တရားမမှုနှင့် သက်ဆိုင်၍ သိရှိထားသင့်သည့်အချက်အလက်များ

တရားမမှုနှင့် သက်ဆိုင်၍ သိရှိထားသင့်သည့်အချက်အလက်များ - Property Knowledge in Myanmar from iMyanmarHouse.com
17 Sep 2023 11:53 am တွင် တင်ခဲ့သည်
2231 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

တရားမမှုနှင့် ပြစ်မှုဟူ၍ အမှုအမျိုးအစားနှစ်ခုရှိရာ တရားမမှုများမှာ အငြင်းပွှားမှုများ၊ ကြွေးမြီကိစ္စများ၊‌ ချေးငွေကိစ္စများ၊ နစ်နာကြေး/လျော်ကြေးရလိုမှု၊ ပစ္စည်းပြန်လည်ရလိုမှု၊ ကတိအတိုင်းဆောင်ရွက်ပေးစေလိုမှု၊ လင်မယားချင်းကွာလိုမှု၊ ကလေးအုပ်ထိန်းခွင့်ရလိုမှု၊ အမွေထိန်းစာရလိုမှု၊ အမှုများစသဖြင့် ပုဂ္ဂိုလ်အချင်းချင်း ငွေကြေးဆိုင်ရာကိစ္စများကို ဖြေရှင်းဆောင်ရွက်ကြခြင်းပဲ ဖြစ်သည်။

တောင်းဆိုလိုသူမှာ မိမိတောင်းဆိုသည့် အခွင့်အရေးအတိုင်း ရုံးခွန်ပေးဆောင်၍ သက်သာခွင့်အား တရားစွဲဆို တောင်းဆိုရမည်ဖြစ်ပါသည်။ ထိုသို့သော် တရားမမှုများတွင် တရားမကျင့်ထုံးဥပဒေအမိန့်-၇ အရ တရားလိုမှ အဆိုလွှာတင်ပြ၍ မိမိသက်သာခွင့်ကို တောင်းဆိုရပြီး တရားပြိုင်မှ တရားလို၏ အဆိုလွှာပေါ်တွင် တရားမကျင့်ထုံးဥပဒေအမိန့်-၈ အရ ချေပလွှာ ပြန်လည်တင်ပြရသည်။

တရားမကျင်ထုံး ဥပဒေအမိန့် ၅ ၊ နည်း ၂၀အရ ဆင့်ဆိုရန်အတွက် လိပ်စာတင်သွင်းရန် ပျက်ကွက်လျှင် တရားရုံးသည် အဆိုလွှာကို ပလပ်နိုင်ပါသည်။

တရားရုံးများသည် အမှုသည်များ၏ အဆိုအချေများအပေါ်မူတည်၍ ဆုံးဖြတ်ပေးပြီး အမူသည်များ၏ အဆိုအချေ၌ မပါဝင်၊ ဆန့်ကျင်ကွဲလွဲသည့်ကိစ္စကို ဖော်ထုတ်ဆုံးဖြတ်၍ သက်သာခွင့်ပေးခြင်း မပြုပေ။ (အေအက် စ်၊ပီ၊အက်စ်၊ကေအာရ်၊ကရုပန် ချစ်တီးယားနှင့် အေချွတ်ကလင်ဂန် ချစ်တီးယား )( ဦးဂဖူးနှင့် ဦးစိန်မောင်ပါ-၂ ၁၉၉၁၊မတစ (ရုံးချုပ်)၄၆) အမူသည်များ၏ အဆိုလွှာ၊ ချေလွှာများအပေါ် အခြေခံ၍ ရုံးတော်မှ သင့်လျှော်သော ရုံးငြင်းချက် ကောက်ချက်များ ထုတ်ပေးပါတယ်။ အမှုအား စတင်ကြားနာသောအချိန်တွင် လျှောက်ထားသူနှင့် ၎င်း၏ ရှေ့နေ တို့ လာရောက်ရန် ပျက်ကွက်ပါက အမှုကို ပလပ်နိုင်သည်။ အမှုကိုပြန်လည်ဖွင့်ပေးရန် တောင်းဆိုပါကလဲ ပျက်ကွက်ရခြင်းမှာ လုံလောက်သော အကြောင်းပြချက်ကြောင့်ဟုတ်မဟုတ် ရုံးတော်မှ သုံးသပ်ပါတယ်။ ရှေ့နေ၏ ပျက်ကွက်မှုကြောင့် ရုံးချိန်းပျက်ကွက်ခြင်းကို ခွင့်လွတ်ရန် အကြောင်းမရှိပါ။

တရားမကျင့်ထုံးဥပဒေအမိန့် ၁၇၊ နည်း-၂အရ တိုင်းတရားရုံးသို့ သွားရောက် ဆောင်ရွက်နေရ သောကြောင့် နောက်ကျခြင်းဖြစ်ပါက ခိုင်လုံသော အကြောင်းပြချက်ဖြစ်သဖြင့် ခွင့်ပြုပေးနိုင်သည်။ တရားပြိုင် မလာရောက်ရင် လုံလောက်အကြောင်းများဖြင့် သမ္မာန်စာချအပ်ပြီးရင် အမှုကို တဖက်သတ်စစ်ဆေးဖို့ အမိန့်ချ မှတ်ပါတယ်။ အမူသည်နှစ်ဖက်လာရောက်ရင်တော့ သက်သေစာရင်းတွေ တင်ပြရပါမယ်။ တရားလိုနှင့် သက်သေ များ၊ တရားပြိုင်နှင့်သက်သေများစစ်ဆေးပြီးရင်တော့ နှစ်ဖက်ရှေ့နေများကို လျှောက်လဲချက်ပေးစေပါတယ်။ ပြီးရင်တော့ တရားရုံးက စီရင်ချက်အမိန့်ချမှတ်ပေးတယ်။

ထို့ပြင်ဒီဂရီကို အတည်ပြုရန် ဇာရီမှုဖွင့်လှစ်ရမယ်၊ ဒီဂရီကို မကျေနပ်သူက အယူခံမှုတက်ရောက်နိုင်ပါတယ်။ တရားမကျင့်ထုံးအမိန့်-၁၀၅မှာ အယူခံမဝင်ရောက်နိုင်သော အမှုများကို သတ်မှတ်ပေးထားပါကြောင်း တရားမမှုနှင့် စပ်လျဉ်း၍ ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

တရားမမႈႏွင့္ သက္ဆိုင္၍ သိ႐ွိထားသင့္သည့္အခ်က္အလက္မ်ား

 

တရားမမႈႏွင့္ ျပစ္မႈဟူ၍ အမႈအမ်ိဳးအစားႏွစ္ခု႐ွိရာ တရားမမႈမ်ားမွာ အျငင္းပႊားမႈမ်ား၊ ေႂကြးၿမီကိစၥမ်ား၊‌ ေခ်းေငြကိစၥမ်ား၊ နစ္နာေၾကး/ေလ်ာ္ေၾကးရလိုမႈ၊ ပစၥည္းျပန္လည္ရလိုမႈ၊ ကတိအတိုင္းေဆာင္႐ြက္ေပးေစလိုမႈ၊ လင္မယားခ်င္းကြာလိုမႈ၊ ကေလးအုပ္ထိန္းခြင့္ရလိုမႈ၊ အေမြထိန္းစာရလိုမႈ၊ အမႈမ်ားစသျဖင့္ ပုဂၢိဳလ္အခ်င္းခ်င္း ေငြေၾကးဆိုင္ရာကိစၥမ်ားကို ေျဖ႐ွင္းေဆာင္႐ြက္ၾကျခင္းပဲ ျဖစ္သည္။

ေတာင္းဆိုလိုသူမွာ မိမိေတာင္းဆိုသည့္ အခြင့္အေရးအတိုင္း ႐ုံးခြန္ေပးေဆာင္၍ သက္သာခြင့္အား တရားစြဲဆို ေတာင္းဆိုရမည္ျဖစ္ပါသည္။ ထိုသို႔ေသာ္ တရားမမႈမ်ားတြင္ တရားမက်င့္ထုံးဥပေဒအမိန္႔-၇ အရ တရားလိုမွ အဆိုလႊာတင္ျပ၍ မိမိသက္သာခြင့္ကို ေတာင္းဆိုရၿပီး တရားၿပိဳင္မွ တရားလို၏ အဆိုလႊာေပၚတြင္ တရားမက်င့္ထုံးဥပေဒအမိန္႔-၈ အရ ေခ်ပလႊာ ျပန္လည္တင္ျပရသည္။

တရားမက်င္ထုံး ဥပေဒအမိန္႔ ၅ ၊ နည္း ၂၀အရ ဆင့္ဆိုရန္အတြက္ လိပ္စာတင္သြင္းရန္ ပ်က္ကြက္လွ်င္ တရား႐ုံးသည္ အဆိုလႊာကို ပလပ္ႏိုင္ပါသည္။

တရား႐ုံးမ်ားသည္ အမႈသည္မ်ား၏ အဆိုအေခ်မ်ားအေပၚမူတည္၍ ဆုံးျဖတ္ေပးၿပီး အမူသည္မ်ား၏ အဆိုအေခ်၌ မပါဝင္၊ ဆန္႔က်င္ကြဲလြဲသည့္ကိစၥကို ေဖာ္ထုတ္ဆုံးျဖတ္၍ သက္သာခြင့္ေပးျခင္း မျပဳေပ။ (ေအအက္ စ္၊ပီ၊အက္စ္၊ေကအာရ္၊က႐ုပန္ ခ်စ္တီးယားႏွင့္ ေအခြၽတ္ကလင္ဂန္ ခ်စ္တီးယား )( ဦးဂဖူးႏွင့္ ဦးစိန္ေမာင္ပါ-၂ ၁၉၉၁၊မတစ (႐ုံးခ်ဳပ္)၄၆) အမူသည္မ်ား၏ အဆိုလႊာ၊ ေခ်လႊာမ်ားအေပၚ အေျခခံ၍ ႐ုံးေတာ္မွ သင့္ေလွ်ာ္ေသာ ႐ုံးျငင္းခ်က္ ေကာက္ခ်က္မ်ား ထုတ္ေပးပါတယ္။ အမႈအား စတင္ၾကားနာေသာအခ်ိန္တြင္ ေလွ်ာက္ထားသူႏွင့္ ၎၏ ေ႐ွ႕ေန တို႔ လာေရာက္ရန္ ပ်က္ကြက္ပါက အမႈကို ပလပ္ႏိုင္သည္။ အမႈကိုျပန္လည္ဖြင့္ေပးရန္ ေတာင္းဆိုပါကလဲ ပ်က္ကြက္ရျခင္းမွာ လုံေလာက္ေသာ အေၾကာင္းျပခ်က္ေၾကာင့္ဟုတ္မဟုတ္ ႐ုံးေတာ္မွ သုံးသပ္ပါတယ္။ ေ႐ွ႕ေန၏ ပ်က္ကြက္မႈေၾကာင့္ ႐ုံးခ်ိန္းပ်က္ကြက္ျခင္းကို ခြင့္လြတ္ရန္ အေၾကာင္းမ႐ွိပါ။

တရားမက်င့္ထုံးဥပေဒအမိန္႔ ၁၇၊ နည္း-၂အရ တိုင္းတရား႐ုံးသို႔ သြားေရာက္ ေဆာင္႐ြက္ေနရ ေသာေၾကာင့္ ေနာက္က်ျခင္းျဖစ္ပါက ခိုင္လုံေသာ အေၾကာင္းျပခ်က္ျဖစ္သျဖင့္ ခြင့္ျပဳေပးႏိုင္သည္။ တရားၿပိဳင္ မလာေရာက္ရင္ လုံေလာက္အေၾကာင္းမ်ားျဖင့္ သမၼာန္စာခ်အပ္ၿပီးရင္ အမႈကို တဖက္သတ္စစ္ေဆးဖို႔ အမိန္႔ခ် မွတ္ပါတယ္။ အမူသည္ႏွစ္ဖက္လာေရာက္ရင္ေတာ့ သက္ေသစာရင္းေတြ တင္ျပရပါမယ္။ တရားလိုႏွင့္ သက္ေသ မ်ား၊ တရားၿပိဳင္ႏွင့္သက္ေသမ်ားစစ္ေဆးၿပီးရင္ေတာ့ ႏွစ္ဖက္ေ႐ွ႕ေနမ်ားကို ေလွ်ာက္လဲခ်က္ေပးေစပါတယ္။ ၿပီးရင္ေတာ့ တရား႐ုံးက စီရင္ခ်က္အမိန္႔ခ်မွတ္ေပးတယ္။

ထို႔ျပင္ဒီဂရီကို အတည္ျပဳရန္ ဇာရီမႈဖြင့္လွစ္ရမယ္၊ ဒီဂရီကို မေက်နပ္သူက အယူခံမႈတက္ေရာက္ႏိုင္ပါတယ္။ တရားမက်င့္ထုံးအမိန္႔-၁၀၅မွာ အယူခံမဝင္ေရာက္ႏိုင္ေသာ အမႈမ်ားကို သတ္မွတ္ေပးထားပါေၾကာင္း တရားမမႈႏွင့္ စပ္လ်ဥ္း၍ ေရးသားေဖာ္ျပေပးလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service