Mercedes က ၁၅ မိနစ်အားသွင်းရုံဖြင့် ၇၅၀ ကီလိုမီတာ (၄၆၆ မိုင်) မောင်းနိုင်မည့် လျှပ်စစ်ကားသစ် ပွဲထုတ်လာ
Mercedes က ၁၅ မိနစ်အားသွင်းရုံဖြင့် ၇၅၀ ကီလိုမီတာ (၄၆၆ မိုင်) မောင်းနိုင်မည့် လျှပ်စစ်ကားသစ် ပွဲထုတ်လာ - Property Knowledge in Myanmar from iMyanmarHouse.com
8 Sep 2023 11:18 am တွင် တင်ခဲ့သည်
1079 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
Mercedes-Benz Group AG သည် ဈေးကွက်အတွင်းရှိ Tesla Inc. ထုတ် မည်သည့်ကားထက်မဆို ခရီးဝေးပိုသွားနိုင်မည့် လျှပ်စစ်ကား (EV) ကို ပွဲထုတ်ချပြလာသည်။
ဂျာမန် Luxury ကားကုမ္ပဏီ Mercedes သည် Elon Musk ကို စိန်ခေါ်နိုင်ရန် အင်တိုက်အားတိုက် ကြိုးပမ်းနေချိန်တွင် ယခု EV ကို ချပြလာနိုင်ခြင်းလည်း ဖြစ်သည်။
အားတစ်ခါသွင်းထားလျှင် ၇၅၀ ကီလိုမီတာ (၄၆၆ မိုင်) မောင်းနှင်နိုင်မည်ဖြစ်ပြီး Tesla ထုတ် Model 3 ကို ဖြတ်ကျော်နိုင်မည့် Mercedes-Benz Concept CLA Class မော်ဒယ်ကို မကြာမီထုတ်လုပ်တော့မည် ဖြစ်သည်။
ဤကားသည် Mercedes ၏ ဆက်လက်ထုတ်လုပ်မည့် EV များအပေါ် အခြေခံထားကာ ထပ်တိုးဖြည့်စွက် ထားသည်မှာ ၁၅ မိနစ်အားသွင်းရုံမျှဖြင့် ၄၀၀ ကီလိုမီတာ သွားနိုင်မည့် ဘက်ထရီစနစ် ဖြစ်သည်။
“ကျွန်တော်တို့ ဒီကားကို နောက်ထပ်အဆင့်တစ်ခုဆီ ဆောင်ကြဉ်းပေးလိုက်ပါပြီ။
ဒီကားဟာ ဆန်းသစ်တီထွင်မှု ကဏ္ဍအတွက် အလွန်အရေးကြီးတဲ့အပြင် ကားတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ လုပ်ဆောင်နိုင်မှု ဘောင်အကန့်အသတ်ကို ချိုးဖျက်ပစ်ဖို့ အရေးပါပါတယ်”ဟု ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ကျင်းပမည့် IAA ကားပြပွဲမတိုင်မီတွင် Mercedes ၏ နည်းပညာရေးရာ အရာရှိချုပ် Markus Schafer က ပြောသည်။
တရုတ်ပြည်တွင် Mercedes မှာ စိတ်ပျက်ဖွယ် ရောင်းအားနှင့် ကြုံတွေ့ခဲ့ရပြီး ဈေးကွက်ဝေစုရရန် စိန်ခေါ်မှု များနှင့် ရင်ဆိုင်ရလျက်ရှိကာ အချို့သော EV များကို ဈေးလျှော့ပေးရမည့် အခြေအနေနှင့်လည်း ကြုံတွေ့နေရသည်။
Mercedes သည် Tesla ကို ရင်ဆိုင်ရန်အပြင် တရုတ်ပြည်တွင်လည်း ရောင်းအားမြှင့်တင်နိုင်ရန် ကြိုးပမ်းနေသည်။
တရုတ်ပြည်တွင် ကားဝယ်သူတို့မှာ ပြည်တွင်းဖြစ်အမှတ်တံဆိပ်များဖြစ်သော BYD Co နှင့် Nio Inc တို့၏ EV များကိုသာ ဝယ်ယူလျက်ရှိကြသည်။
တရုတ်ပြည်တွင်းထုတ် EV များမှာ ပြည်တွင်းဝယ်လက်တို့ အကြိုက် ဆော့ဖ်ဝဲများဖြင့် ထုတ်လုပ်ထားကြသည်။
Mercedes သည် ယခုဆယ်စုနှစ်အကုန်တွင် ရောင်းချနိုင်ရဖွယ်ရှိသည့် EV များသာ ထုတ်လုပ်ရောင်းချရန် ရည်မှန်းချက် ရှိသည်။
Mercedes သည် မိတ်ဖက်များနှင့် ပူးပေါင်းပြီး ဘက်ထရီစက်ရုံ ၈ ခု တည်ထောင်သွားရန်လည်း စီစဉ်ထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
  Ref: Mercedes unveils electric vehicle with longer range than any Tesla as China threat grows (fortune)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service