လိုဝင်ယိုနှင့် စိန့်တိုင်းဒဏ္ဍာရီ (သို့မဟုတ်) သမိုင်းဝင်မော်တော်ကားများ စုဆောင်းသူတစ်ဦးအကြောင်း

လိုဝင်ယိုနှင့် စိန့်တိုင်းဒဏ္ဍာရီ (သို့မဟုတ်) သမိုင်းဝင်မော်တော်ကားများ စုဆောင်းသူတစ်ဦးအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
5 Sep 2023 11:03 am တွင် တင်ခဲ့သည်
512 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ပေကျင်းမြို့ မြောက်ပိုင်း ဟွိုင်းရိုခရိုင်တွင် လိုဝင်ယို၏ လေယာဉ်ရုံဆန်ဆန်၊ လှိုဏ်ဂူဆန်ဆန် ပြခန်း အဆောက်အအုံကြီးတစ်ခု တည်ရှိပြီး အဆောက်အအုံတွင်းတွင်ကား သမိုင်း၏ ရနံ့နှင့် အင်ဂျင်ဝိုင်ရနံ့တို့ ရောယှက်လျက်။

လိုဝင်ယိုသည် မော်စီတုန်းအတွက် ထုတ်လုပ်ခဲ့သော အနက်ရောင် Limousine ကားရှည်ကြီးမှသည် ကြီးမားသော ထရပ်ကားနီကြီးအထိ ကားအစင်းရေ ၂၀၀ ဝန်းကျင်ခန့် ပိုင်ဆိုင်ထားသည်။

Vintage ကားများ ရူးသွပ်သူ လိုဝင်ယိုအကြောင်းကို Driven အမည်ရှိ မှတ်တမ်းရုပ်ရှင်ငယ်တစ်ခု ရိုက်ကူးခဲ့ဖူးသည်။

တရုတ်ပြည်တွင် ကိုယ်ပိုင်မော်တော်ကား ပိုင်ဆိုင်သူ လွန်စွာရှားပါးလှသော ၁၉၇၉ ခုနှစ်တွင် လိုဝင်ယို၏ ကားစုဆောင်းမှု စတင်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က လိုဝင်ယိုသည် အပြာရောင် Polish Warszawa ကားတစ်စင်းကို ယွမ် ၅၀၀၀ (ကန်ဒေါ်လာ ၇၂၅) ဖြင့် ဝယ်ယူခဲ့သည်။

 

(ပိုလန်နိုင်ငံ ဝါဆောမြို့ကို ပိုလန်ဘာသာအရ Warszawa ဟု ခေါ်သည်။)

“အဲဒီတုန်းက ကျွန်တော်ဟာ အဖြူရောင် လက်အိတ်တွေ နေ့တိုင်းလဲပြီး ကားမောင်းချိန်မှာ နေကာမျက်မှန် တပ်တယ်။ ဆောင်းတွင်းကြီးမှာတောင် လူတွေကျွန်တော့်ကို မြင်အောင် ကားမှန်ချ မောင်းတယ်။”ဟု Hongqi ထုတ် 1966 Limo ကားတစ်စင်းပေါ်တွင် ထိုင်ရင်း လိုဝင်ယိုက ပြောသည်။

“အဲဒီအချိန်တုန်းက လမ်းတွေပေါ်မှာ ကားတစ်စင်း မြင်ရခဲပါတယ်။ မီးပွိုင့်တွေ မရှိဘူး။ ရဲအရာရှိတွေပဲ အချက်ပြ လုပ်ခဲ့ရတယ်။ ”

 

((အစိုးရဝန်ထမ်း ယာဉ်မောင်းဘဝ))

 

  

(လိုဝင်ယိုကို Hongqi ထုတ် Limo တစ်စင်းဖြင့် တွေ့ရပုံ။ အဆိုပါကားမှာ မော်စီတုန်းအတွက် ရည်ရွယ်ခဲ့သော ကားဖြစ်သည်။ ဓာတ်ပုံ-Matjaz Tancic)

 

လိုဝင်ယိုသည် အစိုးရအရာရှိများ၏ ယာဉ်မောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

နောက်ပိုင်းတွင် ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်ခဲ့ရာ ကားပြင်ဆိုင်၊ ခရီးသွားကုမ္ပဏီနှင့် လေးဘီး go cart track ကား ကုမ္ပဏီတို့ အပါအဝင်ဖြစ်သည်။

၁၉၉၈ ခုနှစ်တွင် ကျင်းပခဲ့သော Louis Vuitton Classic China Run ကားပြိုင်ပွဲတွင် လိုဝင်ယို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ယင်းနောက်ပိုင်း သူ၏စီးပွားရေးလုပ်ငန်းများကို ရောင်းချခဲ့ကာ ကားစုဆောင်းသည့် အလုပ်တစ်ခု တည်းကိုသာ ဇောက်ချခဲ့သည်။

၂၀၀၉ ခုနှစ်တွင် လိုဝင်ယိုသည် Beijing Classic အမည်ဖြင့် ကားပြတိုက်တစ်ခု ဖွင့်လှစ်ခဲ့၏။

အစိုးရပိုင်းနှင့် အဆက်အသွယ်ရှိခြင်းကြောင့် လိုဝင်ယိုမှာ လူမှုရေး သြဇာတိက္ကမရှိရာ ရှားပါးကားများ စုဆောင်းရန် အထောက်အကူ ဖြစ်စေခဲ့သည်။

သူစုဆောင်းထားသော ကားများမှာ တရုတ်ကားဒီဇိုင်းတို့၏ မှတ်တမ်းတစ်ခုဖြစ်နေပြီး ထိပ်သီးအလွှာတို့သာ ကားစီးနိုင်ခဲ့သော ကာလများမှ မော်တော်ကားများပင်လျှင် ပါဝင်သည်။

“အဲဒီခေတ်က လူတွေဟာ ကားမောင်းတဲ့သူတွေကို တအံ့တသြနဲ့ ဝိုင်းကြည့်ခဲ့ကြတယ်။ အစိုးရ အရာရှိတွေနဲ့ စစ်ဘက်ခေါင်းဆောင်တွေပဲ ကားသုံးခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကားတစ်စီး တင်သွင်း ဝယ်ယူနိုင်ခဲ့ တယ်။” ဟု လိုဝင်ယိုက ပြောသည်။

လိုဝင်ယို ပြောသည့်ကာလမှာ တရုတ်ပြည်၏ ယဉ်ကျေးမှု တော်လှန်ရေးကာလကြီး ပြီးဆုံးခဲ့သော ၁၉၇၆ ခုနှစ် နောက်ပိုင်းကာလကို ဆိုလိုခြင်း ဖြစ်သည်။

ထိုအချိန်တွင် တရုတ်ပြည်သည် ကမ္ဘာသို့ စတင်တံခါးဖွင့်ခဲ့သော အချိန်လည်း ဖြစ်သည်။

 

 

 (မော်စီတုန်းအတွက် ရည်ရွယ် ထုတ်လုပ်ခဲ့သော Limo ။ ဓာတ်ပုံ-Matjaz Tancic)

 

လိုဝင်ယို စုဆောင်းခဲ့သော ကားများအနက် ထင်ရှားသည်မှာ Hongqi မှ ထုတ်လုပ်သော ကားဖြစ်သည်။

ကျယ်ဝန်းကာ တောက်ပြောင်သော အနက်ရောင်ကားများဖြစ်ပြီး တရုတ်အစိုးရ ထိပ်တန်းခေါင်းဆောင်များ အတွက် သီးသန့်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

လိုဝင်ယို ရရှိထားသော Hongqi ကားမှာ တရုတ်အမျိုးသားခေါင်းဆောင်ကြီး မော်စီတုန်းအတွက် လက်ဆောင်အဖြစ် ရည်ရွယ်ကာ ၁၉၇၆ ခုနှစ်တွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

သို႔ေသာ္ ဥကၠ႒ေမာ္သည္ အဆိုပါကားကို လက္မခံရေသးမီတြင္ ကြယ္လြန္သြားခဲ့သည္။

ထိုကားတွင် ဖုန်း ၊ ရေခဲပုံး ၊ လေအေးပေးစက်နှင့် သားရေထိုင်ခုံများ တပ်ဆင်ထားသည်။

“အဲဒီအချိန်တုန်းက စတီးစက်ရုံပိုင်ရှင်တွေဟာ သူတို့စက်ရုံကနေ စတီး တန်ချိန်ထောင်ပေါင်းများစွာ ထုတ်လုပ် နိုင်တယ်လို့ ပြောခဲ့ကြတယ်။

အစိုးရ ကျေနပ်စေဖို့အတွက် လိမ်လည်ထားတဲ့ အစီရင်ခံစာတွေ ရေးသားခဲ့ကြ တယ်။ သူတို့က မော်စီတုန်းအတွက် လက်ဆောင်အနေနဲ့ ကားအရှည်ကြီးတစ်စီး ထုတ်လုပ်ချင်ခဲ့ကြတယ်။”ဟု လိုဝင်ယိုက ပြောသည်။

 

 

(မော်စီတုန်းသည် Pinyin မဖတ်တတ်သောကြောင့် Dongfeng ကား၏ ဘောနက်ပေါ်မှ စာလုံးများကို တရုတ်စာများသို့ ပြောင်းလဲခဲ့သည်။ ဓာတ်ပုံ-Matjaz Tancic)

 

ပြတင်းမှန်တစ်ချပ်ကွဲနေသော 1945 ZIS ကားမှာ တရုတ်သမ္မတအဖြစ် ၁၉၅၈ မှ ၁၉၆၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ လူရှောက်ကီ (Liu Shaoqi) စီးခဲ့သောကားဖြစ်သည်။

မော်စီတုန်း၏ ယဉ်ကျေးမှု တော်လှန်ရေးကာလအတွင်း လူရှောက်ကီမှာ သစ္စာဖောက်အဖြစ် စွပ်စွဲခံခဲ့ရသည်။

“တပ်နီအစောင့်တပ်ဖွဲ့တွေက လူရှောက်ကီရဲ့ ကားကိုမြင်ရင် သူတို့ရဲ့ဒေါသကို ဖော်ပြဖို့ ကျောက်တုံးတွေနဲ့ ပစ်ကြတယ်။ အဲဒီအချိန်တုန်းက လူတွေဟာ အသစ်တစ်ခု တည်ထောင်ဖို့ အဟောင်းတွေကို ဖျက်စီးပစ်ရမယ် လို့ ယုံကြည်ခဲ့ကြတယ်။”

 

(ယဉ်ကျေးမှု တော်လှန်ရေးကာလအတွင်း သစ္စာဖောက်အဖြစ် စွပ်စွဲခံရသော ခေါင်းဆောင်တို့၏ ကားများ တိုက်ခိုက်ခံခဲ့ရသည်။ ဓာတ်ပုံ-Matjaz Tancic )

 

လိုဝင်ယိုက ပြောသည်မှာ လူရှောက်ကီစီးခဲ့သော ကားမျိုး ဒါဇင်အနည်းငယ်ခန့်သာ ထုတ်လုပ်ခဲ့ကြောင်း ၊ ပေကျင်းမြို့တော်ဝန်က အဆိုပါကားများမှာ အနောက်တိုင်းပုံစံမျိုး ဖြစ်နေကာ ဘူဇွာဆန်လွန်ကြောင်း ယူဆပြီး ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့သည်။

လိုဝင်ယိုအတွက် အရေးပါဆုံးကားတစ်စင်းမှာ Hongqi 770 ဖြစ်ပြီး ၁၉၇၀ ပြည့်လွန် နှောင်းပိုင်းကာလများတွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါကားကို ယခင်က ပိုင်ဆိုင်ခဲ့သည်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဗိုလ်ချုပ်ကြီး နီရုန်ကျန်း (Nie Rongzhen ) ဖြစ်သည်။

လိုဝင်ယိုသည် ထိုကားဖြင့် ၁၉၉၈ ခုနှစ်တွင် ကျင်းပခဲ့သော Louis Vuitton Classic China Run ကားပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒါလျန်းမှ ပေကျင်းမြို့အထိ ၁၃၀၀ ကီလိုမီတာ (၈၀၈ မိုင်) မောင်းနှင်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲသည် တရုတ်ပြည်တွင် ကျင်းပခဲ့ခြင်းဖြစ်သော်လည်း တရုတ်လူမျိုးထဲမှ မိမိတစ်ယောက်သာ ပါဝင်သောကြောင့် ပွဲကြည့်ပရိသတ်များကြားတွင် မိမိမှာ Celebrity ဖြစ်ခဲ့ကြောင်း လိုဝင်ယိုက ပြောသည်။

“ကျွန်တော့် ကားဘေးမှာ လူတွေအများကြီး ဝိုင်းအုံနေတာကြောင့် ပြိုင်ပွဲတာဝန်ရှိသူတွေက ကျွန်တော့်ကို အပြစ်ပေးခဲ့ပါတယ်။ ကျွန်တော် မှတ်မိနေသေးတယ်။ အဖိုးက မြေးမလေးကို ချီထားရင်း လာအားပေးတယ်။ ကျွန်တော့်ကား ဖြတ်သွားတဲ့အချိန်မှာ သူအရမ်း စိတ်လှုပ်ရှားပြီး လက်ခုပ်ထတီးတာကြောင့် မြေးမလေး လက်ထဲက ပြုတ်ကျသွားတယ်။”

 

 

(Louis Vuitton Classic China Run ကားပြိုင်ပွဲသည် တရုတ်ပြည်တွင် ကျင်းပခဲ့ခြင်းဖြစ်သော်လည်း တရုတ် လူမျိုးထဲမှ လိုဝင်ယိုတစ်ယောက်သာ ပါဝင်ခဲ့သည်။ ဓာတ်ပုံ-Luo Wenyou)

 

ယနေ့ ကာလတွင် တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ကားဈေးကွက် ဖြစ်နေပြီဖြစ်ပြီး မော်တော်ကားမှာ ထိပ်တန်းလွှာတို့အတွက်သာ မဟုတ်တော့ချေ။

လိုဝင်ယို၏ ကားပြတိုက်မှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော် ကာလအတွင်း တရုတ်ပြည်၏ ဖြစ်ပေါ်ပြောင်းလဲမှု များကို ထင်ဟပ်ပြသနေသည်။

လိုဝင်ယိုအနေဖြင့် သူ၏ ကားပြတိုက်တွင် ထပ်မံဖြည့်သွင်းရန် အလွန်အမင်းလိုချင်နေသော ကားမျိုး ရှိသေး သလား?

“ကျွန်တော် ဗြိတိန်ထုတ် ရေနွေးငွေ့ကားတစ်စီး တကယ်လိုချင်ပါတယ်။ တရုတ်ထုတ် ကားအများစု ကျွန်တော့်မှာ ရှိနေပြီလို့ ထင်ပါတယ်။” ဟု လိုဝင်ယိုက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:The collector using classic cars to share the history of Communist China (cnn)

 

 

[Zawgyi]

 

လိုဝင္ယိုႏွင့္ စိန္႔တိုင္းဒ႑ာရီ (သို႔မဟုတ္) သမိုင္းဝင္ေမာ္ေတာ္ကားမ်ား စုေဆာင္းသူတစ္ဦးအေၾကာင္း

 

ေပက်င္းျမိဳ႕ ေျမာက္ပိုင္း ဟြိဳင္းရိုခရိုင္တြင္ လိုဝင္ယို၏ ေလယာဥ္ရံုဆန္ဆန္၊ လိႈဏ္ဂူဆန္ဆန္ ျပခန္း အေဆာက္အအံုၾကီးတစ္ခု တည္ရွိျပီး အေဆာက္အအံုတြင္းတြင္ကား သမိုင္း၏ ရနံ႔ႏွင့္ အင္ဂ်င္ဝိုင္ရနံ႔တို႔ ေရာယွက္လ်က္။

လိုဝင္ယိုသည္ ေမာ္စီတုန္းအတြက္ ထုတ္လုပ္ခဲ့ေသာ အနက္ေရာင္ Limousine ကားရွည္ၾကီးမွသည္ ၾကီးမားေသာ ထရပ္ကားနီၾကီးအထိ ကားအစင္းေရ ၂၀၀ ဝန္းက်င္ခန္႔ ပိုင္ဆိုင္ထားသည္။

Vintage ကားမ်ား ရူးသြပ္သူ လိုဝင္ယိုအေၾကာင္းကို Driven အမည္ရွိ မွတ္တမ္းရုပ္ရွင္ငယ္တစ္ခု ရိုက္ကူးခဲ့ဖူးသည္။

တရုတ္ျပည္တြင္ ကိုယ္ပိုင္ေမာ္ေတာ္ကား ပိုင္ဆိုင္သူ လြန္စြာရွားပါးလွေသာ ၁၉၇၉ ခုႏွစ္တြင္ လိုဝင္ယို၏ ကားစုေဆာင္းမႈ စတင္ခဲ့ျခင္း ျဖစ္သည္။

ထိုအခ်ိန္က လိုဝင္ယိုသည္ အျပာေရာင္ Polish Warszawa ကားတစ္စင္းကို ယြမ္ ၅၀၀၀ (ကန္ေဒၚလာ ၇၂၅) ျဖင့္ ဝယ္ယူခဲ့သည္။

(ပိုလန္ႏိုင္ငံ ဝါေဆာျမိဳ႕ကို ပိုလန္ဘာသာအရ Warszawa ဟု ေခၚသည္။)

“အဲဒီတုန္းက ကၽြန္ေတာ္ဟာ အျဖဴေရာင္ လက္အိတ္ေတြ ေန႔တုိင္းလဲျပီး ကားေမာင္းခ်ိန္မွာ ေနကာမ်က္မွန္ တပ္တယ္။ ေဆာင္းတြင္းၾကီးမွာေတာင္ လူေတြကၽြန္ေတာ့္ကို ျမင္ေအာင္ ကားမွန္ခ် ေမာင္းတယ္။”ဟု Hongqi ထုတ္ 1966 Limo ကားတစ္စင္းေပၚတြင္ ထိုင္ရင္း လုိဝင္ယိုက ေျပာသည္။ “အဲဒီအခ်ိန္တုန္းက လမ္းေတြေပၚမွာ ကားတစ္စင္း ျမင္ရခဲပါတယ္။ မီးပြိဳင့္ေတြ မရွိဘူး။ ရဲအရာရွိေတြပဲ အခ်က္ျပ လုပ္ခဲ့ရတယ္။ ”

((အစိုးရဝန္ထမ္း ယာဥ္ေမာင္းဘဝ))

(လိုဝင္ယိုကို Hongqi ထုတ္ Limo တစ္စင္းျဖင့္ ေတြ႔ရပံု။ အဆိုပါကားမွာ ေမာ္စီတုန္းအတြက္ ရည္ရြယ္ခဲ့ေသာ ကားျဖစ္သည္။ ဓာတ္ပံု-Matjaz Tancic)

လိုဝင္ယိုသည္ အစိုးရအရာရွိမ်ား၏ ယာဥ္ေမာင္းအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသည္။

ေနာက္ပိုင္းတြင္ ကိုယ္ပိုင္လုပ္ငန္းမ်ား လုပ္ကိုင္ခဲ့ရာ ကားျပင္ဆိုင္၊ ခရီးသြားကုမၸဏီႏွင့္ ေလးဘီး go cart track ကား ကုမၸဏီတို႔ အပါအဝင္ျဖစ္သည္။

၁၉၉၈ ခုႏွစ္တြင္ က်င္းပခဲ့ေသာ Louis Vuitton Classic China Run ကားျပိဳင္ပြဲတြင္ လိုဝင္ယို ဝင္ေရာက္ ယွဥ္ျပိဳင္ခဲ့ျပီး ယင္းေနာက္ပိုင္း သူ၏စီးပြားေရးလုပ္ငန္းမ်ားကို ေရာင္းခ်ခဲ့ကာ ကားစုေဆာင္းသည့္ အလုပ္တစ္ခု တည္းကိုသာ ေဇာက္ခ်ခဲ့သည္။

၂၀၀၉ ခုႏွစ္တြင္ လိုဝင္ယိုသည္ Beijing Classic အမည္ျဖင့္ ကားျပတိုက္တစ္ခု ဖြင့္လွစ္ခဲ့၏။

အစိုးရပိုင္းႏွင့္ အဆက္အသြယ္ရွိျခင္းေၾကာင့္ လိုဝင္ယိုမွာ လူမႈေရး ၾသဇာတိကၠမရွိရာ ရွားပါးကားမ်ား စုေဆာင္းရန္ အေထာက္အကူ ျဖစ္ေစခဲ့သည္။

သူစုေဆာင္းထားေသာ ကားမ်ားမွာ တရုတ္ကားဒီဇုိင္းတို႔၏ မွတ္တမ္းတစ္ခုျဖစ္ေနျပီး ထိပ္သီးအလႊာတုိ႔သာ ကားစီးႏုိင္ခဲ့ေသာ ကာလမ်ားမွ ေမာ္ေတာ္ကားမ်ားပင္လွ်င္ ပါဝင္သည္။

“အဲဒီေခတ္က လူေတြဟာ ကားေမာင္းတဲ့သူေတြကို တအံ့တၾသနဲ႔ ဝိုင္းၾကည့္ခဲ့ၾကတယ္။ အစိုးရ အရာရွိေတြနဲ႔ စစ္ဘက္ေခါင္းေဆာင္ေတြပဲ ကားသံုးခဲ့ၾကပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္က ကားတစ္စီး တင္သြင္း ဝယ္ယူႏိုင္ခဲ့ တယ္။” ဟု လိုဝင္ယိုက ေျပာသည္။

လိုဝင္ယို ေျပာသည့္ကာလမွာ တရုတ္ျပည္၏ ယဥ္ေက်းမႈ ေတာ္လွန္ေရးကာလၾကီး ျပီးဆံုးခဲ့ေသာ ၁၉၇၆ ခုႏွစ္ ေနာက္ပိုင္းကာလကုိ ဆုိလုိျခင္း ျဖစ္သည္။

ထိုအခ်ိန္တြင္ တရုတ္ျပည္သည္ ကမၻာသို႔ စတင္တံခါးဖြင့္ခဲ့ေသာ အခ်ိန္လည္း ျဖစ္သည္။

(ေမာ္စီတုန္းအတြက္ ရည္ရြယ္ ထုတ္လုပ္ခဲ့ေသာ Limo ။ ဓာတ္ပံု-Matjaz Tancic)

လိုဝင္ယို စုေဆာင္းခဲ့ေသာ ကားမ်ားအနက္ ထင္ရွားသည္မွာ Hongqi မွ ထုတ္လုပ္ေသာ ကားျဖစ္သည္။

က်ယ္ဝန္းကာ ေတာက္ေျပာင္ေသာ အနက္ေရာင္ကားမ်ားျဖစ္ျပီး တရုတ္အစိုးရ ထိပ္တန္းေခါင္းေဆာင္မ်ား အတြက္ သီးသန္႔ထုတ္လုပ္ခဲ့ျခင္း ျဖစ္သည္။

လိုဝင္ယုိ ရရွိထားေသာ Hongqi ကားမွာ တရုတ္အမ်ဳိးသားေခါင္းေဆာင္ၾကီး ေမာ္စီတုန္းအတြက္ လက္ေဆာင္အျဖစ္ ရည္ရြယ္ကာ ၁၉၇၆ ခုႏွစ္တြင္ ထုတ္လုပ္ခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္ ဥကၠ႒ေမာ္သည္ အဆိုပါကားကို လကၼခံေရသးမီၾတင္ ၾကႂယႅန္ၾသားခဲ့သည္။

ထိုကားတြင္ ဖုန္း ၊ ေရခဲပံုး ၊ ေလေအးေပးစက္ႏွင့္ သားေရထုိင္ခံုမ်ား တပ္ဆင္ထားသည္။

“အဲဒီအခ်ိန္တုန္းက စတီးစက္ရံုပိုင္ရွင္ေတြဟာ သူတို႔စက္ရံုကေန စတီး တန္ခ်ိန္ေထာင္ေပါင္းမ်ားစြာ ထုတ္လုပ္ ႏိုင္တယ္လို႔ ေျပာခဲ့ၾကတယ္။

အစိုးရ ေက်နပ္ေစဖို႔အတြက္ လိမ္လည္ထားတဲ့ အစီရင္ခံစာေတြ ေရးသားခဲ့ၾက တယ္။ သူတို႔က ေမာ္စီတုန္းအတြက္ လက္ေဆာင္အေနနဲ႔ ကားအရွည္ၾကီးတစ္စီး ထုတ္လုပ္ခ်င္ခဲ့ၾကတယ္။”ဟု လိုဝင္ယုိက ေျပာသည္။

(ေမာ္စီတုန္းသည္ Pinyin မဖတ္တတ္ေသာေၾကာင့္ Dongfeng ကား၏ ေဘာနက္ေပၚမွ စာလံုးမ်ားကို တရုတ္စာမ်ားသို႔ ေျပာင္းလဲခဲ့သည္။ ဓာတ္ပံု-Matjaz Tancic)

ျပတင္းမွန္တစ္ခ်ပ္ကြဲေနေသာ 1945 ZIS ကားမွာ တရုတ္သမၼတအျဖစ္ ၁၉၅၈ မွ ၁၉၆၈ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့သူ လူေရွာက္ကီ (Liu Shaoqi) စီးခဲ့ေသာကားျဖစ္သည္။

ေမာ္စီတုန္း၏ ယဥ္ေက်းမႈ ေတာ္လွန္ေရးကာလအတြင္း လူေရွာက္ကီမွာ သစၥာေဖာက္အျဖစ္ စြပ္စဲြခံခဲ့ရသည္။

“တပ္နီအေစာင့္တပ္ဖြဲ႔ေတြက လူေရွာက္ကီရဲ႕ ကားကိုျမင္ရင္ သူတို႔ရဲ႕ေဒါသကို ေဖာ္ျပဖို႔ ေက်ာက္တံုးေတြနဲ႔ ပစ္ၾကတယ္။ အဲဒီအခ်ိန္တုန္းက လူေတြဟာ အသစ္တစ္ခု တည္ေထာင္ဖု႔ိ အေဟာင္းေတြကို ဖ်က္စီးပစ္ရမယ္ လို႔ ယံုၾကည္ခဲ့ၾကတယ္။”

(ယဥ္ေက်းမႈ ေတာ္လွန္ေရးကာလအတြင္း သစၥာေဖာက္အျဖစ္ စြပ္စြဲခံရေသာ ေခါင္းေဆာင္တုိ႔၏ ကားမ်ား တုိက္ခိုက္ခံခဲ့ရသည္။ ဓာတ္ပံု-Matjaz Tancic )

လိုဝင္ယိုက ေျပာသည္မွာ လူေရွာက္ကီစီးခဲ့ေသာ ကားမ်ဳိး ဒါဇင္အနည္းငယ္ခန္႔သာ ထုတ္လုပ္ခဲ့ေၾကာင္း ၊ ေပက်င္းျမိဳ႕ေတာ္ဝန္က အဆိုပါကားမ်ားမွာ အေနာက္တုိင္းပံုစံမ်ဳိး ျဖစ္ေနကာ ဘူဇြာဆန္လြန္ေၾကာင္း ယူဆျပီး ထုတ္လုပ္မႈ ရပ္ဆုိင္းခဲ့သည္။

လိုဝင္ယိုအတြက္ အေရးပါဆံုးကားတစ္စင္းမွာ Hongqi 770 ျဖစ္ျပီး ၁၉၇၀ ျပည့္လြန္ ေႏွာင္းပိုင္းကာလမ်ားတြင္ ထုတ္လုပ္ခဲ့ျခင္း ျဖစ္သည္။

အဆုိပါကားကို ယခင္က ပိုင္ဆိုင္ခဲ့သည္မွာ တရုတ္ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ ဗိုလ္ခ်ဳပ္ၾကီး နီရုန္က်န္း (Nie Rongzhen ) ျဖစ္သည္။

လိုဝင္ယိုသည္ ထိုကားျဖင့္ ၁၉၉၈ ခုႏွစ္တြင္ က်င္းပခဲ့ေသာ Louis Vuitton Classic China Run ကားျပိဳင္ပြဲ တြင္ ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ျပီး ဒါလ်န္းမွ ေပက်င္းျမိဳ႕အထိ ၁၃၀၀ ကီလိုမီတာ (၈၀၈ မိုင္) ေမာင္းႏွင္ ခဲ့သည္။

အဆိုပါ ျပိဳင္ပြဲသည္ တရုတ္ျပည္တြင္ က်င္းပခဲ့ျခင္းျဖစ္ေသာ္လည္း တရုတ္လူမ်ဳိးထဲမွ မိမိတစ္ေယာက္သာ ပါဝင္ေသာေၾကာင့္ ပြဲၾကည့္ပရိသတ္မ်ားၾကားတြင္ မိမိမွာ Celebrity ျဖစ္ခဲ့ေၾကာင္း လိုဝင္ယိုက ေျပာသည္။

“ကၽြန္ေတာ့္ ကားေဘးမွာ လူေတြအမ်ားၾကီး ဝိုင္းအံုေနတာေၾကာင့္ ျပိဳင္ပြဲတာဝန္ရွိသူေတြက ကၽြန္ေတာ့္ကုိ အျပစ္ေပးခဲ့ပါတယ္။ ကၽြန္ေတာ္ မွတ္မိေနေသးတယ္။ အဖုိးက ေျမးမေလးကို ခ်ီထားရင္း လာအားေပးတယ္။ ကၽြန္ေတာ့္ကား ျဖတ္သြားတဲ့အခ်ိန္မွာ သူအရမ္း စိတ္လႈပ္ရွားျပီး လက္ခုပ္ထတီးတာေၾကာင့္ ေျမးမေလး လက္ထဲက ျပဳတ္က်သြားတယ္။”

(Louis Vuitton Classic China Run ကားျပိဳင္ပြဲသည္ တရုတ္ျပည္တြင္ က်င္းပခဲ့ျခင္းျဖစ္ေသာ္လည္း တရုတ္ လူမ်ဳိးထဲမွ လိုဝင္ယိုတစ္ေယာက္သာ ပါဝင္ခဲ့သည္။ ဓာတ္ပံု-Luo Wenyou)

ယေန႔ ကာလတြင္ တ႐ုတ္ျပည္သည္ ကမ႓ာေပၚတြင္ အႀကီးမားဆုံး ကားေဈးကြက္ ျဖစ္ေနၿပီျဖစ္ၿပီး ေမာ္ေတာ္ကားမွာ ထိပ္တန္းလႊာတို႔အတြက္သာ မဟုတ္ေတာ့ေခ်။

လိုဝင္ယုိ၏ ကားျပတိုက္မွာ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၄၀ ေက်ာ္ ကာလအတြင္း တရုတ္ျပည္၏ ျဖစ္ေပၚေျပာင္းလဲမႈ မ်ားကို ထင္ဟပ္ျပသေနသည္။

လုိဝင္ယိုအေနျဖင့္ သူ၏ ကားျပတုိက္တြင္ ထပ္မံျဖည့္သြင္းရန္ အလြန္အမင္းလိုခ်င္ေနေသာ ကားမ်ဳိး ရွိေသး သလား?

“ကၽြန္ေတာ္ ျဗိတိန္ထုတ္ ေရေႏြးေငြ႔ကားတစ္စီး တကယ္လိုခ်င္ပါတယ္။ တရုတ္ထုတ္ ကားအမ်ားစု ကၽြန္ေတာ့္မွာ ရွိေနျပီလို႔ ထင္ပါတယ္။” ဟု လုိဝင္ယိုက ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref:The collector using classic cars to share the history of Communist China (cnn)

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service