အမေရိကန်တွင် ကားစက်ရုံလုပ်သားများသမဂ္ဂက GM, Ford နှင့် Stellantis ကုမ္ပဏီများအား သပိတ်မှောက်၊ ထုတ်လုပ်မှုများ ရပ်ဆိုင်းလျက်ရှိ

အမေရိကန်တွင် ကားစက်ရုံလုပ်သားများသမဂ္ဂက GM, Ford နှင့် Stellantis ကုမ္ပဏီများအား သပိတ်မှောက်၊ ထုတ်လုပ်မှုများ ရပ်ဆိုင်းလျက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
18 Sep 2023 10:50 am တွင် တင်ခဲ့သည်
648 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

 [Unicode]

 

အမေရိကထိပ်သီး ကားထုတ်လုပ်ရေးကုမ္ပဏီကြီး ၃ ခုနှင့် ကားလုပ်သားများသမဂ္ဂ (UAW) တို့အကြား ဆွေးနွေးညှိနှိုင်းနေမှုမှာ လပေါင်းများစွာ မလူးမလွန့်သာ ရှေ့မရောက်ဘဲ ရှိနေခဲ့ပြီးနောက် အမေရိက၏ ကားအလုပ်သမားများ အစည်းအရုံးများအနက် အကြီးမားဆုံးဖြစ်သော UAW က သပိတ်မှောက်ခြင်းကို စတင်ခဲ့ခြင်းလည်း ဖြစ်သည်။

ယခုဖြစ်ရပ်မှာ အမေရိက၏ ကားလုပ်ငန်းနယ်ပယ်အတွက် ကပ်ဘေးကြီးတစ်ခုဖြစ်လာနိုင်ပြီး ပိုမိုအရှိန်ကောင်း လာနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်တို့က သတိပေးသည်။

သတ်မှတ်ခဲ့သည့် နောက်ဆုံးရက်ဖြစ်သော စက်တင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့အထိ အလုပ်ရှင်၊ အလုပ်သမားတို့အကြား သဘောတူညီချက်တစ်ခုမှ မရရှိခဲ့သည့်အပြင် မကြာမီကာလအတွင်းတွင်လည်း ညှိနှိုင်းဖြန်ဖျေမှုရှိဖွယ်မမြင်ရချေ။

 

 

ထို့ကြောင့် Mo-town ဟု လူသိများသော ဒက်ထရွိုက်မြို့တစ်ဝန်းရှိ ကားစက်ရုံများ ထုတ်လုပ်မှု ရပ်ဆိုင်းသွားသည်။

ဒက်ထရွိုက်မြို့တွင် သပိတ်မှောက်ခဲ့သည့် ကားစက်ရုံဝန်ထမ်း ၁၂၇၀၀ ဦးကျော်ရှိပြီး အစောင့်များမှသည် ထုတ်လုပ်ရေး မန်နေဂျာများအထိ UAW အဖွဲ့ဝင် ရာထူးအဆင့်အားလုံး ပါဝင်ပြီး လွန်ခဲ့သော လပေါင်းများစွာ ကတည်းက တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့၏ တောင်းဆိုချက်များအနက် လုပ်ခလစာ အနည်းဆုံး ၄၀ ရာခိုင်နှုန်းတိုးမြှင့်ပေးရန်အပြင် ပင်စင်လစာပေးမှုများ ပြန်လည်ပြုလုပ်ရန်လည်း ပါဝင်သည်။

GM, Chrysler နှင့် Ford ကုမ္ပဏီတို့၏ ဝန်ထမ်းများသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာက ပင်စင်များ ရရှိခဲ့ကြဖူးသည်။

 

 

အမေရိက ထိပ်တန်း ကားကုမ္ပဏီကြီး ၃ ခု၏ ကိုယ်စားလှယ်များက အလုပ်သမားတို့၏ တောင်းဆိုမှုကို ဘုတ်အဖွဲ့များတွင် တင်ပြခဲ့သော်လည်း ငြင်းပယ်ခံရချိန်တွင် UAW ၏ ကိုယ်စားလှယ်တို့က ကြေညာချက်ထုတ်ပြန်ကာ သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်သည်။

UAW ၏ ကြေညာချက်တွင် ခေတ်ဟောင်းပုံစံ ကုမ္ပဏီတို့၏ လောဘများသာဖြစ်ကြောင်း၊ အလုပ်သမားထုသည် မရဲဘဲ ကျွဲစီးခြင်းမဟုတ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်က တစ်ကမ္ဘာလုံးတွင် ကားလုပ်ငန်း လုပ်သားများအားလုံး သပိတ်မှောက်ခဲ့ကြသည်ကို ပြန်လည်သုံးသပ်နိုင်ကြောင်း၊ ယင်းသို့ ဖြစ်ရပ်မျိုးမှာ ရှောင်လွှဲမရဖြစ်လာနိုင်ကြောင်း ထုတ်ပြန်သည်။

 

 

အမေရိက၏ မော်တော်ကားလုပ်ငန်းနယ်မှာ ယခုအခါ ဒူးထောက်ရတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်ရလျက် ရှိသည်။

အမေရိကန်သမ္မတ၏ ကိုယ်စားလှယ်များကလည်း ပိုမိုကျယ်ပြန့်သော အလုပ်သမားသပိတ်ကြီးဖြစ်မလာစေရန် ကာကွယ်လိုသည့်ဆန္ဒရှိနေကြသည်။

အခြေအနေမှာ ပိုမိုဆိုးရွားလာမည်လော (သို့မဟုတ်) တနည်းနည်းဖြင့် အပေးအယူလုပ်ကာ ညှိနှိုင်းဖြေရှင်းနိုင်မည်လောဟူသည်ကိုမူ အချိန်ကသာ အဖြေပေးလိမ့်မည် ဖြစ်သည်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: UAW Declares War on Detroit's Big Three, Commences Strike on GM, Ford, and Stellantis (autoevolution)

 

 

 

[Zawgyi]

 

အေမရိကန္တြင္ ကားစက္ရံုလုပ္သားမ်ားသမဂၢက GM, Ford ႏွင့္ Stellantis ကုမၸဏီမ်ားအား သပိတ္ေမွာက္၊ ထုတ္လုပ္မႈမ်ား ရပ္ဆိုင္းလ်က္ရွိ

အေမရိကထိပ္သီး ကားထုတ္လုပ္ေရးကုမၸဏီၾကီး ၃ ခုႏွင့္ ကားလုပ္သားမ်ားသမဂၢ (UAW) တို႔အၾကား ေဆြးေႏြးညွိႏႈိင္းေနမႈမွာ လေပါင္းမ်ားစြာ မလူးမလြန္႔သာ ေရွ႕မေရာက္ဘဲ ရွိေနခဲ့ျပီးေနာက္ အေမရိက၏ ကားအလုပ္သမားမ်ား အစည္းအရံုးမ်ားအနက္ အၾကီးမားဆံုးျဖစ္ေသာ UAW က သပိတ္ေမွာက္ျခင္းကို စတင္ခဲ့ျခင္းလည္း ျဖစ္သည္။

ယခုျဖစ္ရပ္မွာ အေမရိက၏ ကားလုပ္ငန္းနယ္ပယ္အတြက္ ကပ္ေဘးၾကီးတစ္ခုျဖစ္လာႏိုင္ျပီး ပိုမိုအရွိန္ေကာင္း လာႏိုင္ေၾကာင္း ကၽြမ္းက်င္ပညာရွင္တို႔က သတိေပးသည္။

သတ္မွတ္ခဲ့သည့္ ေနာက္ဆံုးရက္ျဖစ္ေသာ စက္တင္ဘာ ၁၄ ရက္၊ ၾကာသပေတးေန႔အထိ အလုပ္ရွင္၊ အလုပ္သမားတို႔အၾကား သေဘာတူညီခ်က္တစ္ခုမွ မရရွိခဲ့သည့္အျပင္ မၾကာမီကာလအတြင္းတြင္လည္း ညိွႏႈိင္းျဖန္ေဖ်မႈရွိဖြယ္မျမင္ရေခ်။

ထို႔ေၾကာင့္ Mo-town ဟု လူသိမ်ားေသာ ဒက္ထရြိဳက္ျမိဳ႕တစ္ဝန္းရွိ ကားစက္ရံုမ်ား ထုတ္လုပ္မႈ ရပ္ဆိုင္းသြားသည္။

ဒက္ထရြိဳက္ျမိဳ႕တြင္ သပိတ္ေမွာက္ခဲ့သည့္ ကားစက္ရံုဝန္ထမ္း ၁၂၇၀၀ ဦးေက်ာ္ရွိျပီး အေစာင့္မ်ားမွသည္ ထုတ္လုပ္ေရး မန္ေနဂ်ာမ်ားအထိ UAW အဖြဲ႔ဝင္ ရာထူးအဆင့္အားလံုး ပါဝင္ျပီး လြန္ခဲ့ေသာ လေပါင္းမ်ားစြာ ကတည္းက ေတာင္းဆိုမႈမ်ား ျပဳလုပ္ခဲ့ၾကျခင္း ျဖစ္သည္။

၎တို႔၏ ေတာင္းဆိုခ်က္မ်ားအနက္ လုပ္ခလစာ အနည္းဆံုး ၄၀ ရာခိုင္ႏႈန္းတိုးျမွင့္ေပးရန္အျပင္ ပင္စင္လစာေပးမႈမ်ား ျပန္လည္ျပဳလုပ္ရန္လည္း ပါဝင္သည္။

GM, Chrysler ႏွင့္ Ford ကုမၸဏီတို႔၏ ဝန္ထမ္းမ်ားသည္ လြန္ခဲ့ေသာ ဆယ္စုႏွစ္မ်ားစြာက ပင္စင္မ်ား ရရွိခဲ့ၾကဖူးသည္။

အေမရိက ထိပ္တန္း ကားကုမၸဏီၾကီး ၃ ခု၏ ကိုယ္စားလွယ္မ်ားက အလုပ္သမားတို႔၏ ေတာင္းဆိုမႈကို ဘုတ္အဖြဲ႔မ်ားတြင္ တင္ျပခဲ့ေသာ္လည္း ျငင္းပယ္ခံရခ်ိန္တြင္ UAW ၏ ကိုယ္စားလွယ္တို႔က ေၾကညာခ်က္ထုတ္ျပန္ကာ သပိတ္ေမွာက္ခဲ့ၾကျခင္း ျဖစ္သည္။ UAW ၏ ေၾကညာခ်က္တြင္ ေခတ္ေဟာင္းပံုစံ ကုမၸဏီတုိ႔၏ ေလာဘမ်ားသာျဖစ္ေၾကာင္း၊ အလုပ္သမားထုသည္ မရဲဘဲ ကၽြဲစီးျခင္းမဟုတ္ေၾကာင္း၊ ၂၀၂၀ ျပည့္ႏွစ္က တစ္ကမၻာလံုးတြင္ ကားလုပ္ငန္း လုပ္သားမ်ားအားလံုး သပိတ္ေမွာက္ခဲ့ၾကသည္ကို ျပန္လည္သံုးသပ္ႏိုင္ေၾကာင္း၊ ယင္းသို႔ ျဖစ္ရပ္မ်ဳိးမွာ ေရွာင္လႊဲမရျဖစ္လာႏိုင္ေၾကာင္း ထုတ္ျပန္သည္။

အေမရိက၏ ေမာ္ေတာ္ကားလုပ္ငန္းနယ္မွာ ယခုအခါ ဒူးေထာက္ရေတာ့မည့္ အႏၱရာယ္ႏွင့္ ရင္ဆိုင္ရလ်က္ ရွိသည္။

အေမရိကန္သမၼတ၏ ကိုယ္စားလွယ္မ်ားကလည္း ပိုမိုက်ယ္ျပန္႔ေသာ အလုပ္သမားသပိတ္ၾကီးျဖစ္မလာေစရန္ ကာကြယ္လိုသည့္ဆႏၵရွိေနၾကသည္။

အေျခအေနမွာ ပိုမိုဆိုးရြားလာမည္ေလာ (သို႔မဟုတ္) တနည္းနည္းျဖင့္ အေပးအယူလုပ္ကာ ညွိႏႈိင္းေျဖရွင္းႏိုင္မည္ေလာဟူသည္ကိုမူ အခ်ိန္ကသာ အေျဖေပးလိမ့္မည္ ျဖစ္သည္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: UAW Declares War on Detroit's Big Three, Commences Strike on GM, Ford, and Stellantis (autoevolution)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service