ကိတ်ပ်တောင်းမြို့က သရဲခြောက်သော ကားတစ်စင်း

ကိတ်ပ်တောင်းမြို့က သရဲခြောက်သော ကားတစ်စင်း - Property Knowledge in Myanmar from iMyanmarHouse.com
4 Sep 2023 1:40 pm တွင် တင်ခဲ့သည်
1652 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

အချိန်ကား …၂၀၀၄ ခုနှစ်။

နေရာကား…တောင်အာဖရိကနိုင်ငံ၊ ကိတ်ပ်တောင်းမြို့။

တစ်ခုသော တိတ်ဆိတ်သော ညခင်းတွင် မိသားစုတစ်စုသည် မိတ်ဆွေအချို့အတွက် ညစာပါတီပွဲ ဧည့်ခံခဲ့ပြီးနောက် နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့ကြသည်။

ထိုသို့ အိပ်မောကျနေကြစဉ် ညဉ့်နက်ယံ၏ တိတ်ဆိတ်မှုအလယ်တွင် ကားစက်သံ ကြားလိုက်ရခြင်းကြောင့် တစ်မိသားစုလုံး လန့်နိုးလာကြသည်။

အိမ်ရှေ့တွင် သူတို့၏ Renault Megane မော်တော်ကား ရှိသည်။

 

 

၎င်းတို့လည်း ကားအခိုးခံရပြီထင်ကာ ကားရှိရာသို့ တဟုန်ထိုး ပြေးသွားကြသည်။

သို့သော် အိမ်ရှေ့တွင် လူတစ်ဦးတစ်ယောက်မှ မတွေ့သည်မှာ ဆန်းကြယ်နေသည်။

ပိုမိုဆန်းကြယ်သော အချက်ကား ကားပေါ်တွင် လူမရှိသည့်တိုင် ကားမှာ ခုန်နေသည်ကို တွေ့ရသည်။

ကားကို စစ်ဆေးကြည့်ရာ ကားစက်နှိုးထားခြင်း မတွေ့ရသည့်အပြင် Handbrake ဆွဲထားသည်ကိုလည်း တွေ့ရသည်။

သူတို့မိသားစုလည်း ရဲတပ်ဖွဲ့သို့ ဖုန်းဆက် အကြောင်းကြားခဲ့သည်။

ရဲအရာရှိများ ရောက်ရှိလာချိန်တွင် ၎င်းတို့က နောက်ပြောင်မှုဟုသာ ထင်ခဲ့ကြသည်။

သို့သော် ကားစက်နိုးလာပြန်ကာ နောက်ဘက်သို့ မောင်းထွက်သွားပြီး သစ်ပင်တစ်ခုနှင့် ဝင်တိုက်ခဲ့သည်။

ထိုသို့ ကားစက်နှိုးပုံနှင့် ခုန်ထွက်ပုံတို့ကို ရဲအရာရှိ ၂ ဦးအပါအဝင် လူ ၉ ဦး မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ကြသည်။

Starter Motor ချွတ်ယွင်းမှုကြောင့် ဖြစ်သည်ဟူသော သုံးသပ်ချက်များ ရှိသော်လည်း ကားပေါ်တွင် တစ်စုံတစ်ဦးက လီဗာကို နင်းလိုက်သကဲ့သို့ စက်ရှိန်မြင့်သွားသည်ကိုမူ မည်သူမျှ ယနေ့တိုင် အဖြေမထုတ်နိုင်သေးချေ။

 

 

Renault Megane သည် နောက်ဘက်ရှိ ကုန်းတက်ဆီသို့ ၂ ကြိမ်တိုင် ရုန်းတက်သွားခြင်း ဖြစ်သည်။

Renault ကားကုမ္ပဏီမှ ကိတ်ပ်တောင်းမြို့မှ ဒေသတွင်း မန်နေဂျာ Chris Siebert က ပြောသည်မှာ ယခုကဲ့သို့ ဖြစ်ရပ်မျိုး တစ်ခါမှ မကြားဖူးကြောင်း ပြောသည်။

“ဒီကားက အလေးချိန် ၁ တန်နီးပါးရှိတယ်။ အင်ဂျင်ရပ်ထားမယ်ဆိုရင် ဒါက သတ္တုပုံကြီးတစ်ခုပဲ။ အဲဒီလူတွေ အရက်မူးမနေကြတာ သေချာရဲ့လား”ဟု Chris Siebert က အရွှန်းဖောက် ပြောကြားသည်။

ကိတ်ပ်တောင်းမြို့ရှိ Renault ကားကုမ္ပဏီမှ နည်းပညာရှင် Nadeem Gamiet ကလည်း အဆိုပါ ဖြစ်ရပ်အပေါ် သံသယရှိသည်။

“ကားစက်နှိုးမထားဘူးဆိုရင် combustion ဘယ်ကလာလဲ။ ကျွန်တော်တို့ မယုံနိုင်အောင်ပါပဲ။ ဒါက တော်တော်ခြောက်ခြားဖို့ ကောင်းပါတယ်”ဟု Nadeem Gamiet က ပြောသည်။

 

အဖြေတစ်ခုရှိသည်မှာ သေချာကြောင်း ၊ သို့သော် ကားကို စစ်ဆေးမကြည့်ဘဲ မှတ်ချက် မပြုလိုကြောင်း ၎င်းက ပြောသည်။

ကိတ်ပ်တောင်းမြို့ရှိ Renault ကားကုမ္ပဏီမှ Service advisor ဖြစ်သူ Clinton Viret က ပြောသည်မှာ ထိုဖြစ်ရပ်သည် နည်းပညာပိုင်းအရ မဖြစ်နိုင်ကြောင်း ၊ ကားခုန်ခြင်းမှာ ကားစက်နှိုးထားပြီး ဂီယာထိုး ထားသည့်အချိန်တွင်သာ ဖြစ်နိုင်ကြောင်း ပြောသည်။

“သရဲတွေ ဖြစ်နိုင်ပါတယ်”ဟု စက်ပြင်ဆရာတစ်ဦးဖြစ်သူ Lion Engel က ပြောသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:Ghost car' causing a stir (news24)

 

 

 

[Zawgyi]

 

ကိတ္ပ္ေတာင္းျမိဳ႕က သရဲေျခာက္ေသာ ကားတစ္စင္း

 

အခ်ိန္ကား …၂၀၀၄ ခုႏွစ္။

ေနရာကား…ေတာင္အာဖရိကႏိုင္ငံ၊ ကိတ္ပ္ေတာင္းျမိဳ႕။

တစ္ခုေသာ တိတ္ဆိတ္ေသာ ညခင္းတြင္ မိသားစုတစ္စုသည္ မိတ္ေဆြအခ်ဳိ႕အတြက္ ညစာပါတီပြဲ ဧည့္ခံခဲ့ျပီးေနာက္ ႏွစ္ျခိဳက္စြာ အိပ္ေမာက်ေနခဲ့ၾကသည္။

ထိုသို႔ အိပ္ေမာက်ေနၾကစဥ္ ညဥ့္နက္ယံ၏ တိတ္ဆိတ္မႈအလယ္တြင္ ကားစက္သံ ၾကားလိုက္ရျခင္းေၾကာင့္ တစ္မိသားစုလံုး လန္႔ႏိုးလာၾကသည္။

အိမ္ေရွ႕တြင္ သူတို႔၏ Renault Megane ေမာ္ေတာ္ကား ရွိသည္။ ၎တို႔လည္း ကားအခိုးခံရျပီထင္ကာ ကားရွိရာသို႔ တဟုန္ထုိး ေျပးသြားၾကသည္။

သို႔ေသာ္ အိမ္ေရွ႕တြင္ လူတစ္ဦးတစ္ေယာက္မွ မေတြ႔သည္မွာ ဆန္းၾကယ္ေနသည္။

ပိုမိုဆန္းၾကယ္ေသာ အခ်က္ကား ကားေပၚတြင္ လူမရွိသည့္တုိင္ ကားမွာ ခုန္ေနသည္ကို ေတြ႔ရသည္။

ကားကို စစ္ေဆးၾကည့္ရာ ကားစက္ႏႈိးထားျခင္း မေတြ႔ရသည့္အျပင္ Handbrake ဆြဲထားသည္ကိုလည္း ေတြ႔ရသည္။

သူတို႔မိသားစုလည္း ရဲတပ္ဖြဲ႔သို႔ ဖုန္းဆက္ အေၾကာင္းၾကားခဲ့သည္။ ရဲအရာရွိမ်ား ေရာက္ရွိလာခ်ိန္တြင္ ၎တို႔က ေနာက္ေျပာင္မႈဟုသာ ထင္ခဲ့ၾကသည္။

သို႔ေသာ္ ကားစက္ႏိုးလာျပန္ကာ ေနာက္ဘက္သို႔ ေမာင္းထြက္သြားျပီး သစ္ပင္တစ္ခုႏွင့္ ဝင္တုိက္ခဲ့သည္။

ထိုသို႔ ကားစက္ႏိႈးပံုႏွင့္ ခုန္ထြက္ပံုတုိ႔ကို ရဲအရာရွိ ၂ ဦးအပါအဝင္ လူ ၉ ဦး မ်က္ျမင္ကိုယ္ေတြ႔ ေတြ႔ျမင္ခဲ့ၾကသည္။

Starter Motor ခၽြတ္ယြင္းမႈေၾကာင့္ ျဖစ္သည္ဟူေသာ သံုးသပ္ခ်က္မ်ား ရွိေသာ္လည္း ကားေပၚတြင္ တစ္စံုတစ္ဦးက လီဗာကို နင္းလုိက္သကဲ့သို႔ စက္ရွိန္ျမင့္သြားသည္ကိုမူ မည္သူမွ် ယေန႔တုိင္ အေျဖမထုတ္ႏိုင္ေသးေခ်။ Renault Megane သည္ ေနာက္ဘက္ရွိ ကုန္းတက္ဆီသုိ႔ ၂ ၾကိမ္တုိင္ ရုန္းတက္သြားျခင္း ျဖစ္သည္။

Renault ကားကုမၸဏီမွ ကိတ္ပ္ေတာင္းျမဳိ႕မွ ေဒသတြင္း မန္ေနဂ်ာ Chris Siebert က ေျပာသည္မွာ ယခုကဲ့သို႔ ျဖစ္ရပ္မ်ဳိး တစ္ခါမွ မၾကားဖူးေၾကာင္း ေျပာသည္။

“ဒီကားက အေလးခ်ိန္ ၁ တန္နီးပါးရွိတယ္။ အင္ဂ်င္ရပ္ထားမယ္ဆိုရင္ ဒါက သတၱဳပံုၾကီးတစ္ခုပဲ။ အဲဒီလူေတြ အရက္မူးမေနၾကတာ ေသခ်ာရဲ႕လား”ဟု Chris Siebert က အရႊန္းေဖာက္ ေျပာၾကားသည္။

ကိတ္ပ္ေတာင္းျမဳိ႕ရွိ Renault ကားကုမၸဏီမွ နည္းပညာရွင္ Nadeem Gamiet ကလည္း အဆိုပါ ျဖစ္ရပ္အေပၚ သံသယရွိသည္။

“ကားစက္ႏိႈးမထားဘူးဆိုရင္ combustion ဘယ္ကလာလဲ။ ကၽြန္ေတာ္တို႔ မယံုႏုိင္ေအာင္ပါပဲ။ ဒါက ေတာ္ေတာ္ေျခာက္ျခားဖုိ႔ ေကာင္းပါတယ္”ဟု Nadeem Gamiet က ေျပာသည္။

အေျဖတစ္ခုရွိသည္မွာ ေသခ်ာေၾကာင္း ၊ သို႔ေသာ္ ကားကို စစ္ေဆးမၾကည့္ဘဲ မွတ္ခ်က္ မျပဳလုိေၾကာင္း ၎က ေျပာသည္။

ကိတ္ပ္ေတာင္းျမဳိ႕ရွိ Renault ကားကုမၸဏီမွ Service advisor ျဖစ္သူ Clinton Viret က ေျပာသည္မွာ ထုိျဖစ္ရပ္သည္ နည္းပညာပိုင္းအရ မျဖစ္ႏိုင္ေၾကာင္း ၊ ကားခုန္ျခင္းမွာ ကားစက္ႏိႈးထားျပီး ဂီယာထုိး ထားသည့္အခ်ိန္တြင္သာ ျဖစ္ႏိုင္ေၾကာင္း ေျပာသည္။

“သရဲေတြ ျဖစ္ႏိုင္ပါတယ္”ဟု စက္ျပင္ဆရာတစ္ဦးျဖစ္သူ Lion Engel က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref:Ghost car' causing a stir (news24)

 

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service