ဟစ်တလာရဲ့ နာဇီဝါဒပေါ်ပေါက်လာအောင်တိုက်ခိုက်ရတဲ့ ရှပ်ညိုများရဲ့ အဆုံးသတ်
ဟစ်တလာရဲ့ နာဇီဝါဒပေါ်ပေါက်လာအောင်တိုက်ခိုက်ရတဲ့ ရှပ်ညိုများရဲ့ အဆုံးသတ် - Property Knowledge in Myanmar from iMyanmarHouse.com
2 Sep 2023 10:50 am တွင် တင်ခဲ့သည်
912 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
ရှပ်ညိုများက နာဇီဝါဒပေါ်ပေါက်လာအောင်တိုက်ခိုက်ရတဲ့လူများဖြစ်ပြီး ရှပ်နက်များက ဟစ်တလာရဲ့လက်ရွေးစင်လူငယ်ကလေးများနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖြစ်ပါတယ်။
‌ရှပ်ညိုတွေက ထင်ပေါ်ခြင်းသို့ရောက်အောင်တိုက်ခိုက်ရတဲ့ အတိတ်ကာလနဲ့သက်ဆိုင်ပြီးတော့ရှပ်နက်တွေကတော့ ပစ္စုပ္ပန်နဲ့ အနာဂတ်ရေးအတွက်တာဝန်ရှိသူတွေပါ။
‌ဒါကြောင့် နာဇီဂိုဏ်းသားတွေမှာ ‘ ရှပ်ညို’ နဲ့ ‘ ရှပ်နက်’ နှစ်ဌာနကွဲပြားနေပြီး ရှပ်ညို များက ရှပ်နက်များကို “ ခုမှပေါ်တဲ့ ရွှေကြာပင်” တွေလို့ထင်မှတ်ပြီး ဟစ်တလာကအရေးပေးခြင်းကိုမနာလိုဖြစ်ကြပါတယ်။
ဟစ်တလာကရှပ်ညိုများရဲ့ ခေတ်ကုန်ခြင်းကို သိမြင်တာကြောင့် “ ရှပ်နက်”များကိုပဲ လက်ရုံးအနေနဲ့ အားကိုးအားထားပြုပါတယ်။
‌ချန်ဆလာအဖြစ် ဟစ်တလာရောက်လာတဲ့အခါ ရှပ်ညိုတပ်သား ၅ သိန်းတို့က ရာထူးများရဖို့ဖြစ်စေ၊ နိုင်ငံစစ်တပ်မှာဖြစ်စေ ချက်ချင်းနေရာရမယ်ထင်ကြတယ်။ ဒါပေမယ့်သူတို့မျှော်လင့်ထားသလိုမဖြစ်လာဘဲ ခေါင်းဆောင်အနည်းငယ်အတွက်သာ ရာထူးများရှာဖွေပေးနိုင်ပြီး သာမန်အဖွဲ့ဝင်တွေက သာမန်စစ်သားအဖြစ်တောင်ဝင်ခွင့်မရခဲ့ပါဘူး။
ရှပ်နက်တွေက အကောင်းဆုံးရာထူးတွေကိုရရှိကြသောအခါ ရှပ်နက်တွေရဲ့ အသံတွေကပိုပြီးဆူညံလာပါတယ်။ ၁၉၃၃ ခုနှစ် ဧပြီလ ၈ ရက်နေ့မှာ ဟစ်တလာက “ ကျွန်ုပ်ရဲ့နောက်ဆုံးသွေးစက်တိုင်အောင် သင်တို့အပေါ် ကျွန်ုပ် သစ္စာစောင့်ပါမည်” ဟုပြောပါတယ်။ ဟစ်တလာ စိတ်ထဲမှာတော့ ရှပ်ညို တွေကအသုံးမဝင်ပဲ အပိုပဲဖြစ်နေပါတယ်။
‌ဂျာမနီပြည်ရဲ့ ရာဇဝင်မှာ မမေ့နိုင်တဲ့နေ့ရက်ကြီးတစ်ခုကတော့ ဟစ်တလာက ရှပ်ညိုခေါင်းဆောင်တွေအားလုံးကို သုတ်သင်စီရင်လိုက်တာကြောင့်ပါ။
စစ်အတွင်းမှာ ရဲစွမ်းသတ္တိရှိကြောင်းကျော်ကြားတဲ့သူ၊ မြို့တွေရဲ့အကြီးအမှုးတွေ၊ နာဇီဂိုဏ်းကိုပထမဆုံးဝင်ရောက်လာတဲ့ ဟေးန်သည်လည်းကောင်း၊ ဟစ်တလာငတ်မွတ်စဥ်က ကျွေးမွေးခဲ့တဲ့ နာဇီပါတီအထူးကြီးပွားအောင် ဆောင်ရွက်ခဲ့တဲ့ ရှမ်း ဆိုသူသည်လည်းကောင်း တစ်ရာမကသောခေါင်းဆောင်များ သုတ်သင်ခံရပါတယ်။
ဂျာမနီအစိုးရရဲ့အဆိုမှာ ရှပ်ညိုလူတစ်စုက ပုန်ကန်ထကြွဖို့ စီမံထားကြတာကြောင့်လိုဆိုပါတယ်။
အားလုံးက စားပွဲပေါ်မှာ အလုပ်လုပ်နေစဥ်၊ လင်နဲ့မယားထမင်းစားနေစဥ်၊ ညဝတ်အဝတ်တွေနဲ့ ဖြစ်စေ သုတ်သင်ခံရတာကြောင့် သူတို့အဆိုမှာ မဟုတ်နိုင်ကြောင်းပြောနိုင်ပါတယ်။
ဟစ်တလာရဲ့ အပြုအမူမှာ “ ဘုရားပြီးလျှင် ငြမ်းဖျက်” ဆိုတဲ့စကားလိုမျိုး ယခင်ကမိမိကိုအားပေးခဲ့တဲ့ သူတွေကိုမလိုတဲ့အခါ သုတ်သ‌င်ရှင်းလင်းပစ်လိုက်တာနဲ့ တူပါတယ်။ ဒီအပြုအမူက နည်းလမ်းကျမကျ အပထားပါအုံး ရှပ်ညိုတွေကတော့ ဂျာမနီပြည်နိုင်ငံရေးမှာ ခွန်အားတစ်ခုထိမဖြစ်နိုင်တော့ဘဲ စုံးစုံးမြုပ်အောင်ငုပ်ကွယ်သွားပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
MIngalardon Garden City
Magical World
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service