အောက်တိုဘာလမှာကျင်းပတဲ့ ကမ္ဘာ့အထူးဆန်းဆုံး သွေးသံတရဲရဲ Vegetarian Festival
အောက်တိုဘာလမှာကျင်းပတဲ့ ကမ္ဘာ့အထူးဆန်းဆုံး သွေးသံတရဲရဲ Vegetarian Festival - Property Knowledge in Myanmar from iMyanmarHouse.com
7 Oct 2023 11:06 am တွင် တင်ခဲ့သည်
1012 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
သွားရဲမှ သွား၊ အောက်တိုဘာလအတွင်း ထိုင်းနိုင်ငံကို ခရီးထွက်မယ်ဆို သွေးသံရဲရဲပွဲတော်မြင်ကွင်းတွေကို ရှောင်နိုင်မှသွားပါ။ ဒီလိုပွဲမျိုးဟာ မြန်မာနိုင်ငံ ဟိန္ဒူဘာသာဝင်များကျင်းပကြတဲ့ မီးနင်းပွဲထဲက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လူခန္ဓာကိုယ်မှာ အပ်စိုက်ပြီးလှည့်လည်ပြသတဲ့ပုံစံမျိုးပါပဲ။ အလားတူပွဲအခမ်းအနားကို အိမ်နီးချင်းထိုင်းနိုင်မှာလည်း ကျင်းပပါတယ်။
ပွဲတော်အမည်ကတော့ Vegetarian Festival လို့ခေါ်ပါတယ်။ ပွဲစဉ်တစ်လျောက်လုံး စိတ်နှလုံးမချမ်းမြေ့ဖွယ် သွေးသံတရဲရဲနဲ့ပြသကြပေမယ့် ပွဲရည်ရွယ်ချက်ကတော့ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာချင်တာကြောင့် ပူဇော်လှည့်လည်ကြတာပါ။ ပွဲကျင်းပတဲ့အချိန်တစ်လျောက်လုံး အသားငါးရှောင်ကြဉ်စားသုံးတဲ့အတွက် သားသက်လွတ်ပွဲလို့ခေါ်ဆိုကြပါသေးတယ်။
လှည့်လည်ပြသသူများဟာ သူ့တို့ခန္ဓာကိုယ်ကို အပေါက်ဖောက်ပြခြင်း မီးကျီခဲများပေါ် ခြေဗလာနဲ့ဖြတ်နင်းလျှောက်ပြခြင်းများပြုလုပ်ပူဇော်ကြပါတယ်။ ဒီလိုမျိုးပူဇော်ပြသခြင်းဟာ ခန္ဓာကိုယ်အစဉ်ကျန်းမာသန်စွမ်းအောင် ဘုရားကကောင်းချီးပေးဖို့ရန်အတွက်ပါ။
သားသတ်လွတ်ပွဲကို နှစ်စဉ် အောက်တိုဘာ ၁၃ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြီး ဖူးခတ်မှာကျင်းပပါတယ်။ ပါဝင်သူတွေဟာ ပွဲမကျင်းပခင်ရှေ့လတစ်လလုံးကို သတ်သတ်လွတ်စားပြီးကုသိုလ်ယူရပါတယ်။
ဖူးခတ်ကမ်းခြေဟာ နိုင်ငံအရပ်ရပ်မှ လည်ပတ်သူနိုင်ငံခြားသာများပြားလွန်းတဲ့ အာရှရဲ့ နာမည်ကြီး ကမ်းခြေတစ်ခုဖြစ်တဲ့အတွက် Vegetarian Festival ဟာ ခရီးသွားလာသူများနဲ့ စည်းကာသိုက်မြိုက်မှာ အမှန်ပါ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Photo Credit:  independent
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service