ကလေး ၅ ယောက်နှင့်အတူ ကျောင်းဘတ်စ်ကားပေါ်တွင် နေထိုင်သော သြစတေးလျက ဇနီးမောင်နှံ

ကလေး ၅ ယောက်နှင့်အတူ ကျောင်းဘတ်စ်ကားပေါ်တွင် နေထိုင်သော သြစတေးလျက ဇနီးမောင်နှံ - Property Knowledge in Myanmar from iMyanmarHouse.com
11 Sep 2023 11:35 am တွင် တင်ခဲ့သည်
405 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

အမျိုးသမီးတစ်ဦးက သူသည် ခင်ပွန်း ၊ ကလေး ၅ ယောက်တို့နှင့်အတူ ကျောင်းဘတ်စ်ကားတစ်စီးပေါ်တွင် နေထိုင်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားသည်ဟု The Sun သတင်းဌာနက ဖော်ပြသည်။

ဂျို ပါစကိုအမည်ရှိ အမျိုးသမီးက ပြောသည်မှာ သူနှင့် မိသားစုသည် ပြီးခဲ့သော ၂ နှစ်တာအတွင်း ပေ ၄၀ ရှည်သော ကျောင်းဘတ်စ်ကားတစ်စင်းကို လူနေနိုင်ရန် ပြုပြင်ကာ သြစတေးလျနိုင်ငံတစ်ဝန်း ခရီးသွားလာ နေထိုင်ခဲ့ကြောင်း ပြောသည်။

 

 

(ဂျို ပါစကိုတို့ မိသားစု နေထိုင်သော ကျောင်းကားဟောင်း။ ဓာတ်ပုံ- tiktok@pascoes-gone-rogu)

 

 

(ကျောင်းကားအား လူနေထိုင်နိုင်ရန် ပြုပြင်ခဲ့ပုံကို ဂျို ပါစကိုက TikTok လူမှုကွန်ရက်တွင် မျှဝေခဲ့သည်။ ဓာတ်ပုံ- tiktok@pascoes-gone-rogu)

 

(ဂျို ပါစကိုတို့ မိသားစု နေထိုင်ကြပုံနှင့် စပ်လျဉ်းပြီး လူမှုကွန်ရက်သုံးစွဲသူတို့အကြား သဘောထားအမျိုးမျိုး ကွဲပြားနေသည်။ ဓာတ်ပုံ- tiktok@pascoes-gone-rogu)

 

 

မကြာသေးမီက ဂျို ပါစကိုသည် သူ၏ ကားအိမ်ကို ဗွီဒီယိုဖိုင်တစ်ခု ရိုက်ကူးကာ လူမှုကွန်ရက်တွင် မျှဝေခဲ့သည်။

“ဒီကားက ပြီးပြည့်စုံမှု မရှိပါဘူး။ ဒါပေမဲ့ ဒါက ကျွန်မတို့အိမ်ပါ။ ကျွန်မတို့ရဲ့ မိသားစု နေထိုင်နိုင်ဖို့ ပြုပြင်မွမ်းမံခဲ့ပါတယ်။”

“ဒီလို နေထိုင်တဲ့နည်းလမ်းက လူတိုင်းကြိုက်တဲ့ပုံစံမျိုးတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာ ကျွန်မတို့အတွက် ပြီးပြည့်စုံပါတယ်။ ကျွန်မတို့ လိုအပ်သလို ပြောင်းလဲနိုင်ပါတယ်။”

“ကျွန်မတို့ရဲ့ကလေးတွေက ငယ်ရွယ်ကြတယ်။ ကျွန်မတို့လိုပဲ သူတို့ဟာ ခရီးသွားရတာနဲ့ ကျွန်မတို့ရဲ့လှပတဲ့ တိုင်းပြည်ကို စူးစမ်းလေ့လာရတာ သူတို့ နှစ်သက်မြတ်နိုးကြတယ်။”

“ဒါက ကျွန်မတို့ အမြဲနေမယ့်အိမ်တော့ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ကလေးတွေ ဘတ်စ်ကားပေါ်က ဘဝမှာ မနေချင်တော့တဲ့အချိန်ကိုရောက်ရင် နေအိမ်တစ်လုံးဆီကို ကျွန်မတို့ ပြန်ရွှေ့ပါမယ်။”

 

 

ဂျို ပါစကိုက ပြောသည်မှာ မိမိတို့ဇနီးမောင်နှံမှာ ဆောက်လုပ်ရေးသမားများ မဟုတ်ကြောင်း ၊ ဘတ်စ်ကားကို လူနေနိုင်ရန် ပြောင်းလဲမွမ်းမံရာတွင် YouTube ဗွီဒီယိုများကို ကြည့်ရှုကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“ဒါက အိမ်တစ်လုံးလောက် ကုန်ကျစရိတ် မရှိပါဘူး။ ဒေါ်လာ ၁၆၀,၀၀၀ အောက်ပဲ ကုန်ကျပါတယ်။ ကားအိမ်အသစ်တစ်စီးထက်လည်း ဈေးပေါတယ်။”

ဘတ်စ်ကားကို ပြုပြင်မွမ်းမံမှုအတွက် ဒေါ်လာ ၁၀၀,၀၀၀ ကျော်ကုန်ကြောင်း ဂျို ပါစကိုက ပြောသည်။

“ဒေါ်လာ ၁၀၀,၀၀၀ ကျော် ကုန်ပါတယ်။ ကုန်ကျစရိတ် ဒေါ်လာ ၁၁၀,၀၀၀ လောက် ရောက်တဲ့အချိန်မှာ ကားကို မွမ်းမံတာတွေ ရပ်လိုက်တယ်။”

ဂျို ပါစကိုသည် TikTok တွင် @pascoes-gone-rogue ဟူသော အကောင့်ဖြင့် သူ၏ကားအိမ်အကြောင်း ဗွီဒီယိုဖိုင်တင်ခဲ့ရာ ကြည့်ရှုရသူများ များစွာ အံ့အားသင့်ခဲ့ကြသည်။

သူ၏ ဗွီဒီယိုသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး တစ်ရက်အတွင်း ကြည့်ရှုမှု အကြိမ်ရေ ၁ ဒသမ ၄ သန်း ရှိခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: I’m a mum-of-5 & we live in a school bus…not everyone agrees it’s a good idea but it’s much cheaper than buying a house (thesun)

 

 

 

[Zawgyi]

 

ကေလး ၅ ေယာက္ႏွင့္အတူ ေက်ာင္းဘတ္စ္ကားေပၚတြင္ ေနထိုင္ေသာ ၾသစေတးလ်က ဇနီးေမာင္ႏွံ

 

အမ်ိဳးသမီးတစ္ဦးက သူသည္ ခင္ပြန္း ၊ ကေလး ၅ ေယာက္တုိ႔ႏွင့္အတူ ေက်ာင္းဘတ္စ္ကားတစ္စီးေပၚတြင္ ေနထုိင္လ်က္ရွိေၾကာင္း ထုတ္ေဖာ္ေျပာၾကားသည္ဟု The Sun သတင္းဌာနက ေဖာ္ျပသည္။

ဂ်ဳိ ပါစကိုအမည္ရွိ အမ်ဳိးသမီးက ေျပာသည္မွာ သူႏွင့္ မိသားစုသည္ ျပီးခဲ့ေသာ ၂ ႏွစ္တာအတြင္း ေပ ၄၀ ရွည္ေသာ ေက်ာင္းဘတ္စ္ကားတစ္စင္းကို လူေနႏုိင္ရန္ ျပဳျပင္ကာ ၾသစေတးလ်ႏိုင္ငံတစ္ဝန္း ခရီးသြားလာ ေနထိုင္ခဲ့ေၾကာင္း ေျပာသည္။

(ဂ်ဳိ ပါစကိုတို႔ မိသားစု ေနထိုင္ေသာ ေက်ာင္းကားေဟာင္း။ ဓာတ္ပံု- tiktok@pascoes-gone-rogu)

(ေက်ာင္းကားအား လူေနထိုင္ႏိုင္ရန္ ျပဳျပင္ခဲ့ပံုကို ဂ်ိဳ ပါစကိုက TikTok လူမႈကြန္ရက္တြင္ မွ်ေဝခဲ့သည္။ ဓာတ္ပံု- tiktok@pascoes-gone-rogu)

(ဂ်ဳိ ပါစကိုတို႔ မိသားစု ေနထုိင္ၾကပံုႏွင့္ စပ္လ်ဥ္းျပီး လူမႈကြန္ရက္သံုးစြဲသူတို႔အၾကား သေဘာထားအမ်ဳိးမ်ဳိး ကြဲျပားေနသည္။ ဓာတ္ပံု- tiktok@pascoes-gone-rogu)

မၾကာေသးမီက ဂ်ဳိ ပါစကိုသည္ သူ၏ ကားအိမ္ကို ဗြီဒီယိုဖုိင္တစ္ခု ရုိက္ကူးကာ လူမႈကြန္ရက္တြင္ မွ်ေဝခဲ့သည္။

“ဒီကားက ျပီးျပည့္စံုမႈ မရွိပါဘူး။ ဒါေပမဲ့ ဒါက ကၽြန္မတို႔အိမ္ပါ။ ကၽြန္မတို႔ရဲ႕ မိသားစု ေနထိုင္ႏိုင္ဖို႔ ျပဳျပင္မြမ္းမံခဲ့ပါတယ္။”

“ဒီလို ေနထိုင္တဲ့နည္းလမ္းက လူတုိင္းၾကိဳက္တဲ့ပံုစံမ်ဳိးေတာ့ မျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ့ လက္ရွိအခ်ိန္မွာ ကၽြန္မတို႔အတြက္ ျပီးျပည့္စံုပါတယ္။ ကၽြန္မတို႔ လိုအပ္သလို ေျပာင္းလဲႏိုင္ပါတယ္။”

“ကၽြန္မတို႔ရဲ႕ကေလးေတြက ငယ္ရြယ္ၾကတယ္။ ကၽြန္မတို႔လိုပဲ သူတို႔ဟာ ခရီးသြားရတာနဲ႔ ကၽြန္မတို႔ရဲ႕လွပတဲ့ တိုင္းျပည္ကို စူးစမ္းေလ့လာရတာ သူတို႔ ႏွစ္သက္ျမတ္ႏိုးၾကတယ္။”

“ဒါက ကၽြန္မတို႔ အျမဲေနမယ့္အိမ္ေတာ့ မဟုတ္ပါဘူး။ ကၽြန္မတို႔ရဲ႕ကေလးေတြ ဘတ္စ္ကားေပၚက ဘဝမွာ မေနခ်င္ေတာ့တဲ့အခ်ိန္ကိုေရာက္ရင္ ေနအိမ္တစ္လံုးဆီကို ကၽြန္မတို႔ ျပန္ေရႊ႕ပါမယ္။”

ဂ်ဳိ ပါစကိုက ေျပာသည္မွာ မိမိတုိ႔ဇနီးေမာင္ႏွံမွာ ေဆာက္လုပ္ေရးသမားမ်ား မဟုတ္ေၾကာင္း ၊ ဘတ္စ္ကားကို လူေနႏိုင္ရန္ ေျပာင္းလဲမြမ္းမံရာတြင္ YouTube ဗီြဒီယိုမ်ားကို ၾကည့္ရႈကာ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။

“ဒါက အိမ္တစ္လံုးေလာက္ ကုန္က်စရိတ္ မရွိပါဘူး။ ေဒၚလာ ၁၆၀,၀၀၀ ေအာက္ပဲ ကုန္က်ပါတယ္။ ကားအိမ္အသစ္တစ္စီးထက္လည္း ေစ်းေပါတယ္။”

ဘတ္စ္ကားကို ျပဳျပင္မြမ္းမံမႈအတြက္ ေဒၚလာ ၁၀၀,၀၀၀ ေက်ာ္ကုန္ေၾကာင္း ဂ်ိဳ ပါစကိုက ေျပာသည္။

“ေဒၚလာ ၁၀၀,၀၀၀ ေက်ာ္ ကုန္ပါတယ္။ ကုန္က်စရိတ္ ေဒၚလာ ၁၁၀,၀၀၀ ေလာက္ ေရာက္တဲ့အခ်ိန္မွာ ကားကို မြမ္းမံတာေတြ ရပ္လိုက္တယ္။”

ဂ်ဳိ ပါစကိုသည္ TikTok တြင္ @pascoes-gone-rogue ဟူေသာ အေကာင့္ျဖင့္ သူ၏ကားအိမ္အေၾကာင္း ဗြီဒီယိုဖိုင္တင္ခဲ့ရာ ၾကည့္ရႈရသူမ်ား မ်ားစြာ အံ့အားသင့္ခဲ့ၾကသည္။

သူ၏ ဗြီဒီယိုသည္ လ်င္ျမန္စြာ ပ်ံ႕ႏွံ႔သြားျပီး တစ္ရက္အတြင္း ၾကည့္ရႈမႈ အၾကိမ္ေရ ၁ ဒသမ ၄ သန္း ရွိခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: I’m a mum-of-5 & we live in a school bus…not everyone agrees it’s a good idea but it’s much cheaper than buying a house (thesun)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service