ရင်းနှီးမှုလုပ်ငန်းများ ဆောင်ရွက်လိုပါက သိရှိထားသင့်သည့် အချက်အလက်များရေးသားဖော်ပြပေးလိုက်ပါတယ်။
ရင်းနှီးမှုလုပ်ငန်းများ ဆောင်ရွက်လိုပါက သိရှိထားသင့်သည့် အချက်အလက်များရေးသားဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
4 Nov 2023 11:15 am တွင် တင်ခဲ့သည်
463 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ရင်းနှီးမြုပ်နှံလိုသူက သတ်မှတ်သည့်ပုံစံနှင့်အညီ လိုအပ်သည့်စာချုပ်၊ စာရွက်စာတမ်း အထောက်အထားများပူးတွဲကာ ကော်မရှင်အား ရင်းနှီးမြုပ်နှံမှု လုပ်ငန်းအလိုက် လျှောက်ထားရပါသည်။ အဆိုပါ တင်ပြလျှောက်ထားမှုအား လက်ခံပါက ကော်မရှင်မှ သဘောထားမှတ်ချက်ဖြင့် ခွင့်ပြုမိန့် ၊ အတည်ပြုမိန့် ထုတ်ပေးပါသည်။
ရင်းနှီးမှုနည်းဥပဒေပုဒ်မ-၃၆ တွင် ဖော်ပြထားသော အောက်ပါလုပ်ငန်းအမျိုးအစားများဖြစ်ပါက ကော်မရှင်၏ ခွင့်ပြုချက်ရယူပြီး ရင်းနှီးမြုပ်နှံမှုပြုရပါမည်။
- နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းအမျိုးအစားများ။
- မတည်ရင်းနှီးမှု ကြီးမားသည့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းအမျိုးအစားများ။
- သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ကြီးမားသော သက်ရောက်မှုဖြစ်စေနိုင်သည့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ။
- နိုင်ငံတော်ပိုင် မြေနှင့် အဆောက်အဦများ အသုံးပြုသည့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ။
- ကော်မရှင်သို့ အဆိုပြုချက်တင်ပြစေရန် အစိုးရအဖွဲ့က သတ်မှတ်ထားသည့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတို့ ဖြစ်ပါသည်။
ပုဂ္ဂလိကမြေ (သို့) အဆောက်အအုံ ၊ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ နှစ်ရှည်မြေများကို ရင်းနှီးမြုပ်နှံမှု အတွက် ခွင့်ပြုမိန့်ရရှိထားသော ရင်းနှီးမြုပ်နှံသူသည် ငှားရမ်းလုပ်ကိုင်ခွင့်ရှိပါသည်။ နိုင်ငံခြားသား ရင်းနှီးမြုပ်နှံ သူသည် ကော်မရှင်ခွင့်ပြုမိန့်ရရှိသည့်အခါ ကနဦးနှစ် (၅၀)အထိ သတ်မှတ်ချက်များနှင့်အညီ ရင်းနှီးမြုပ်နှံမှုဥပဒေ-၅၀(ခ)အရ မြေငှားခြင်း၊ အဆောက်အအုံငှားရမ်းခြင်း ပြုနိုင်သည်။
ငှားရမ်းသည့်မြေ အဆောက်အအုံကို သက်တမ်းကုန်ဆုံးသည့်အခါ (၁၀)နှစ် သက်တမ်းတိုး ဆောင်ရွက်နိုင်သည်။
ထို့သို့ ငှားရမ်းသည့်အခါ ငှားရမ်းခြင်းစာချုပ်အား စာချုပ်စာတမ်းမှတ်ပုံတင် ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်း ပြုလုပ်ရမည်။
ရင်းနှီးမြုပ်နှံမှုဥပဒေ ပုဒ်မ-၄၀အရ ရင်းနှီးမြုပ်နှံမှုပြုနိုင်သော လုပ်ငန်းအမျိုးအစား(၇)မျိုး ခွဲခြားသတ်မှတ်ထားပါသည်။
၁။ စီးပွားရေးအဖွဲ့အစည်း
၂။ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် သက်ဆိုင်သော ငွေသား၊ အပေါင်ပစ္စည်းများ၊ စက်ပစ္စည်းများ။
၃။ ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများ၊ စတော့(ခ်)များ၊ ငွေချေးလက်မှတ်များ။
၄။ နည်းပညာကျွမ်းကျင်မှု၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အပါအဝင် ဥပဒေများနှင့်အညီ အသိဉာဏ်ဆိုင်ရာ အခွင့်အရေးများ။
၅။ ငွေကြေးဆိုင်ရာ တန်ဖိုးတစ်ရပ်အဖြစ် ထားရှိသည့် ပဋိဉာဉ်စာချုပ်အရ ငွေကြေးအခွင့်အရေးများ (သို့) ဆောင်ရွက်မှုများ။
၆။ အကျိုးအမြတ်ခွဲဝေသည့် သဘောတူစာချုပ်များ (သို့) ထုတ်လုပ်ခြင်း ၊ စီမံခန့်ခွဲခြင်း၊ ဆောက်လုပ်ခြင်း၊ အလုံးစုံ တာဝန်ယူ ဆောင်ရွက်သည့်စနစ် အပါအဝင် သဘောတူစာချုပ်ပါ အခွင့်အရေးများ။
၇။ သဘာဝသယံဇတပစ္စည်းများ ရှာဖွေခြင်း၊ ထုတ်လုပ်ခြင်း အပါအဝင် ပဋိဉာဉ် စာချုပ်အရ ပေးအပ်ထားသည့် လုပ်ငန်းဆိုင်ရာ အခွင့် အရေးများ စသည်လုပ်ငန်းများဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...
တရားမမှုစတင် တရားစွဲဆိုသည့်အခါ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရားမမှုစတင် တရားစွဲဆိုသည့်အခါ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်...
တစ်နှစ်ရဲ့ နှစ်ဝက်စာအချိန်တွေမှာ ရေအတိဖုံးလွှမ်းလျက် တွေ့မြင်ရတဲ့ ဩစတေးယျနိုင်ငံမှ ထူးဆန်းရေအိုင်ငယ်...
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
(၃)ထပ်နှင့်အောက် အဆောက်အအုံများဆောက်လုပ်ခွင့်ပါမစ်တင်ပါက သိရှိလိုက်နာရမည့် အချက်များ
(၃)ထပ်နှင့်အောက် အဆောက်အအုံများဆောက်လုပ်ခွင့်ပါမစ်တင်ပါက သိရှိလိုက်နာရမည့် အချက်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ...
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
area-one-business-complex
myat-ingyin
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service