အမေရိကန်ဈေးကွက်အတွက် ပစ်မှတ်ထားသော သြစတေးလျထုတ် မြန်နှုန်းမြင့် မိုးပျံကား ဒေါ်လာ သန်း ၂၅၀ ဖိုး အမှာစာရရှိထား

အမေရိကန်ဈေးကွက်အတွက် ပစ်မှတ်ထားသော သြစတေးလျထုတ် မြန်နှုန်းမြင့် မိုးပျံကား ဒေါ်လာ သန်း ၂၅၀ ဖိုး အမှာစာရရှိထား - Property Knowledge in Myanmar from iMyanmarHouse.com
1 Sep 2023 11:34 am တွင် တင်ခဲ့သည်
508 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

(သြစတေးလျ မိုးပျံကားကုမ္ပဏီ ဖလော်ရီဒါအခြေစိုက် မိုးပျံကားလက်လီအရောင်းကုမ္ပဏီနှင့် စာချုပ်ချုပ်)

သြစတေးလျ အခြေစိုက် မိုးပျံကားထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုသည် အမေရိကန်ရှိ မိုးပျံကား အရောင်းပြခန်းများတွင် ရောင်းချရန် ဒေါ်လာ သန်း ၂၅၀ ဖိုး အမှာစာရရှိထားသည်။

သြစတေးလျနိုင်ငံ၊ Perth မြို့အခြေစိုက် Ace VTOL ကားထုတ်လုပ်ရေးကုမ္ပဏီက ကြေညာခဲ့သည်မှာ ၎င်းတို့၏ အဓိကထုတ်ကုန်ဖြစ်သော eVTOL (ဒေါင်လိုက်ပျံတက်၊ ဆင်းသက်လျှပ်စစ် မိုးပျံကား) များကို အမေရိကန်ပြည် ၊ ဖလော်ရီဒါပြည်နယ် West Palm Beach အခြေစိုက် Aeroauto ကုမ္ပဏီထံမှ အမှာစာ ရရှိခဲ့ကြောင်း ကြေညာသည်။

အဆိုပါ မိုးပျံယာဉ်ကို GT Slipstream ဟု အမည်ပေးထားပြီး ၂ ယောက်စီးဖြစ်ကာ မြန်နှုန်း ၂၇၀ Mph ရှိပြီး အားအပြည့်သွင်းထားပါက မိုင် ၃၀၀ အထိ စီးနိုင်မည်ဟု ကတိပြုထားသည်။

ထိုမိုးပျံယာဉ်သည် အမေရိကန်ဈေးကွက်သို့ ၂၀၂၇ ခုနှစ်ခန့်တွင် ဝင်ရောက်ရန် ရည်မှန်းထားပြီး လက်ရှိအား ဖြင့် အမေရိကန်ပြည်ထောင်စု လေကြောင်းဦးစီးအဖွဲ့ (FAA) ထံ စမ်းသပ်မောင်းနှင်ခွင့် လျှောက်ထားမှုမှာ ဆိုင်းငံ့အခြေအနေရှိသည်။

FAA သည် မကြာသေးမီကာလများက စတင်ပြီး လျှပ်စစ်မိုးပျံကား (EAV) ကုမ္ပဏီများကို စမ်းသပ်မောင်းနှင်ခွင့် လက်မှတ်များ ထုတ်ပေးလျက်ရှိကာ အမေရိကန်ပြည်တစ်ဝန်း မိုးပျံကား စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်လျက် ရှိသည်။

“ကျွန်တော်တို့အနေနဲ့ Ace VTOL နဲ့ လက်တွဲခွင့်ရတာ စိတ်လှုပ်ရှား ဝမ်းမြောက်မိပါတယ်။ Ace VTOL ဟာ မိုးပျံကားတွေ လူတိုင်း လက်လှမ်းမှီအောင် လုပ်ဆောင်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ အမြင်နဲ့လည်း ကိုက်ညီတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။”ဟု အမေရိကန် မိုးပျံကား လက်လီကုမ္ပဏီ Aeroauto ၏ စီအီးအို ရှောင်ဘိုးမန်းက ပြောသည်။

“သူတို့ ထုတ်လုပ်မယ့် GT နဲ့ Trinity မော်ဒယ်ကားတွေဟာ လူတွေ ဘယ်လိုသွားလာနေထိုင်မယ် ဆိုတာကို ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ ဒီကားတွေကို ကျွန်တော်တို့ နှစ်သက်မြတ်နိုးသလို ကျွန်တော်တို့ရဲ့ ဖောက်သည်တွေလည်း သဘောကျလိမ့်မယ်လို့ ယုံကြည်ပါတယ်။”

နမူနာ ထုတ်လုပ်မည့်ကားမှာ တစ်နှစ်အတွင်း အပြီးသတ်ရန် ရည်မှန်းထားပြီး မောင်းနှင်ပျံသန်းရေး လေ့ကျင့်မှုကို ကနဦးတွင် NerobotX ကုမ္ပဏီဖြင့် လုပ်ဆောင်သွားမည် ဖြစ်သည်။

ထိုကုမ္ပဏီသည် ဘိုးရင်းကုမ္ပဏီ ကျောထောက်နောက်ခံပြုထားပြီး အဆင့်မြင့် AI နည်းပညာသုံးကာ သဏ္ဍာန်တူ မောင်းနှင်လေ့ကျင့်မှုများ ပြုလုပ်ပေးသည့် ကုမ္ပဏီ ဖြစ်သည်။

Aeroauto က ပြောသည်မှာ Ace VTOL မှ ဆက်လက်ထုတ်လုပ်မည့် မိုးပျံတက္ကစီ Trinity များကိုလည်း ဆက်လက် ဝယ်ယူရောင်းချသွားမည်ဟု ပြောသည်။

အဆိုပါ မိုးပျံတက္ကစီသည် အဝေးထိန်းမောင်းနှင်မှုစနစ် ပါဝင်မည်ဖြစ်ပြီး ခရီးသည် ၅ ဦးအထက် စီးနိုင်မည် ဖြစ်ကာ Wheelchair သုံးရသော ခရီးသည်များလည်း စီးနင်းနိုင်မည်ဟု ဆိုသည်။

“Aeroauto ဟာ Ace VTOL အတွက် ပြီးပြည့်စုံတဲ့ မိတ်ဖက် ဖြစ်ပါတယ်”ဟု Ace VTOL ၏ စီအီးအို Brett Northey က ပြောသည်။

‘ eVTOL ယာဉ်တွေကို Professional ကျကျ ရောင်းချမှုနဲ့ ဝန်ဆောင်မှု ပေးနိုင်စွမ်းရှိတယ်ဆိုတာ သူတို့ သက်သေ ပြခဲ့ကြတယ်။

eVTOL နယ်ပယ်မှာ ထွန်းသစ်စ ကုမ္ပဏီဖြစ်တဲ့ ကျွန်တော်တို့အနေနဲ့ ဘေးကင်းလုံခြုံမှု ဝန်ဆောင်မှုနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပေးဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်နဲ့ ကိုက်ညီမယ့် မိတ်ဖက်တွေကို အမြဲရှာဖွေ နေပါတယ်။ Personal သယ်ယူပို့ဆောင်မှု ဈေးကွက်ကို eVTOL တွေ ဆောင်းကျဉ်းပေးမယ့် ရှောင်နဲ့သူ့ရဲ့ ယှဉ်ပြိုင်နိုင်စွမ်း အားကောင်းတဲ့အဖွဲ့နဲ့ လက်တွဲရတာထက် ပိုမိုပျော်ရွှင်မယ့်အရာမျိုး မရှိတော့ပါဘူး။’

Aeroauto သည် EAV များ ရောင်းချခြင်းနှင့် ဝန်ဆောင်မှု ပေးခြင်းများ လုပ်ဆောင်သည့် ကုမ္ပဏီ ဖြစ်သည်။

၎င်းတို့ ကုမ္ပဏီသည် မိုးပျံယာဉ် ပျံသန်းဆင်းသက်သည့်နေရာများ ဆောက်လုပ်ပေးခြင်း ၊ အားသွင်းခြင်းနှင့် မိုးပျံကား ပြုပြင်ရေးလုပ်ငန်းများလည်း လုပ်ဆောင်သည်။

လက်ရှိအားဖြင့် မိုးပျံကား ထုတ်လုပ်နေသော ကုမ္ပဏီများတွင် Archer Aviation, Aerospace , Aska, Joby Aviation, MightyFly, Vertical Aerospace နှင့် AutoFlight တို့ အပါအဝင် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

  Ref: Fast, Flying Cars Targeted for US Market; $250M Order Placed (iotworldtoday)

 

 

 

 

[Zawgyi]

 

အေမရိကန္ေစ်းကြက္အတြက္ ပစ္မွတ္ထားေသာ ၾသစေတးလ်ထုတ္ ျမန္ႏႈန္းျမင့္ မိုးပ်ံကား ေဒၚလာ သန္း ၂၅၀ ဖိုး အမွာစာရရွိထား

 

(ၾသစေတးလ် မိုးပ်ံကားကုမၸဏီ ဖေလာ္ရီဒါအေျခစိုက္ မိုးပ်ံကားလက္လီအေရာင္းကုမၸဏီႏွင့္ စာခ်ဳပ္ခ်ဳပ္)

ၾသစေတးလ် အေျခစိုက္ မိုးပ်ံကားထုတ္လုပ္သည့္ ကုမၸဏီတစ္ခုသည္ အေမရိကန္ရွိ မိုးပ်ံကား အေရာင္းျပခန္းမ်ားတြင္ ေရာင္းခ်ရန္ ေဒၚလာ သန္း ၂၅၀ ဖိုး အမွာစာရရွိထားသည္။

ၾသစေတးလ်ႏိုင္ငံ၊ Perth ျမိဳ႕အေျခစိုက္ Ace VTOL ကားထုတ္လုပ္ေရးကုမၸဏီက ေၾကညာခဲ့သည္မွာ ၎တို႔၏ အဓိကထုတ္ကုန္ျဖစ္ေသာ eVTOL (ေဒါင္လုိက္ပ်ံတက္၊ ဆင္းသက္လွ်ပ္စစ္ မိုးပ်ံကား) မ်ားကို အေမရိကန္ျပည္ ၊ ဖေလာ္ရီဒါျပည္နယ္ West Palm Beach အေျခစိုက္ Aeroauto ကုမၸဏီထံမွ အမွာစာ ရရွိခဲ့ေၾကာင္း ေၾကညာသည္။

အဆုိပါ မိုးပ်ံယာဥ္ကုိ GT Slipstream ဟု အမည္ေပးထားျပီး ၂ ေယာက္စီးျဖစ္ကာ ျမန္ႏႈန္း ၂၇၀ Mph ရွိျပီး အားအျပည့္သြင္းထားပါက မိုင္ ၃၀၀ အထိ စီးႏိုင္မည္ဟု ကတိျပဳထားသည္။

ထိုမိုးပ်ံယာဥ္သည္ အေမရိကန္ေစ်းကြက္သို႔ ၂၀၂၇ ခုႏွစ္ခန္႔တြင္ ဝင္ေရာက္ရန္ ရည္မွန္းထားျပီး လက္ရွိအား ျဖင့္ အေမရိကန္ျပည္ေထာင္စု ေလေၾကာင္းဦးစီးအဖြဲ႔ (FAA) ထံ စမ္းသပ္ေမာင္းႏွင္ခြင့္ ေလွ်ာက္ထားမႈမွာ ဆုိင္းငံ့အေျခအေနရွိသည္။

FAA သည္ မၾကာေသးမီကာလမ်ားက စတင္ျပီး လွ်ပ္စစ္မိုးပ်ံကား (EAV) ကုမၸဏီမ်ားကို စမ္းသပ္ေမာင္းႏွင္ခြင့္ လက္မွတ္မ်ား ထုတ္ေပးလ်က္ရွိကာ အေမရိကန္ျပည္တစ္ဝန္း မိုးပ်ံကား စမ္းသပ္ေမာင္းႏွင္မႈမ်ား ျပဳလုပ္လ်က္ ရွိသည္။

“ကၽြန္ေတာ္တို႔အေနနဲ႔ Ace VTOL နဲ႔ လက္တြဲခြင့္ရတာ စိတ္လႈပ္ရွား ဝမ္းေျမာက္မိပါတယ္။ Ace VTOL ဟာ မိုးပ်ံကားေတြ လူတိုင္း လက္လွမ္းမွီေအာင္ လုပ္ေဆာင္ဖုိ႔ဆိုတဲ့ ကၽြန္ေတာ္တို႔ရဲ႕ အျမင္နဲ႔လည္း ကိုက္ညီတဲ့ ကုမၸဏီ ျဖစ္ပါတယ္။”ဟု အေမရိကန္ မိုးပ်ံကား လက္လီကုမၸဏီ Aeroauto ၏ စီအီးအို ေရွာင္ဘိုးမန္းက ေျပာသည္။

“သူတုိ႔ ထုတ္လုပ္မယ့္ GT နဲ႔ Trinity ေမာ္ဒယ္ကားေတြဟာ လူေတြ ဘယ္လိုသြားလာေနထုိင္မယ္ ဆိုတာကို ေျပာင္းလဲေပးမွာ ျဖစ္ပါတယ္။ ဒီကားေတြကို ကၽြန္ေတာ္တို႔ ႏွစ္သက္ျမတ္ႏိုးသလို ကၽြန္ေတာ္တို႔ရဲ႕ ေဖာက္သည္ေတြလည္း သေဘာက်လိမ့္မယ္လို႔ ယံုၾကည္ပါတယ္။”

နမူနာ ထုတ္လုပ္မည့္ကားမွာ တစ္ႏွစ္အတြင္း အျပီးသတ္ရန္ ရည္မွန္းထားျပီး ေမာင္းႏွင္ပ်ံသန္းေရး ေလ့က်င့္မႈကို ကနဦးတြင္ NerobotX ကုမၸဏီျဖင့္ လုပ္ေဆာင္သြားမည္ ျဖစ္သည္။

ထိုကုမၸဏီသည္ ဘုိးရင္းကုမၸဏီ ေက်ာေထာက္ေနာက္ခံျပဳထားျပီး အဆင့္ျမင့္ AI နည္းပညာသံုးကာ သ႑ာန္တူ ေမာင္းႏွင္ေလ့က်င့္မႈမ်ား ျပဳလုပ္ေပးသည့္ ကုမၸဏီ ျဖစ္သည္။

Aeroauto က ေျပာသည္မွာ Ace VTOL မွ ဆက္လက္ထုတ္လုပ္မည့္ မိုးပ်ံတကၠစီ Trinity မ်ားကိုလည္း ဆက္လက္ ဝယ္ယူေရာင္းခ်သြားမည္ဟု ေျပာသည္။

အဆိုပါ မိုးပ်ံတကၠစီသည္ အေဝးထိန္းေမာင္းႏွင္မႈစနစ္ ပါဝင္မည္ျဖစ္ျပီး ခရီးသည္ ၅ ဦးအထက္ စီးႏိုင္မည္ ျဖစ္ကာ Wheelchair သံုးရေသာ ခရီးသည္မ်ားလည္း စီးနင္းႏိုင္မည္ဟု ဆုိသည္။

“Aeroauto ဟာ Ace VTOL အတြက္ ျပီးျပည့္စံုတဲ့ မိတ္ဖက္ ျဖစ္ပါတယ္”ဟု Ace VTOL ၏ စီအီးအို Brett Northey က ေျပာသည္။ ‘ eVTOL ယာဥ္ေတြကို Professional က်က် ေရာင္းခ်မႈနဲ႔ ဝန္ေဆာင္မႈ ေပးႏိုင္စြမ္းရွိတယ္ဆိုတာ သူတို႔ သက္ေသ ျပခဲ့ၾကတယ္။

eVTOL နယ္ပယ္မွာ ထြန္းသစ္စ ကုမၸဏီျဖစ္တဲ့ ကၽြန္ေတာ္တို႔အေနနဲ႔ ေဘးကင္းလံုျခံဳမႈ ဝန္ေဆာင္မႈနဲ႔ စဥ္ဆက္မျပတ္ ဖြ႔ံျဖဳိးမႈ ေပးဖို႔ဆိုတဲ့ ကၽြန္ေတာ္တို႔ရဲ႕ ကတိကဝတ္နဲ႔ ကိုက္ညီမယ့္ မိတ္ဖက္ေတြကို အျမဲရွာေဖြ ေနပါတယ္။ Personal သယ္ယူပို႔ေဆာင္မႈ ေစ်းကြက္ကို eVTOL ေတြ ေဆာင္းက်ဥ္းေပးမယ့္ ေရွာင္နဲ႔သူ႔ရဲ႕ ယွဥ္ျပိဳင္ႏိုင္စြမ္း အားေကာင္းတဲ့အဖြဲ႔နဲ႔ လက္တြဲရတာထက္ ပိုမိုေပ်ာ္ရႊင္မယ့္အရာမ်ဳိး မရွိေတာ့ပါဘူး။’

Aeroauto သည္ EAV မ်ား ေရာင္းခ်ျခင္းႏွင့္ ဝန္ေဆာင္မႈ ေပးျခင္းမ်ား လုပ္ေဆာင္သည့္ ကုမၸဏီ ျဖစ္သည္။

၎တို႔ ကုမၸဏီသည္ မိုးပ်ံယာဥ္ ပ်ံသန္းဆင္းသက္သည့္ေနရာမ်ား ေဆာက္လုပ္ေပးျခင္း ၊ အားသြင္းျခင္းႏွင့္ မိုးပ်ံကား ျပဳျပင္ေရးလုပ္ငန္းမ်ားလည္း လုပ္ေဆာင္သည္။

လက္ရွိအားျဖင့္ မိုးပ်ံကား ထုတ္လုပ္ေနေသာ ကုမၸဏီမ်ားတြင္ Archer Aviation, Aerospace , Aska, Joby Aviation, MightyFly, Vertical Aerospace ႏွင့္ AutoFlight တို႔ အပါအဝင္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Fast, Flying Cars Targeted for US Market; $250M Order Placed (iotworldtoday)

 

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service