ကားတစ်စီး ၊ လူငယ်တစ်ယောက်နှင့် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၇၇၀၀၀

ကားတစ်စီး ၊ လူငယ်တစ်ယောက်နှင့် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၇၇၀၀၀ - Property Knowledge in Myanmar from iMyanmarHouse.com
25 Aug 2023 11:31 am တွင် တင်ခဲ့သည်
529 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ရန်ဒီ ရိုဘလီရို၏ မိသားစု နေထိုင်သော တစ်ထပ်အိမ်ကလေး၏ အပြင်ဘက်တွင် သူ၏ ကုန်တင်ဗန်ကား ရပ်တန့်ထားသည်။

ကားပေါ်တွင် အနီ အပြာရောင်တို့ဖြင့် သူ၏ ကုမ္ပဏီအမည် Beyond Limits of Palm Beach ဟူ၍ ရေးသားထားသည်။

သူ၏ လုပ်ငန်းမှာ ဖလော်ရီဒါပြည်နယ် ၊ West Palm Beach တခွင်တွင် ကားတစ်စီးဖြင့် လိုက်လံကာ ကားပြင်ကားဆေး ပြုလုပ်ပေးခြင်း ဖြစ်သည်။

သူ၏ကားသည် ရွေ့လျား ကြော်ငြာဆိုင်းဘုတ်ကြီးတစ်ခုလည်း ဖြစ်ကြောင်း ရန်ဒီက ပြောသည်။

ဤကားသည် သူ့ရုံးခန်းလည်း ဖြစ်၏။

ကားထဲတွင် ကားပြင်ကားဆေး လုပ်ငန်းအတွက် လိုအပ်သည့် ပစ္စည်းအားလုံး ရှိသည်။

မီးစက် ၁ လုံး ၊ ဂါလန် ၁၀၀ ဆန့် ရေစည်တစ်ခု ၊ ပရက်ရှာ ရေပိုက် ၊ Shop-Vac ဖုန်စုပ်စက် ၊ ကားပေါ်လစ် ပစ္စည်းများနှင့် ကားဆေးပစ္စည်းများစွာ အပါအဝင် ဖြစ်သည်။

အသက် ၂၂ အရွယ်ရှိ ရန်ဒီသည် သူ၏ ဗန်ကားဖြင့် တစ်ပတ်လျှင် ၆ ရက် ၊ တစ်ရက်လျှင် ၃ နာရီမှ ၄ နာရီ ဖောက်သည်များကို ဝန်ဆောင်မှုပေးသည်။

ဖလော်ရီဒါ၏ အပူဒဏ်ကို ရှောင်လွှဲရန်အတွက် မနက် ၇ နာရီခွဲခန့်တွင် အလုပ်စလေ့ရှိပြီး မွန်းလွဲချိန်အထိ အလုပ်လုပ်သည်။

ရန်ဒီသည် အပိုဝင်ငွေရှာသည့်အနေဖြင့် ကားဆေးသည့်အလုပ်ကို အသက် ၁၈ နှစ်အရွယ်တွင် စတင်လုပ်ကိုင်ခဲ့သည်။

၂၀၂၁ ခုနှစ်တွင်မူ ကိုယ်ပိုင်အလုပ်တစ်ခု အချိန်ပြည့်လုပ်ရန် သတ္တိရှိလာချိန်တွင် ဗန်ကားတစ်စီး ဝယ်ခဲ့ခြင်းဖြစ် ကြောင်း ရန်ဒီက ပြောသည်။

သူ၏ ဆုံးဖြတ်ချက်မှာ အလွန်တာသွားခဲ့သည်။

 

(ဖောက်သည်တစ်ဦး၏ ကားကို ရန်ဒီ ကားဆေးပေးနေပုံ။ ဓာတ်ပုံ-CNBC Make it)

 

 

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် လေယာဉ်ပြင်ဆင်ရေးကုမ္ပဏီတစ်ခု၌ တစ်နာရီလျှင် ဒေါ်လာ ၂၀ ရသော entry-level စာရင်းကိုင်အလုပ်မှထွက်ကာ အပိုဝင်ငွေရရန် လုပ်ကိုင်နေသော ကားဆေးကားပြင်အလုပ်ကို အချိန်ပြည့်လုပ်ကိုင်ခဲ့ရာ ထိုနှစ်အတွင်း ဝင်ငွေ ဒေါ်လာ ၅၁၀၀၀ ရရှိခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ရန်ဒီသည် ဖောက်သည်များ ပိုမိုရရှိလာပြီး ကားပြင်ဆင်မှုဆိုင်ရာ ဗွီဒီယိုများကို သူ၏ YouTube ချန်နယ်တွင် တင်ခဲ့ခြင်းမှလည်း ဝင်ငွေများ ရရှိလာခဲ့သည်။

သူသည် ယခုနှစ်အတွင်း ဝင်ငွေ ဒေါ်လာ ၇၇၀၀၀ ရရှိမည့် အခြေအနေရှိရာ ယခင်အလုပ်ဟောင်းတွင်ရခဲ့သည့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၄၁၀၀၀ ထက် ၂ ဆနီးပါး ဖြစ်သည်။

 

(အပိုဝင်ငွေအလုပ်မှ ကိုယ်ပိုင်လုပ်ငန်းသို့)

ရန်ဒီသည် မြောက်ကာရိုလိုင်းနားပြည်နယ်၊ Bailey မြို့တွင် မွေးဖွားခဲ့သော်လည်း ဘဝအချိန်အများစုကို ဖလော်ရီဒါပြည်နယ်၊ West Palm Beach တွင် နေထိုင်ခဲ့သည်။

သူ၏ မိဘများမှာ ဂွါတီမာလာနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ ၁၉၉၀ ပြည့်လွန်ကာလများအတွင်း စာရွက်စာတမ်းမရှိဘဲ ပြောင်းရွှေ့လာကြသူများ ဖြစ်သည်။

ဖခင်မှာ တောက်တိုမယ်ရ အလုပ်များလုပ်ကိုင်ပြီး မိခင်ကြီးမှာ ရန်ဒီ၊ ရန်ဒီ့အကို၊ ညီနှင့် အငယ်ဆုံး ညီမလေးတို့ကို ကျွေးမွေးစောင့်ရှောက်သည့် အိမ်ရှင်မ တာဝန်များ လုပ်ရသည်။

၎င်းတို့မိသားစုမှာ ငွေကြေးကျပ်တည်းလှသောကြောင့် ရန်ဒီမှာ အလယ်တန်းကျောင်းသားဘဝတွင် ပတ္တူဖိနပ် များ ရောင်းကာ အပိုဝင်ငွေရှာပေးခဲ့သည်။

အထက်တန်းကျောင်းသားဘဝတွင် ရန်ဒီ၏ ဖခင်ဖြစ်သူက ၂၀၀၆ ခုနှစ်ထုတ် Nissan Altima ကားဟောင်း တစ်စီး ဝယ်ပေးခဲ့သည်။

ရန်ဒီက ကားဆေးပစ္စည်းအချို့ ၊ မိုက္ကရိုဖိုက်ဘာ ပုဝါများ ၊ ဘရပ်ရှ်များနှင့် Shop-Vac တစ်ခုတို့ ဝယ်ယူခဲ့ပြီး ကားအတွင်းအပြင် ဆေးကြောမှုလုပ်ငန်း စတင်လုပ်ကိုင်ခဲ့သည်။

 

(ရန်ဒီ ကလေးဘဝ ဓာတ်ပုံတစ်ခုကို မိခင်ဖြစ်သူက ကိုင်ပြထားပုံ။ ဓာတ်ပုံ-CNBC Make It)

 

ရန်ဒီက ဖခင်ဝယ်ပေးသောကားဖြင့် Palm Beach မြို့တွင် ပီဇာ ပို့ဆောင်ပေးသူ (Delivery Driver) အဖြစ် အချိန်ပိုင်းလုပ်ကိုင်ခဲ့သည်။

Palm Beach သည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ နာမည်ကျော် မာရာလာဂို စံအိမ်ကြီး တည်ရှိသော နေရာဖြစ်သည်။

ရန်ဒီသည် နာရီအနည်းငယ် လုပ်ကိုင်ရသော အဆိုပါ အလုပ်မှ အပိုဘောက်ဆူးအပါအဝင် တစ်ရက်လျှင် ဒေါ်လာ ၁၀၀ ကျော် ရလေ့ရှိပြီး အများစုကို စုဆောင်းထားသည်။

၂၀၁၉ ခုနှစ်တွင် အထက်တန်းကျောင်း အောင်မြင်ခဲ့ပြီးနောက် Palm Beach State ကောလိပ်တွင် တက်ရောက်ခဲ့သည်။

သို့သော် Semester ၂ ခုသာ တက်ခဲ့သည်။

“ကောလိပ်ဟာ ကျွန်တော်ရဲ့နေရာ မဟုတ်ဘူးဆိုတာ သဘောပေါက်လာပါတယ်။”

ရန်ဒီသည် ကျောင်းထွက်လိုက်ပြီး လေယာဉ် ပြင်ဆင်ရေး ကုမ္ပဏီတွင် အချိန်ပြည့်အလုပ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

 

 

သို့သော် သူက ကိုယ်ပိုင်အလုပ်လုပ်ရန် အမြဲတွေးတောနေခဲ့သည်။

၂၀၂၀ မေလတွင် သူ၏ စိတ်ကူးအတိုင်း အကောင်အထည်ဖော်ခဲ့သည်။

စုဆောင်းထားငွေ ဒေါ်လာ ၂၅၀၀ ဖြင့် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူကာ သူ၏ ကုမ္ပဏီကို ကြော်ငြာရန် အင်စတာဂရမ် ၊ ဖေ့စ်ဘုတ်နှင့် Google My Business အကောင့်များ ဖွင့်လှစ်ခဲ့သည်။

အစပိုင်းကာလများတွင် သူ၏ဖောက်သည် ၄ ပုံ ၁ ပုံခန့်မှာ သူငယ်ချင်းများနှင့် မိသားစုဝင်များ ဖြစ်ပြီး ကျန်လူများမှာ သူ၏ လူမှုကွန်ရက်အကောင့်များမှတဆင့် ရရှိလာခဲ့ခြင်း ဖြစ်သည်။

 

(ရန်ဒီ အလုပ်လုပ်နေပုံ။ ဓာတ်ပုံ-CNBC Make It)

 

(ရန်ဒီ အလုပ်လုပ်နေပုံ။ ဓာတ်ပုံ-CNBC Make It)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 22-year-old is on track to make $77,000 a year from his side hustle turned business—without a college degree (cnbc)

 

 

[Zawgyi]

 

ကားတစ္စီး ၊ လူငယ္တစ္ေယာက္ႏွင့္ တစ္ႏွစ္ဝင္ေငြ ေဒၚလာ ၇၇၀၀၀

ရန္ဒီ ရိုဘလီရို၏ မိသားစု ေနထိုင္ေသာ တစ္ထပ္အိမ္ကေလး၏ အျပင္ဘက္တြင္ သူ၏ ကုန္တင္ဗန္ကား ရပ္တန္႔ထားသည္။

ကားေပၚတြင္ အနီ အျပာေရာင္တုိ႔ျဖင့္ သူ၏ ကုမၸဏီအမည္ Beyond Limits of Palm Beach ဟူ၍ ေရးသားထားသည္။ သူ၏ လုပ္ငန္းမွာ ဖေလာ္ရီဒါျပည္နယ္ ၊ West Palm Beach တခြင္တြင္ ကားတစ္စီးျဖင့္ လုိက္လံကာ ကားျပင္ကားေဆး ျပဳလုပ္ေပးျခင္း ျဖစ္သည္။

သူ၏ကားသည္ ေရြ႕လ်ား ေၾကာ္ျငာဆိုင္းဘုတ္ၾကီးတစ္ခုလည္း ျဖစ္ေၾကာင္း ရန္ဒီက ေျပာသည္။

ဤကားသည္ သူ႔ရံုးခန္းလည္း ျဖစ္၏။

ကားထဲတြင္ ကားျပင္ကားေဆး လုပ္ငန္းအတြက္ လိုအပ္သည့္ ပစၥည္းအားလုံး ရွိသည္။

မီးစက္ ၁ လံုး ၊ ဂါလန္ ၁၀၀ ဆန္႔ ေရစည္တစ္ခု ၊ ပရက္ရွာ ေရပိုက္ ၊ Shop-Vac ဖုန္စုပ္စက္ ၊ ကားေပၚလစ္ ပစၥည္းမ်ားႏွင့္ ကားေဆးပစၥည္းမ်ားစြာ အပါအဝင္ ျဖစ္သည္။

အသက္ ၂၂ အရြယ္ရွိ ရန္ဒီသည္ သူ၏ ဗန္ကားျဖင့္ တစ္ပတ္လွ်င္ ၆ ရက္ ၊ တစ္ရက္လွ်င္ ၃ နာရီမွ ၄ နာရီ ေဖာက္သည္မ်ားကို ဝန္ေဆာင္မႈေပးသည္။

ဖေလာ္ရီဒါ၏ အပူဒဏ္ကို ေရွာင္လႊဲရန္အတြက္ မနက္ ၇ နာရီခြဲခန္႔တြင္ အလုပ္စေလ့ရွိျပီး မြန္းလြဲခ်ိန္အထိ အလုပ္လုပ္သည္။

ရန္ဒီသည္ အပိုဝင္ေငြရွာသည့္အေနျဖင့္ ကားေဆးသည့္အလုပ္ကို အသက္ ၁၈ ႏွစ္အရြယ္တြင္ စတင္လုပ္ကိုင္ခဲ့သည္။

၂၀၂၁ ခုႏွစ္တြင္မူ ကိုယ္ပိုင္အလုပ္တစ္ခု အခ်ိန္ျပည့္လုပ္ရန္ သတၱိရွိလာခ်ိန္တြင္ ဗန္ကားတစ္စီး ဝယ္ခဲ့ျခင္းျဖစ္ ေၾကာင္း ရန္ဒီက ေျပာသည္။

(ေဖာက္သည္တစ္ဦး၏ ကားကို ရန္ဒီ ကားေဆးေပးေနပံု။ ဓာတ္ပံု-CNBC Make it)

သူ၏ ဆံုးျဖတ္ခ်က္မွာ အလြန္တာသြားခဲ့သည္။

၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလတြင္ ေလယာဥ္ျပင္ဆင္ေရးကုမၸဏီတစ္ခု၌ တစ္နာရီလွ်င္ ေဒၚလာ ၂၀ ရေသာ entry-level စာရင္းကိုင္အလုပ္မွထြက္ကာ အပိုဝင္ေငြရရန္ လုပ္ကိုင္ေနေသာ ကားေဆးကားျပင္အလုပ္ကို အခ်ိန္ျပည့္လုပ္ကိုင္ခဲ့ရာ ထိုႏွစ္အတြင္း ဝင္ေငြ ေဒၚလာ ၅၁၀၀၀ ရရွိခဲ့သည္။

၂၀၂၃ ခုႏွစ္တြင္ ရန္ဒီသည္ ေဖာက္သည္မ်ား ပိုမိုရရွိလာျပီး ကားျပင္ဆင္မႈဆိုင္ရာ ဗြီဒီယိုမ်ားကို သူ၏ YouTube ခ်န္နယ္တြင္ တင္ခဲ့ျခင္းမွလည္း ဝင္ေငြမ်ား ရရွိလာခဲ့သည္။

သူသည္ ယခုႏွစ္အတြင္း ဝင္ေငြ ေဒၚလာ ၇၇၀၀၀ ရရွိမည့္ အေျခအေနရွိရာ ယခင္အလုပ္ေဟာင္းတြင္ရခဲ့သည့္ ႏွစ္စဥ္ဝင္ေငြ ေဒၚလာ ၄၁၀၀၀ ထက္ ၂ ဆနီးပါး ျဖစ္သည္။

(အပိုဝင္ေငြအလုပ္မွ ကိုယ္ပိုင္လုပ္ငန္းသို႔)

ရန္ဒီသည္ ေျမာက္ကာရိုလိုင္းနားျပည္နယ္၊ Bailey ျမိဳ႕တြင္ ေမြးဖြားခဲ့ေသာ္လည္း ဘဝအခ်ိန္အမ်ားစုကို ဖေလာ္ရီဒါျပည္နယ္၊ West Palm Beach တြင္ ေနထိုင္ခဲ့သည္။

သူ၏ မိဘမ်ားမွာ ဂြါတီမာလာႏိုင္ငံမွ အေမရိကန္ျပည္ေထာင္စုသို႔ ၁၉၉၀ ျပည့္လြန္ကာလမ်ားအတြင္း စာရြက္စာတမ္းမရွိဘဲ ေျပာင္းေရႊ႕လာၾကသူမ်ား ျဖစ္သည္။

ဖခင္မွာ ေတာက္တိုမယ္ရ အလုပ္မ်ားလုပ္ကိုင္ျပီး မိခင္ၾကီးမွာ ရန္ဒီ၊ ရန္ဒီ့အကို၊ ညီႏွင့္ အငယ္ဆံုး ညီမေလးတို႔ကို ေကၽြးေမြးေစာင့္ေရွာက္သည့္ အိမ္ရွင္မ တာဝန္မ်ား လုပ္ရသည္။ ၎တို႔မိသားစုမွာ ေငြေၾကးက်ပ္တည္းလွေသာေၾကာင့္ ရန္ဒီမွာ အလယ္တန္းေက်ာင္းသားဘဝတြင္ ပတၱဴဖိနပ္ မ်ား ေရာင္းကာ အပိုဝင္ေငြရွာေပးခဲ့သည္။

အထက္တန္းေက်ာင္းသားဘဝတြင္ ရန္ဒီ၏ ဖခင္ျဖစ္သူက ၂၀၀၆ ခုႏွစ္ထုတ္ Nissan Altima ကားေဟာင္း တစ္စီး ဝယ္ေပးခဲ့သည္။

ရန္ဒီက ကားေဆးပစၥည္းအခ်ဳိ႕ ၊ မိုကၠရိုဖိုက္ဘာ ပုဝါမ်ား ၊ ဘရပ္ရွ္မ်ားႏွင့္ Shop-Vac တစ္ခုတို႔ ဝယ္ယူခဲ့ျပီး ကားအတြင္းအျပင္ ေဆးေၾကာမႈလုပ္ငန္း စတင္လုပ္ကိုင္ခဲ့သည္။

(ရန္ဒီ ကေလးဘဝ ဓာတ္ပံုတစ္ခုကို မိခင္ျဖစ္သူက ကိုင္ျပထားပံု။ ဓာတ္ပံု-CNBC Make It)

ရန္ဒီက ဖခင္ဝယ္ေပးေသာကားျဖင့္ Palm Beach ျမဳိ႕တြင္ ပီဇာ ပို႔ေဆာင္ေပးသူ (Delivery Driver) အျဖစ္ အခ်ိန္ပိုင္းလုပ္ကိုင္ခဲ့သည္။

Palm Beach သည္ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္၏ နာမည္ေက်ာ္ မာရာလာဂို စံအိမ္ၾကီး တည္ရွိေသာ ေနရာျဖစ္သည္။

ရန္ဒီသည္ နာရီအနည္းငယ္ လုပ္ကိုင္ရေသာ အဆုိပါ အလုပ္မွ အပိုေဘာက္ဆူးအပါအဝင္ တစ္ရက္လွ်င္ ေဒၚလာ ၁၀၀ ေက်ာ္ ရေလ့ရွိျပီး အမ်ားစုကို စုေဆာင္းထားသည္။

၂၀၁၉ ခုႏွစ္တြင္ အထက္တန္းေက်ာင္း ေအာင္ျမင္ခဲ့ျပီးေနာက္ Palm Beach State ေကာလိပ္တြင္ တက္ေရာက္ခဲ့သည္။ သို႔ေသာ္ Semester ၂ ခုသာ တက္ခဲ့သည္။

“ေကာလိပ္ဟာ ကၽြန္ေတာ္ရဲ႕ေနရာ မဟုတ္ဘူးဆိုတာ သေဘာေပါက္လာပါတယ္။”

ရန္ဒီသည္ ေက်ာင္းထြက္လုိက္ျပီး ေလယာဥ္ ျပင္ဆင္ေရး ကုမၸဏီတြင္ အခ်ိန္ျပည့္အလုပ္ ဝင္ေရာက္လုပ္ကိုင္ခဲ့သည္။

သို႔ေသာ္ သူက ကိုယ္ပိုင္အလုပ္လုပ္ရန္ အျမဲေတြးေတာေနခဲ့သည္။

၂၀၂၀ ေမလတြင္ သူ၏ စိတ္ကူးအတုိင္း အေကာင္အထည္ ေဖာ္ခဲ့သည္။

စုေဆာင္းထားေငြ ေဒၚလာ ၂၅၀၀ ျဖင့္ လုိအပ္သည့္ပစၥည္းမ်ား ဝယ္ယူကာ သူ၏ ကုမၸဏီကို ေၾကာ္ျငာရန္ အင္စတာဂရမ္ ၊ ေဖ့စ္ဘုတ္ႏွင့္ Google My Business အေကာင့္မ်ား ဖြင့္လွစ္ခဲ့သည္။

အစပိုင္းကာလမ်ားတြင္ သူ၏ေဖာက္သည္ ၄ ပံု ၁ ပံုခန္႔မွာ သူငယ္ခ်င္းမ်ားႏွင့္ မိသားစုဝင္မ်ား ျဖစ္ျပီး က်န္လူမ်ားမွာ သူ၏ လူမႈကြန္ရက္အေကာင့္မ်ားမွတဆင့္ ရရွိလာခဲ့ျခင္း ျဖစ္သည္။

(ရန္ဒီ အလုပ္လုပ္ေနပံု။ ဓာတ္ပံု-CNBC Make It)

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 22-year-old is on track to make $77,000 a year from his side hustle turned business—without a college degree (cnbc)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service