မိမိကိုယ်ကို အဆုံးစီရင်ခဲ့သော နိုဘယ်ဆုရ စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး စီးခဲ့သည့် မော်တော်ကား

မိမိကိုယ်ကို အဆုံးစီရင်ခဲ့သော နိုဘယ်ဆုရ စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး စီးခဲ့သည့် မော်တော်ကား - Property Knowledge in Myanmar from iMyanmarHouse.com
31 Aug 2023 11:57 am တွင် တင်ခဲ့သည်
756 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အားနက်စ်ဟဲမင်းဝေး (မွေး ၁၈၉၉- ကွယ်လွန် ၁၉၆၁) ၏ အမည်အပြည့်အစုံမှာ အားနက်စ်မေလာ ဟဲမင်းဝေး ဖြစ်ပြီး အမေရိကန်စာရေးဆရာ၊ ဝတ္ထုတိုဆရာ၊ စာနယ်ဇင်းသမားတစ်ဦး ဖြစ်သည်။

ဟဲမင်းဝေးသည် ဝတ္ထု ၇ အုပ်၊ ဝတ္ထုတိုစုစည်းမှု ၆ အုပ်၊ nonfiction ၃ အုပ်ရေးသားခဲ့သည်။

Nonfiction ၃ အုပ်မှာ မကွယ်လွန်မီ ရေးသားထားခဲ့ပြီး ကွယ်လွန်ပြီးနောက်ပိုင်းမှ ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

သူ၏ စာပေလက်ရာအများစုကို အမေရိကန်စာပေလောက၏ ဂန္ထဝင်လက်ရာများအဖြစ် သတ်မှတ်ထား ကြသည်။

၁၉၅၄ ခုနှစ်တွင် စာပေနိုဘယ်ဆု ရရှိခဲ့သည်။

စိတ်ကျရောဂါခံစားနေရသော ဟဲမင်းဝေးသည် ၁၉၆၁ ခုနှစ်၊ ဇူလိုင်လ ၂ ရက်တွင် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ကာ အဆုံးစီရင်သွားခဲ့သည်။

 

(မြန်မာဘာသာသို့ ပြန်ဆိုထားမှုများ)

 

ဟဲမင်းဝေး၏ The Old Man and The Sea ကို ဆရာမောင်ဆုရှင်က ပင်လယ်ပြာနှင့် တံငါအိုဟု မြန်မာပြန်ဆိုခဲ့ပြီး ၁၉၆၈ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိခဲ့သည်။

A Movable Feast ကို ဆရာကျော်အောင်က ပါရီရုပ်ပုံလွှာ၊ A Farewell to Arms ကို ဆရာသန်းဆွေက ဝေးပေါ့…ဝေးပေါ့၊ The Sun also rise ကို ဆရာတက်တိုးက မေတ္တာမဏ္ဍိုင် ဟုလည်းကောင်း မြန်မာပြန်ဆိုထားမှုများ ရှိသည်။

ထို့အပြင် ဟဲမင်းဝေး၏ ဝတ္ထုတိုများကို ‘ကီလီမန်ဂျရိုမှာ ဝေသောနှင်းနှင့် အခြားဝတ္ထုတိုများ’ ဟူသော အမည်ဖြင့် ဆရာ ကျော်အောင်၊ ဆရာဇော်ဂျီ၊ ဆရာထင်လင်း၊ ဆရာမောင်ပေါ်ထွန်းတို့ စုပေါင်း မြန်မာပြန် ရေးသားထုတ်ဝေခဲ့ဖူးသည်။

 

(ဟဲမင်းဝေး နောက်ဆုံးစီးခဲ့သော ကား)

 

ဟဲမင်းဝေး မကွယ်လွန်မီ နောက်ဆုံးစီးခဲ့သော ကားမှာ ၁၉၅၅ ခုနှစ်ထုတ် Chrysler New Yorker ဖြစ်ပြီး အဆုံးမစီရင်မီကာလအထိ ကျူးဘားတွင် စီးနင်းခဲ့သည်။

ဟဲမင်းဝေး၏ကား ပြန်လည်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများမှာ ကျူးဘားတွင် တော်လှန်ရေးကြီး ပြီးဆုံးပြီးနောက်ပိုင်း အခြားဦးစားပေး အကြောင်းရပ်များကြောင့် ဦးစားပေးမခံခဲ့ရချေ။

သူ၏ Chrysler မှာ ကာလကြာရှည် ပျောက်ဆုံးနေခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး ထိုအချိန်၌ များစွာ ပျက်စီးနေပြီဖြစ်သည်။

ဟဲမင်းဝေး၏ Chrysler ကားကို ကျူးဘား၏ အသက်ဝိဉာဉ် ( Cuban Soul ) အမည်ဖြင့် Documentary တစ်ခု ရိုက်ကူးထားသည်။

 

 

 

ဟဲမင်းဝေး၏ ကားကို ပြန်လည်မွမ်းမံထိန်းသိမ်းရန် စီစဉ်ခဲ့သော ကာလများတွင် ကျူးဘားမှာ အစစအရာရာ ချို့တဲ့သော အခြေအနေတွင် ရှိသည်။

ခေတ်ဟောင်းကားများ၏ အပိုအစိတ်အပိုင်းများ ရရှိနိုင်သော အမေရိကန်ပြည်ထောင်စုမှာလည်း သမ္မတ ဂျွန်အက်ဖ်ကနေဒီလက်ထက်ကတည်းက ကျူးဘားနှင့် ကုန်သွယ်ရေးအဆက်အဆံ ဖြတ်တောက်ထားရာ ဟဲမင်းဝေး၏ ကားကို ပြန်လည်မွမ်းမံရေးမှာ မလွယ်ကူလှ။

သို့သော် ထိုအခက်အခဲကို ကျော်လွန်နိုင်မည့် အကြောင်းရပ်တစ်ခုပေါ်လာသည်။

ရုပ်ရှင်မင်းသား၊ အဆိုတော် David Soul (၁၉၇၅ ခုနှစ်တွင် အမေရိကန်၌ ထုတ်လွှင့်ပြသခဲ့သော ရုပ်သံဇာတ်လမ်းတွဲ Starsky and Hutch ဖြင့် နာမည်ကြီးခဲ့သူ) က ဟဲမင်းဝေး၏ Chrysler ကို ပြုပြင်မွမ်းမံမှု ပြုလုပ်ရန် အလွန်စိတ်ဝင်စားခဲ့သည်။

သူ၏ ပတ်စ်ပို့မှာ ဗြိတိန် ပတ်စ်ပို့ဖြစ်သောကြောင့် ကားအပိုအစိတ်အပိုင်းများ သယ်ယူရန် လွယ်ကူစေခဲ့သည်။

 

((ဟဲမင်းဝေး၏ ရိုးရွိုက်စ်))

ဟဲမင်းဝေး၏ ကားများအကြောင်းကို သူရေးသားခဲ့သော စာပေများ ဖတ်ရှုခြင်းဖြင့် မသိနိုင်ချေ။

ဟဲမင်းဝေးသည် ၁၉၂၉ ခုနှစ်ထုတ် Rolls-Royce Phantom II တစ်စီးလည်း ပိုင်ဆိုင်ခဲ့ဖူးသည်။

A Farewell to Arms စာအုပ် ထုတ်ဝေသောနှစ်တွင် ဟဲမင်းဝေးက Rolls-Royce ကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး သူ၏ အမဲလိုက်ပစ္စည်းများ သယ်ဆောင်နိုင်ရန် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

 

(ရုပ်ရှင်မင်းသား David Soul ကို ဟဲမင်းဝေး နောက်ဆုံးစီးခဲ့သောကား Chrysler New Yorker နှင့်အတူ တွေ့ရပုံ။ ဓာတ်ပုံ Cuban Soul)

 

 

((ဇနီးအတွက် ဝယ်ပေးခဲ့သောကား))

ဟဲမင်းဝေးသည် စတုတ္တမြောက် ဇနီး မေရီအတွက် Plymouth ကားတစ်စီး ဝယ်ပေးခဲ့ဖူးသည်။

 

((မွမ်းမံထိန်းသိမ်းမှု))

ဟဲမင်းဝေးသည် ကျူးဘားတွင် ဖီဒယ် ကက်စ်ထရို အာဏာရလာချိန်၌ သူ၏ကားများနှင့် Pilar ဟုအမည်ပေးထားသော သူ၏လှေတို့ကို စွန့်လွှတ်ခဲ့ရသည်။

ဟဲမင်းဝေး၏ ဇနီး မေရီက ဟဲမင်းဝေးစီးခဲ့သောကားကို မိသားစုဆရာဝန်အားပေးခဲ့ပြီး ယင်းနောက်ပိုင်း လက်လွှဲလက်ပြောင်းများစွာဖြစ်ခဲ့သည်။

သို့သော် ဟဲမင်းဝေးပြတိုက်မှ အေဒါရို့စ်က နောက်ဆုံးတွင် ဟဲမင်းဝေး၏ ကားကို ခြေရာခံနိုင်ခဲ့ပြီး ရုပ်ရှင်မင်းသား David Soul ၏ အကူအညီဖြင့် ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ကာ David Soul က ထိုကားအကြောင်း documentary တစ်ခု ရိုက်ကူးခဲ့ကာ Cuban Soul ဟု အမည်ပေးခဲ့သည်။

 

(ဟဲမင်းဝေးနောက်ဆုံးစီးခဲ့သောကားကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့ပုံ။ ဓာတ်ပုံ-Cuban Soul)

 

[ရုပ်ရှင်မင်းသား David Soul (ထိုင်နေသူ) ကို ကျူးဘားရှိ အားနက်စ် ဟဲမင်းဝေးပြတိုက်အတွင်း တွေ့ရပုံ။ ဓာတ်ပုံ-Chris Paquin]

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Actor David Soul (Starsky & Hutch) Restores Hemingway's Chrysler--in Cuba (cartalk)

 

 

[Zawgyi]

 

မိမိကိုယ္ကို အဆံုးစီရင္ခဲ့ေသာ ႏိုဘယ္ဆုရ စာေရးဆရာၾကီး အားနက္စ္ဟဲမင္းေဝး စီးခဲ့သည့္ ေမာ္ေတာ္ကား

အားနက္စ္ဟဲမင္းေဝး (ေမြး ၁၈၉၉- ကြယ္လြန္ ၁၉၆၁) ၏ အမည္အျပည့္အစံုမွာ အားနက္စ္ေမလာ ဟဲမင္းေဝး ျဖစ္ျပီး အေမရိကန္စာေရးဆရာ၊ ဝတၳဳတိုဆရာ၊ စာနယ္ဇင္းသမားတစ္ဦး ျဖစ္သည္။

ဟဲမင္းေဝးသည္ ဝတၳဳ ၇ အုပ္၊ ဝတၳဳတိုစုစည္းမႈ ၆ အုပ္၊ nonfiction ၃ အုပ္ေရးသားခဲ့သည္။

Nonfiction ၃ အုပ္မွာ မကြယ္လြန္မီ ေရးသားထားခဲ့ျပီး ကြယ္လြန္ျပီးေနာက္ပိုင္းမွ ထုတ္ေဝခဲ့ျခင္း ျဖစ္သည္။

သူ၏ စာေပလက္ရာအမ်ားစုကို အေမရိကန္စာေပေလာက၏ ဂႏၳဝင္လက္ရာမ်ားအျဖစ္ သတ္မွတ္ထား ၾကသည္။

၁၉၅၄ ခုႏွစ္တြင္ စာေပႏိုဘယ္ဆု ရရွိခဲ့သည္။

စိတ္က်ေရာဂါခံစားေနရေသာ ဟဲမင္းေဝးသည္ ၁၉၆၁ ခုႏွစ္၊ ဇူလိုင္လ ၂ ရက္တြင္ မိမိကိုယ္ကို ေသနတ္ျဖင့္ ပစ္ကာ အဆံုးစီရင္သြားခဲ့သည္။

(ျမန္မာဘာသာသို႔ ျပန္ဆိုထားမႈမ်ား)

ဟဲမင္းေဝး၏ The Old Man and The Sea ကို ဆရာေမာင္ဆုရွင္က ပင္လယ္ျပာႏွင့္ တံငါအိုဟု ျမန္မာျပန္ဆိုခဲ့ျပီး ၁၉၆၈ ခုႏွစ္အတြက္ အမ်ဳိးသားစာေပဆု ရရွိခဲ့သည္။

A Movable Feast ကို ဆရာေက်ာ္ေအာင္က ပါရီရုပ္ပံုလႊာ၊ A Farewell to Arms ကို ဆရာသန္းေဆြက ေဝးေပါ့…ေဝးေပါ့၊ The Sun also rise ကို ဆရာတက္တိုးက ေမတၱာမ႑ိဳင္ ဟုလည္းေကာင္း ျမန္မာျပန္ဆိုထားမႈမ်ား ရွိသည္။

ထို႔အျပင္ ဟဲမင္းေဝး၏ ဝတၳဳတိုမ်ားကို ‘ကီလီမန္ဂ်ရိုမွာ ေဝေသာႏွင္းႏွင့္ အျခားဝတၳဳတိုမ်ား’ ဟူေသာ အမည္ျဖင့္ ဆရာ ေက်ာ္ေအာင္၊ ဆရာေဇာ္ဂ်ီ၊ ဆရာထင္လင္း၊ ဆရာေမာင္ေပၚထြန္းတို႔ စုေပါင္း ျမန္မာျပန္ ေရးသားထုတ္ေဝခဲ့ဖူးသည္။

(ဟဲမင္းေဝး ေနာက္ဆံုးစီးခဲ့ေသာ ကား)

ဟဲမင္းေဝး မကြယ္လြန္မီ ေနာက္ဆံုးစီးခဲ့ေသာ ကားမွာ ၁၉၅၅ ခုႏွစ္ထုတ္ Chrysler New Yorker ျဖစ္ျပီး အဆံုးမစီရင္မီကာလအထိ က်ဴးဘားတြင္ စီးနင္းခဲ့သည္။

ဟဲမင္းေဝး၏ကား ျပန္လည္ျပဳျပင္ထိန္းသိမ္းေရး လုပ္ငန္းမ်ားမွာ က်ဴးဘားတြင္ ေတာ္လွန္ေရးၾကီး ျပီးဆံုးျပီးေနာက္ပိုင္း အျခားဦးစားေပး အေၾကာင္းရပ္မ်ားေၾကာင့္ ဦးစားေပးမခံခဲ့ရေခ်။

သူ၏ Chrysler မွာ ကာလၾကာရွည္ ေပ်ာက္ဆံုးေနခဲ့ျပီး ၂၀၁၁ ခုႏွစ္တြင္ ျပန္လည္ေတြ႔ရွိခဲ့ျပီး ထိုအခ်ိန္၌ မ်ားစြာ ပ်က္စီးေနျပီျဖစ္သည္။

ဟဲမင္းေဝး၏ Chrysler ကားကို က်ဴးဘား၏ အသက္ဝိဥာဥ္ ( Cuban Soul ) အမည္ျဖင့္ Documentary တစ္ခု ရိုက္ကူးထားသည္။

ဟဲမင္းေဝး၏ ကားကို ျပန္လည္မြမ္းမံထိန္းသိမ္းရန္ စီစဥ္ခဲ့ေသာ ကာလမ်ားတြင္ က်ဴးဘားမွာ အစစအရာရာ ခ်ဳိ႕တဲ့ေသာ အေျခအေနတြင္ ရွိသည္။

ေခတ္ေဟာင္းကားမ်ား၏ အပိုအစိတ္အပိုင္းမ်ား ရရွိႏိုင္ေသာ အေမရိကန္ျပည္ေထာင္စုမွာလည္း သမၼတ ဂၽြန္အက္ဖ္ကေနဒီလက္ထက္ကတည္းက က်ဴးဘားႏွင့္ ကုန္သြယ္ေရးအဆက္အဆံ ျဖတ္ေတာက္ထားရာ ဟဲမင္းေဝး၏ ကားကို ျပန္လည္မြမ္းမံေရးမွာ မလြယ္ကူလွ။

သို႔ေသာ္ ထိုအခက္အခဲကို ေက်ာ္လြန္ႏိုင္မည့္ အေၾကာင္းရပ္တစ္ခုေပၚလာသည္။

ရုပ္ရွင္မင္းသား၊ အဆိုေတာ္ David Soul (၁၉၇၅ ခုႏွစ္တြင္ အေမရိကန္၌ ထုတ္လႊင့္ျပသခဲ့ေသာ ရုပ္သံဇာတ္လမ္းတြဲ Starsky and Hutch ျဖင့္ နာမည္ၾကီးခဲ့သူ) က ဟဲမင္းေဝး၏ Chrysler ကို ျပဳျပင္မြမ္းမံမႈ ျပဳလုပ္ရန္ အလြန္စိတ္ဝင္စားခဲ့သည္။

သူ၏ ပတ္စ္ပို႔မွာ ျဗိတိန္ ပတ္စ္ပို႔ျဖစ္ေသာေၾကာင့္ ကားအပိုအစိတ္အပိုင္းမ်ား သယ္ယူရန္ လြယ္ကူေစခဲ့သည္။

((ဟဲမင္းေဝး၏ ရိုးရြိဳက္စ္))

ဟဲမင္းေဝး၏ ကားမ်ားအေၾကာင္းကို သူေရးသားခဲ့ေသာ စာေပမ်ား ဖတ္ရႈျခင္းျဖင့္ မသိႏိုင္ေခ်။

ဟဲမင္းေဝးသည္ ၁၉၂၉ ခုႏွစ္ထုတ္ Rolls-Royce Phantom II တစ္စီးလည္း ပိုင္ဆိုင္ခဲ့ဖူးသည္။

A Farewell to Arms စာအုပ္ ထုတ္ေဝေသာႏွစ္တြင္ ဟဲမင္းေဝးက Rolls-Royce ကို ဝယ္ယူခဲ့ျခင္းျဖစ္ျပီး သူ၏ အမဲလိုက္ပစၥည္းမ်ား သယ္ေဆာင္ႏိုင္ရန္ မြမ္းမံျပင္ဆင္မႈမ်ား ျပဳလုပ္ခဲ့သည္။

(ရုပ္ရွင္မင္းသား David Soul ကို ဟဲမင္းေဝး ေနာက္ဆံုးစီးခဲ့ေသာကား Chrysler New Yorker ႏွင့္အတူ ေတြ႔ရပံု။ ဓာတ္ပံု Cuban Soul)

((ဇနီးအတြက္ ဝယ္ေပးခဲ့ေသာကား))

ဟဲမင္းေဝးသည္ စတုတၱေျမာက္ ဇနီး ေမရီအတြက္ Plymouth ကားတစ္စီး ဝယ္ေပးခဲ့ဖူးသည္။

((မြမ္းမံထိန္းသိမ္းမႈ))

ဟဲမင္းေဝးသည္ က်ဴးဘားတြင္ ဖီဒယ္ ကက္စ္ထရို အာဏာရလာခ်ိန္၌ သူ၏ကားမ်ားႏွင့္ Pilar ဟုအမည္ေပးထားေသာ သူ၏ေလွတို႔ကို စြန္႔လႊတ္ခဲ့ရသည္။

ဟဲမင္းေဝး၏ ဇနီး ေမရီက ဟဲမင္းေဝးစီးခဲ့ေသာကားကို မိသားစုဆရာဝန္အားေပးခဲ့ျပီး ယင္းေနာက္ပိုင္း လက္လႊဲလက္ေျပာင္းမ်ားစြာျဖစ္ခဲ့သည္။

သို႔ေသာ္ ဟဲမင္းေဝးျပတိုက္မွ ေအဒါရို႕စ္က ေနာက္ဆံုးတြင္ ဟဲမင္းေဝး၏ ကားကို ေျခရာခံႏိုင္ခဲ့ျပီး ရုပ္ရွင္မင္းသား David Soul ၏ အကူအညီျဖင့္ ျပန္လည္ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ကာ David Soul က ထုိကားအေၾကာင္း documentary တစ္ခု ရိုက္ကူးခဲ့ကာ Cuban Soul ဟု အမည္ေပးခဲ့သည္။

(ဟဲမင္းေဝးေနာက္ဆံုးစီးခဲ့ေသာကားကို ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ပံု။ ဓာတ္ပံု-Cuban Soul)

[ရုပ္ရွင္မင္းသား David Soul (ထိုင္ေနသူ) ကို က်ဴးဘားရွိ အားနက္စ္ ဟဲမင္းေဝးျပတိုက္အတြင္း ေတြ႔ရပံု။ ဓာတ္ပံု-Chris Paquin]

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Actor David Soul (Starsky & Hutch) Restores Hemingway's Chrysler--in Cuba (cartalk)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service