဦးကြီး၊ဦးလေး၊ ဒေါ်လေးတို့နှင့်အတူ အမွေခွဲဝေသောအခါ အမွေဝေစုအတူတူရရှိသည်။

ဘိုးဘွားများ အရင်ဆုံးခဲ့သော ဦးကြီး၊ဦးလေး တို့၏ ထည့်သွင်းစဉ်းစားရန် မလိုပေ။ ဩရသသားသမီးမှ မွေးဖွားသည့် အမွေမမီမြေးမဟုတ်ဘဲ အခြားသားသမီးမှ မွေးဖွားသော အမွေမမီမြေးများမှာ ၎င်း၏ အမိအဖသက်ရှိ ထင်ရှားရှိသည့်အခါ ရသည့်အတိုင်း အမွေပစ္စည်း၏ လေးပုံတစ်ပုံ သာရရှိသည်။

မြေးအချင်းချင်းသာ အမွေခွဲဝေရခြင်းမျိုးဖြစ်ပါက အညီအမျှ ခွဲဝေမှုပြုရမည်ဖြစ်သာဖြစ်ပြီး မြေးအကြီးဆုံး မှာလဲ ပိုမရနိုင်ပါ။

မောင်စိန်ရွှေနှင့် မောင်စိန်ကြည်အမှုတွင် ရန်ကုန် အတွဲ၃စာ ၆၉(ပီစီ)(D2C 140) အမှုတွင် အေနှင့်ဘီတွင် သမီးမှမွေးသော အမွေမမီမြေးရှိကာ ၎င်း၏ ဇနီးဘီ ကွယ်လွန်ပြီးနောက်မှ အေက ကိတ္ထိမသား(၂)ယောက် မွေးစားပါသည်။

အေ သေးဆုံးသည့်အခါ ကျန်ရစ်သူ ကိတ္ထိမသား(၂)ဦးနှင့် သမီးအရင်း၏ အမွေမီမြေးမှာ အမွေခွဲဝေကြရာ အမွေမီမြေးက ၎င်းမိခင်ရပိုင်ခွင့်အတိုင်း (သုံး)ပုံ (တစ်)ပုံ၏ လေးပုံတစ်ပုံ(တစ်ဆယ့်နှစ်ပုံတစ်ပုံ) ကိုရရှိပါသည်။ ကျန်ဆယ့်နှစ်ပုံဆယ့်တစ်ပုံကို ကိတ္ထိမ သား(၂)ဦးက ခွဲဝေရရှိမည်ဖြစ်ပါသည်။ မြေးများသည် ဘိုးဘွားများနှင့် မနေဟူသော အကြောင်းပြချက်ဖြင့် အမွေဆက်ခံခွင့်မှာ မဆုံးရှုံးကြောင်း ရေးသားဖြေဆိုလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

႐ွာ႐ွာေဖြေဖြ အေမြ႐ုပ္သိမ္းမႈဆိုင္ရာ ဥပေဒသအေထြေထြ

 

မိသားစုစီမံမႈစာခ်ဳပ္ခ်ဳပ္ဆိုၿပီးေပးအပ္ထားသည့္အေမြကို မိဘမ်ားကျပန္လည္႐ုပ္သိမ္းလို႔ရသလားဆိုတဲ့ ေမးခြန္းအပါအဝင္ အိမ္ျခံေျမပိုင္ဆိုင္မႈဆိုင္ရာ ဥပေဒအေမးအေျဖသုံးခုကို ဒီကေန႔ညမွာ ေဆြးေႏြးထားပါတယ္။

 

ေမးခြန္း (၁) - မိသားစုစီမံမႈ စာခ်ဳပ္ခ်ဳပ္ဆိုၿပီးေပးအပ္ထားသည့္အေမြကို မိဘမ်ားက ျပန္လည္႐ုပ္သိမ္းလို႔ရပါသလား။

ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ မိဘတစ္ဦးဦး မေသမီ သားသမီးမ်ားျဖစ္ၾကသည့္ အေမြစားအေမြခံတို႔၏ သေဘာတူညီခ်က္ျဖင့္ အေမြပုံပစၥည္းမ်ားကို ခြဲေဝေပးခြင့္႐ွိသည္။ ထို႔သို႔ျပဳလုပ္ျခင္းအား မိသားစု စီမံမႈဟု ေခၚသည္။ (ေမာင္ေခြးသိုး(ေဒၚထပ္ႀကီး၏ တရားဝင္ကိုယ္စားလွယ္)ႏွင့္ ေဒၚမွတ္ႀကီး အမႈ၊ ၁၉၈၀ ခုႏွစ္၊ ျမန္မာႏိုင္ငံ တရားစီရင္ထုံး စာမ်က္ႏွာ ၉၂)

အေမြပုံပစၥည္းအား ခြဲယူရာတြင္ ႏႈတ္ျဖင့္လဲ ခြဲေဝယူသည္။ ႏူတ္ျဖင့္ ခြဲေဝသည္မွာလဲ ျမန္မာဓေလ့ထုံး တမ္းဥပေဒႏွင့္အညီ ခိုင္လုံမႈ႐ွိသည္။ အေမြပစၥည္းအား ခြဲေဝျခင္းကို ႏႈတ္ျဖင့္လဲ သက္ေသျပႏိုင္ၿပီး ႏႈတ္ျဖင့္ ခြဲေဝၾကလွ်င္ မွတ္ပုံတမ္းအေနျဖင့္ ေရးသားျခင္းျဖစ္ပါက မွတ္ပုံတင္ရန္မလိုေပ။

မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမွာ က်ပ္တစ္ရာထက္ပိုသည္မ်ား ပါဝင္လွ်င္ စာျဖင့္ ေရးသားကာ မွတ္ပုံတင္ ရန္ လိုအပ္ပါသည္။ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းလႊဲေျပာင္းျခင္းမ်ားမွာ မွတ္ပုံတင္အက္ဥပေဒပုဒ္မ-၄၉ႏွင့္ သက္ဆိုင္ပါသည္။ ထို႔ေၾကာင့္ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားပါဝင္ၿပီး စာျဖင့္ ေရးသားခြဲေဝမ်ိဳးျဖစ္ပါက အဆိုပါစာမွာလဲ မွတ္တမ္း စာ႐ြက္စာတမ္းမဟုတ္ဘဲ စာခ်ဳပ္စာတမ္းျဖစ္ပါက မွတ္ပုံတင္ရန္ လိုအပ္ပါသည္။

ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ အမိအဖ၊ အဖိုးအဖြား မ်ား၏ ပစၥည္းမ်ားကို မည္သူက မည္မွ် ခံစားခြင့္႐ွိ ေၾကာင္း အေမြခံတို႔၏ သေဘာတူညီခ်က္ျဖင့္ ျပဳလုပ္သည့္ မိသားစုစီမံမႈအတိုင္း မိသားစု စုံလင္စြာ ပစၥည္းခြဲေဝၿပီး ပါက ထိုစီမံမႈကို ေဖာက္ဖ်က္ခြင့္မ႐ွိ၊ ထိုစီမံမႈသည္ တရားဥပေဒအရ တည္ၿမဲခိုင္မာျခင္း မ႐ွိဟု သက္ေသခံအက္ ဥပေဒပုဒ္မ-၁၁၅ အရ ျငင္းဆိုခြင့္မ႐ွိေတာ့ေပ။ (ဦးဘမင္းႏွင့္ေဒၚျမျမပါ ၂အမႈ၊၂၀၀၇ ခုႏွစ္၊ ျမန္မာႏိုင္ငံတရား စီရင္ထုံး၊စာမ်က္ႏွာ-၇၅)

မိသားစုစီမံမႈမွာ ဥပေဒႏွင့္ မညီၫြတ္ဘဲ ၿခိမ္းေျခာက္ျခင္း၊ မေလ်ာ္ဩဇာသုံးျခင္း၊ မမွန္မကန္ ခ်ဳပ္ဆိုျခင္း ျဖစ္မွသာ မိသားစုစီမံမႈစာခ်ဳပ္အား ျပန္လည္ပယ္ဖ်က္ေပးေစလိုမႈျဖင့္ တရားစြဲဆိုခြင့္႐ွိေၾကာင္း ေရးသားေဖာ္ျပ ေပးလိုက္ပါသည္။

 

ေမးခြန္း (၂ ) - ကြယ္လြန္သူ လူပ်ိဳႀကီးဦးေလးပိုင္ဆိုင္သည့္အေမြကို တူ/တူမ ျဖစ္သူက အေမြဆက္ခံခြင့္ ႐ွိပါသလား။

 

ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ ကြယ္လြန္သူ၏ အေမြပစၥည္းအား ခင္ပြန္း ၊ ဇနီး ၊ သားသမီး၊ ေျမး ျမစ္၊ ကိတၳိမသားသမီးမ်ား၊လင္ပါမယားပါသားသမီးမ်ားႏွင့္ ၎တို႔ႏွင့္ ဆက္စပ္ေသာ ေျမးမ်ားမ႐ွိပါက ေအာက္ပါအတိုင္း အေမြဆက္ခံခြင့္႐ွိပါသည္။

၁။ ညီအကို ေမာင္ႏွမ၊ ၂။ မိဘ၊ ၃။ ဘိုးဘြား၊ ၄။ မိတူဖကြဲ ၊မိတူမိကြဲ ညီအကို ေမာင္ႏွမႏွင့္တူ တူမ၊ ၅။ မိဘအရင္း၏ လင္ပါမယားပါသားသမီးမ်ား၊ ၆။ ဦးႀကီး၊ဦးေလး၊ေဒၚႀကီး၊ေဒၚေလး၊ ၇။တူ၊တူမမ်ား၏ သားသမီး ၈။ တစ္ဝမ္းကြဲညီအကို ေမာင္ႏွမ်ားႏွင့္ က်န္ေဆြမ်ိဳးမ်ားရၾကမည္ျဖစ္ပါသည္။

ထို႔ေၾကာင့္ ကြယ္လြန္သူ လူပ်ိဳႀကီးဦးေလး ပိုင္ဆိုင္သည့္အေမြကို တူ/တူမ ျဖစ္သူက အထက္ေဖာ္ျပပါ အေမြဆက္ခံခြင့္ အစဥ္လိုက္အတိုင္း ဆက္ခံသူမ်ားမ႐ွိပါက အေမြဆက္ခံခြင့္ရ႐ွိမည္ျဖစ္ပါသည္။ တူ/တူမမ်ား အေမြခြဲေဝျခင္းျဖစ္ပါက တိုင္းတူရ႐ွိႏိုင္သည့္ အခြင့္အေရး႐ွိပါသည္။

ကြယ္လြန္သူ၏ အကို၊အမ ေမြးေသာ သားသမီးႏွင့္ ညီ၊ညီမက ေမြးေသာ တူ/တူမမ်ား အေမြပစၥည္းအား အညီအမွ်ခြဲေဝယူရပါမည္။ (ဦးဖိုးသာဒြန္းႏွင့္ ေမာင္တင္၊ရန္ကုန္တရားစီရင္ထုံး အတြဲ ၈၊ စာမ်က္ႏွာ-၄၈၀။ အမႈမွာ ထုံးဖြဲ႕ဆုံးျဖတ္ထားပါသည္။)

ညီတူညီမွ်ခြဲေဝျခင္းမျပဳဘဲ အျငင္းပြားမႈ႐ွိပါက အေမြခြဲ ေဝေပးဖို႔ တရား႐ုံးမွာ ေလွ်ာက္ထားေတာင္း ဆိုမႈျပဳႏိုင္ပါသည္။

ကြန္လြန္သူ၏ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းအား ေရာင္းခ်ျခင္းျပဳလိုလွ်င္ တရား႐ုံးတြင္ အေမြထိန္းစာ ေလွ်ာက္ထားရမည္ျဖစ္ကာ ထိုမွသာ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆို၍ ေရာင္းခ်ျခင္း ႏွင့္ အေမြခြဲေဝျခင္း ျပဳႏိုင္မည္ဆို သည့္အေၾကာင္း ေရးသားေဖာ္ျပေပးလိုက္ပါသည္။

 

ေမးခြန္း (၃) - အေမြမမီေျမးမ်ားသည္ ၎တို႔၏ဦးေလးေဒၚေလးတို႔ႏွင့္ အေမြခြဲေဝရာတြင္ မည္သို႔ေသာအေျခအေနတြင္ေဝစု တန္းတူရပိုင္ခြင့္႐ွိပါသနည္း။

 

ဩရသသားသမီးမ်ားမွ ေမြးဖြားေသာ ေျမးျဖစ္ပါက အျခားသားသမီးမ်ားမွ ေမြးဖြားေသာ ေျမးထက္ အခြင့္အေရး ပိုရ႐ွိသည္။ ဩရသသားသမီးမွ ေမြးဖြားေသာ အေမြမမီေျမးသည္ ၎တို႔၏ ဦးႀကီး၊ဦးေလး၊ ေဒၚေလးတို႔ႏွင့္အတူ အေမြခြဲေဝေသာအခါ အေမြေဝစုအတူတူရ႐ွိသည္။

ဘိုးဘြားမ်ား အရင္ဆုံးခဲ့ေသာ ဦးႀကီး၊ဦးေလး တို႔၏ ထည့္သြင္းစဥ္းစားရန္ မလိုေပ။ ဩရသသားသမီးမွ ေမြးဖြားသည့္ အေမြမမီေျမးမဟုတ္ဘဲ အျခားသားသမီးမွ ေမြးဖြားေသာ အေမြမမီေျမးမ်ားမွာ ၎၏ အမိအဖသက္႐ွိ ထင္႐ွား႐ွိသည့္အခါ ရသည့္အတိုင္း အေမြပစၥည္း၏ ေလးပုံတစ္ပုံ သာရ႐ွိသည္။

ေျမးအခ်င္းခ်င္းသာ အေမြခြဲေဝရျခင္းမ်ိဳးျဖစ္ပါက အညီအမွ် ခြဲေဝမႈျပဳရမည္ျဖစ္သာျဖစ္ၿပီး ေျမးအႀကီးဆုံး မွာလဲ ပိုမရႏိုင္ပါ။

ေမာင္စိန္ေ႐ႊႏွင့္ ေမာင္စိန္ၾကည္အမႈတြင္ ရန္ကုန္ အတြဲ၃စာ ၆၉(ပီစီ)(D2C 140) အမႈတြင္ ေအႏွင့္ဘီတြင္ သမီးမွေမြးေသာ အေမြမမီေျမး႐ွိကာ ၎၏ ဇနီးဘီ ကြယ္လြန္ၿပီးေနာက္မွ ေအက ကိတၳိမသား(၂)ေယာက္ ေမြးစားပါသည္။

ေအ ေသးဆုံးသည့္အခါ က်န္ရစ္သူ ကိတၳိမသား(၂)ဦးႏွင့္ သမီးအရင္း၏ အေမြမီေျမးမွာ အေမြခြဲေဝၾကရာ အေမြမီေျမးက ၎မိခင္ရပိုင္ခြင့္အတိုင္း (သုံး)ပုံ (တစ္)ပုံ၏ ေလးပုံတစ္ပုံ(တစ္ဆယ့္ႏွစ္ပုံတစ္ပုံ) ကိုရ႐ွိပါသည္။ က်န္ဆယ့္ႏွစ္ပုံဆယ့္တစ္ပုံကို ကိတၳိမ သား(၂)ဦးက ခြဲေဝရ႐ွိမည္ျဖစ္ပါသည္။ ေျမးမ်ားသည္ ဘိုးဘြားမ်ားႏွင့္ မေနဟူေသာ အေၾကာင္းျပခ်က္ျဖင့္ အေမြဆက္ခံခြင့္မွာ မဆုံး႐ႈံးေၾကာင္း ေရးသားေျဖဆိုလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

 https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
mya-nandar
cherry-condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service