မှတ်သားဖွယ်ရာ အထွေထွေ ဥပဒေရေးရာ

မှတ်သားဖွယ်ရာ အထွေထွေ ဥပဒေရေးရာ - Property Knowledge in Myanmar from iMyanmarHouse.com
2 Dec 2023 12:16 pm တွင် တင်ခဲ့သည်
496 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

နှစ်ရှည်အငှားစာချုပ် မှတ်ပုံတင်ရာမှာ သိထားရမယ့်အချက်တွေက ဘာတွေလဲ ??? ဆိုတဲ့ မေးခွန်းအပါအဝင် အိမ်ခြံမြေချစ်သူတို့ မေးမြန်းစူးစမ်းထားကြတဲ့ အမေးအဖြေသုံးဦးကို ဗဟုသုတရဖွယ်ရာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

 

မေးခွန်း(၁)။ ဂရန်အမည်ပေါက်ပိုင်ရှင် သေဆုံး/ပျောက်ဆုံး သွားပါက မိမိအမည်ပေါက်ဖြစ်အောင် မည်သို့လုပ်ဆောင်ရမည်နည်း။

 

မြေငှားရမ်းကာလသတ်မှတ်၍ နှစ်စဉ် မြေငှားခ ထမ်းဆောင်ကာ အစိုးရမှ ချထားပေးသောမြေကို ဂရန်မြေဟု ခေါ်ပါသည်။ မြေငှားဂရန်စာချုပ်တွင် ငှားရမ်းသူမှ လိုက်နာဆောင်ရွက်နိုင်ရန် စည်းကမ်း သတ်မှတ်ချက်များထားရှိပြီး အဆိုပါ အချက်အလက်များအားလုံးအား အမည်ပေါက်ပိုင်ရှင်(သို့) နေထိုင်သူ များမှ လိုက်နာဆောင်ရွက် နေထိုင်သွားရပါမည်။ နှစ်ရှည်မြေငှားဂရန်၊ နှစ်ရှည်မြေငှားဂရန်ဟူ၍ ရှိပြီး နှစ်ပေါင်း(၉၀)ထိ (၃)ကြိမ် သက်တမ်းတိုးဆောင်ရွက်နိုင်သော ဂရန်အား နှစ်ရှည်မြေငှားဂရန်၊ အဆောက် အအုံခိုင်ခန့်မှုမရှိပါက (၁၀)နှစ်သက်တမ်းရှိသော နှစ်တိုမြေငှားဂရန်ကို ထုတ်ပေးပါသည်။

ဂရန်မြေအား မိမိမှ ကြိုက်နှစ်သက်သည့် ဈေးနှုန်း တည်နေရာအရ ဝယ်ယူမည်ဆိုပါက အဆိုပါ ဂရန်မြေ အကြောင်း သိရှိထားရန်လဲ လိုအပ်ပြီး ဂရန်အားစစ်ဆေးကြည့်ရှုရန် တောင်းဆိုကာ အမည်ပေါက် ကိုယ်တိုင် ရောင်းချခြင်းဟုတ်မဟုတ် ၎င်း၏ မှတ်ပုံတင်နှင့် တိုက်ဆိုင်စစ်ဆေးခြင်း ၊ မြေပိုင်ဆိုင်မှုအား သက်ဆိုင်ရာဌာနတွင် စစ်‌ဆေးခြင်းမပြုရသေးဘဲ မဝယ်ယူသင့်ပါ။

အမည်ပေါက်ပိုင်ရှင် သေဆုံးပါက ရောင်းချခွင့်ရှိသူမှာ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူ ၎င်း၏ ဇနီး/ခင်ပွန်း ၊သားသမီးမှသာ အမွေဆက်ခံကြောင်း မြွတ်ဟ ကြေငြာကာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး ရောင်းချခွင့်ရှိသည်ဖြစ်ပါသည်။

စတင်ဝယ်ယူစဉ်က အရပ်ကတိစာချုပ်ဖြင့် ဝယ်ယူခြင်းမပြုဘဲ မှတ်ပုံတင်စာချုပ်ဖြင့် ဝယ်ယူပါက မိမိမှတ်ပုံတင်စာချုပ်အား တင်ပြ၍ အမည်ပြောင်း ဆက်လက်ဆောင်ရွက်နိုင်ပါသည်။

အကယ်၍ အဆိုပါဂရန်မြေမှာ အဆင့်ဆင့် GP/SP များဖြင့်သာ လွှဲပြောင်းရောင်းချခဲ့ပြီး အမည် ပြောင်း ဆောင်ရွက်ရန် အခက်တွေ့နေပါက အဆိုပါ မြေမှာ သက်တမ်းကျော် ဂရန်မြေဖြစ်နေကြောင်း နေထိုင်ခြင်းအား သက်သေပြကာ ဂရန်သစ်တစ်ခု ထုတ်ပေးရန် လျှောက်ထား ဆောင်ရွက်ရမှာ ဖြစ်ပါသည်။ အမည်ပေါက်ပိုင်ရှင် ပျောက်ဆုံး ၊ သေဆုံးကာ ဂရန်သက်တမ်းကျန်ရှိသော ဒဏ်ကြေး ပေးဆောင်နိုင် သေးသည့် ဂရန်မြေများအား အမည်ပေါက်ပြောင်းခြင်းဆောင်ရွက်လိုပါက မြို့နယ်တရားရုံး၌ ပစ္စည်းလွှဲ ပြောင်းခြင်း ဥပဒေပုဒ်မ-၅၅(ဃ)အရ မှတ်ပုံတင်စာချုပ်ချုပ်ပေးစေလိုမှုဖြင့် တရားစွဲဆိုရပါမယ်။

ထို့သို့တရားစွဲဆိုရာ၌ တဖက်မှလဲ အမှုရင်ဆိုင်လာသူ တရားပြိုင်မရှိသဖြင့် အမှုမှာ တဖက်သတ် အနိုင်ဒီကရီရရှိမည်ဖြစ်ပါသည်။ အဆိုပါအနိုင်ဒီကရီအရ မှတ်ပုံတင်စာချုပ်ချုပ်ဆိုမည်ဆိုပါက (၄)လအတွင်း စာချုပ်ချုပ်ဆိုရန် လိုအပ်ပါသည်။ တရားရုံးမှ ဘီလစ်စာရေးမှ ရောင်းချသူကိုယ်စား မြေပုံထုတ်ယူခြင်း၊ ရာဖြတ်တင်ခြင်း၊ မှတ်ပုံတင်စာချုပ်ချုပ်ဆိုကာ လျှောက်ထားသူမှ မိမိအမည်ပေါက်ဂရန်ရရှိရန် ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

 

မေးခွန်း(၂)။ နှစ်ရှည်အငှားစာချုပ် မှတ်ပုံတင်ရာမှာ သိထားရမယ့်အချက်များကို ရှင်းပြပါ။

နှစ်ရှည်အငှားစာချုပ်ချုပ်ဆိုရာ၌ မြေ၊အဆောက်အဦးပါမြေ၊ တိုက်ခန်း၊ကွန်ဒို၊စက်ရုံ၊အလုပ်ရုံဟူ၍ လုပ်ငန်း အမျိုးအစား (သို့) လူနေထိုင်မှုပေါ်မူတည်၍ ငှားရမ်းမှုများရှိပြီး (၁)နှစ်ထက်ကျော်လွန်သော ငှားရမ်းမှုများတွင် မှတ်ပုံတင်ထားရှိကြရပါသည်။

ကုမ္ပဏီအနေဖြင့် ငှားရမ်းခြင်း ချုပ်ဆိုသောစာချုပ်များတွင် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ခွင့်ပြု မိန့်ပါရှိရပါမည်။ ရင်းနှီးမြုပ်နှံမှုဥပဒေပုဒ်မ-၃၆(ဃ) အရ နိုင်ငံပိုင်မြေနှင့် အဆောက်အအုံအား အသုံးပြုသည့် ရင်းနှီးမှုလုပ်ငန်းများအား ခွင့်ပြုမိန့်ဖြင့် ရင်းနှီးမြုပ်နှံရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ပုဒ်မ-၅၀အရလဲ မြေနိုင်ငံပိုင်မြေ(သို့)အဆောက်အအုံအား ငှားရမ်းလိုပါကသတ်မှတ်ချက်များနှင့်အ ညီ နှစ်ရှည်ငှားရမ်းခွင့်ရှိပြီး အစိုးရမြေများအား ကနဦးနှစ်-၅၀အထိ ငှားရမ်းနိုင်ကာ သက်တမ်းတိုး(၁၀နှစ် တစ်ကြိမ် ၂ကြိမ်) သက်တမ်းတိုးနိုင်ပါသည်။

ငှားရမ်းမည့် မြေကွက်၏ တည်နေရာအား တိကျစွာဖော်ပြရမည့်အပြင် တံဆိပ်ခေါင်းခွန် ပြည့်မှီစွာ ထမ်းဆောင်ရမည်။ ရင်းနှီးမြုပ်မှုဥပဒေပုဒ်မ-၅၀(ဃ)နှင့်အညီ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရ ဖြစ်ကာ ကိုယ်စားလှယ်များထားရှိ၍ မှတ်ပုံတင်သွင်းခြင်းလဲ ဆောင်ရွက်နိုင်ပါသည်။

ကုမ္ပဏီ၏ အစည်းအဝေးမှတ်တမ်းဖြင့် တာဝန် ပေးခြင်းခံရသူမှလဲ မှတ်ပုံတင်နိုင်ပါသည်။ နိုင်ငံခြား သား ကိုယ်တိုင် မှတ်ပုံတင်သွင်းလျှင် ၎င်း၏ ပတ်စ်ပို့မူရင်း ပြသရန် လိုအပ်ပါသည်။ ထို့ပြင် စာချုပ်တွင် လက်မှတ်ရေးထိုးမည့်သက်သေနှစ်ဦး၏ မှတ်ပုံတင်မူရင်းနှင့်အတူ လူကိုယ်တိုင် လာရောက်ရပါမည်။

နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုအတွက် ငှားရမ်းခြင်းစာချုပ်များမှာ အခြားဘာသာစကားဖြင့် ချုပ်ဆို ခြင်းဖြစ်ပါ က ရုံးသုံး မြန်မာဘာသာပြန်ဆိုချက်ပါ မှတ်ပုံတင်အရာရှိထံ ပူးတွဲတင်ပြရပါမည်။ စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုဒ်မ-၁၆(ဃ)အရ မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို တစ်နှစ်ပြီး တစ်နှစ် ငှားရမ်းခြင်း၊ တစ်နှစ်ထက်ပို၍ ငှားရမ်းခြင်း၊ငှားရမ်းခကို နှစ်အလိုက်သတ်မှတ်၍ ငှားရမ်းခြင်း စာချုပ်များမှာ မဖြစ်မနေမှတ်ပုံမတင်မနေရ စာချုပ်အမျိုးအစားများထဲတွင် ပါဝင်ကြောင်း ဖြေဆိုရေးသား ပေးလိုက် ပါသည်။

 

 

မေးခွန်း(၃)။ ကိုယ်စားလှယ်လွှဲစာရသူနှင့် စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်လျှင် ကျမ်းကျိန်ဖို့ လိုအပ်ပါသလား။

 

ပဋိဉာဉ်ဥပဒေပုဒ်မ- ၁၈၂အရ ကိုယ်စားလှယ်ဆိုသည်မှာ သူတစ်ပါးကိစ္စအတွက် ဆောင်ရွက်ရန် ခန့်အပ်ခြင်းခံရသူ (သို့)အခြားသူများနှင့် ဆက်ဆံရာတွင် သူတစ်ပါးအတွက် ကိုယ်စားပြုသူကို ဆိုလိုပါ သည်။ ပဋိဉာဉ်ဥပဒေပုဒ်မ- ၁၈၃ အရ ကိုယ်စားလှယ်ခန့်အပ်ရာတွင် အကြီးအကဲကဖြစ်စေ၊ ကိုယ်စားလှယ် ကဖြစ်စေ အဖိုးစားနားပေးရန် မလိုပေ။ အကြီးအကဲက ယုံကြည်ကိုးစားပြီး ခန့်အပ်ထားခြင်း နှင့် ကိုယ်စားလှယ်က ဆောင်ရွက်ရန် လက်ခံခြင်းတို့သည်ပင် လုံလောက်သော အဖိုးစားနားဖြစ်သည်ဟု ယူဆနိုင်ပါသည်။

အထွေထွေကိုယ်စားလှယ်လွှဲစာ (GP)ကတော့ ကိုယ်စားလှယ်လွှဲသူ၏ ပိုင်ဆိုင်မှုအားလုံးအား လွှဲအပ်၍ ကိုယ်စားဆောင်ရွက်ခွင့်ပေးထားတာဖြစ်ပါတယ်။ အထူးကိုယ်စားလှယ်လွှဲစာ (SP)ကတော့ လွှဲအပ်သူ ပိုင်ဆိုင်သော ဖော်ပြထားသော တစ်စိတ်ဒေသကိုသာ ၎င်းကိုယ်စားဆောင်ရွက် ခွင့်ပြုထားခြင်း ဖြစ်ပါသည်။

မှတ်ပုံတင်ရုံးမှာပဲ လွှဲအပ်သော ကိုယ်စားလှယ်လွှဲစာဖြစ်ရမည်ဖြစ်ကာ လွှဲအပ်သူနှင့် လွှဲအပ်ခြင်း လက်ခံသူ နှစ်ဦး၏ မှတ်ပုံတင်အပြင်၊ အထူးကိုယ်စားလှယ် လွှဲစာလွှဲအပ်သည့်မြေကွက် ပိုင်ဆိုင်မှု မူရင်းများကို မှတ်ပုံတင်စာချုပ် စာတမ်းရုံးသို့ ယူဆောင်သွားရပါမည်။

ကိုယ်စားလှယ်လွှဲစာပေးအပ်သူမှာ သေဆုံးခြင်း(သို့)စိတ်ပေါ့သွပ်ခြင်းဖြစ်စေ၊ ကြွေးမြေများမှ ကင်းလွတ်စေ သောလူမွဲစာရင်း ခံရယူထားခြင်းခံရသူဖြစ်စေ၊ နှစ်ရှည်ထောင်ကျနေလျှင်ဖြစ်စေ၊ ကိုယ်စားလှယ်စာ စနစ်တကျ ရုတ်သိမ်းလျှင် ဖြစ်စေ၊ လုပ်ငန်းကိစ္စများပြီးဆုံးလျှင်ဖြစ်စေ ကိုယ်စားလှယ်လွှဲစွာ ဆုံးခန်းတိုင်ပြီး ပျက်ပြယ်သွားပြီး ဖြစ်ပါသည်။

ထို့ကြောင့် အဆိုပါအထူးကိုယ်စားလှယ်လွှဲစာ လွှဲအပ်ပေးထားသည့်မြေကွက်အား လွှဲပြောင်းရောင်းချခြင်း များတွင် ကိုယ်စားလှယ်ဆောင်ရွက်သူမှ လက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုသည့်အခါတိုင်း ကိုယ်စားလှယ်လွှဲစာမှာ ပြန်လည် ရုတ်သိမ်းခြင်း မရှိသေးကြောင်းနှင့် ကိုယ်စားလှယ်ပေးအပ်သူမှာ သက်ရှိထင်ရှားရှိကြောင်း တရားသူကြီး ရှေ့မှောက် တွင် တရားဝင်ပြုလုပ်ထားသော ကျမ်းကျိန်လွှာအား တောင်းယူရန် လိုအပ်ပါကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

မွတ္သားဖြယ္ရာ အေထြေထြ ဥပေဒေရးရာ

 

ႏွစ္႐ွည္အငွားစာခ်ဳပ္ မွတ္ပုံတင္ရာမွာ သိထားရမယ့္အခ်က္ေတြက ဘာေတြလဲ ??? ဆိုတဲ့ ေမးခြန္းအပါအဝင္ အိမ္ျခံေျမခ်စ္သူတို႔ ေမးျမန္းစူးစမ္းထားၾကတဲ့ အေမးအေျဖသုံးဦးကို ဗဟုသုတရဖြယ္ရာတင္ဆက္ေပးသြားမွာျဖစ္ပါတယ္။

 

ေမးခြန္း(၁)။ ဂရန္အမည္ေပါက္ပိုင္႐ွင္ ေသဆုံး/ေပ်ာက္ဆုံး သြားပါက မိမိအမည္ေပါက္ျဖစ္ေအာင္ မည္သို႔လုပ္ေဆာင္ရမည္နည္း။

 

ေျမငွားရမ္းကာလသတ္မွတ္၍ ႏွစ္စဥ္ ေျမငွားခ ထမ္းေဆာင္ကာ အစိုးရမွ ခ်ထားေပးေသာေျမကို ဂရန္ေျမဟု ေခၚပါသည္။ ေျမငွားဂရန္စာခ်ဳပ္တြင္ ငွားရမ္းသူမွ လိုက္နာေဆာင္႐ြက္ႏိုင္ရန္ စည္းကမ္း သတ္မွတ္ခ်က္မ်ားထား႐ွိၿပီး အဆိုပါ အခ်က္အလက္မ်ားအားလုံးအား အမည္ေပါက္ပိုင္႐ွင္(သို႔) ေနထိုင္သူ မ်ားမွ လိုက္နာေဆာင္႐ြက္ ေနထိုင္သြားရပါမည္။ ႏွစ္႐ွည္ေျမငွားဂရန္၊ ႏွစ္႐ွည္ေျမငွားဂရန္ဟူ၍ ႐ွိၿပီး ႏွစ္ေပါင္း(၉၀)ထိ (၃)ႀကိမ္ သက္တမ္းတိုးေဆာင္႐ြက္ႏိုင္ေသာ ဂရန္အား ႏွစ္႐ွည္ေျမငွားဂရန္၊ အေဆာက္ အအုံခိုင္ခန္႔မႈမ႐ွိပါက (၁၀)ႏွစ္သက္တမ္း႐ွိေသာ ႏွစ္တိုေျမငွားဂရန္ကို ထုတ္ေပးပါသည္။

ဂရန္ေျမအား မိမိမွ ႀကိဳက္ႏွစ္သက္သည့္ ေဈးႏႈန္း တည္ေနရာအရ ဝယ္ယူမည္ဆိုပါက အဆိုပါ ဂရန္ေျမ အေၾကာင္း သိ႐ွိထားရန္လဲ လိုအပ္ၿပီး ဂရန္အားစစ္ေဆးၾကည့္႐ႈရန္ ေတာင္းဆိုကာ အမည္ေပါက္ ကိုယ္တိုင္ ေရာင္းခ်ျခင္းဟုတ္မဟုတ္ ၎၏ မွတ္ပုံတင္ႏွင့္ တိုက္ဆိုင္စစ္ေဆးျခင္း ၊ ေျမပိုင္ဆိုင္မႈအား သက္ဆိုင္ရာဌာနတြင္ စစ္‌ေဆးျခင္းမျပဳရေသးဘဲ မဝယ္ယူသင့္ပါ။

အမည္ေပါက္ပိုင္႐ွင္ ေသဆုံးပါက ေရာင္းခ်ခြင့္႐ွိသူမွာ အေမြဆက္ခံပိုင္ဆိုင္ခြင့္႐ွိသူ ၎၏ ဇနီး/ခင္ပြန္း ၊သားသမီးမွသာ အေမြဆက္ခံေၾကာင္း ႁမြတ္ဟ ေၾကျငာကာ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ေရာင္းခ်ခြင့္႐ွိသည္ျဖစ္ပါသည္။

စတင္ဝယ္ယူစဥ္က အရပ္ကတိစာခ်ဳပ္ျဖင့္ ဝယ္ယူျခင္းမျပဳဘဲ မွတ္ပုံတင္စာခ်ဳပ္ျဖင့္ ဝယ္ယူပါက မိမိမွတ္ပုံတင္စာခ်ဳပ္အား တင္ျပ၍ အမည္ေျပာင္း ဆက္လက္ေဆာင္႐ြက္ႏိုင္ပါသည္။ အကယ္၍ အဆိုပါဂရန္ေျမမွာ အဆင့္ဆင့္ GP/SP မ်ားျဖင့္သာ လႊဲေျပာင္းေရာင္းခ်ခဲ့ၿပီး အမည္ ေျပာင္း ေဆာင္႐ြက္ရန္ အခက္ေတြ႕ေနပါက အဆိုပါ ေျမမွာ သက္တမ္းေက်ာ္ ဂရန္ေျမျဖစ္ေနေၾကာင္း ေနထိုင္ျခင္းအား သက္ေသျပကာ ဂရန္သစ္တစ္ခု ထုတ္ေပးရန္ ေလွ်ာက္ထား ေဆာင္႐ြက္ရမွာ ျဖစ္ပါသည္။ အမည္ေပါက္ပိုင္႐ွင္ ေပ်ာက္ဆုံး ၊ ေသဆုံးကာ ဂရန္သက္တမ္းက်န္႐ွိေသာ ဒဏ္ေၾကး ေပးေဆာင္ႏိုင္ ေသးသည့္ ဂရန္ေျမမ်ားအား အမည္ေပါက္ေျပာင္းျခင္းေဆာင္႐ြက္လိုပါက ၿမိဳ႕နယ္တရား႐ုံး၌ ပစၥည္းလႊဲ ေျပာင္းျခင္း ဥပေဒပုဒ္မ-၅၅(ဃ)အရ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ေပးေစလိုမႈျဖင့္ တရားစြဲဆိုရပါမယ္။

ထို႔သို႔တရားစြဲဆိုရာ၌ တဖက္မွလဲ အမႈရင္ဆိုင္လာသူ တရားၿပိဳင္မ႐ွိသျဖင့္ အမႈမွာ တဖက္သတ္ အႏိုင္ဒီကရီရ႐ွိမည္ျဖစ္ပါသည္။ အဆိုပါအႏိုင္ဒီကရီအရ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုမည္ဆိုပါက (၄)လအတြင္း စာခ်ဳပ္ခ်ဳပ္ဆိုရန္ လိုအပ္ပါသည္။ တရား႐ုံးမွ ဘီလစ္စာေရးမွ ေရာင္းခ်သူကိုယ္စား ေျမပုံထုတ္ယူျခင္း၊ ရာျဖတ္တင္ျခင္း၊ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုကာ ေလွ်ာက္ထားသူမွ မိမိအမည္ေပါက္ဂရန္ရ႐ွိရန္ ဆက္လက္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ေျဖဆိုေရးသားေပးလိုက္ပါသည္။

 

 

ေမးခြန္း(၂)။ ႏွစ္႐ွည္အငွားစာခ်ဳပ္ မွတ္ပုံတင္ရာမွာ သိထားရမယ့္အခ်က္မ်ားကို ႐ွင္းျပပါ။

ႏွစ္႐ွည္အငွားစာခ်ဳပ္ခ်ဳပ္ဆိုရာ၌ ေျမ၊အေဆာက္အဦးပါေျမ၊ တိုက္ခန္း၊ကြန္ဒို၊စက္႐ုံ၊အလုပ္႐ုံဟူ၍ လုပ္ငန္း အမ်ိဳးအစား (သို႔) လူေနထိုင္မႈေပၚမူတည္၍ ငွားရမ္းမႈမ်ား႐ွိၿပီး (၁)ႏွစ္ထက္ေက်ာ္လြန္ေသာ ငွားရမ္းမႈမ်ားတြင္ မွတ္ပုံတင္ထား႐ွိၾကရပါသည္။

ကုမၸဏီအေနျဖင့္ ငွားရမ္းျခင္း ခ်ဳပ္ဆိုေသာစာခ်ဳပ္မ်ားတြင္ ျမန္မာႏိုင္ငံရင္းႏွီးျမဳပ္ႏွံမႈေကာ္မ႐ွင္၏ ခြင့္ျပဳ မိန္႔ပါ႐ွိရပါမည္။ ရင္းႏွီးျမဳပ္ႏွံမႈဥပေဒပုဒ္မ-၃၆(ဃ) အရ ႏိုင္ငံပိုင္ေျမႏွင့္ အေဆာက္အအုံအား အသုံးျပဳသည့္ ရင္းႏွီးမႈလုပ္ငန္းမ်ားအား ခြင့္ျပဳမိန္႔ျဖင့္ ရင္းႏွီးျမဳပ္ႏွံရမည္ျဖစ္ေၾကာင္း ေဖာ္ျပထားပါသည္။

ပုဒ္မ-၅၀အရလဲ ေျမႏိုင္ငံပိုင္ေျမ(သို႔)အေဆာက္အအုံအား ငွားရမ္းလိုပါကသတ္မွတ္ခ်က္မ်ားႏွင့္အ ညီ ႏွစ္႐ွည္ငွားရမ္းခြင့္႐ွိၿပီး အစိုးရေျမမ်ားအား ကနဦးႏွစ္-၅၀အထိ ငွားရမ္းႏိုင္ကာ သက္တမ္းတိုး(၁၀ႏွစ္ တစ္ႀကိမ္ ၂ႀကိမ္) သက္တမ္းတိုးႏိုင္ပါသည္။

ငွားရမ္းမည့္ ေျမကြက္၏ တည္ေနရာအား တိက်စြာေဖာ္ျပရမည့္အျပင္ တံဆိပ္ေခါင္းခြန္ ျပည့္မွီစြာ ထမ္းေဆာင္ရမည္။ ရင္းႏွီးျမဳပ္မႈဥပေဒပုဒ္မ-၅၀(ဃ)ႏွင့္အညီ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ မွတ္ပုံတင္ရ ျဖစ္ကာ ကိုယ္စားလွယ္မ်ားထား႐ွိ၍ မွတ္ပုံတင္သြင္းျခင္းလဲ ေဆာင္႐ြက္ႏိုင္ပါသည္။

ကုမၸဏီ၏ အစည္းအေဝးမွတ္တမ္းျဖင့္ တာဝန္ ေပးျခင္းခံရသူမွလဲ မွတ္ပုံတင္ႏိုင္ပါသည္။ ႏိုင္ငံျခား သား ကိုယ္တိုင္ မွတ္ပုံတင္သြင္းလွ်င္ ၎၏ ပတ္စ္ပို႔မူရင္း ျပသရန္ လိုအပ္ပါသည္။ ထို႔ျပင္ စာခ်ဳပ္တြင္ လက္မွတ္ေရးထိုးမည့္သက္ေသႏွစ္ဦး၏ မွတ္ပုံတင္မူရင္းႏွင့္အတူ လူကိုယ္တိုင္ လာေရာက္ရပါမည္။

ႏိုင္ငံျခားသား ရင္းႏွီးျမဳပ္ႏွံမႈအတြက္ ငွားရမ္းျခင္းစာခ်ဳပ္မ်ားမွာ အျခားဘာသာစကားျဖင့္ ခ်ဳပ္ဆို ျခင္းျဖစ္ပါ က ႐ုံးသုံး ျမန္မာဘာသာျပန္ဆိုခ်က္ပါ မွတ္ပုံတင္အရာ႐ွိထံ ပူးတြဲတင္ျပရပါမည္။ စာခ်ဳပ္စာတမ္းမွတ္ပုံတင္ဥပေဒပုဒ္မ-၁၆(ဃ)အရ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားကို တစ္ႏွစ္ၿပီး တစ္ႏွစ္ ငွားရမ္းျခင္း၊ တစ္ႏွစ္ထက္ပို၍ ငွားရမ္းျခင္း၊ငွားရမ္းခကို ႏွစ္အလိုက္သတ္မွတ္၍ ငွားရမ္းျခင္း စာခ်ဳပ္မ်ားမွာ မျဖစ္မေနမွတ္ပုံမတင္မေနရ စာခ်ဳပ္အမ်ိဳးအစားမ်ားထဲတြင္ ပါဝင္ေၾကာင္း ေျဖဆိုေရးသား ေပးလိုက္ ပါသည္။

 

 

ေမးခြန္း(၃)။ ကိုယ္စားလွယ္လႊဲစာရသူႏွင့္ စာခ်ဳပ္စာတမ္း႐ုံးမွာ မွတ္ပုံတင္လွ်င္ က်မ္းက်ိန္ဖို႔ လိုအပ္ပါသလား။

 

ပဋိဉာဥ္ဥပေဒပုဒ္မ- ၁၈၂အရ ကိုယ္စားလွယ္ဆိုသည္မွာ သူတစ္ပါးကိစၥအတြက္ ေဆာင္႐ြက္ရန္ ခန္႔အပ္ျခင္းခံရသူ (သို႔)အျခားသူမ်ားႏွင့္ ဆက္ဆံရာတြင္ သူတစ္ပါးအတြက္ ကိုယ္စားျပဳသူကို ဆိုလိုပါ သည္။ ပဋိဉာဥ္ဥပေဒပုဒ္မ- ၁၈၃ အရ ကိုယ္စားလွယ္ခန္႔အပ္ရာတြင္ အႀကီးအကဲကျဖစ္ေစ၊ ကိုယ္စားလွယ္ ကျဖစ္ေစ အဖိုးစားနားေပးရန္ မလိုေပ။ အႀကီးအကဲက ယုံၾကည္ကိုးစားၿပီး ခန္႔အပ္ထားျခင္း ႏွင့္ ကိုယ္စားလွယ္က ေဆာင္႐ြက္ရန္ လက္ခံျခင္းတို႔သည္ပင္ လုံေလာက္ေသာ အဖိုးစားနားျဖစ္သည္ဟု ယူဆႏိုင္ပါသည္။

အေထြေထြကိုယ္စားလွယ္လႊဲစာ (GP)ကေတာ့ ကိုယ္စားလွယ္လႊဲသူ၏ ပိုင္ဆိုင္မႈအားလုံးအား လႊဲအပ္၍ ကိုယ္စားေဆာင္႐ြက္ခြင့္ေပးထားတာျဖစ္ပါတယ္။ အထူးကိုယ္စားလွယ္လႊဲစာ (SP)ကေတာ့ လႊဲအပ္သူ ပိုင္ဆိုင္ေသာ ေဖာ္ျပထားေသာ တစ္စိတ္ေဒသကိုသာ ၎ကိုယ္စားေဆာင္႐ြက္ ခြင့္ျပဳထားျခင္း ျဖစ္ပါသည္။

မွတ္ပုံတင္႐ုံးမွာပဲ လႊဲအပ္ေသာ ကိုယ္စားလွယ္လႊဲစာျဖစ္ရမည္ျဖစ္ကာ လႊဲအပ္သူႏွင့္ လႊဲအပ္ျခင္း လက္ခံသူ ႏွစ္ဦး၏ မွတ္ပုံတင္အျပင္၊ အထူးကိုယ္စားလွယ္ လႊဲစာလႊဲအပ္သည့္ေျမကြက္ ပိုင္ဆိုင္မႈ မူရင္းမ်ားကို မွတ္ပုံတင္စာခ်ဳပ္ စာတမ္း႐ုံးသို႔ ယူေဆာင္သြားရပါမည္။

ကိုယ္စားလွယ္လႊဲစာေပးအပ္သူမွာ ေသဆုံးျခင္း(သို႔)စိတ္ေပါ့သြပ္ျခင္းျဖစ္ေစ၊ ေႂကြးေျမမ်ားမွ ကင္းလြတ္ေစ ေသာလူမြဲစာရင္း ခံရယူထားျခင္းခံရသူျဖစ္ေစ၊ ႏွစ္႐ွည္ေထာင္က်ေနလွ်င္ျဖစ္ေစ၊ ကိုယ္စားလွယ္စာ စနစ္တက် ႐ုတ္သိမ္းလွ်င္ ျဖစ္ေစ၊ လုပ္ငန္းကိစၥမ်ားၿပီးဆုံးလွ်င္ျဖစ္ေစ ကိုယ္စားလွယ္လႊဲစြာ ဆုံးခန္းတိုင္ၿပီး ပ်က္ျပယ္သြားၿပီး ျဖစ္ပါသည္။

ထို႔ေၾကာင့္ အဆိုပါအထူးကိုယ္စားလွယ္လႊဲစာ လႊဲအပ္ေပးထားသည့္ေျမကြက္အား လႊဲေျပာင္းေရာင္းခ်ျခင္း မ်ားတြင္ ကိုယ္စားလွယ္ေဆာင္႐ြက္သူမွ လက္မွတ္ေရးထိုးစာခ်ဳပ္ခ်ဳပ္ဆိုသည့္အခါတိုင္း ကိုယ္စားလွယ္လႊဲစာမွာ ျပန္လည္ ႐ုတ္သိမ္းျခင္း မ႐ွိေသးေၾကာင္းႏွင့္ ကိုယ္စားလွယ္ေပးအပ္သူမွာ သက္႐ွိထင္႐ွား႐ွိေၾကာင္း တရားသူႀကီး ေ႐ွ႕ေမွာက္ တြင္ တရားဝင္ျပဳလုပ္ထားေသာ က်မ္းက်ိန္လႊာအား ေတာင္းယူရန္ လိုအပ္ပါေၾကာင္း ေျဖဆိုေရးသား ေပးလိုက္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
စားသောက်နေစဉ်အချိန်အတွင်း ဖုန်းမသုံးသူများကို ဝိုင်တစ်ပုလင်း အခမဲ့တိုက်မည့် အီတလီက စားသောက်ဆိုင်...
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service