ဆန်ဖရန်စစ္စကိုတွင် ကိုယ်ပိုင်ခြံဝန်းအတွင်း ကားရပ်သော ဇနီးမောင်နှံ ၁၅၄၂ ဒေါ်လာ ဒဏ်ရိုက်ခံရ

ဆန်ဖရန်စစ္စကိုတွင် ကိုယ်ပိုင်ခြံဝန်းအတွင်း ကားရပ်သော ဇနီးမောင်နှံ ၁၅၄၂ ဒေါ်လာ ဒဏ်ရိုက်ခံရ - Property Knowledge in Myanmar from iMyanmarHouse.com
12 Sep 2023 11:23 am တွင် တင်ခဲ့သည်
1042 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ ဆန်ဖရန်စစ္စကိုမြို့တွင် နေထိုင်သော ဇနီးမောင်နှံ ၂ ဦးသည် နှစ်ပေါင်း ၄၀ နီးပါး နေထိုင်ခဲ့သော နေအိမ်ရှေ့ ခြံဝန်းအတွင်းတွင် ကားရပ်နားခဲ့မှု အတွက် ဒဏ်ငွေချမှတ်ခံရမှုအပေါ် မြို့မှ အရာရှိများနှင့် ဖြစ်ပွားခဲ့သော အငြင်းပွားမှုတွင် အနိုင်ရခဲ့ကြောင်း The Sun သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဆန်ဖရန်စစ္စကိုမြို့နေ ဂျူဒီနှင့် အက်ဒ်ကရိန်းတို့ စုံတွဲသည် ၎င်းတို့နေအိမ်အပြင်ဘက် ခြံဝန်းအတွင်းရှိ ကားရပ်နားရာ နေရာကို ဆယ်စုနှစ်အတန်ကြာ အသုံးပြုခဲ့ပြီး ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့။

 

(မိမိတို့၏ ခြံဝန်းအတွင်းတွင် ကားရပ်နားမှုအတွက် ဒေါ်လာ ၁၅၀၀ ဒဏ်ရိုက်ခံခဲ့ရသော ကရိန်းတို့စုံတွဲ။ ဓာတ်ပုံ-ABC News)

 

 

(ဆန်ဖရန်စစ္စကို စီမံကိန်းဌာန၏ ပြောကြားချက်အရ ကားများကို အမြင်တင့်တယ်စေရန် အမိုးအကာအောက် .. သို့မဟုတ်.. ဂိုဒေါင်ထဲတွင် ထားရမည်ဟု ဆိုသည်။ ဓာတ်ပုံ-ABC News)

 

 

ကရိန်းတို့စုံတွဲအပြင် ၎င်းတို့၏ အိမ်နီးချင်း ၂ ဦးအပေါ် စီမံကိန်းဌာနထံ ၂၀၂၂ ခုနှစ် ၊ ဇွန်လအတွင်း တိုင်တန်းမှုတစ်ခု ရှိခဲ့သည်ဟု ဆိုသည်။

စီမံကိန်းဌာနက ကရိန်းတို့စုံတွဲထံ ဒဏ်ငွေ ၁၅၄၂ ဒေါ်လာချမှတ်သည့် အီးမေးလ်တစ်စောင် ပေးပို့ခဲ့သည်။

ခြံဝန်းအတွင်းရှိ ၎င်းတို့အိမ်ရှေ့တွင် ကားရပ်၍ မရကြောင်း စီမံကိန်းဌာနက ရေးသားပေးပို့ခဲ့သည်။

ကရိန်းတို့စုံတွဲက ခြံဝန်းအတွင်း ပြီးခဲ့သော ၃၆ နှစ်လုံး ယခုကဲ့သို့ပင် နေ့စဉ်ကားရပ်ခဲ့သည်။

အီးမေးလ်ထဲတွင် ဆက်လက်ဖော်ပြထားသည်မှာ အကယ်၍ ကရိန်းတို့အနေဖြင့် မလိုက်နာပါက ထိုသို့ ကားရပ်သည့် နေ့တိုင်းအတွက် တစ်ရက်လျှင် ဒေါ်လာ ၂၅၀ ဒဏ်ငွေ ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြို့၏ စည်းမျဉ်းအရ အမြင်တင့်တယ်မှုအတွက် ဂိုဒေါင် (သို့မဟုတ်) အမိုးအကာရှိမှသာလျှင် ကားကို အိမ်အပြင်ဘက်တွင် ရပ်နိုင်သည်ဟု စီမံကိန်းဌာနက ပြောသည်။

အိမ်ရှေ့မြေနေရာများကို ကားရပ်နားရာနေရာများ ဖြစ်မသွားစေရန် ယခုစည်းမျဉ်းကို လွန်ခဲ့သော ဆယ်စုနှစ်များစွာက ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်းဌာန အကြီးအကဲ Dan Sider က ABC News သို့ ပြောသည်။

ဂျူဒီကရိန်းက “ဒါက မှားနေတယ်လို့ ထင်ပါတယ်ဆိုပြီး သူတို့ကို ကျွန်မ စာပြန်ရေးခဲ့တယ်။”ဟု ပြောသည်။

သူမ၏ ခင်ပွန်းက “နှစ်ပေါင်းများစွာ အသုံးပြုလာတာတစ်ခုကို ရုတ်တရက်ကြီး အသုံးပြုလို့မရဘူးလို့ ပြောလာတာက တုန်လှုပ်အံ့သြစရာ ၊ နားမလည်စရာပါပဲ။ ”ဟု ပြောသည်။

သို့သော် ကရိန်းတို့ ဇနီးမောင်နှံအနေဖြင့် ယခုကားရပ်သည့်နေရာကို ရှေးအစဉ်အဆက်ကလည်း ကားရပ်သည့် နေရာအဖြစ် သုံးခဲ့ကြောင်း သက်သေပြနိုင်မည်ဆိုပါက စည်းမျဉ်းမှ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

မစ္စကရိန်းက “ဒီနေရာမှာ ကားတစ်စီး ဒါမှမဟုတ် ရထားလုံးတစ်စီး ရပ်ထားတဲ့ ရှေးဟောင်းပုံတစ်ပုံ သူတို့ကို ပြနိုင်ရင် ကျွန်မတို့ ကင်းလွတ်ခွင့်ရနိုင်ပါတယ်”ဟု ပြောသည်။

ကရိန်းတို့ ဇနီးမောင်နှံက အိမ်ရှေ့တွင် ကားတစ်စီးရပ်ထားသော ၃၄ နှစ်သက်တမ်းရှိ ဓာတ်ပုံတစ်ပုံ ပြသခဲ့ သော်လည်း စီမံကိန်းဌာနက လုံလောက်သည့် နှစ်ကာလမဟုတ်ကြောင်း ပြောခဲ့သည်။

ထိုအခါ ကရိန်းတို့ ဇနီးမောင်နှံက ရှာဖွေလေ့လာမှုများ ပြုလုပ်ခဲ့ရာ အိမ်ရှေ့ကားရပ်နားရာနေရာတွင် ၁၉၃၈ ခုနှစ်က ကားတစ်စင်း (သို့မဟုတ်) ရထားလုံးတစ်စီး ရပ်နားခဲ့သည့် ဓာတ်ပုံတစ်ပုံ တွေ့ရှိခဲ့သည်။

သို့သော် ဤအခါတွင်လည်း ဓာတ်ပုံမှာ ကြည်လင်ပြတ်သားမှုမရှိဟု စီမံကိန်းဌာနက ပြောပြန်သည်။

ထိုအခါတွင်ကား ကရိန်းတို့ ဇနီးမောင်နှံ လက်လျော့လိုက်ပြီး ထိုနေရာတွင် ကားမရပ်တော့ရန် သဘောတူခဲ့သည်။

စီမံကိန်းဌာန အရာရှိတို့က ကရိန်းတို့အား ပြောသည်မှာ ယခုကားရပ်သည့်နေရာတွင် အမိုးအကာ (သို့မဟုတ်) ဂိုဒေါင်ဆောက်မည်ဆိုပါက စည်းမျဉ်းချိုးဖောက်ရာ မရောက်တော့ဘဲ ကားရပ်နိုင်မည်ဟု ပြောခဲ့သည်။

သို့သော် နောက် ၁ လအကြာတွင် စီမံကိန်းဌာနက အထောက်အထားတစ်ခု ရှာဖွေတွေ့ရှိခဲ့ရာ ကရိန်းတို့ ဇနီးမောင်နှံ ကားရပ်နေသည့် နေရာတွင် ၁၉၅၀ ပြည့်လွန်ကာလများကတည်းက ကားရပ်နားရာနေရာအဖြစ် အသုံးပြုခဲ့သည့် အထောက်အထားတွေ့ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စီမံကိန်းဌာနသည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ပြီး ကရိန်းတို့ဇနီးမောင်နှံကို ကင်းလွတ်ခွင့် ပေးမည်ဖြစ်ကြောင်း ၊ အမိုးအကာဂိုဒေါင် ဆောက်စရာမလိုဘဲ ယခုကားရပ်သည့် နေရာတွင်ပင် ရပ်နားနိုင်ကြောင်း ပြောခဲ့သည်။

 

(စီမံကိန်းဌာန၏ ဆုံးဖြတ်ချက် ပြောင်းလဲမှုကြောင့် ကရိန်းတို့ဇနီးမောင်နှံသည် ပြဿနာမရှိတော့ဘဲ ကားရပ်နားနိုင်ပြီ ဖြစ်သည်။ ဓာတ်ပုံ-ABC News)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: We were handed $1,542 fine and told parking in front of our home of 36 years was banned thanks to little-known law (the-sun)

 

 

 

[Zawgyi]

 

ဆန္ဖရန္စစၥကိုတြင္ ကိုယ္ပိုင္ျခံဝန္းအတြင္း ကားရပ္ေသာ ဇနီးေမာင္ႏွံ ၁၅၄၂ ေဒၚလာ ဒဏ္ရုိက္ခံရ

 

အေမရိကန္ျပည္ေထာင္စု ၊ ကယ္လီဖိုးနီးယားျပည္နယ္ ၊ ဆန္ဖရန္စစၥကိုျမဳိ႕တြင္ ေနထိုင္ေသာ ဇနီးေမာင္ႏွံ ၂ ဦးသည္ ႏွစ္ေပါင္း ၄၀ နီးပါး ေနထုိင္ခဲ့ေသာ ေနအိမ္ေရွ႕ ျခံဝန္းအတြင္းတြင္ ကားရပ္နားခဲ့မႈ အတြက္ ဒဏ္ေငြခ်မွတ္ခံရမႈအေပၚ ျမဳိ႕မွ အရာရွိမ်ားႏွင့္ ျဖစ္ပြားခဲ့ေသာ အျငင္းပြားမႈတြင္ အႏုိင္ရခဲ့ေၾကာင္း The Sun သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ဆန္ဖရန္စစၥကိုျမိဳ႕ေန ဂ်ဴဒီႏွင့္ အက္ဒ္ကရိန္းတို႔ စံုတြဲသည္ ၎တို႔ေနအိမ္အျပင္ဘက္ ျခံဝန္းအတြင္းရွိ ကားရပ္နားရာ ေနရာကို ဆယ္စုႏွစ္အတန္ၾကာ အသံုးျပဳခဲ့ျပီး ျပႆနာ တစ္စံုတစ္ရာ မရွိခဲ့။

(မိမိတုိ႔၏ ျခံဝန္းအတြင္းတြင္ ကားရပ္နားမႈအတြက္ ေဒၚလာ ၁၅၀၀ ဒဏ္ရုိက္ခံခဲ့ရေသာ ကရိန္းတို႔စံုတြဲ။ ဓာတ္ပံု-ABC News)

(ဆန္ဖရန္စစၥကို စီမံကိန္းဌာန၏ ေျပာၾကားခ်က္အရ ကားမ်ားကို အျမင္တင့္တယ္ေစရန္ အမိုးအကာေအာက္ .. သို႔မဟုတ္.. ဂိုေဒါင္ထဲတြင္ ထားရမည္ဟု ဆိုသည္။ ဓာတ္ပံု-ABC News)

ကရိန္းတို႔စံုတြဲအျပင္ ၎တုိ႔၏ အိမ္နီးခ်င္း ၂ ဦးအေပၚ စီမံကိန္းဌာနထံ ၂၀၂၂ ခုႏွစ္ ၊ ဇြန္လအတြင္း တုိင္တန္းမႈတစ္ခု ရွိခဲ့သည္ဟု ဆိုသည္။

စီမံကိန္းဌာနက ကရိန္းတို႔စံုတြဲထံ ဒဏ္ေငြ ၁၅၄၂ ေဒၚလာခ်မွတ္သည့္ အီးေမးလ္တစ္ေစာင္ ေပးပို႔ခဲ့သည္။

ျခံဝန္းအတြင္းရွိ ၎တို႔အိမ္ေရွ႕တြင္ ကားရပ္၍ မရေၾကာင္း စီမံကိန္းဌာနက ေရးသားေပးပို႔ခဲ့သည္။

ကရိန္းတို႔စံုတြဲက ျခံဝန္းအတြင္း ျပီးခဲ့ေသာ ၃၆ ႏွစ္လံုး ယခုကဲ့သို႔ပင္ ေန႔စဥ္ကားရပ္ခဲ့သည္။

အီးေမးလ္ထဲတြင္ ဆက္လက္ေဖာ္ျပထားသည္မွာ အကယ္၍ ကရိန္းတို႔အေနျဖင့္ မလိုက္နာပါက ထုိသုိ႔ ကားရပ္သည့္ ေန႔တုိင္းအတြက္ တစ္ရက္လွ်င္ ေဒၚလာ ၂၅၀ ဒဏ္ေငြ ေဆာင္ရမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ျမိဳ႕၏ စည္းမ်ဥ္းအရ အျမင္တင့္တယ္မႈအတြက္ ဂိုေဒါင္ (သုိ႔မဟုတ္) အမိုးအကာရွိမွသာလွ်င္ ကားကို အိမ္အျပင္ဘက္တြင္ ရပ္ႏိုင္သည္ဟု စီမံကိန္းဌာနက ေျပာသည္။

အိမ္ေရွ႕ေျမေနရာမ်ားကို ကားရပ္နားရာေနရာမ်ား ျဖစ္မသြားေစရန္ ယခုစည္းမ်ဥ္းကို လြန္ခဲ့ေသာ ဆယ္စုႏွစ္မ်ားစြာက ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း စီမံကိန္းဌာန အၾကီးအကဲ Dan Sider က ABC News သုိ႔ ေျပာသည္။

ဂ်ဴဒီကရိန္းက “ဒါက မွားေနတယ္လို႔ ထင္ပါတယ္ဆုိျပီး သူတို႔ကို ကၽြန္မ စာျပန္ေရးခဲ့တယ္။”ဟု ေျပာသည္။

သူမ၏ ခင္ပြန္းက “ႏွစ္ေပါင္းမ်ားစြာ အသံုးျပဳလာတာတစ္ခုကို ရုတ္တရက္ၾကီး အသံုးျပဳလို႔မရဘူးလို႔ ေျပာလာတာက တုန္လႈပ္အ့ံၾသစရာ ၊ နားမလည္စရာပါပဲ။ ”ဟု ေျပာသည္။

သို႔ေသာ္ ကရိန္းတို႔ ဇနီးေမာင္ႏွံအေနျဖင့္ ယခုကားရပ္သည့္ေနရာကို ေရွးအစဥ္အဆက္ကလည္း ကားရပ္သည့္ ေနရာအျဖစ္ သံုးခဲ့ေၾကာင္း သက္ေသျပႏိုင္မည္ဆိုပါက စည္းမ်ဥ္းမွ ကင္းလြတ္ခြင့္ေပးမည္ျဖစ္ေၾကာင္း ျမဳိ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ေျပာသည္။

မစၥကရိန္းက “ဒီေနရာမွာ ကားတစ္စီး ဒါမွမဟုတ္ ရထားလံုးတစ္စီး ရပ္ထားတဲ့ ေရွးေဟာင္းပံုတစ္ပံု သူတို႔ကုိ ျပႏိုင္ရင္ ကၽြန္မတို႔ ကင္းလြတ္ခြင့္ရႏုိင္ပါတယ္”ဟု ေျပာသည္။

ကရိန္းတို႔ ဇနီးေမာင္ႏွံက အိမ္ေရွ႕တြင္ ကားတစ္စီးရပ္ထားေသာ ၃၄ ႏွစ္သက္တမ္းရွိ ဓာတ္ပံုတစ္ပံု ျပသခဲ့ ေသာ္လည္း စီမံကိန္းဌာနက လံုေလာက္သည့္ ႏွစ္ကာလမဟုတ္ေၾကာင္း ေျပာခဲ့သည္။

ထိုအခါ ကရိန္းတို႔ ဇနီးေမာင္ႏွံက ရွာေဖြေလ့လာမႈမ်ား ျပဳလုပ္ခဲ့ရာ အိမ္ေရွ႕ကားရပ္နားရာေနရာတြင္ ၁၉၃၈ ခုႏွစ္က ကားတစ္စင္း (သို႔မဟုတ္) ရထားလံုးတစ္စီး ရပ္နားခဲ့သည့္ ဓာတ္ပံုတစ္ပံု ေတြ႔ရွိခဲ့သည္။

သို႔ေသာ္ ဤအခါတြင္လည္း ဓာတ္ပံုမွာ ၾကည္လင္ျပတ္သားမႈမရွိဟု စီမံကိန္းဌာနက ေျပာျပန္သည္။

ထုိအခါတြင္ကား ကရိန္းတို႔ ဇနီးေမာင္ႏွံ လက္ေလ်ာ့လုိက္ျပီး ထုိေနရာတြင္ ကားမရပ္ေတာ့ရန္ သေဘာတူခဲ့သည္။

စီမံကိန္းဌာန အရာရွိတို႔က ကရိန္းတို႔အား ေျပာသည္မွာ ယခုကားရပ္သည့္ေနရာတြင္ အမိုးအကာ (သို႔မဟုတ္) ဂိုေဒါင္ေဆာက္မည္ဆုိပါက စည္းမ်ဥ္းခ်ဳိးေဖာက္ရာ မေရာက္ေတာ့ဘဲ ကားရပ္ႏိုင္မည္ဟု ေျပာခဲ့သည္။

သို႔ေသာ္ ေနာက္ ၁ လအၾကာတြင္ စီမံကိန္းဌာနက အေထာက္အထားတစ္ခု ရွာေဖြေတြ႔ရွိခဲ့ရာ ကရိန္းတို႔ ဇနီးေမာင္ႏွံ ကားရပ္ေနသည့္ ေနရာတြင္ ၁၉၅၀ ျပည့္လြန္ကာလမ်ားကတည္းက ကားရပ္နားရာေနရာအျဖစ္ အသံုးျပဳခဲ့သည့္ အေထာက္အထားေတြ႔ခဲ့ျခင္း ျဖစ္သည္။

ထို႔ေၾကာင့္ စီမံကိန္းဌာနသည္ ၎တို႔၏ ဆံုးျဖတ္ခ်က္ကို ေျပာင္းလဲလုိက္ျပီး ကရိန္းတို႔ဇနီးေမာင္ႏွံကို ကင္းလြတ္ခြင့္ ေပးမည္ျဖစ္ေၾကာင္း ၊ အမိုးအကာဂိုေဒါင္ ေဆာက္စရာမလိုဘဲ ယခုကားရပ္သည့္ ေနရာတြင္ပင္ ရပ္နားႏုိင္ေၾကာင္း ေျပာခဲ့သည္။

(စီမံကိန္းဌာန၏ ဆံုးျဖတ္ခ်က္ ေျပာင္းလဲမႈေၾကာင့္ ကရိန္းတို႔ဇနီးေမာင္ႏွံသည္ ျပႆနာမရွိေတာ့ဘဲ ကားရပ္နားႏိုင္ျပီ ျဖစ္သည္။ ဓာတ္ပံု-ABC News)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: We were handed $1,542 fine and told parking in front of our home of 36 years was banned thanks to little-known law (the-sun)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service