အရှေ့တောင်အာရှရဲ့တိမ်မြုပ်နေတဲ့ အလှတရားတွေထဲကမှ တစ်ခု ( သို့မဟုတ် ) ရှိရွှန်ဘာနစီရင်စု
အရှေ့တောင်အာရှရဲ့တိမ်မြုပ်နေတဲ့ အလှတရားတွေထဲကမှ တစ်ခု ( သို့မဟုတ် ) ရှိရွှန်ဘာနစီရင်စု - Property Knowledge in Myanmar from iMyanmarHouse.com
27 Aug 2023 2:19 pm တွင် တင်ခဲ့သည်
1175 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
မည်သူတစ်ဦးမှ အလည်အပတ်သွားရောက်ဖို့ စိတ်မဝင်စားကြပေမယ့် အံ့ဖွယ်စိတ်လှုပ်ရှားမှုများစွာရရှိမယ့်ခရီးစဉ်လေးတစ်ခုကို ပြောပြပေးချင်လို့ပါ။
အဲ့ဒါကတော့ တရုတ်နိုင်ငံ ယူနန်ဒေသရဲ့ တောင်ဘက်အစွန်ဆုံးပိုင်း မြန်မာ၊လာအိုနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်ရာဒေသဖြစ်တဲ့ ရှိရွန်ဘာန ဆိုတဲ့ ဒိုင်လူမျိုးများနေထိုင်ရာဒေသလေးပဲဖြစ်ပါတယ်။ Jumanji ဇာတ်ကားထဲကလို တောရိုင်းတိရစ္ဆာန်တွေရဲ့ အရိုင်းဆန်ဆန်နေထိုင်မှုကို မျက်မြင်လေ့လာပြီး အေးချမ်းစိမ်းစိုနေတဲ့ မိုးသစ်တောထဲ စူးစမ်းရှာဖွေလိုသူ ခရီးသွားများထိပ်ဆုံးကရွေးချယ်သင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။
ရှိရွန်ဘာန စီရင်စုဟာ လည်ပတ်စရာနေရာပေါများလှပြီး ကြီးမားလှတဲ့ဆင်ကြီးများကို သဘာဝအတိုင်းလေ့လာကိုင်တွယ်နိုင်မယ့် တိရစ္ဆာန်ရုံအပါ ပျောက်ကွယ်လုနီးပါး ပိုးစုန်းကြူးလေးတွေအများကြီးမြင်တွေ့ရနိုင်တဲ့ Botanical Garden ၊ ဒိုင်လူမျိုးစုတို့ရဲ့ ရိုးရာရေကစားပွဲတော်အပြင် ဒေသထွက်ပစ္စည်းများရောင်းချရာ ဂေါင်ကျွမ် ညဈေးကိုလည်းသွားရောက်လည်ပတ်နိုင်ပါသေးတယ်။
ဒါပြီးရင်တော့ ရှေးဒိုင်ဘုရင်းမင်းဆက်ရဲ့ ထည်ဝါခမ်းနားလှတဲ့ နန်းတော်ကြီးကိုသွားရောက်လည်ပတ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ နန်းတော်တည်ရှိရာပန်းခြံဟာ နှစ်ပေါင်း တစ်ထောင်ကျော်သက်တမ်းရှိနေပြီဖြစ်ပြီး ခမ်းနားလှတဲ့ဗိသုကာလက်ရာနဲ့ တည်ဆောက်ထားမှုတွေဟာ ဒိုင်တော်ဝင်မိသားစုရဲ့ ခမ်းနားမှုကို တွေ့မြင်နိုင်ပါတယ်။
ရှိရွန်ဘာန သို့ရောက်ခဲ့ရင်တော့ ဝမ်ကျန်းရှု မှာရှိတဲ့ မိုးသစ်တောအလှကိုသွားရောက်လေ့လာနိုင်ပါတယ်။ သစ်ပင်ထိပ်တွေမှာသွယ်တန်းထားတဲ့ ကြိုးတံတားလေးတွေကတစ်ဆင့် မိုးသစ်တောထဲဝင်ရောက်သွားလာနိုင်ပြီး မြေပြင်အထက် ၁၀၀ မီတာအထက်သွယ်တန်းထားတာကြောင့် အမြင့်ကြောက်ရင်တော့ မလည်ပတ်သင့်ပါဘူး။
နောက်ထပ်ပြီး လည်ပတ်ရမယ့်နေရာကတော့ ဒေါင်းဥယျာဉ်ဖြစ်ပြီး ထိုထဲဝင်ရောက်ရင်တော့ ဒေါင်းကောင်ရေ ရာကျော်ရဲ့ အုပ်စုဖွဲ့အကအလှများကိုကြည့်ရှုနိုင်ပြီး ခရီးသွားတွေအနေနဲ့ နားခိုဖို့အတွက် ဒိုင်လူမျိုးနွယ်စတိုင်ဆောက်လုပ်ထားတဲ့ သစ်ပင်အိမ်လေးတွေမှာ နားခိုနိုင်ပါတယ်။
တရုတ်နိုင်ငံ ရှိရွန်ဘာနစီရင်စုကလေးဟာ လည်ပတ်ဖို့ရာ စိတ်ဝင်စားဖွယ်ကောင်းလှပြီး အရှေ့တောင်အာရှရဲ့တိမ်မြုပ်နေတဲ့ အလှတရားတွေထဲကမှ တစ်ခုဖြစ်ပါကြောင်း......။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
THADAR CONDOMINIUM
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service