သတိပြုရမည့် ပန်းကန်ဆေးရေမြှုပ်ဖတ် အန္တရာယ်

သတိပြုရမည့် ပန်းကန်ဆေးရေမြှုပ်ဖတ် အန္တရာယ် - Property Knowledge in Myanmar from iMyanmarHouse.com
3 Dec 2023 12:23 pm တွင် တင်ခဲ့သည်
1561 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

အိမ်ရှင်မတွေ သတိမမူမိဘဲ အမှတ်တမဲ့ဖြစ်နေတတ်တဲ့ kitchen sponges လို့ ခေါ်ကြတဲ့ အိုးခွက်၊ပန်းကန်ဆေး ရေမြှုပ်ဖတ်၊ ရေဖတ်တိုက်အတုံးအဖတ်နှင့် ဖော့တုံးလေးများအကြောင်းကို အိမ်ရှင်မများနှင့်အတူ စာဖတ်သူများအား သတိပြုမိစေရန် ဖော်ပြပေးလိုက်ပါတယ်။

ပန်ကန်ဆေးရေမြှုပ်ဖတ်ဆိုတာ ဘက်တီးရီးယားတွေနဲ့ အမြဲပြည့်နေတတ်တဲ့အရာပါ။ ရေမြှုပ်ဖတ်၊ ဖော့တုံးလေးများကို အိုးခွက်၊ ပန်းကန်ဆေးရုံတင်မဟုတ်ဘဲ တခြားမီးဖိုချောင်သန့်ရှင်းရေး လုပ်ရာမှာလည်း အသုံးပြုတတ်ကြပါတယ်။ အိုးခွက်၊ ပန်းကန်ဆေးသုံးနဲ့ မီးဖိုချောင်သန့်ရှင်းရေးသုံး ရေမြှုပ်ဖတ်ကို သက်သက်တစ်ခုစီထားသင့်ပါတယ်။ အရောင်ခွဲ၍ (သို့ ) ရေမြှုပ်ဖတ် အမျိုးအစားမတူတာမျိုးနဲ့ သီးခြားဆီခွဲသုံးသင့်ပါတယ်။ ရေမြှုပ်ဖတ်ကို ဘက်တီးရီးယားမတက်အောင် တစ်နေ့တာသုံးပြီးလျှင် သံပုရာရည်၊ ရေနွေးပူဖြင့်ဆေးတာတို့ ပြုလုပ်လို့ရပါတယ်။ ဒါပေမယ့် သိပ်တော့ မထူးခြားလှပါဘူး။ သုံးပြီးသားရေမြှုပ်ဖတ်တွေမှာ အန္တရာယ်များလှတဲ့ ဘက်တီးရီးယားပိုးတွေ၊ အီးကိုလိုင်း (E.coli) နှင့် အစာအဆိပ်ဖြစ်စေတတ်သောပိုးတွေဟာ အစားအစာ အဆိပ်သင့်တဲ့ အန္တရာယ်မျိုးများကို အလွယ်တကူကျရောက်တတ်ပါတယ်။

 

 

 

 

အမေရိကန်နိုင်ငံ စိုက်ပျိုးမွေးမြူရေးသုတေသနဌာနရဲ့ ပြောကြားချက်အရ ဒီလိုရောဂါပိုးတွေကို သတ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ မိုက်ခရိုဝေ့ဖ်ထဲ (၁) မိနစ်ကြာ အပူပေးလို့ရသလို ပန်းကန်ဆေးစက်ထဲသို့လည်း ထည့်ဆေးလို့ရပါတယ်။ ဒီနည်းလမ်းနှစ်မျိုးလုံးဟာ ရေမြှုပ်ဖတ်ပေါ်က ဘက်တီးရီးယားပိုးတွေကို ၉၉.၉၉၉ ရာခိုင်နှုန်း သေစေနိုင်ပါတယ်။

အခုနောက်ပိုင်းမှာ ပိုးသတ်ပြီးသား ရေမြှုပ်ဖတ်တွေကို အသုံးပြုလာတာကိုတွေ့ရပါတယ်။ အဲဒီပိုးသတ်ပြီးသား ရေမြှုပ်ဖတ်မှာ ထရိုင်ကလိုဆန် (Triclosan) ဆိုတဲ့ Chemical နဲ့ ပြုလုပ်ထားတာကြောင့် ကျန်းမာရေးကိုထိခိုက်စေပါတယ်။ ဒါ့အပြင် ပတ်၀န်းကျင်ကိုလည်း ထိခိုက်စေပါတယ်။ ဒီရေမြှုပ်ဖတ်နဲ့သုံးတဲ့ရေတွေ မြစ်ထဲ၊ သမုဒ္ဒရာထဲသာ ပါသွားမယ်ဆိုရင် ပင်လယ်သတ္တဝါတွေအတွက် အန္တရာယ်များလှပါတယ်။ ရိုးရိုးရေမြှုပ်ဖတ်တွေကမှ ပတ်၀န်းကျင်ကို မထိခိုက်နိုင်စေပါဘူး။ ဒါ့ကြောင့် သပွတ်သီးအခြောက်ကို အမေရိကန်သဘာဝထိန်းသိမ်းရေးအဖွဲ့မှ အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။ အခုနောက်ပိုင်း အိမ်တွေမှာတောင် သပွတ်ပင်ကိုစိုက်ပျိုးပြီး သပွတ်သီးကို အစားထိုးအသုံးပြုလာတာကို တွေ့ရပါတယ်။

 

 

 

မီးဖိုချောင်နှင့် ပန်းကန်ဆေးတဲ့နေရာကို အသုံးပြုပြီးတာနဲ့ ရေနွေးပူဖြင့်ဆေးကြောပြီး သန့်ရှင်းအောင်ထားပါ။ ရေမြှုပ်ဖတ်ကိုလည်း သုံးပြီးလျှင် ရေစင်အောင်ညှစ်ပြီးထားပါ။ ရေမြှုပ်ဖတ် ရေစိုနေလျှင် ဘက်တီးရီးယားပိုးတွေ လွယ်ကူစွာ ပေါက်ဖွားတိုးပွားနိုင်ပါတယ်။ ဝါးနှင့်ပြုလုပ်ထားတဲ့ ရေမြှုပ်ဖတ်၊ ရေမြှုပ်တုံးလေးများကို အခုချိန်ခါမှာ လူသုံးများလာတာကိုလည်း တွေ့ရှိရပါတယ်။ ဝါးရဲ့သဘာ၀ဟာ ဘက်တီးရီးယားနဲ့ မှိုတက်တာကို ခုခံနိုင်တဲ့ စွမ်းအားရှိတာကြောင့် ဖြစ်ပါတယ်။

ရေမြှုပ်ဖတ်၊ ရေမြှုပ်တုံးလေးများ အနံ့အသက်ဆိုးတာကို ပျောက်စေချင်တယ်ဆိုရင်တော့ Mrs. Clean USA website ရဲ့ ပြောကြားချက်အရ ရေပုံးထဲသို့ရေဖြည့်ပါ။ ပြီးလျှင် ၂/၃ အစွန်းချွတ်ဆေး (အရောင်ချွတ်ဆေး) နဲ့ရောမွှေပြီး ရေမြှုပ်ဖတ်ကို မိနစ် ၃၀ လောက်ထည့်စိမ်ထားလျှင် အနံဆိုးများပျောက်ပါတယ်။ တချို့ မှာ ရေနွေးနဲ့ ရှာလကာရည်အရောထဲမှာ ထည့်စိမ်ပါတယ်။ အဆင်ပြေတဲ့နည်းနဲ့ လုပ်ကြည့်လို့ရပါတယ်။ ရေမြှုပ်ဖတ်လေးကို နှစ်ရက်၊ သုံးရက် တစ်ခါလောက် မိုက်ကလိုဝေ့ဖ်နဲ့ ခွက်ထဲရေထည့်ပြီး ရေမြှုပ်ဖတ်ကိုထည့်ကာ အပူပြင်းပြင်းဖြင့် (သို့) ပန်းကန်ဆေးစက်ထဲ ထည့်ဆေးလို့ရပါတယ်။ ရေမြှုပ်ဖတ်ကို သုံးပြီးလျှင် ဆပ်ပြာဖြင့် စင်အောင်ဆေးပြီး ရေစင်အောင်ညှစ်ထားပါ။

 

 

 

ရေမြှုပ်ဖတ်တစ်ခုကို ဘယ်လောက်အချိန်ထိ သုံးလို့ရပါသလဲဆိုရင်တော့ ကိုယ်သုံးတဲ့ရေမြှုပ်ဖတ်အမျိုးအစားနဲ့ အရွယ်ပေါ်မူတည်ပါတယ်။ ဂရုတစိုက်နဲ့အသုံးပြုမယ်ဆိုရင် ရေမြှုပ်ဖတ်တစ်ခုရဲ့ သက်တမ်းက ၂ ပတ် ကနေ ၈ ပတ် လောက်ခံပါတယ်။ ရေမြှုပ်ဖတ်ကို အမွှေးတွေ အမျှင်တွေ အရမ်းဖွာအောင်ထိမသုံးပါနှင့်။ အန္တရာယ်များပါတယ်။ ရေမြှုပ်ဖတ်ရဲ့ အမွှေးအမျှင်တွေ အိုးခွက်ပန်းကန်ဆေးတဲ့အခါ ကပ်ပါသွားတတ်ပါတယ်။

အခုအခါမှာ ရေမြှုပ်ဖတ်လေးတွေကို အိမ်ရှင်မတွေနဲ့အတူ အားလုံးသတိပြုမိစေရန်အတွက် ချစ်စရာ၊ ဆွဲဆောင်စရာ ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနဲ့ ကာလာစုံကို ဆိုင်တော်တော်များများမှာ ၀ယ်ယူလို့ ရနေပါပြီ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

 

 

 

[Zawgyi]

သတိျပဳရမည့္ ပန္းကန္ေဆးေရျမႇဳပ္ဖတ္ အႏၲရာယ္

 

အိမ္႐ွင္မေတြ သတိမမူမိဘဲ အမွတ္တမဲ့ျဖစ္ေနတတ္တဲ့ kitchen sponges လို႔ ေခၚၾကတဲ့ အိုးခြက္၊ပန္းကန္ေဆး ေရျမႇဳပ္ဖတ္၊ ေရဖတ္တိုက္အတုံးအဖတ္ႏွင့္ ေဖာ့တုံးေလးမ်ားအေၾကာင္းကို အိမ္႐ွင္မမ်ားႏွင့္အတူ စာဖတ္သူမ်ားအား သတိျပဳမိေစရန္ ေဖာ္ျပေပးလိုက္ပါတယ္။

ပန္ကန္ေဆးေရျမႇဳပ္ဖတ္ဆိုတာ ဘက္တီးရီးယားေတြနဲ႔ အၿမဲျပည့္ေနတတ္တဲ့အရာပါ။ ေရျမႇဳပ္ဖတ္၊ ေဖာ့တုံးေလးမ်ားကို အိုးခြက္၊ ပန္းကန္ေဆး႐ုံတင္မဟုတ္ဘဲ တျခားမီးဖိုေခ်ာင္သန္႔႐ွင္းေရး လုပ္ရာမွာလည္း အသုံးျပဳတတ္ၾကပါတယ္။ အိုးခြက္၊ ပန္းကန္ေဆးသုံးနဲ႔ မီးဖိုေခ်ာင္သန္႔႐ွင္းေရးသုံး ေရျမႇဳပ္ဖတ္ကို သက္သက္တစ္ခုစီထားသင့္ပါတယ္။ အေရာင္ခြဲ၍ (သို႔ ) ေရျမႇဳပ္ဖတ္ အမ်ိဳးအစားမတူတာမ်ိဳးနဲ႔ သီးျခားဆီခြဲသုံးသင့္ပါတယ္။ ေရျမႇဳပ္ဖတ္ကို ဘက္တီးရီးယားမတက္ေအာင္ တစ္ေန႔တာသုံးၿပီးလွ်င္ သံပုရာရည္၊ ေရေႏြးပူျဖင့္ေဆးတာတို႔ ျပဳလုပ္လို႔ရပါတယ္။ ဒါေပမယ့္ သိပ္ေတာ့ မထူးျခားလွပါဘူး။ သုံးၿပီးသားေရျမႇဳပ္ဖတ္ေတြမွာ အႏၲရာယ္မ်ားလွတဲ့ ဘက္တီးရီးယားပိုးေတြ၊ အီးကိုလိုင္း (E.coli) ႏွင့္ အစာအဆိပ္ျဖစ္ေစတတ္ေသာပိုးေတြဟာ အစားအစာ အဆိပ္သင့္တဲ့ အႏၲရာယ္မ်ိဳးမ်ားကို အလြယ္တကူက်ေရာက္တတ္ပါတယ္။

အေမရိကန္ႏိုင္ငံ စိုက္ပ်ိဳးေမြးျမဴေရးသုေတသနဌာနရဲ႕ ေျပာၾကားခ်က္အရ ဒီလိုေရာဂါပိုးေတြကို သတ္ႏိုင္တဲ့ အေကာင္းဆုံးနည္းလမ္းကေတာ့ မိုက္ခ႐ိုေဝ့ဖ္ထဲ (၁) မိနစ္ၾကာ အပူေပးလို႔ရသလို ပန္းကန္ေဆးစက္ထဲသို႔လည္း ထည့္ေဆးလို႔ရပါတယ္။ ဒီနည္းလမ္းႏွစ္မ်ိဳးလုံးဟာ ေရျမႇဳပ္ဖတ္ေပၚက ဘက္တီးရီးယားပိုးေတြကို ၉၉.၉၉၉ ရာခိုင္ႏႈန္း ေသေစႏိုင္ပါတယ္။

အခုေနာက္ပိုင္းမွာ ပိုးသတ္ၿပီးသား ေရျမႇဳပ္ဖတ္ေတြကို အသုံးျပဳလာတာကိုေတြ႕ရပါတယ္။ အဲဒီပိုးသတ္ၿပီးသား ေရျမႇဳပ္ဖတ္မွာ ထ႐ိုင္ကလိုဆန္ (Triclosan) ဆိုတဲ့ Chemical နဲ႔ ျပဳလုပ္ထားတာေၾကာင့္ က်န္းမာေရးကိုထိခိုက္ေစပါတယ္။ ဒါ့အျပင္ ပတ္၀န္းက်င္ကိုလည္း ထိခိုက္ေစပါတယ္။ ဒီေရျမႇဳပ္ဖတ္နဲ႔သုံးတဲ့ေရေတြ ျမစ္ထဲ၊ သမုဒၵရာထဲသာ ပါသြားမယ္ဆိုရင္ ပင္လယ္သတၱဝါေတြအတြက္ အႏၲရာယ္မ်ားလွပါတယ္။ ႐ိုး႐ိုးေရျမႇဳပ္ဖတ္ေတြကမွ ပတ္၀န္းက်င္ကို မထိခိုက္ႏိုင္ေစပါဘူး။ ဒါ့ေၾကာင့္ သပြတ္သီးအေျခာက္ကို အေမရိကန္သဘာဝထိန္းသိမ္းေရးအဖြဲ႕မွ အသုံးျပဳဖို႔ တိုက္တြန္းထားပါတယ္။ အခုေနာက္ပိုင္း အိမ္ေတြမွာေတာင္ သပြတ္ပင္ကိုစိုက္ပ်ိဳးၿပီး သပြတ္သီးကို အစားထိုးအသုံးျပဳလာတာကို ေတြ႕ရပါတယ္။

မီးဖိုေခ်ာင္ႏွင့္ ပန္းကန္ေဆးတဲ့ေနရာကို အသုံးျပဳၿပီးတာနဲ႔ ေရေႏြးပူျဖင့္ေဆးေၾကာၿပီး သန္႔႐ွင္းေအာင္ထားပါ။ ေရျမႇဳပ္ဖတ္ကိုလည္း သုံးၿပီးလွ်င္ ေရစင္ေအာင္ညႇစ္ၿပီးထားပါ။ ေရျမႇဳပ္ဖတ္ ေရစိုေနလွ်င္ ဘက္တီးရီးယားပိုးေတြ လြယ္ကူစြာ ေပါက္ဖြားတိုးပြားႏိုင္ပါတယ္။ ဝါးႏွင့္ျပဳလုပ္ထားတဲ့ ေရျမႇဳပ္ဖတ္၊ ေရျမႇဳပ္တုံးေလးမ်ားကို အခုခ်ိန္ခါမွာ လူသုံးမ်ားလာတာကိုလည္း ေတြ႕႐ွိရပါတယ္။ ဝါးရဲ႕သဘာ၀ဟာ ဘက္တီးရီးယားနဲ႔ မိႈတက္တာကို ခုခံႏိုင္တဲ့ စြမ္းအား႐ွိတာေၾကာင့္ ျဖစ္ပါတယ္။

ေရျမႇဳပ္ဖတ္၊ ေရျမႇဳပ္တုံးေလးမ်ား အနံ႔အသက္ဆိုးတာကို ေပ်ာက္ေစခ်င္တယ္ဆိုရင္ေတာ့ Mrs. Clean USA website ရဲ႕ ေျပာၾကားခ်က္အရ ေရပုံးထဲသို႔ေရျဖည့္ပါ။ ၿပီးလွ်င္ ၂/၃ အစြန္းခြၽတ္ေဆး (အေရာင္ခြၽတ္ေဆး) နဲ႔ေရာေမႊၿပီး ေရျမႇဳပ္ဖတ္ကို မိနစ္ ၃၀ ေလာက္ထည့္စိမ္ထားလွ်င္ အနံဆိုးမ်ားေပ်ာက္ပါတယ္။ တခ်ိဳ႕ မွာ ေရေႏြးနဲ႔ ႐ွာလကာရည္အေရာထဲမွာ ထည့္စိမ္ပါတယ္။ အဆင္ေျပတဲ့နည္းနဲ႔ လုပ္ၾကည့္လို႔ရပါတယ္။ ေရျမႇဳပ္ဖတ္ေလးကို ႏွစ္ရက္၊ သုံးရက္ တစ္ခါေလာက္ မိုက္ကလိုေဝ့ဖ္နဲ႔ ခြက္ထဲေရထည့္ၿပီး ေရျမႇဳပ္ဖတ္ကိုထည့္ကာ အပူျပင္းျပင္းျဖင့္ (သို႔) ပန္းကန္ေဆးစက္ထဲ ထည့္ေဆးလို႔ရပါတယ္။ ေရျမႇဳပ္ဖတ္ကို သုံးၿပီးလွ်င္ ဆပ္ျပာျဖင့္ စင္ေအာင္ေဆးၿပီး ေရစင္ေအာင္ညႇစ္ထားပါ။

ေရျမႇဳပ္ဖတ္တစ္ခုကို ဘယ္ေလာက္အခ်ိန္ထိ သုံးလို႔ရပါသလဲဆိုရင္ေတာ့ ကိုယ္သုံးတဲ့ေရျမႇဳပ္ဖတ္အမ်ိဳးအစားနဲ႔ အ႐ြယ္ေပၚမူတည္ပါတယ္။ ဂ႐ုတစိုက္နဲ႔အသုံးျပဳမယ္ဆိုရင္ ေရျမႇဳပ္ဖတ္တစ္ခုရဲ႕ သက္တမ္းက ၂ ပတ္ ကေန ၈ ပတ္ ေလာက္ခံပါတယ္။ ေရျမႇဳပ္ဖတ္ကို အေမႊးေတြ အမွ်င္ေတြ အရမ္းဖြာေအာင္ထိမသုံးပါႏွင့္။ အႏၲရာယ္မ်ားပါတယ္။ ေရျမႇဳပ္ဖတ္ရဲ႕ အေမႊးအမွ်င္ေတြ အိုးခြက္ပန္းကန္ေဆးတဲ့အခါ ကပ္ပါသြားတတ္ပါတယ္။

အခုအခါမွာ ေရျမႇဳပ္ဖတ္ေလးေတြကို အိမ္႐ွင္မေတြနဲ႔အတူ အားလုံးသတိျပဳမိေစရန္အတြက္ ခ်စ္စရာ၊ ဆြဲေဆာင္စရာ ပုံစံအမ်ိဳးမ်ိဳး၊ အ႐ြယ္အစားအမ်ိဳးမ်ိဳးနဲ႔ ကာလာစုံကို ဆိုင္ေတာ္ေတာ္မ်ားမ်ားမွာ ၀ယ္ယူလို႔ ရေနပါၿပီ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ  09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service