နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
26 Aug 2023 11:02 am တွင် တင်ခဲ့သည်
469 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

နိုင်ငံခြားရင်းနှီးမြုပ်နှံသူဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံခြားကုမ္ပဏီ၊ ရုံးခွဲ၊ အခြားစီးပွားရေး အဖွဲ့အစည်းများနှင့် ပြည်ပနိုင်ငံတစ်နိုင်ငံတွင် ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော စီးပွားရေးအဖွဲ့အစည်းများကို ဆိုလိုသည်။

ထိုရင်းနှီးမြုပ်နှံသူများသည် တရားဝင်အဖွဲ့အစည်းဖြစ်ပြီး အစုစပ်၊ တစ်ဦးတည်းပိုင်၊ ဖက်စပ်၊ စီးပွားရေးလုပ်ငန်းများအား ရင်းနှီးမြုပ်နှံကြပါသည်။ ထိုသို့သော ရင်းနှီးမြုပ်နှံသူများကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှု နည်းဥပဒေတွင် ဖော်ပြထားသော အောက်ပါလုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုပေးနိုင်ပါသည်။

- နိုင်ငံတော်အတွင်း မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းအမျိုးအစားများ၊

- မတည်ငွေရင်းကြီးမားသည့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းအမျိုးအစားများ၊

- သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ကြီးမားသော သက်ရောက်မှုဖြစ်စေနိုင်သည့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ၊

- နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အအုံများ အသုံးပြုသည့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ၊

- ‌ကော်မရှင်သို့ အဆိုပြုချက်တင်ပြစေရန် သတ်မှတ်ထားသည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ဖြစ်ပါသည်။

ရင်းနှီးမြုပ်နှံမှုဥပဒေ-၁၂အရ ကော်မရှင်သည် ငွေရေးကြေးရေး ယုံကြည်စိတ်ချရမှုရှိမရှိ၊ စီးပွားရေး တွက်ချေကိုက်မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုတို့ကို သုံးသပ်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအား ခွင့်ပြု ခြင်းဖြစ်ပါသည်။

ရင်းနှီးမြုပ်နှံသူတစ်ဦးမှာ ဥပဒေအရ အခွင့်အရေးများ အပြည့်အဝမရရှိပါက ကော်မရှင်ထံသို့ တိုင်ကြားမှုပြုနိုင်ပါသည်။ ထို့အပြင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံမှုများအား လွယ်ကူစေရန် အထောက် အကူပြုစေရန် အကြံပြုချက်များအား ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြနိုင်ပါတယ်။ ရင်းနှီးမြုပ်နှံမှု ကော်မရှင်သည် အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပေးရန် မလိုသောရင်းနှီးမြုပ်နှံမှု လုပ်ငန်းများအား သတ်မှတ်ပေးပါတယ်။

ရင်းနှီးမြုပ်နှံသူသည် အောက်ပါတာဝန်နှင့်အခွင့်အရေးများကို လိုက်နာရမှာ ဖြစ်ပါတယ်။

တည်ဆဲဥပဒေများကို လိုက်နာခြင်း၊ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ ကုမ္ပဏီဖွဲ့စည်းခြင်း၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ အမိန့်ညွှန်ကြားချက် စည်းကမ်းချက်များကို လိုက်နာခြင်း၊ မိမိငှားရမ်းခွင့် (သို့) အသုံးပြုခွင့်ရှိသောမြေကို ကော်မရှင်က သတ်မှတ်ထားသော စည်းကမ်းချက်များ၊ စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ အသုံးပြုခြင်းတို့ကို ဆောင်ရွက်ရပါမည်။ ခွင့်ပြုသည့်လုပ်ငန်းနှင့် မသက်ဆိုင်ပဲ သဘာဝသယံဇာတ တွင်းထွက်ပစ္စည်းကိုဖြစ်စေ၊ ရှေးဟောင်းဝတ္ထုပစ္စည်း၊ ရတနာသိုက်ကိုဖြစ်စေ တွေ့ရှိလျှင် ကော်မရှင်သို့ အကြောင်းကြားရပါမည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပျက်စီးမှု မဖြစ်စေရန် ဆောင်ရွက်ရပါမည်။

အစုရှယ်ယာအားလုံးကို နိုင်ငံခြားသားတစ်ဦးဦး သို့မဟုတ် နိုင်ငံသားတစ်ဦးဦးသို့ အပြီးအပိုင် လွှဲပြောင်း ရောင်းချလျှင် ကော်မရှင်၏ ကြိုတင်ခွင့်ပြုမိန့်ရယူ၍ အစုရှယ်ယာလွှဲပြောင်းခြင်းအား မှတ်ပုံတင်ရပါမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 


 


















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service