အမေရိကန်တွင် ရေချိုးပြီးသား ရေနှင့် လေလည်ထားသော လေတို့ကို ဘူးထဲထည့်ကာ တစ်ဘူးလျှင် ဒေါ်လာ ၁၀၀၀ ဖြင့် ရောင်းချလျက်ရှိသော နာမည်ကြီး Webcam မော်ဒယ် Amouranth က ဘီလ်ဂိတ်၏ မြေယာ ပိုင်ဆိုင်မှုကို ဖြတ်ကျော်ရန် သစ်ခွခြံမြေ ၂၂၁၃ ဧကဝယ်ယူ
အမေရိကန်တွင် ရေချိုးပြီးသား ရေနှင့် လေလည်ထားသော လေတို့ကို ဘူးထဲထည့်ကာ တစ်ဘူးလျှင် ဒေါ်လာ ၁၀၀၀ ဖြင့် ရောင်းချလျက်ရှိသော နာမည်ကြီး Webcam မော်ဒယ် Amouranth က ဘီလ်ဂိတ်၏ မြေယာ ပိုင်ဆိုင်မှုကို ဖြတ်ကျော်ရန် သစ်ခွခြံမြေ ၂၂၁၃ ဧကဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
11 Dec 2023 11:32 am တွင် တင်ခဲ့သည်
612 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကက်သလင်းဆီရာဂူဆာ (မွေး -၁၉၉၃) သည် အမေရိကန် အင်တာနက်အကျော်အမော်၊ Webcam မော်ဒယ်တစ်ဦးဖြစ်ပြီး အမောရန် (Amouranth) ဟုသာ လူသိများသည်။
အမောရန်သည် အမေရိကန် ဗီဒီယို Live လွှင့်သည့် ဝန်ဆောင်မှုပေးသော Twitch ဝဘ်ဆိုက်တွင် Livestream များလွှင့်ကာ နာမည်ကြီးသူ ဖြစ်သည်။
Twitch သည် Amazon.com ၏ လုပ်ငန်းခွဲတစ်ခု ဖြစ်သည်။
အမောရန်သည် Twitch တွင် ဖော်လိုဝါပေါင်း ၆ ဒသမ ၄ သန်းရှိပြီး YouTube တွင် Subscriber ပေါင်း ၉၈၈၀၀၀ ရှိကာ စုစုပေါင်း ၁၃၉ သန်း View ရရှိထားသည်။
ပြီးခဲ့သော အင်္ဂါနေ့က အမောရန်သည် X လူမှုကွန်ရက် (ယခင်အမည် တွစ်တာ) တွင် ပို့စ်တစ်ခုတင်ခဲ့ရာ ဖလော်ရီဒါပြည်နယ်ရှိ သစ်ခွခြံမြေ ၂၂၁၃ ဧကကို ကန်ဒေါ်လာ ၁၇ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း ရေးသားထားသည်။
(ဖော့ဘ်မဂ္ဂဇင်းကြီး၏ ခန့်မှန်းချက် )
၂၀၂၃ ခုနှစ် ၊ ဇွန်လအထိ တစ်နှစ်တာအတွင်း အမောရန်၏ ဝင်ငွေမှာ ကန်ဒေါ်လာ ၁၅ သန်းရှိခဲ့ပြီး အွန်လိုင်း ထိပ်တန်း Creators များစာရင်းတွင် နံပါတ် ၂၇ နေရာ၌ ရပ်တည်နေသည်။
အမောရန်သည် Twitch ၏ အကျော်ကြားဆုံး Streamer များတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး Follower ပေါင်း ၆ ဒသမ ၄ သန်းရှိသည်။
ယခုနှစ်ဇွန်လအတွင်း အမောရန်သည် Twitch ၏ ပြိုင်ဘက် Live လွှင့် ပလက်ဖောင်းဖြစ်သော Kick နှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ရာ သူမ၏ လူကြီးသုံးပစ္စည်းများနှင့် Content များကို OnlyFans နှင့် Fansly တို့မှတဆင့် အရောင်းမြှင့်တင်ခွင့် ရခဲ့သည်။
အမောရန်သည် OnlyFans နှင့် Fansly တို့မှ တစ်လလျှင် ဒေါ်လာ ၁ သန်းခန့် ဝင်ငွေရပြီး Kick မှ နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၇ သန်းခန့်ရသည်ဟု ခန့်မှန်းရသည်။
အမောရန်သည် သူမ အိပ်စက်နေပုံကို Live လွှင့်ပြသရုံဖြင့် တစ်ကြိမ် Live လွှင့်လျှင် ဒေါ်လာ ၁၀၀၀၀ မှ ၁၅၀၀၀ ကြား (မြန်မာငွေ သိန်း ၂၁၀ မှ ၃၁၅ သိန်း ကြား) ဝင်ငွေရသည်။
(မှတ်ချက်။ ဒီဇင်ဘာ ၄ ရက် သတ်မှတ်ငွေလဲနှုန်း ကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၁၀၁ ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။)
မိမိအနေဖြင့် အိပ်နေရုံမျှဖြင့် ဝင်ငွေများစွာ ရရှိခဲ့ကြောင်း အမောရန်က ပြောသည်။
ထို့အပြင် အမောရန်သည် သူမရေချိုးထားသောရေများနှင့် သူမအီးပေါက်ထားသည့်လေတို့ကို ဘူးများထဲတွင် ထည့်ကာ တစ်ဘူးလျှင် ဒေါ်လာ ၁၀၀၀ (မြန်မာကျပ်ငွေ ၂၁ သိန်း) ဖြင့် ရောင်းချရာတွင်လည်း အလွန်နာမည်ကြီးခဲ့ပြီး အလွန်အရောင်းသွက်လျက်ရှိသည်။
အမောရန်သည် Twitch ကို ၂၀၁၆ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး အကြိမ်ပေါင်းများစွာ အကောင့်ပိတ်ခံရ သော်လည်း မကြာမီတွင် အကောင့်ပြန်ရလေ့ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Ref: Amouranth Buys $17 Million Florida Orchard In Bid To Surpass Bill Gates’ Land Ownership (forbes)
[Zawgyi]
ကက်သလင်းဆာရာဂူဆာ (မွေး -၁၉၉၃) သည် အမေရိကန် အင်တာနက်အကျော်အမော်၊ Webcam မော်ဒယ်တစ်ဦးဖြစ်ပြီး အမောရန် (Amouranth) ဟုသာ လူသိများသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ်...
ကျိန်စာသင့်အရုပ်များ၊ ခေါင်းတလားများနှင့် ခြောက်ခြားဖွယ်ပစ္စည်းများ စုဆောင်းထားသော အမေရိကန်မှ မိန်းကလေးတစ်ဦး၏ ကျောချမ်းဖွယ် နေအိမ်...
ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်...
ဆောက်လုပ်ရေးလုပ်သား ရှားပါးနေသော အမေရိကန်ဆောက်လုပ်ရေးလောကအကြောင်း ရင်ဖွင့်လာသည့် နယူးဂျာစီပြည်နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်...
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ရန်ကုန်-ဒလ တံတားကြောင့် တွံတေးနှင့်ကော့မှူးမြို့နယ်များအထိ အိမ်ခြံမြေဈေးကွက် သက်ရောက်မှုရှိနေ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
mya-villa
bkk-projects
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service