မြေအမျိုးအစားများအကြောင်းနှင့် အစိုးရစီမံခန့်ခွဲသည့်မြေများအကြောင်း

မြေအမျိုးအစားများအကြောင်းနှင့် အစိုးရစီမံခန့်ခွဲသည့်မြေများအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
24 Sep 2023 2:34 pm တွင် တင်ခဲ့သည်
1467 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ လုပ်ပိုင်ခွင့်ခွင့်ပြုထားခြင်း မရှိသောမြေကို အစိုးရမြေဟုခေါ်သည်။ ထိုမြေအား ကျူးကျော်ခြင်းတစ်စုံတစ်ရာပြုလုပ်ပါက ကျူးကျော်မြေဟု သတ်မှတ်ပြီး သတ်မှတ်ချက်များအတိုင်း အရေးယူဆောင်ရွက်ခြင်းပြုလုပ်နိုင်ပါတယ်။

နိုင်ငံပိုင်မြေများအား အမျိုးအစားများ ခွဲခြား၍ အသုံးပြုခွင့်ပေးထားပြီး ပြန်လည်ရုတ်သိမ်းပါက အစိုးရမြေအဖြစ်ပြန်လည် ရောက်ရှိပါသည်။ မြေလွတ် မြေလပ်များကို အရန်မြေအဖြစ် သတ်မှတ်နိုင်ပြီး မြေငှား ဂရန်သက်တမ်း မတိုးပါကလဲ ကျုးကျော်မြေအဖြစ် ပြန်လည်သတ်မှတ်နိုင်ပါသည်။

 

လယ်ယာမြေအဖြစ် ခွဲခြားသတ်မှတ်နိုင်သော မြေအမျိုးအစားများမှာ ...

- လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန် စိုက်ပျိုးသောခြံမြေ၊ မြေနုကျွန်းမြေ တို့ကို ဆိုလိုပါသည်။

လယ်ယာမြေကို လက်ငုတ်လက်ရင်း လုပ်ကိုင်ပြီး အသုံးပြုကြောင်း အထောက်အထားခိုင်လုံ ပါက လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ-(၇) ထုတ်ပေးပါသည်။ လယ်ယာမြေဥပဒေပုဒ်မ-၃၀ အရ လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ခွင့်ပြုချက်ရရှိသူက ခွင့်ပြုသည့်ရက်မှ (၆)လအတွင်း သတ်မှတ်သည့်လုပ်ငန်းကို စတင် အသုံးပြုရပြီး လုပ်ကိုင်ခြင်းမရှိပါက လယ်ယာမြေအား သိမ်းယူခြင်းခံရမည် ဖြစ်ပါသည်။

လယ်ယာမြေကို ဗဟိုလယ်ယာစီမံခန့်ခွဲမှုအဖွဲ့က အဆင့်ဆင့် စီမံခန့်ခွဲတယ်။ မြေလွတ်၊ မြေရိုင်း၊ မြေလပ် ကို မြေလွတ်၊ မြေရိုင်း၊ မြေလပ် စီမံခန့်ခွဲရေးကော်မတီက စီမံခန့်ခွဲတယ်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သစ်တောမြေကို စီမံခန့်ခွဲတယ်။

မြေနုကျွန်းလုပ်ပိုင်ခွင့်များနှင့်သက်ဆိုင်ရင်တော့ မြို့နယ်လယ်ယာစီမံခန့်ခွဲရေးအဖွဲ့မှာ အာဏာရှိပါ တယ်။ မြေနုကျွန်းလုပ်ပိုင်ခွင့်အတွက် ပုံစံ-(၇)ထုတ်မပေးပါဘူး မြေခွန်တော့ထမ်းဆောင်ရပါမယ်။ အနီးကပ်ဆုံး ကျေးရွာအား တစ်ရာသီ၊ နှစ်ရာသီစာ လုပ်ပိုင်ခွင့်ပေးပါတယ်။

မြေခွန်စည်းကြပ်ခြင်းပြုလုပ်သည့်အခါတွင်လဲ အကောင်းစားမြေ၊ အလတ်တန်းစားမြေနှင့် ဆင်ခြေဖုံး ရပ်ကွက်မြေဆိုပြီး အမျိုးအစားခွဲပြီး သတ်မှတ်သည်ကိုလဲ တွေ့ရှိရပါတယ်။ နိုင်ငံတော်မြေကို အခွန်ဆောင် သူများသာ မြေရှင်အခွင့်အရေး ရရှိမှာဖြစ်ပါကြောင်း ဖော်ပြရေးသားလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

ေျမအမ်ိဳးအစားမ်ားအေၾကာင္းႏွင့္ အစိုးရစီမံခန္႔ခြဲသည့္ေျမမ်ားအေၾကာင္း

 

အစိုးရမွ စီမံခန္႔ခြဲပိုင္ခြင့္႐ွိၿပီး မည္သူတစ္ဦးတစ္ေယာက္ကိုမွ လုပ္ပိုင္ခြင့္ခြင့္ျပဳထားျခင္း မ႐ွိေသာေျမကို အစိုးရေျမဟုေခၚသည္။ ထိုေျမအား က်ဴးေက်ာ္ျခင္းတစ္စုံတစ္ရာျပဳလုပ္ပါက က်ဴးေက်ာ္ေျမဟု သတ္မွတ္ၿပီး သတ္မွတ္ခ်က္မ်ားအတိုင္း အေရးယူေဆာင္႐ြက္ျခင္းျပဳလုပ္ႏိုင္ပါတယ္။

ႏိုင္ငံပိုင္ေျမမ်ားအား အမ်ိဳးအစားမ်ား ခြဲျခား၍ အသုံးျပဳခြင့္ေပးထားၿပီး ျပန္လည္႐ုတ္သိမ္းပါက အစိုးရေျမအျဖစ္ျပန္လည္ ေရာက္႐ွိပါသည္။ ေျမလြတ္ ေျမလပ္မ်ားကို အရန္ေျမအျဖစ္ သတ္မွတ္ႏိုင္ၿပီး ေျမငွား ဂရန္သက္တမ္း မတိုးပါကလဲ က်ဳးေက်ာ္ေျမအျဖစ္ ျပန္လည္သတ္မွတ္ႏိုင္ပါသည္။

 

လယ္ယာေျမအျဖစ္ ခြဲျခားသတ္မွတ္ႏိုင္ေသာ ေျမအမ်ိဳးအစားမ်ားမွာ ...

- လယ္ေျမ၊ ယာေျမ၊ ကိုင္းကြၽန္းေျမ၊ ေတာင္ယာေျမ၊ ႏွစ္႐ွည္ပင္စိုက္ပ်ိဳးေသာေျမ၊ ဓနိေျမ၊ ဥယ်ာဥ္ေျမ၊ ဟင္းသီးဟင္း႐ြက္၊ ပန္းမန္ စိုက္ပ်ိဳးေသာျခံေျမ၊ ေျမႏုကြၽန္းေျမ တို႔ကို ဆိုလိုပါသည္။

လယ္ယာေျမကို လက္ငုတ္လက္ရင္း လုပ္ကိုင္ၿပီး အသုံးျပဳေၾကာင္း အေထာက္အထားခိုင္လုံ ပါက လယ္ယာေျမလုပ္ပိုင္ခြင့္ ပုံစံ-(၇) ထုတ္ေပးပါသည္။ လယ္ယာေျမဥပေဒပုဒ္မ-၃၀ အရ လယ္ယာေျမကို အျခားနည္းအသုံးျပဳရန္ ခြင့္ျပဳခ်က္ရ႐ွိသူက ခြင့္ျပဳသည့္ရက္မွ (၆)လအတြင္း သတ္မွတ္သည့္လုပ္ငန္းကို စတင္ အသုံးျပဳရၿပီး လုပ္ကိုင္ျခင္းမ႐ွိပါက လယ္ယာေျမအား သိမ္းယူျခင္းခံရမည္ ျဖစ္ပါသည္။

လယ္ယာေျမကို ဗဟိုလယ္ယာစီမံခန္႔ခြဲမႈအဖြဲ႕က အဆင့္ဆင့္ စီမံခန္႔ခြဲတယ္။ ေျမလြတ္၊ ေျမ႐ိုင္း၊ ေျမလပ္ ကို ေျမလြတ္၊ ေျမ႐ိုင္း၊ ေျမလပ္ စီမံခန္႔ခြဲေရးေကာ္မတီက စီမံခန္႔ခြဲတယ္။ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနက သစ္ေတာေျမကို စီမံခန္႔ခြဲတယ္။

ေျမႏုကြၽန္းလုပ္ပိုင္ခြင့္မ်ားႏွင့္သက္ဆိုင္ရင္ေတာ့ ၿမိဳ႕နယ္လယ္ယာစီမံခန္႔ခြဲေရးအဖြဲ႕မွာ အာဏာ႐ွိပါ တယ္။ ေျမႏုကြၽန္းလုပ္ပိုင္ခြင့္အတြက္ ပုံစံ-(၇)ထုတ္မေပးပါဘူး ေျမခြန္ေတာ့ထမ္းေဆာင္ရပါမယ္။ အနီးကပ္ဆုံး ေက်း႐ြာအား တစ္ရာသီ၊ ႏွစ္ရာသီစာ လုပ္ပိုင္ခြင့္ေပးပါတယ္။

ေျမခြန္စည္းၾကပ္ျခင္းျပဳလုပ္သည့္အခါတြင္လဲ အေကာင္းစားေျမ၊ အလတ္တန္းစားေျမႏွင့္ ဆင္ေျခဖုံး ရပ္ကြက္ေျမဆိုၿပီး အမ်ိဳးအစားခြဲၿပီး သတ္မွတ္သည္ကိုလဲ ေတြ႕႐ွိရပါတယ္။ ႏိုင္ငံေတာ္ေျမကို အခြန္ေဆာင္ သူမ်ားသာ ေျမ႐ွင္အခြင့္အေရး ရ႐ွိမွာျဖစ္ပါေၾကာင္း ေဖာ္ျပေရးသားလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service