အိမ်ထဲ စွတ်စိုထိုင်းမှိုင်းခြင်းနဲ့ အနံ့အသက်မကောင်းခြင်းတွေ ကင်းဝေးစေဖို့

အိမ်ထဲ စွတ်စိုထိုင်းမှိုင်းခြင်းနဲ့ အနံ့အသက်မကောင်းခြင်းတွေ ကင်းဝေးစေဖို့ - Property Knowledge in Myanmar from iMyanmarHouse.com
27 Aug 2023 1:10 pm တွင် တင်ခဲ့သည်
1116 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

မုတ်သုံမိုးရာသီဟာ အေးမြလန်းဆန်းခြင်းကို ယူဆောင်လာပေးသလို ရေစိမ့်ခြင်း၊ စွတ်စိုခြင်းနဲ့ မှိုတက်ခြင်းတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ရေနဲ့ ကြာရှည်စွာ ထိတွေ့ခြင်း ဒါမှမဟုတ် ကြမ်းခင်းကနေ ရေတွေ စိမ့်တက်လာတဲ့အခါ စွတ်စိုခြင်းတွေ၊ ရေဝပ်ခြင်းတွေဖြစ်လာပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှု အခြေအနေတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအတွက်ကြောင့် မိုးရာသီရောက်လာတဲ့အခါ နေအိမ်တွေ မှာဖြစ်ပေါ်တတ်တဲ့ ပြဿနာတွေကို ဘယ်လိုနည်းလမ်းကောင်းတွေနဲ့ ဖြေရှင်းမလဲဆိုတဲ့ အကြောင်းအရာကို ဖော်ပြပေးလိုက်ပါတယ်။

မိုးတွင်းကာလရောက်တဲ့အခါ အထူးသဖြင့် တံခါးပေါက်တွေ၊ ပြတင်းပေါက်အနီးအနားမှာရှိတဲ့ နံရံတွေမှာ မိုးရေပက်ခြင်း၊ ရေစိမ့်ကျခြင်း၊ စွတ်စိုခြင်း၊ အပေါက်တွေနဲ့ အက်ကွဲကြောင်းတွေ ရှိမရှိ စစ်ဆေးပါ။

 

 

 

အိမ်တွင်းမိုးရေဝင်ရောက်ခြင်းတွေကနေ ကာကွယ်ဖို့ အဝင်တံခါးတွေ၊ လသာဆောင် တံခါးရဲ့ ခြေရင်းမှာ ရာဘာအခံတွေ ထားရှိလို့ရသလို ဆီလီကွန်တွေ သုတ်လို့ ရပါတယ်။

 

 

မိုးရေတွေဟာ အက်ကွဲကြောင်းတွေကနေ တဆင့် စိမ့်ဝင်နိုင်ပြီး မခိုင်ခံ့တဲ့ ဆေးတွေကြောင့် နံရံပေါ် အညစ်အကြေး၊ မှိုနဲ့ ရေညှိတွေ ပေါက်ရောက်လာနိုင်ပါတယ်။ ဒီအတွက်ကြောင့် နံရံတွေကို မုတ်သုံရာသီ မစတင်မီကတည်းက ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်သင့်ပါတယ်။ အိမ်ရဲ့ အပြင်ဘက်၊ အတွင်းဘက် နံရံတွေကို ဆေးသုတ်ဖို့ စိတ်ကူးရှိပါက ရေစိမ့်ဝင်ခြင်းမှ ကာကွယ်ဖို့ ရေစိုခံအကာ ဆေးကို အရင် သုတ်ဖို့ အကြံပြုလိုပါတယ်။

 

 

မိုးမကျမီ အိမ်ခေါင်မိုးပေါ်က ရေတလျှောက်နဲ့ ပိုက်လိုင်းတွေကို သေချာစွာစစ်ဆေးသင့်ပါတယ်။ အမှိုက်သရိုက်တွေ ပိတ်ဆို့နေသလား။ ရေပိုက်တွေ အက်ကွဲနေတာ၊ ပေါက်ပြဲ နေတာတွေရှိသလား။ သံချေးတွေ တက်နေသလား စသဖြင့် စစ်ဆေးကြည့်ရှုပါ။

 

 

ခေါင်မိုးမျက်နှာကြက်နဲ့ သွပ်တွေမှာလည်း အပေါက် အပြဲတွေ ရှိမရှိ ၊ စစ်ဆေးကြည့်ရှုခြင်းနဲ့ ဖာထေးခြင်းတွေကို မိုးမကျမီကတည်းက ပြုပြင်တာ အကောင်းဆုံးပါပဲ။

မိုးတွင်းမှာ မိုးရေကြောင့် မှိုပေါက်ခြင်းနဲ့ အောက်သိုးသိုး အနံ့ဆိုးတွေ ထွက်ရှိတတ်ပါတယ်။ ဒီအတွက်ကြောင့် အနံ့ဆိုးတွေကို ဖယ်ရှားပေးဖို့ နေရောင်ခြည်များများရဖို့ နေ့ဘက်တွေမှာ ပြတင်းပေါက်တွေ အမြဲဖွင့်ပြီး လေဝင် လေထွက်ကောင်းအောင် လုပ်ထားပါ။

နေရောင်ခြည်က စွတ်စိုခြင်းတွေကို ခြောက်သွေ့စေပြီး အပူကလည်း မှိုပေါက်ခြင်းနဲ့ ရောဂါပိုးမွှားတွေကို သေစေနိုင်ပါတယ်။

 

 

ဝါယာကြိုးတွေ၊ မီးကြိုးခွေတွေ ပေါက်ပြဲခြင်း၊ ပြတ်တောက်ခြင်းတွေ ရှိမရှိစစ်ဆေးပါ။ မိုးတွင်းအခါ လျှပ်စစ်ဓာတ်လိုက်ခြင်း အန္တရာယ်တွေကို သတိထားသင့်ပါတယ်။ ပြတ်ကျနေတဲ့ ဓာတ်ကြိုးတွေ၊ မီးခလုတ်တွေထဲ မိုးရေဝင်တဲ့ အခါမျိုးတွေမှာ ဓာတ်စီးပြီး ဓာတ်လိုက်ခြင်းတွေ ဖြစ်တတ်ပါတယ်။

 

 

ဒါကြောင့် နေအိမ်မှာ သွယ်တန်းထားတဲ့ လျှပ်စစ် ကြိုးတွေ၊ ဓာတ်ကြိုးတွေ ချို့ယွင်းခြင်းရှိမရှိ၊ ပေါက်ပြဲတာ၊ ပျက်စီးတာမျိုးတွေ ရှိတဲ့အခါ မျိုးတွေမှာ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေ ခေါပြီး ပြုပြင်သင့်ပါတယ်။

ကြမ်းခင်းနဲ့ ကော်ဇောတွေ ရေစိုထိုင်းမှု ရှိမရှိနဲ့ ရေဝပ်ခြင်းတွေကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ ချည်ထည်နဲ့ ဂွမ်း၊ အထည်အလိပ်အစတွေမှာ ရေကို စုပ်ယူနိုင်တာကြောင့်လည်း ရေစိုထိုင်းမှုတွေဖြစ်ပြီး ကြာလာတဲ့အခါ အနံ့ဆိုး တွေနဲ့ မှိုပေါက်ခြင်းတွေကို ဖြစ်စေတတ်လို့ပါ။

 

 

ပရိဘောဂပစ္စည်းတွေကို ထိန်းသိမ်းပါ။ သစ်သားနဲ့ ရေဓာတ်စုပ်ယူနိုင်တဲ့ ပရိဘောဂတွေကို မိုးတွင်းအခါမှာ စနစ်တကျ ထိန်းသိမ်းကာရံထားသင့်ပါတယ်။ သစ်သားကြမ်းပြင်၊ တံခါးတွေနဲ့ ပရိဘောဂပစ္စည်းတွေမှာ ဖယောင်း ဒါမှမဟုတ် အရောင်တင်ဆီ အကာနဲ့ အုပ်ထားဖို့ အကြံပြုပါတယ်။ သစ်သားပရိဘောဂ အသုံးအဆောင်တွေနဲ့ သားရေဖုံးထားတဲ့ ဆိုဖာတွေ၊ တံခါး၊ ပြတင်းတွေကို မိုးရေနဲ့ တိုက်ရိုက်ထိတွေ့ခြင်းတွေ မရှိစေပါနဲ့။

 

 

အစိုဓာတ်ရှိခြင်းနဲ့ စိုထိုင်းခြင်းကို တားဆီးဖို့ဆို လေဝင်လေထွက်ကောင်းတဲ့ နေရာတွေမှာ ထားရှိပြီး အခြောက်ခံသင့်ပါတယ်။ စိုထိုင်းဆနဲ့ အနံ့ဆိုးတွေ သက်သာစေဖို့ အိတ်ဇောပန်ကာလိုမျိုး၊ အပူပေး စက်လိုမျိုး ဖွင့်ပြီးလည်း အသုံးပြုနိုင်ပါတယ်။

မီးဖိုချောင်မှာ မိုးရေကြောင့် ရေနွေးငွေ့ ကျန်ခြင်းနဲ့ စိုစွတ်ထိုင်းမှိုင်းခြင်းတွေ မရှိစေဖို့အတွက်လည်း မီးခိုးခေါင်းတိုင်ဖွင့်တာတာမျိုး၊ မိုးရွာပြီးတဲ့ အချိန်တိုင်း မကြာမကြာ ပြတင်းတံခါးများဖွင့်ထားပေးတာမျိုး လုပ်သင့်ပါတယ်။

အိမ်မှာရှိတဲ့ အစိုဓာတ် အားလုံးကို စုပ်ယူနိုင်တဲ့ သစ်ပင်တွေကိုလည်း စိုက်ပျိုးပေးနိုင်ပါတယ်။ လီလီပင်၊ ကွမ်းသီးပင်၊ ဘော့စတွန် ဖန်းဆီး၊ ပင့်ကူအပင်နဲ့ နွယ်ပင်ကဲ့သို့သော အပင်တွေမှာ သဘာဝ အစိုဓာတ်ကို ထိန်းပေးနိုင်ပြီး နေအိမ်ခန်းအတွင်း သဘာဝတရားနဲ့ အနီးစပ်ဆုံးဖြစ်အောင် ပြင်ဆင်ပြီးသားလည်း ဖြစ်ပါတယ်။

 

  ဒါ့အပြင် အဲဒီ သစ်ပင်တွေမှာ အန္တရာယ်ရှိတဲ့ လေထုညစ်ညမ်းမှုတွေကို စုပ်ယူပေးနိုင်ပြီး ကျန်းမာတဲ့ လေထုနဲ့ အိမ်ပတ်ဝန်းကျင် သဘာဝတရားကို ဖန်တီးပေးနိုင်ပါတယ်။

လေဝင်လေထွက်ကောင်းစေဖို့ အဲကွန်းစစ်တွေကို အခါအားလျော်တိုင်း သန့်စင်ပါ။ ဗီရိုတွေ၊ အံဆွဲတွေနဲ့ စာအုပ်ပုံးတွေမှာ အစိုဓာတ်ကိန်းခြင်းတွေ မရှိစေဖို့ ဆီလီကာဂျယ်လိုမျိုး အစိုဓာတ်စုပ်ယူနိုင်တဲ့ ကိရိယာတွေ ထားရှိပါ။

 

 

ကဲ ဒီလောက်ဆိုရင် မိုးတွင်းအချိန်အခါ နေအိမ်တွေမှာ ဖြစ်ပေါ်တတ်တဲ့ ပြဿနာ ဖြေရှင်းနည်းတွေကို သိရှိ နားလည်လောက်ပြီးပြီလို့ ထင်ပါတယ်။ အေးမြလှတဲ့ ရာသီဥတုလေးမှာ iMyanmarHouse.com ရဲ့ စာဖတ်ပရိသတ် မိသားစုတွေ ဘေးအန္တရာယ်ကင်းပြီး သာယာပျော်ရွှင်တဲ့ နေအိမ်လေးမှာ နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

အိမ္ထဲ စြတ္စိုထိုင္းမိႈင္းျခင္းနဲ႔ အနံ႔အသက္မေကာင္းျခင္းေတြ ကင္းေဝးေစဖို႔

 

မုတ္သုံမိုးရာသီဟာ ေအးျမလန္းဆန္းျခင္းကို ယူေဆာင္လာေပးသလို ေရစိမ့္ျခင္း၊ စြတ္စိုျခင္းနဲ႔ မိႈတက္ျခင္းေတြကိုလည္း ျဖစ္ေပၚေစပါတယ္။ ေရနဲ႔ ၾကာ႐ွည္စြာ ထိေတြ႕ျခင္း ဒါမွမဟုတ္ ၾကမ္းခင္းကေန ေရေတြ စိမ့္တက္လာတဲ့အခါ စြတ္စိုျခင္းေတြ၊ ေရဝပ္ျခင္းေတြျဖစ္လာၿပီး က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ ေနထိုင္မႈ အေျခအေနေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒီအတြက္ေၾကာင့္ မိုးရာသီေရာက္လာတဲ့အခါ ေနအိမ္ေတြ မွာျဖစ္ေပၚတတ္တဲ့ ျပႆနာေတြကို ဘယ္လိုနည္းလမ္းေကာင္းေတြနဲ႔ ေျဖ႐ွင္းမလဲဆိုတဲ့ အေၾကာင္းအရာကို ေဖာ္ျပေပးလိုက္ပါတယ္။

မိုးတြင္းကာလေရာက္တဲ့အခါ အထူးသျဖင့္ တံခါးေပါက္ေတြ၊ ျပတင္းေပါက္အနီးအနားမွာ႐ွိတဲ့ နံရံေတြမွာ မိုးေရပက္ျခင္း၊ ေရစိမ့္က်ျခင္း၊ စြတ္စိုျခင္း၊ အေပါက္ေတြနဲ႔ အက္ကြဲေၾကာင္းေတြ ႐ွိမ႐ွိ စစ္ေဆးပါ။ အိမ္တြင္းမိုးေရဝင္ေရာက္ျခင္းေတြကေန ကာကြယ္ဖို႔ အဝင္တံခါးေတြ၊ လသာေဆာင္ တံခါးရဲ႕ ေျခရင္းမွာ ရာဘာအခံေတြ ထား႐ွိလို႔ရသလို ဆီလီကြန္ေတြ သုတ္လို႔ ရပါတယ္။

မိုးေရေတြဟာ အက္ကြဲေၾကာင္းေတြကေန တဆင့္ စိမ့္ဝင္ႏိုင္ၿပီး မခိုင္ခံ့တဲ့ ေဆးေတြေၾကာင့္ နံရံေပၚ အညစ္အေၾကး၊ မိႈနဲ႔ ေရညႇိေတြ ေပါက္ေရာက္လာႏိုင္ပါတယ္။ ဒီအတြက္ေၾကာင့္ နံရံေတြကို မုတ္သုံရာသီ မစတင္မီကတည္းက ျပဳျပင္ထိန္းသိမ္းမႈေတြ လုပ္သင့္ပါတယ္။ အိမ္ရဲ႕ အျပင္ဘက္၊ အတြင္းဘက္ နံရံေတြကို ေဆးသုတ္ဖို႔ စိတ္ကူး႐ွိပါက ေရစိမ့္ဝင္ျခင္းမွ ကာကြယ္ဖို႔ ေရစိုခံအကာ ေဆးကို အရင္ သုတ္ဖို႔ အၾကံျပဳလိုပါတယ္။

မိုးမက်မီ အိမ္ေခါင္မိုးေပၚက ေရတေလွ်ာက္နဲ႔ ပိုက္လိုင္းေတြကို ေသခ်ာစြာစစ္ေဆးသင့္ပါတယ္။ အမိႈက္သ႐ိုက္ေတြ ပိတ္ဆို႔ေနသလား။ ေရပိုက္ေတြ အက္ကြဲေနတာ၊ ေပါက္ၿပဲ ေနတာေတြ႐ွိသလား။ သံေခ်းေတြ တက္ေနသလား စသျဖင့္ စစ္ေဆးၾကည့္႐ႈပါ။ ေခါင္မိုးမ်က္ႏွာၾကက္နဲ႔ သြပ္ေတြမွာလည္း အေပါက္ အၿပဲေတြ ႐ွိမ႐ွိ ၊ စစ္ေဆးၾကည့္႐ႈျခင္းနဲ႔ ဖာေထးျခင္းေတြကို မိုးမက်မီကတည္းက ျပဳျပင္တာ အေကာင္းဆုံးပါပဲ။

မိုးတြင္းမွာ မိုးေရေၾကာင့္ မိႈေပါက္ျခင္းနဲ႔ ေအာက္သိုးသိုး အနံ႔ဆိုးေတြ ထြက္႐ွိတတ္ပါတယ္။ ဒီအတြက္ေၾကာင့္ အနံ႔ဆိုးေတြကို ဖယ္႐ွားေပးဖို႔ ေနေရာင္ျခည္မ်ားမ်ားရဖို႔ ေန႔ဘက္ေတြမွာ ျပတင္းေပါက္ေတြ အၿမဲဖြင့္ၿပီး ေလဝင္ ေလထြက္ေကာင္းေအာင္ လုပ္ထားပါ။ ေနေရာင္ျခည္က စြတ္စိုျခင္းေတြကို ေျခာက္ေသြ႕ေစၿပီး အပူကလည္း မိႈေပါက္ျခင္းနဲ႔ ေရာဂါပိုးမႊားေတြကို ေသေစႏိုင္ပါတယ္။

ဝါယာႀကိဳးေတြ၊ မီးႀကိဳးေခြေတြ ေပါက္ၿပဲျခင္း၊ ျပတ္ေတာက္ျခင္းေတြ ႐ွိမ႐ွိစစ္ေဆးပါ။ မိုးတြင္းအခါ လွ်ပ္စစ္ဓာတ္လိုက္ျခင္း အႏၲရာယ္ေတြကို သတိထားသင့္ပါတယ္။ ျပတ္က်ေနတဲ့ ဓာတ္ႀကိဳးေတြ၊ မီးခလုတ္ေတြထဲ မိုးေရဝင္တဲ့ အခါမ်ိဳးေတြမွာ ဓာတ္စီးၿပီး ဓာတ္လိုက္ျခင္းေတြ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ေနအိမ္မွာ သြယ္တန္းထားတဲ့ လွ်ပ္စစ္ ႀကိဳးေတြ၊ ဓာတ္ႀကိဳးေတြ ခ်ိဳ႕ယြင္းျခင္း႐ွိမ႐ွိ၊ ေပါက္ၿပဲတာ၊ ပ်က္စီးတာမ်ိဳးေတြ ႐ွိတဲ့အခါ မ်ိဳးေတြမွာ တတ္ကြၽမ္းနားလည္တဲ့ ပညာ႐ွင္ေတြ ေခၚၿပီး ျပဳျပင္သင့္ပါတယ္။

ၾကမ္းခင္းနဲ႔ ေကာ္ေဇာေတြ ေရစိုထိုင္းမႈ ႐ွိမ႐ွိနဲ႔ ေရဝပ္ျခင္းေတြကို စစ္ေဆးဖို႔ လိုအပ္ပါတယ္။ ခ်ည္ထည္နဲ႔ ဂြမ္း၊ အထည္အလိပ္အစေတြမွာ ေရကို စုပ္ယူႏိုင္တာေၾကာင့္လည္း ေရစိုထိုင္းမႈေတြျဖစ္ၿပီး ၾကာလာတဲ့အခါ အနံ႔ဆိုး ေတြနဲ႔ မိႈေပါက္ျခင္းေတြကို ျဖစ္ေစတတ္လို႔ပါ။

ပရိေဘာဂပစၥည္းေတြကို ထိန္းသိမ္းပါ။ သစ္သားနဲ႔ ေရဓာတ္စုပ္ယူႏိုင္တဲ့ ပရိေဘာဂေတြကို မိုးတြင္းအခါမွာ စနစ္တက် ထိန္းသိမ္းကာရံထားသင့္ပါတယ္။ သစ္သားၾကမ္းျပင္၊ တံခါးေတြနဲ႔ ပရိေဘာဂပစၥည္းေတြမွာ ဖေယာင္း ဒါမွမဟုတ္ အေရာင္တင္ဆီ အကာနဲ႔ အုပ္ထားဖို႔ အၾကံျပဳပါတယ္။ သစ္သားပရိေဘာဂ အသုံး အေဆာင္ေတြနဲ႔ သားေရဖုံးထားတဲ့ ဆိုဖာေတြ၊ တံခါး၊ ျပတင္းေတြကို မိုးေရနဲ႔ တိုက္႐ိုက္ထိေတြ႕ျခင္းေတြ မ႐ွိေစပါနဲ႔။

အစိုဓာတ္႐ွိျခင္းနဲ႔ စိုထိုင္းျခင္းကို တားဆီးဖို႔ဆို ေလဝင္ေလထြက္ေကာင္းတဲ့ ေနရာေတြမွာ ထား႐ွိၿပီး အေျခာက္ခံသင့္ပါတယ္။ စိုထိုင္းဆနဲ႔ အနံ႔ဆိုးေတြ သက္သာေစဖို႔ အိတ္ေဇာပန္ကာလိုမ်ိဳး၊ အပူေပး စက္လိုမ်ိဳး ဖြင့္ၿပီးလည္း အသုံးျပဳႏိုင္ပါတယ္။

မီးဖိုေခ်ာင္မွာ မိုးေရေၾကာင့္ ေရေႏြးေငြ႕ က်န္ျခင္းနဲ႔ စိုစြတ္ထိုင္းမိႈင္းျခင္းေတြ မ႐ွိေစဖို႔အတြက္လည္း မီးခိုးေခါင္းတိုင္ဖြင့္တာတာမ်ိဳး၊ မိုး႐ြာၿပီးတဲ့ အခ်ိန္တိုင္း မၾကာမၾကာ ျပတင္းတံခါးမ်ားဖြင့္ထားေပးတာမ်ိဳး လုပ္သင့္ပါတယ္။

အိမ္မွာ႐ွိတဲ့ အစိုဓာတ္ အားလုံးကို စုပ္ယူႏိုင္တဲ့ သစ္ပင္ေတြကိုလည္း စိုက္ပ်ိဳးေပးႏိုင္ပါတယ္။ လီလီပင္၊ ကြမ္းသီးပင္၊ ေဘာ့စတြန္ ဖန္းဆီး၊ ပင့္ကူအပင္နဲ႔ ႏြယ္ပင္ကဲ့သို႔ေသာ အပင္ေတြမွာ သဘာဝ အစိုဓာတ္ကို ထိန္းေပးႏိုင္ၿပီး ေနအိမ္ခန္းအတြင္း သဘာဝတရားနဲ႔ အနီးစပ္ဆုံးျဖစ္ေအာင္ ျပင္ဆင္ၿပီးသားလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ အဲဒီ သစ္ပင္ေတြမွာ အႏၲရာယ္႐ွိတဲ့ ေလထုညစ္ညမ္းမႈေတြကို စုပ္ယူေပးႏိုင္ၿပီး က်န္းမာတဲ့ ေလထုနဲ႔ အိမ္ပတ္ဝန္းက်င္ သဘာဝတရားကို ဖန္တီးေပးႏိုင္ပါတယ္။

ေလဝင္ေလထြက္ေကာင္းေစဖို႔ အဲကြန္းစစ္ေတြကို အခါအားေလ်ာ္တိုင္း သန္႔စင္ပါ။ ဗီ႐ိုေတြ၊ အံဆြဲေတြနဲ႔ စာအုပ္ပုံးေတြမွာ အစိုဓာတ္ကိန္းျခင္းေတြ မ႐ွိေစဖို႔ ဆီလီကာဂ်ယ္လိုမ်ိဳး အစိုဓာတ္စုပ္ယူႏိုင္တဲ့ ကိရိယာေတြ ထား႐ွိပါ။

ကဲ ဒီေလာက္ဆိုရင္ မိုးတြင္းအခ်ိန္အခါ ေနအိမ္ေတြမွာ ျဖစ္ေပၚတတ္တဲ့ ျပႆနာ ေျဖ႐ွင္းနည္းေတြကို သိ႐ွိ နားလည္ေလာက္ၿပီးၿပီလို႔ ထင္ပါတယ္။ ေအးျမလွတဲ့ ရာသီဥတုေလးမွာ iMyanmarHouse.com ရဲ႕ စာဖတ္ပရိသတ္ မိသားစုေတြ ေဘးအႏၲရာယ္ကင္းၿပီး သာယာေပ်ာ္႐ႊင္တဲ့ ေနအိမ္ေလးမွာ ေနထိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
MIngalardon Garden City
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service