မြေယာစီမံခန့်ခွဲခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

မြေယာစီမံခန့်ခွဲခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
1 Oct 2023 1:20 pm တွင် တင်ခဲ့သည်
698 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိသော လိုင်စင်မြေ၊ပါမစ်မြေ၊မြေငှား စာချုပ်အငှားချထားသည့် မြေများအား မြေခွန်နှင့်မြေငှားရမ်းခများသတ်မှတ်ပြီး မြေယာစီမံခန့်ခွဲမှု ဌာန မှ အငှားချပေးပါသည်။

လိုင်စင်မြေဆိုသည်မှာ ယာယီအသုံးပြုခွင့်ပေးထားသော မြေအမျိုးအစားပင်ဖြစ်ပါသည်။ ပါမစ်မြေဆိုသည်မှာ လူနေအိမ်၊အဆောက်အအုံ ဆောက်လုပ်နေထိုင်ရန် ခွင့်ပြုထားသည့် မြေအမျိုးအစားပင် ဖြစ်ပါသည်။ မြေငှားစာချုပ်ဆိုသည်မှာ နှစ်တို၊နှစ်ရှည် ကာလသတ်မှတ်၍ အငှားချ ထားသည့်မြေကို ဆိုလိုပါသည်။

ကော်မတီသည် မြေများကို စီမံခန့်ခွဲရာတွင် အောက်ပါလုပ်ငန်းစဉ်များလုပ်ဆောင်၍ စီမံခန့်ခွဲပါသည်။

- မြို့ပြစီမံကိန်းအတွက် မြေအသုံးချမှု စီမံချက် ရေးဆွဲပေးခြင်း ထွက်ရှိလာသော မြို့သစ်၊ မြို့မြေစာရင်း၊ မြို့နယ်၊ ရပ်ကွက် မြေပုံများအား စာရင်း ပြုစုထိန်းသိမ်းထားခြင်း၊

- မြေငှားစာချုပ်၊ လိုင်စင်၊ ပါမစ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်း၊ စည်းကမ်းဖောက်ဖျက်ပါက ဖျက်သိမ်းခြင်းတို့ ဆောင်ရွက်သည့်အပြင် မြေလဲလှယ်ခြင်း၊ အမည်လွှဲပြောင်းခြင်း၊ မြေတိုင်းတာခြင်း၊ ခွဲစိတ်ခွင့်ပြုခြင်း၊ မြေပုံမြေရာဇဝင်ထုတ်ပေးခြင်း၊ တန်ဖိုးဖြတ်ခြင်းများ။

- မြေခွန်ကောက်ခံခြင်း၊ မြေခွန်ကင်းလွတ်ခွင့်ပြုခြင်း၊ သက်သာခွင့်ပြုခြင်း။

- ကျုးကျော်နေထိုင်မှုများအား တားမြစ်ခြင်း၊ဖယ်ရှားခြင်း၊တရားစွဲခြင်းများ။

- လယ်ယာမြေတွင် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊

- မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း ဖော်ဆောင်ရာတွင် မလွတ်ကင်းသော အဆောက်အအုံများ ဖယ်ရှားခြင်း၊

- မြို့သစ်များ၊ စီမံကိန်းဇုန်များ၊ အိမ်ရာစီမံကိန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ လွှဲပြောင်းရယူပြီး စီမံခန့်ခွဲခြင်း၊

- သဘာဝဘေးအန္တရာယ် တစ်ခုခုကြောင့် ပျက်စီးသွားသော မြေများ၊ မီးလောင် ပျက်စီးသွားသော မြေများကို မြို့ပြဖွံ့ဖြိုးမှုနှင့် ကိုက်ညီစေရန် စီမံခန့်ခွဲခြင်း၊ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

- သုဿန်မြေများကို မြို့ပြဖွံ့ဖြိုးမှု စီမံကိန်း နှင့်အညီ စီမံခန့်ခွဲခြင်းတို့ ဆောင်ရွက်လုပ်ဆောင်ပေးပါတယ်။

နည်းဥပဒေပုဒ်မ-၁၈အရ အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂလိကအဖွဲ့အစည်းသည် မြို့တော် နယ်နိမိတ်အတွင်းရှိ မြေအား အသုံးပြုလိုက ကော်မတီအား ကြိုတင်အကြောင်းကြား ခွင့်ပြုချက်ယူရန် ဖော်ပြထားသည်။

ထို့ပြင်နည်းဥပဒေပုဒ်မ-၂၀ အရ ဖော်ထုတ်ထားသော အိမ်ရာမြေကွက်များအား အသေးစိတ် တိုင်းတာပြီး မြို့ကွက်မြေပုံ၊ မြို့မြေစာရင်းဖြင့် မှတ်တမ်းတင်ထားရှိသည့်အပြင် ကွန်ပျူတာမှတ်တမ်းလဲ ထားရှိပါသည်။

နည်းဥပဒေပုဒ်မ-၂၄အရ တစ်ဦးချင်းစနစ်၊ တင်ဒါစနစ်၊ လေလံစနစ်ဖြင့် မြေငှားရမ်းခွင့်ရရှိသည့် ပုဂ္ဂိုလ်အား မြေငှားစာချုပ်ကို ထုတ်ပေးနိုင်ကြောင်း ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

ေျမယာစီမံခန္႔ခြဲျခင္းအေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပေပးလိုက္ပါတယ္။

 

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးနယ္နိမိတ္အတြင္း႐ွိေသာ လိုင္စင္ေျမ၊ပါမစ္ေျမ၊ေျမငွား စာခ်ဳပ္အငွားခ်ထားသည့္ ေျမမ်ားအား ေျမခြန္ႏွင့္ေျမငွားရမ္းခမ်ားသတ္မွတ္ၿပီး ေျမယာစီမံခန္႔ခြဲမႈ ဌာန မွ အငွားခ်ေပးပါသည္။

လိုင္စင္ေျမဆိုသည္မွာ ယာယီအသုံးျပဳခြင့္ေပးထားေသာ ေျမအမ်ိဳးအစားပင္ျဖစ္ပါသည္။ ပါမစ္ေျမဆိုသည္မွာ လူေနအိမ္၊အေဆာက္အအုံ ေဆာက္လုပ္ေနထိုင္ရန္ ခြင့္ျပဳထားသည့္ ေျမအမ်ိဳးအစားပင္ ျဖစ္ပါသည္။ ေျမငွားစာခ်ဳပ္ဆိုသည္မွာ ႏွစ္တို၊ႏွစ္႐ွည္ ကာလသတ္မွတ္၍ အငွားခ် ထားသည့္ေျမကို ဆိုလိုပါသည္။

ေကာ္မတီသည္ ေျမမ်ားကို စီမံခန္႔ခြဲရာတြင္ ေအာက္ပါလုပ္ငန္းစဥ္မ်ားလုပ္ေဆာင္၍ စီမံခန္႔ခြဲပါသည္။

- ၿမိဳ႕ျပစီမံကိန္းအတြက္ ေျမအသုံးခ်မႈ စီမံခ်က္ ေရးဆြဲေပးျခင္း ထြက္႐ွိလာေသာ ၿမိဳ႕သစ္၊ ၿမိဳ႕ေျမစာရင္း၊ ၿမိဳ႕နယ္၊ ရပ္ကြက္ ေျမပုံမ်ားအား စာရင္း ျပဳစုထိန္းသိမ္းထားျခင္း၊

- ေျမငွားစာခ်ဳပ္၊ လိုင္စင္၊ ပါမစ္ထုတ္ေပးျခင္း၊ သက္တမ္းတိုးျမႇင့္ေပးျခင္း၊ စည္းကမ္းေဖာက္ဖ်က္ပါက ဖ်က္သိမ္းျခင္းတို႔ ေဆာင္႐ြက္သည့္အျပင္ ေျမလဲလွယ္ျခင္း၊ အမည္လႊဲေျပာင္းျခင္း၊ ေျမတိုင္းတာျခင္း၊ ခြဲစိတ္ခြင့္ျပဳျခင္း၊ ေျမပုံေျမရာဇဝင္ထုတ္ေပးျခင္း၊ တန္ဖိုးျဖတ္ျခင္းမ်ား။

- ေျမခြန္ေကာက္ခံျခင္း၊ ေျမခြန္ကင္းလြတ္ခြင့္ျပဳျခင္း၊ သက္သာခြင့္ျပဳျခင္း။

- က်ဳးေက်ာ္ေနထိုင္မႈမ်ားအား တားျမစ္ျခင္း၊ဖယ္႐ွားျခင္း၊တရားစြဲျခင္းမ်ား။

- လယ္ယာေျမတြင္ အက်ံဳးမဝင္ေၾကာင္း ဝန္ခံခ်က္လက္မွတ္ ထုတ္ေပးျခင္း သို႔မဟုတ္ ျငင္းပယ္ျခင္း၊

- ၿမိဳ႕ျပဖြံ႕ၿဖိဳးမႈစီမံကိန္း ေဖာ္ေဆာင္ရာတြင္ မလြတ္ကင္းေသာ အေဆာက္အအုံမ်ား ဖယ္႐ွားျခင္း၊

- ၿမိဳ႕သစ္မ်ား၊ စီမံကိန္းဇုန္မ်ား၊ အိမ္ရာစီမံကိန္းမ်ားကို သက္ဆိုင္ရာဝန္ႀကီးဌာနမွ လႊဲေျပာင္းရယူၿပီး စီမံခန္႔ခြဲျခင္း၊

- သဘာဝေဘးအႏၲရာယ္ တစ္ခုခုေၾကာင့္ ပ်က္စီးသြားေသာ ေျမမ်ား၊ မီးေလာင္ ပ်က္စီးသြားေသာ ေျမမ်ားကို ၿမိဳ႕ျပဖြံ႕ၿဖိဳးမႈႏွင့္ ကိုက္ညီေစရန္ စီမံခန္႔ခြဲျခင္း၊ သက္ဆိုင္ရာ အစိုးရဌာန၊ အဖြဲ႕အစည္းမ်ားႏွင့္ ညႇိႏိႈင္းေဆာင္႐ြက္ျခင္း။

- သုႆန္ေျမမ်ားကို ၿမိဳ႕ျပဖြံ႕ၿဖိဳးမႈ စီမံကိန္း ႏွင့္အညီ စီမံခန္႔ခြဲျခင္းတို႔ ေဆာင္႐ြက္လုပ္ေဆာင္ေပးပါတယ္။

နည္းဥပေဒပုဒ္မ-၁၈အရ အစိုးရဌာန၊ အဖြဲ႕အစည္း သို႔မဟုတ္ ပုဂၢလိကအဖြဲ႕အစည္းသည္ ၿမိဳ႕ေတာ္ နယ္နိမိတ္အတြင္း႐ွိ ေျမအား အသုံးျပဳလိုက ေကာ္မတီအား ႀကိဳတင္အေၾကာင္းၾကား ခြင့္ျပဳခ်က္ယူရန္ ေဖာ္ျပထားသည္။

ထို႔ျပင္နည္းဥပေဒပုဒ္မ-၂၀ အရ ေဖာ္ထုတ္ထားေသာ အိမ္ရာေျမကြက္မ်ားအား အေသးစိတ္ တိုင္းတာၿပီး ၿမိဳ႕ကြက္ေျမပုံ၊ ၿမိဳ႕ေျမစာရင္းျဖင့္ မွတ္တမ္းတင္ထား႐ွိသည့္အျပင္ ကြန္ပ်ဴတာမွတ္တမ္းလဲ ထား႐ွိပါသည္။

နည္းဥပေဒပုဒ္မ-၂၄အရ တစ္ဦးခ်င္းစနစ္၊ တင္ဒါစနစ္၊ ေလလံစနစ္ျဖင့္ ေျမငွားရမ္းခြင့္ရ႐ွိသည့္ ပုဂၢိဳလ္အား ေျမငွားစာခ်ဳပ္ကို ထုတ္ေပးႏိုင္ေၾကာင္း ေရးသားေဖာ္ျပေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service